Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကြည့်မြင်တိုင်မြို့နယ်၊ ဗားဂရာ ငှက်ပျောသီးအသင်းသို့ ငှက်ပျောသီးဝင်ရောက်မှုနှင့်ဈေးနှုန်းများ

    ဗားဂရာငှက်ပျောသီးအသင်းတွင် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ငှက်ပျောသီးဝင်ရောက်မှုစာရင်းနှင့် ဈေးနှုန်းများမှာ ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးအနောက်၊ တိုင်း(၆) တိုင်းများမှ အများဆုံးဝင်ရောက်ကြောင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့၌ ငှက်ပျောဝင်ရောက်မှုပိုမိုဝင်ရောက်ကြောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးအနောက်နှင့် ရန်ကုန်တိုင်းတို့မှ ရခိုင်ငှက်ပျောသီး၊ ဖီးကြမ်း၊ ရွှေငှက်ပျောသီး၊ သီးမွှေး၊ ငှက်ပျောချဉ်များဝင်ရောက်ကြောင်းသိရပါသည်။ ရန်ကုန်တိုင်းမှဝင်ရောက်သော ငှက်ပျောသီးဈေးနှုန်းများမှာ ရခိုင်တစ်ဖီးလျှင် (၅၀၀မှ ၁၅၀၀) ကျပ်၊ ဖီးကြမ်းတစ်ဖီးလျှင် (၈၀၀မှ ၂၅၀၀) ကျပ်၊ ရွှေငှက်ပျောသီးတစ်ဖီးလျှင် (၁၀၀၀မှ ၄၅၀၀) ကျပ်၊ သီးမွှေးတစ်ဖီးလျှင် ၇၀၀မှ ၃၅၀၀ကျပ်၊ ငှက်ပျောချဉ်မှာ ခိုင်ပြတ်ရောင်းဈေး (၃၀၀၀မှ ၁၀၀၀၀) ကျပ်ရှိပြီး ဧရာဝတီတိုင်းနှင့် ပဲခူးအနောက်မှ ငှက်ပျောသီးဈေးနှုန်းများမှာ ရန်ကုန်တိုင်းမှ ငှက်ပျောဈေးနှုန်းများအတိုင်းဖြစ်ကြောင်း သိရှိရပါသည်။ နေပြည်တော်မှဝင်ရောက်သော ဖီးကြမ်းငှက်ပျောတစ်ဖီးဈေးနှုန်းမှာ (၁၀၀၀မှ ၂၅၀၀) ကျပ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်နယ်မှထွက်သော ဖီးကြမ်းတစ်ဖီးမှာ (၁၅၀၀မှ ၃၅၀၀) ကျပ်၊ မန္တလေးတိုင်းမှ ဖီးကြမ်းတစ်ဖီးလျှင် ၁၅၀၀မှ ၃၅၀၀) ထိရှိကြောင်းသိရှိရပါသည်။ ယခုနှစ် ငှက်ပျောဝင်ရောက်မှုမှာ ပြီးခဲ့သည့်နှစ်များထက် အဝင်နည်းကြောင်း၊ သယ်ယူစရိတ်များခြင်း၊ ရာသီဥတုဖောက်ပြန်မှုများကြောင့် ဝင်ရောက်မှုနည်းကြောင်း ငှက်ပျောအသင်း၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

    ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၂၃-၁-၂၀၂၄) ရက်နေ့မှ (၂၉-၁-၂၀၂၄) ရက်နေ့အထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းမှ ပေါ်ဆန်းမွှေး (၆၅၇၂၀) အိတ်၊ ပေါ်ကျွဲ (၈၃၆၀) အိတ်၊ ဧည့်မထ (၁၄၄၆၀၀) အိတ်၊ ဆန်ကွဲ (၃၇၂၉၀) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူး(အရှေ့) မှ ဧည့်မထ (၉၉၂၉) အိတ်နှင့် ပဲခူး(အနောက်) မှ ဧည့်မထ (၈၂၅၆) အိတ်၊ ငစိန် (၂၀၂၅) အိတ်ဝင်ရောက်ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ပြင်ပမြို့နယ်များမှ ဧည့်မထ (၂၆၇၇၀) အိတ်ဝင်ရောက်မှုရှိကြောင်း ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၏ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီ လက်ကျန် အခြေအနေများအား  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ဇန်နဝါရီလ (၂၃) ရက်နေ့မှ ဇန်နဝါရီလ (၂၉)ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မြစ်သား၊ မုံရွာ၊ တောင်တွင်းဒေသတို့မှ ကြက်သွန်နီ (၁၁၄၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့်ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၄၅၆၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ မြင်းခြံကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၂၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၁၇၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၁၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၂၂၀၀၊ မြစ်သားကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၂၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၂၇၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၃၁၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၂၈၀၀၊  ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၃၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၁၈၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၁၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၂၁၀၀၊  မုံရွာကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၂၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၁၇၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၁၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်(၂၂၀၀/၂၁၀၀)၊  တောင်တွင်းကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၂၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၁၇၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၁၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၂၂၀၀ စသည်ဖြင့် ဈေးနှုန်းအသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၆/၂၀၂၄ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၆.၂.၂၀၂၄ )

   ၆.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၆.၂.၂၀၂၄ )

   ၆.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၆.၂.၂၀၂၄ )

     ၆.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မော်လမြိုင်၏ ဘိလပ်မြေ၊ ဓာတ်မြေဩဇာ၊ ပိုသတ်ဆေးနှင့် ရော်ဘာဈေးကွက်

   မော်လမြိုင်မြို့၌ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်းသိရှိရပါသည်။ ဈေးကွက်၌ အရောင်းအဝယ်ပုံမှန်ဖြစ်နေသောဈေးနှုန်းမှာ ယခုအပတ်တွင်  ကြံ့နှစ်ကောင်(အနီ)တစ်အိတ်လျှင် ကျပ်၁၁၅၀၀၊ ကြံ့တံဆိပ်(အပြာ)တစ်အိတ်လျှင် ကျပ်၁၀၈၀၀၊ ကြံ့တံဆိပ်(အဖြူ)တစ်အိတ်လျှင် ကျပ်၁၀၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေဩဇာနှင့်ပိုသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်အေးနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရသည်။

    ဇန်နဝါရီလ စတုတ္ထပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာရွှေကောမက်) ၁၅:၁၅:၁၅ 50kg တစ်အိတ်လျှင် ကျပ်၁၁၅၀၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg တစ်အိတ်လျှင် ကျပ်၁၁၀၀၀၀၊ ကွန်ပေါင်း (Thai Grow How) ၁၅:၁၅:၁၅ 50kg တစ်အိတ်လျှင် ကျပ်၁၆၀၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg တစ်အိတ်လျှင် ကျပ်၇၈၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg တစ်အိတ်လျှင် ကျပ်၈၅၀၀၀၊ ပိုသတ်ဆေးအမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc တစ်ပုလင်းလျှင် ကျပ်(၃၁၀၀)နှင့်  မာလာမြိုင်ဆိုက်ပါ ၁၀%(သီးရွက်စုံ) 500cc တစ်ပုလင်းလျှင် ကျပ်(၁၃၈၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။

     မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန်ရှိနေသည်။ ရော်ဘာဈေးနှုန်းမှာ အဖွင့်ရာသီတွင် RSS-3 တစ်ပေါင်လျှင် ကျပ် (၁၇၅၀) ၊RSS-5 တစ်ပေါင်လျှင် ကျပ်(၁၆၅၀) ရှိခဲ့ပြီး ယခုဇန်နဝါရီ ၂၉ရက်နေ့မှ ဖေဖော်ဝါရီလ ၃ရက်နေ့ထိ ဈေးနှုန်းများမှာ RSS-3 တစ်ပေါင်လျှင် ကျပ် (၁၇၉၀ )၊ RSS-5 တစ်ပေါင်လျှင် ကျပ်(၁၇၀၀) ပေါက်ဈေးရှိနေကြေင်းသိရသည်။ယခင်နှစ် RSS-3 တစ်ပေါင်လျှင် ကျပ် (၁၃၇၀ )၊ RSS-5 တစ်ပေါင်လျှင် ကျပ်(၁၃၀၀) နှင့်နှိုင်းယှဉ်ပါကလည်း တစ်ပေါင်လျှင် ကျပ်(၃၈၀)ခန့်ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ (50)kg တစ်ထုပ်လျှင် ကျပ်(၁၇၅၀)၊ ရော်ဘာတစ်တန်လျှင် ကျပ် (၃၅၀၀၀)၊ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ (50)kg တစ်ထုပ်လျှင် ကျပ် (၃၀၀၀)၊ ရော်ဘာတစ်တန်လျှင် ကျပ်(၆၀၀၀၀) ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်းသိရှိရပြီး သယ်ယူခမှာ ဒေသအလိုက် အနည်းအများကွာခြားမှုရှိကြောင်းကုန်သည်များထံမှသိရှိရပါသည်။

DOCA(မွန်)

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးနိုင်ရေးလျာထားဆောင်ရွက်

       မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၌ (၂၅.၁.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀) နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှဦးဆောင်၍ မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီများနှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးဧက(၁၅၀.၀)ဧက စိုက်ပျိုးသွားနိုင်ရေးအတွက် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါ သည်။

       အဆိုပါအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရွာသာယာအုပ်စုရှိ ကွင်း(၂)ကွင်းမှ တောင်သူ(၂၈)ဦးအတွက် ဧက (၅၀.၀)ဧက၊ ကျောက်စံအုပ်စုရှိ ကွင်း(၁)ကွင်းမှ တောင်သူ(၄)ဦးအတွက် ဧက(၁၆.၀)ဧက၊ ကုလားပါးအုပ်စုရှိ ကွင်း(၁)ကွင်းမှ တောင်သူ(၁၅)ဦးအတွက် ဧက(၃၄.၀)ဧက၊ ကျောက်စစ်ပုံအုပ်စုရှိ ကွင်း(၁)ကွင်းမှ တောင်သူ(၁)ဦးအတွက် ဧက(၅၀.၀)ဧက၊ စုစုပေါင်း ကျေးရွာ အုပ်စု(၄)အုပ်စုမှ တောင်သူ(၄၈)ဦးအတွက် ဧက(၁၅၀.၀)ဧကအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အရပ်ရပ်အတွက် တောင်သူအစုအဖွဲ့တစ်ဖွဲ့တည်းအဖြစ် သာ ပေါင်းစပ်ဖွဲ့စည်းဆောင်ရွက်ရန်၊ ဖိတ်ခေါ်ထားသည့် ဝယ်ယူကြိတ်ခွဲတင်ပို့သူများအနက်မှ တောင်သူ အစုအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်၍ အဆိုပြုတင်ပြလာသည့် “တသစ်မြေကုမ္ပဏီလီမိတက်”အား ဝယ်ယူကြတ်ခွဲ၊ တင်ပို့ အစုအဖွဲ့အဖြစ် လက်ခံအတည်ပြုဆောင် ရွက်သွားရန်၊ သွင်းအားစုအစုအဖွဲ့အား တောင်သူလိုအပ် ချက်ရောင်းချပေးနိုင်၍ အဆိုပြု တင်ပြလာသည့် “တသစ်မြေကုမ္ပဏီလီမိတက်”အား သွင်းအားစု အစုအဖွဲ့အဖြစ် အတည်ပြုဆောင်ရွက်သွားရန်နှင့် တောင်သူများတောင်းခံလာသည့် သွင်း အားစုများအား ဒေသပေါက်ဈေးနှုန်းစီစစ်ချက်အရ နွေစပါး စီမံကိန်းတစ်ဧကအတွက် ယူရီယား(လုံးသေး N 46% ၅၀ ကီလိုအိတ်) (၂)လုံး ကျပ်(၁၆၀၀၀၀)၊ ပိုးသတ်ဆေး(ကာတက် ဟိုတ်ဓရိုကလိုရိုတ် ၂၅၀ ဂရမ်) (၂)ထုပ် ကျပ်(၄၀၀၀၀)၊ စုစုပေါင်းသွင်းအားစုတန်ဖိုး ကျပ်(၂၀၀၀၀၀)ကိုထုတ်ပေးသွားရန် စီစဉ် ထားရှိကြောင်း ဆွေးနွေးခဲ့မှုအပေါ် တောင်သူ(၄၈)ဦးမှသဘောတူညီသည့်အတွက် နွေစပါးဧက(၁၅၀) ဧကကို ပြည့်မီအောင်စိုက်ပျိုးသွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

         

ကန့်ဘလူ၊ ကျွန်းလှမြို့တို့၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ စတုတ္ထပတ်တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

     ကန့်ဘလူ၊ ကျွန်းလှတို့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်အတွင်း အရောင်းအဝယ် ဖြစ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအနေဖြင့် ရွှေဘိုပေါ်ဆန်း (အသစ်)တစ်ပြည် ကျပ် ၅၅၀၀၊ ဧရာမင်း (အသစ်)တစ်ပြည် ကျပ်၅၀၀၀ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီဈေး အကြီး/အသေး နှင့် အမျိုးအစားပေါ်မူတည်၍ တစ်ပိဿာ ကျပ်၂၂၀၀/၂၅၀၀၊ ကြက်သွန်ဖြူ လက်လီ ဈေးမှာ(ဗမာ)အကြီး တစ်ပိဿာ ကျပ် ၁၈၀၀၀ အလုံးအသေး တစ်ပိဿာ ကျပ်၁၆၀၀၀ ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ကျပ် ၁၂၀၀၀ ၊ ချင်း တစ်ပိဿာ ကျပ် ၅၀၀၀၊ အာလူး အသေး/အကြီး အမျိုးအစား အလိုက် ကျပ်၂၅၀၀/၃၃၀၀၊ ငရုပ်သီးခြောက် တစ်ပိဿာ ကျပ်၁၃၅၀၀၊ ကုလားပဲဆံ တစ်ပြည်လျှင် ကျပ် ၈၃၀၀၊ စွန်တာနီပဲ လုံးကြား  အလုံးအလှပေါ်မူတည်၍ တစ်ပြည် ကျပ်၄၇၀၀ ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိသည်။

    ကန့်ဘလူ၊ ကျွန်းလှတို့၏ အသီးအရွက်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး(ထိုင်ဝမ်) တစ်ပိဿာ ကျပ်၁၅၀၀/ ၁၃၀၀ ၊ ခရမ်းချဉ်သီး (ဗမာ) တစ်ပိဿာ ကျပ်၁၅၀၀/၁၈၀၀ ၊ ခရမ်းသီး တစ်ပိဿာ ကျပ် ၁၀၀၀၊ ငရုပ်သီးစိမ်း တစ်ပိဿာ ကျပ်၃၀၀၀၊ ပန်းဂေါ်ဖီတစ်ပွင့် ကျပ်၁၂၀၀၊ ဂေါ်ဖီထုတ်တစ်ထုတ်ကျပ် ၁၀၀၀/၁၂၀၀၊ ပဲသီးတောင့်ရှည် တစ်စီးလျှင် ကျပ်၂၅၀၊ ကန်ဇွန်းရွက် တစ်စီး ကျပ်၁၅၀၊ ချဉ်ပေါင်ရွက် တစ်ပုံ ကျပ်၂၀၀၊ မုံညှင်းဖူး တစ်စည်း ကျပ်၃၀၀၊ ကိုက်လန် တစ်စည်း ကျပ်၃၀၀၊ မုန်ညှင်းဥဖြူ(၃)လုံးပါ တစ်တွဲ ကျပ် ၃၀၀၊ သံပုရာသီး တစ်လုံး ကျပ်၁၀၀မှ ကျပ် ၂၀၀၊ ထောပတ်ပဲစို နို့ဆီတစ်ဘူးကျပ်၈၀၀ တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

    ကန့်ဘလူ၊ ကျွန်းလှတို့၏ အသား/ငါးဈေးနှုန်းများမှာ ကြက်သား(ဗမာ/cp) တစ်ပိသာ ကျပ်၁၄၀၀၀/ ၁၈၀၀၀၊ ဝက်သား တစ်ပိဿာ ကျပ်၁၆၀၀၀၊ အမဲသား တစ်ပိဿာ ကျပ်၁၄၀၀၀၊ ငါးကြင်း အကောင်လိုက် တစ်ပိဿာ  ကျပ်၁၀၀၀၀၊ ငါးကြင်းခုတ်သား တစ်ပိဿာ ကျပ်၁၄၀၀၀၊ တီလားဗီးယားငါး အကောင်သေး တစ်ပိဿာ ကျပ်၅၀၀၀၊ အကြီးတစ်ပိသာ ကျပ်၈၀၀၀၊ ကြက်ဥ တစ်လုံး ကျပ်၂၅၀၊ ဘဲဥ တစ်လုံး ကျပ်၄၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

    ကန့်ဘလူ၊ ကျွန်းလှတို့၏ စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆီသန့် တစ်ပိသာ ကျပ်၁၄၀၀၀၊ စားအုန်းဆီ တစ်ပိဿာ ကျပ်၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

    ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများအား ယခင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ တတိယအပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် အခြားအခြေခံစားကုန်ဈေးနှုန်းများနှင့် ငါးဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း ကန့်ဘလူမြို့မစည်ပင်သာယာဈေး ရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း