Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုဇွန်တောင်ဈေးအတွင်းရှိ ဆန်ဈေးနှုန်းများ

    ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ပုဇွန်တောင်ဈေးအတွင်းရောင်းနေသော ဆန်ကြမ်း/ချောအမျိုးအစားအလိုက် ဈေးနှုန်းများမှာ (ထိပ်စ/လတ်စ /နိမ့်စ)များတွင်  ဧည်မထ ၁အိတ်လျှင် (၉၀၀၀၀ - ၈၇၅၀၀ - ၈၂၅၀၀)ကျပ်၊ မနောသုခ ၁အိတ်လျှင် (၉၉၀၀၀ - ၉၄၅၀၀ - ၉၀၀၀၀ကျပ်)ထိလည်းကောင်း၊ ရွှေဘိုပေါ်ဆန်းမွှေး ၁အိတ်လျှင် (၁၇၈၅၀၀ – ၁၇၁၀၀၀ - ၁၆၆၅၀၀ကျပ်)ထိ၊  ပေါ်ဆန်းမွှေး(ပုသိမ်) ၁အိတ်လျှင်  ၁၄၂၅၀၀ကျပ်) ဖြင့်လည်းကောင်း၊  ပေါ်ဆန်းမွှေး(ဖျာပုံ) ၁အိတ်လျှင် ၁၃၈၀၀၀ကျပ်ဖြင့်လည်းကောင်း၊  ပေါ်ဆန်းမွှေး(မြောင်းမြ) ၁အိတ်လျှင်  ၁၃၃၀၀၀ကျပ်တို့ဖြင့် ဆန်ဟောင်းဈေးနှုန်းအတိုင်း အရောင်းအဝယ်ရှိနေကြောင်း၊ ဆန်သစ်များဖြစ်သော ဆန်ကြမ်း/ချောအမျိုးအစားအလိုက် (လတ်စ) ဈေးနှုန်းများမှာ  ဧည်မထ ၁အိတ်လျှင် ၇၈၀၀၀ကျပ်ဖြင့်လည်းကောင်း၊ မနောသုခ ၁အိတ်လျှင် ၉၀၀၀၀ကျပ်ဖြင့်လည်းကောင်း၊ ပေါ်ဆန်းမွှေး(ပုသိမ်) ၁အိတ်လျှင်  ၁၃၃၀၀၀ကျပ်ဖြင့်လည်းကောင်း၊  ပေါ်ဆန်းမွှေး(ဖျာပုံ) ၁အိတ်လျှင် ၁၂၈၀၀၀ကျပ်ဖြင့်လည်းကောင်း၊  ပေါ်ဆန်းမွှေး(မြောင်းမြ) ၁အိတ်လျှင်  ၁၁၈၅၀၀ကျပ်ဖြင့်လည်းကောင်း၊ ရွှေဘိုပေါ်ဆန်းမွှေး(ထိပ်စ) ၁အိတ်လျှင်  ၁၅၄၅၀၀ကျပ် ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်နေပြီး ယခင်အပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ချက်အရ မနောသုခ(ဆန်သစ်) တစ်မျိုးသာလျှင် ၂၅၀၀ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်းနှင့် ဆန်ဟောင်းဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးမှ ဆန်အများဆုံးဝင်ရောက်လျက်ရှိကြောင်း ဆန်လက်လီ / လက်ကားရောင်းချသော ဆန်ဆိုင်ရှင်များထံမှသိရှိရပါသည်။

DOCA(ရန်ကုန်)

“စတော်ဘယ်ရီစျေးနှုန်းစျေးကွက်”

      စတော်ဘယ်ရီသီးနှံသည် ပြင်ဦးလွင်ရဲ့ဂုဏ်ပုဒ်ကိုဖော်ဆောင်တဲ့ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ပါသည်။စတင်ထွက်ပေါ်ချိန်မှသီးနှံရိတ်သိမ်းပြီးချိန်အထိ ပြင်ဦးလွင်မှတဆင့် တိုင်းဒေသမြို့ကြီးများသို့ တင်ပို့ရောင်းချကြလို့  စတော်ဘယ်ရီစိုက်တောင်သူများ နှင့် ကုန်သည် ၊ ပွဲစားများအတွက်  ဝင်ငွေ ကောင်းသော သီးနှံတစ်မျိုးဖြစ်ပြီး နှစ်စဉ် ပြင်ဦးလွင်မြို့ရဲ့ အဓိကထားပြီး စိုက်ပျိုးကြတဲ့ သီးနှံတစ်မျိုးဖြစ်ပါသည် ။ ပြင်ဦးလွင်မြို့နယ်တွင် စတော်ဘယ်ရီသီးနှံစိုက်ဧက(၂၃၅)ဧက စိုက်ပျိုးပြီး (၁)ဧကအထွက်နှုန်းအနေဖြင့် (၉၆၈.၁၉)ပိဿာထွက်ရှိပြီး (၁)ဧက ကုန်ကျစရိတ်အနေဖြင့်(၄၅)သိန်း ကုန်ကျကြောင်း၊စတော်ဘယ်ရီသီးနှံကို စက်တင်ဘာ၊အောက်တိုဘာလများတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီမှမေလအထိ ခူးဆွတ်ရိတ်သိမ်းရကြောင်း ၊ ယခုနှစ် ဇန်နဝါရီလအတွင်း စတင်ထွက်ပေါ် သော စတော်ဘယ်ရီ(ထိုင်ဝမ်+ဂျပန်) အကြွပ်သီးစျေးနှုန်း အဖွင့်စျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့်စတင်ပြီး ယခင်နှစ် စတော်ဘယ်ရီ (၁)ပိဿာလျှင်(၉၀၀၀)ကျပ်စျေးနှုန်းဖြစ်၍ (၁၀၀၀)ကျပ်ပိုမိုစျေးနှုန်းရရှိကြောင်း၊(ထိုင်ဝမ်အချိုသီး)ယခင်နှစ်တွင်(၁၂၀၀၀)ကျပ်ရှိပြီးယခုနှစ်တွင် (၁၃၀၀၀)ကျပ် စျေးနှုန်းရှိကြောင်း၊ဒေသသီးနှင့် အခြားမျိုးများထွက်ပေါ်မှုမရှိသေး၍ စျေးနှုန်းစျေး ကွက်ဖွင့်လှစ်မှုမရှိသေးကြောင်း ၊ စတော်ဘယ်ရီထွက်ပေါ်ချိန် (၅)လတာကာလအတွင်း သီးနှံလှိုင်လှိုင်ထွက်ပေါ်ချိန်တွင် စျေးနှုန်းကျဆင်းတက်ပြီး ယခင်နှစ် စျေးနှုန်းအနေဖြင့်(၁)ပိဿာလျှင် (၈၀၀၀-၇၀၀၀-၅၅၀၀)ကျပ်အထိကျဆင်းခဲ့ကြောင်း ၊ ဝယ်လိုအားထက် ရောင်းလိုအားများသော ကြောင့် သီးနှံလှိုင်လှိုင်ထွက်ပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း တောင်သူ၊ကုန်သည်များထံမှ သိရှိရပါသည်။စျေးကွက်အနေဖြင့် ပြည်ပတင်ပို့နိုင်မှုမရှိသေးသော်လည်း ပြည်တွင်းစျေးကွက်သို့ ဖြန့်ဖြူးလျှက်ရှိပြီး အသီးအစိမ်းအနေဖြင့်သော်လည်းကောင်း ၊ (ယိုစုံ၊Jum၊ဝိုင်)စားသောက်ကုန်များ ထုတ်လုပ်၍ ပြည်တွင်းရှိ တိုင်းဒေသကြီးများ ၊ ပြည်နယ် ၊ မြို့များသို့တင်ပို့ရောင်းချကြပါသည် ။ ပြင်ဦးလွင်မြို့၏ဂုဏ်ဆောင်အမှတ်တံဆိပ်တစ်ခုဖြစ်သည့် စတော်ဘယ်ရီသီးနှံသည် စတင်ထွက်ပေါ် နေပြီဖြစ်ပြီး ခရီးသွားဧည့်သည်များ အိမ်အပြန်ခရီးအတွက် လက်ဆောင်တစ်ခုအဖြစ် မရှိမဖြစ် စတော်ဘယ်ရီ ဖျော်ရည်၊ယိုစုံ၊ဝိုင်ချိုချိုလေးကို လာရောက်မြည်းစမ်းဖို့ ပြင်ဦးလွင်မြို့ကိုဖိတ်ခေါ်ရင်း တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 

 

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်ဘဲဈေးရှိ ဈေးနှုန်းများ

     မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်/ဘဲဈေးတွင်ရောင်းချနေသော ကြက်/ဘဲများမှာ ပဲခူးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်ကောင်း၊  အရောက်ပို့စနစ်ဖြင့်လည်းကောင်း အသီးသီးဝင်ရောက်လျက်ရှိရာ ကြက်/ဘဲဈေးတွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ဈေးနှုန်းများမှာ ကြက်အရှင်၊ အိမ်မွေးကြက် ၁ပိဿာလျှင်  (၁၆၀၀၀/၁၇၀၀၀) ကျပ်ဖြင့် ကုန်အဝင်ပိဿာ (၂၉၀၀)၊ အသားတိုးကြက် ၁ပိဿာလျှင် ၅၂၀၀ကျပ်ဖြင့် ကုန်အဝင်ပိဿာ (၅၆၀၀၀)၊ မွေးမြူရေးကြက်(ထီး/မ) ၁ပိဿာလျှင် ကျပ် (၅၀၀၀ / ၈၅၀၀) ကျပ်ဖြင့် ကုန်အဝင်ပိဿာ (၂၇၀၀၀)၊ ဘဲအရှင် ၁ပိဿာလျှင် ကျပ်(၉၅၀၀/၁၀၀၀၀)ကျပ်ဖြင့် ကုန်အဝင်ပိဿာ (၂၀၀)၊ ချယ်ရီ/ဘယ်ရီဘဲ ၁ပိဿာလျှင် (၅၅၀၀/၆၀၀၀) ကျပ်ဖြင့် ကုန်အဝင်ပိဿာ (၇၀၀) တို့ဖြင့် စုစုပေါင်းကုန်အဝင်ပိဿာချိန် (၈၆၈၀၀)ရှိကြောင်း သိရှိရပါသည်။င့် စုစုပေါင်းကုန်အဝင်ပိဿာချိန် (၈၆၈၀၀)ရှိ ကြောင်း သိရှိရပါသည်။  

     အဆိုပါဈေးနှုန်းများကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်လျှင် အသားတိုးကြက်မှာ  ၁ ပိဿာလျှင် (၅၀၀) ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ခရမ်းချဉ်စိုက်ပျိုးဝင်ငွေတိုး”

      ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ ပဲ၊ ပြောင်း၊ နှမ်းစသည့် သီးနှံများအပြင် စားဖိုဆောင်သီးနှံဖြစ်သော ခရမ်းချဉ်သီးကိုလည်း စီးပွားဖြစ် စိုက်ပျိုးလာကြပါသည် ။ ကျောက်ဆည်ဒေသသည်ဆည်ရေသောက်စနစ်မှ တစ်နှစ်ပတ်လုံးရေရရှိသောကြောင့် ရာသီအလိုက် သီးနှံများအားစိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်သီးကို ရာသီမရွေးစိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးရာတွင် ပျိုးထောင်ပြီး ပျိုးပင်တစ်လသားမှတစ်လခွဲသား အချိန်တွင် ထွန်ယက်ပြုပြင်၍ ဘောင်ဆွဲထား သောမြေပေါ်တွင် ရွှေ့ပြောင်းစိုက်ပျိုးရကြောင်း၊ နှစ်လမှ နှစ်လခွဲအချိန်တွင် ခရမ်းချဉ်သီးများစတင် ခူးဆွတ်နိုင်ကြောင်း၊ စတင်ခူးဆွတ်ချိန်တွင်(၁)ဧကလျှင်ပိဿာချိန်(၂၀-၃၀)ဝန်းကျင်ထွက်ရှိကြောင်း၊ အသီးတင်မှုအနည်းအများပေါ်မူတည်၍ (၄-၅)ရက်ခြားတစ်ကြိမ် ခူးဆွတ်နိုင်ကြောင်း ၊ အထွက်နှုန်း အများဆုံးအချိန်တွင် (၁)ဧကလျှင် ပိဿာချိန်(၂၀၀-၂၅၀)ဝန်းကျင်ထွက်ရှိကြောင်း ၊ စတင်ခူးဆွတ် သည်မှ အပင်သက်တမ်းနှစ်လခွဲမှသုံးလအထိ ခူးဆွတ်နိုင်ကြောင်း သိရှိရပါသည်။ (၁)ဧကကုန်ကျစရိတ် အနေဖြင့် ပျိုးထောင်သည်မှ မြေပြင်စိုက်ပျိုးစရိတ် ၊ သွင်းအားစု ၊ လုပ်သားခ ၊ စုစုပေါင်း(၅၀၀၀၀၀-၆၀၀၀၀၀)ကျပ်ဝန်းကျင် ကုန်ကျကြောင်း သိရှိရပါသည် ။ ထွက်ရှိလာသော ခရမ်းချဉ်သီးများကို ဒေသတွင်းလက်လီရောင်းချမှုရှိသလို ကျောက်ဆည်၊မန္တလေးမြို့များရှိ ကုန်စိမ်းဒိုင်များသို့လည်း တင်ပို့ ရောင်းချကြောင်း၊ ယခင်လတွင် ခရမ်းချဉ်သီးစျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင်(၁၂၀၀-၁၅၀၀)ကျပ် အထိရှိသော်လည်း ယခုအချိန်တွင် (၁၀၀၀-၁၂၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည် ။ (၁)ဧက အကျိုးအမြတ်အနေဖြင့် အသီးထွက်ရှိမှုနှင့် စျေးနှုန်းအပေါ်မူတည်၍ (၅၀၀၀၀၀-၇၀၀၀၀၀)ကျပ် ဝန်းကျင်အထိ ရရှိသောကြောင့် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ခရမ်းချဉ်စိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

“အလေ့ကျပေါက်နေလှဲ့စေ့များ ​စျေးကောင်းရ”

    မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် အပူပိုင်းဒေသဖြစ်သည့်အတွက် အပူပိုင်းတွင် ပေါက်ရောက်တက်သော ထနောင်း၊ မကျည်း၊ ကုက္ကိုပင်များ နှင့် ဆေးဘက်ဝင်အပင်များလည်း ပေါက်ရောက်ရာဒေသဖြစ်ပါသည် ။ ၄င်းအပင်များအနက် ဆေးဘက်ဝင်အပင် တစ်မျိုးဖြစ်သည့် နေ့လှဲ့ပင်သည် အလေ့ကျပေါက်သောပေါင်းပင်တစ်မျိုးဖြစ်ပြီး ဒီဇင်ဘာလမှအပွင့်စပွင့်၍ဇန်နဝါရီလ တွင်ရင့်မှည့်ပြီးခူးဆွတ်ရကြောင်း၊ယခုအချိန်တွင် နေလှဲ့စေ့များ စတင်ထွက်ရှိလျက်ရှိပါသည်။ နေလှဲ့ပင်မှာ လယ်ကန်သင်းရိုး နှင့် စိုက်ပျိုးမှုနည်းသော လယ်ကွက်များတွင် အများဆုံးပေါက်ရောက်ကြပြီး နေလှဲ့စေ့ကို နေလှဲ့ပင်မှရင့်မှည့်သောအသီးများအားရွေးချယ်၍ ကောက်ကြပါသည် ။ နေလှဲ့စေ့(၁)ဗူးရရန် မလွယ်ကူပေ။ နေလှဲ့စေ့ပေါ်ချိန်တွင် မိသားစုလိုက် တောလည်ထွက်၍ လိုက်လံခြွေကာ စုဆောင်း အခြောက်ခံ၍ ပွဲရုံများသို့ သွားရောက်ရောင်းချကြပါသည် ။ ယခင်နှစ် နေလှဲ့စေ့ (၁)ပိဿာလျှင် (၇၅၀၀)ကျပ်ဖြင့်ရောင်းချခဲ့ရပြီး ယခုနှစ်တွင် နေလှဲ့စေ့(၁)ပိဿာလျှင် (၈၂၀၀)ကျပ်စျေးဖြင့် ရောင်းချရသဖြင့် စျေးနှုန်းကောင်းမွန်သောကြောင့် နေလှဲ့စေ့ခြွေသော လက်လုပ်လက်စားများ အဆင်ပြေ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း ၊ကျောက်ကပ် ၊ အရိုးအက်ခြင်း ၊ ဒူးနာ၊ အကြောနာနှင့်ဆံပင်ကျွတ်ခြင်း စသည့် ရောဂါများကို ကုသရာတွင် ကောင်းမွန်သောကြောင့် နေလှဲ့စေ့ကိုကြိတ်၍ အဆီထုတ်ကာ တိုင်းရင်းဆေးအဖြစ်အသုံးပြုကြောင်း ၊ ခရုသင်းရောဂါအတွက် အထိရောက်ဆုံး ဆီတစ်မျိုးဖြစ်ကြောင်း နေလှဲ့စေ့နှင့် ပတ်သတ်၍ ရေးသားဖော်ပြလိုက်ရပါသည် ။

DOCA(မန္တလေး)

 

 

မှော်ဘီမြို့နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုးခြင်းလုပ်ငန်း

     ရော်ဘာသည် ပြည်တွင်းစက်မှုလုပ်ငန်းအတွက်သာမက ပြည်ပပို့ကုန်များအတွက်လည်းအရေးပါသော စက်မှုကုန်ကြမ်းသီးနှံဖြစ်သောကြောင့် ရော်ဘာကို ခြံများဖြင့် စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင်လည်း BPM-24 အမျိုးအစားဖြစ်သော ရော်ဘာမျိုးများစိုက်ပျိုးကြပြီး စိုက်ဧကအားဖြင့် (၂၁၃၆)ဧကစိုက်ပျိုးထားကြောင်းသိရှိရပါသည်။ ရော်ဘာပင်၏သက်တမ်းမှာ (၃၅)နှစ်ခန့်ဖြစ်ပြီး တစ်ဧကလျှင် အပင် (၂၂၀)ဝင်ဆံ့ပြီး ပင်ကြား(၁၀)ပေ၊ တန်းကြား(၂၀)ပေထား၍စိုက်ပျိုးပါသည်။ ရော်ဘာစိုက်ပျိုးချိန်မှာ ဧပြီလတွင် တောခုတ်၊ မီးရှို့၊ မြေပြင်ခြင်းများဆောင်ရွက်ကာ အပင်ချရန်အတွက် နေရာသတ်မှတ်၍ ငုတ်ရိုက်ခြင်းများပြုလုပ်ပြီးနောက် မေလတွင် မြေချစိုက်ပျိုးရပါသည်။ ဇွန်လတွင် အပင်ခြေပတ်လည်၌ အဝိုင်းရှင်း၍ မြေတောင်မြှောက်ခြင်း၊ ပင်ကြားတန်းကြားပေါင်းရှင်းခြင်းတို့ဆောင်ရွက်ကာ စက်တင်ဘာလတွင် မြေဩဇာကျွေးခြင်းလုပ်ငန်းများဆောင်ရွက်ပါသည်။   ရော်ဘာပင်စိုက်ပျိုးပြီး အနည်းဆုံး (၇)နှစ်/ (၈)နှစ်ကြာမှသာ အစေးထုတ်ယူနိုင်ကြောင်း၊ အစေးမလှီးမီ အပင်များအား ဓာတ်စုံမြေဩဇာ (15:7:18:2) ကျွေး၍ အစေးလှီးချိန်၌ အပင်များအား ဓာတ်စုံမြေဩဇာ (15:15:6:4)ကို တစ်ပင်လျှင် ထမင်းစားဇွန်းတစ်ဇွန်းခွဲနှုန်းဖြင့် အပင်ပတ်လည်တွင် (၂)ပတ်လျှင် တစ်ကြိမ်ခြားဖြူးပေးရပါသည်။ အောက်တိုဘာလတွင် ပေါင်းရှင်းအစိုဓာတ်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီး နိုဝင်ဘာလမှ ဖေဖေါ်ဝါရီလအထိ အစေးခြစ်ခြင်းလုပ်ငန်းများဆောင်ရွက်ကာ မတ်လတွင် အရွက်ကြွေချိန်ဖြစ်သည့်အတွက် အစေးလှီးချိန် ရပ်နားရပါသည်။ မှော်ဘီမြို့နယ်၊ ဖူးကြီးကျေးရွာတွင် စိုက်ပျိုးတောင်သူ (၁၀)ဦးအနေဖြင့် (၅၈၅.၃၇)ဧက၊ လက်ပံတန်းစုကျေးရွာတွင်  စိုက်ပျိုးတောင်သူ(၆၆)ဦးအနေဖြင့် (၉၈၃.၅၄)ဧက၊ ဝါးနက်ချောင်းကျေးရွာတွင် စိုက်ပျိုးတောင်သူ(၆)ဦးအနေဖြင့် (၁၁၆)ဧက၊ အောက်ဝါးနက်ချောင်းကျေးရွာတွင် စိုက်ပျိုးတောင်သူ(၃)ဦးအနေဖြင့် (၁၁၅)ဧက၊ ဘိုးဒနကုန်းကျေးရွာတွင် စိုက်ပျိုးတောင်သူ (၁၁)ဦးအနေဖြင့် (၂၅၅.၆၆)ဧက၊ တပ်နယ်မြေတွင် (၈၀.၄၃)ဧကဖြင့် စုစုပေါင်း (၂၁၃၆)ဧကစိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ပုသိမ်မြို့ ၊ မြို့မစည်ပင်သာယာဈေးကြီးအတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန် ဈေးနှုန်းများ

     ပုသိမ်မြို့၊ မြို့မစည်ပင်သာယာဈေးကြီးအတွင်း ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ရောင်းဝယ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများတွင် ဧည့်မထအမျိုးအစား (အလတ်စ၊ ထိပ်စ) ဆန်တစ်ပြည်လျှင် ကျပ် ၃၄၀၀၊ ၃၇၀၀ ဈေးနှင့် ပေါ်ဆန်းတစ်ပြည် ကျပ် ၅၀၀၀ ၊ ၅၃၀၀ ဈေး စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၅၇၀၀ ဈေး၊ ပဲဆီသန့် တစ်ပိဿာကျပ် ၁၅၀၀၀/၁၆၀၀၀ ဈေး၊ နှမ်းဆီတစ်ပိဿာကျပ် ၁၃၀၀၀/၁၄၀၀၀ ဈေးနှင့် နေကြာဆီ တစ်ပိဿာလျှင် ကျပ် ၁၂၀၀၀/၁၂၅၀၀ ဈေးဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်၍ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး စားအုန်းဆီဈေးနှုန်းမှာ ရည်ညွှန်းဈေးပေါ်မူတည်၍ အတက်/အကျ ရှိကြောင်း ဈေးကွက်မှသိရသည်၊၊

      ကြက်သွန်နီ (သစ်) တစ်ပိဿာကျပ် ၂၄၀၀ ၊ ၂၅၀၀ ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ကျပ် ၁၁၀၀၀/၁၂၀၀၀ ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာကျပ် ၁၈၀၀၀၊ ၂၀၀၀၀ ၊ အာလူး အလတ် တစ်ပိဿာကျပ် ၃၀၀၀ ၊ ၃၂၀၀ ၊ ကြက်သား(ဗမာ) တစ်ပိဿာကျပ် ၂၁၀၀၀ ၊ ၂၃၀၀၀ ၊ မွေးမြူရေးကြက်တစ်ပိဿာ ၉၀၀၀၊ ၁၀၀၀၀ ၊ ဘဲသားတစ်ပိဿာကျပ် ၈၀၀၀၊ ၉၀၀၀ ၊ ဝက်သားတစ်ပိဿာကျပ် ၁၆၀၀၀၊ ၁၇၀၀၀ ၊ အမဲသားတစ်ပိဿာကျပ် ၁၆၀၀၀ ၊ ၁၇၀၀၀ ၊ ဆိတ်သားတစ်ပိဿာ၂၄၀၀၀၊ ၂၅၀၀၀ ၊ ပုဇွန်တစ်ပိဿာ အသေးအကြီးပေါ်မူတည်၍ ကျပ် ၁၅၀၀၀၊ ၂၆၀၀၀ ၊ ငါးခူတစ်ပိဿာကျပ် ၁၃၀၀၀ ၊ ၁၄၀၀၀၊ ငါးကြင်းတစ်ပိဿာကျပ် ၁၇၀၀၀၊ ၁၈၀၀၀ ၊ ငါးမြစ်ချင်းတစ်ပိဿာကျပ် ၇၀၀၀၊ ၈၀၀၀ ဈေးနှင့် ငါးရံ့တစ်ပိဿာ ကျပ် ၁၂၀၀၀၊ ၁၄၀၀၀ ဈေး ကြက်ဥတစ်လုံးကျပ် ၂၃၀၊ ၂၅၀ ဘဲဥတစ်လုံး ကျပ် ၃၀၀၊ ၃၅၀ ၊ အိုင်အိုဒင်းဆား တစ်ပိဿာကျပ် ၃၀၀၊ ၄၀၀ ၊ ရိုးရိုးဆားချောတစ်ပိဿာ ကျပ် ၂၅၀ ၊ ၃၀၀ နှင့် ကုလားပဲခြမ်းတစ်ပိဿာကျပ် ၆၆၀၀၊ ၆၈၀၀ ဈေး ၊ ငရုပ်သီးခြောက်ရှည် တစ်ပိဿာ ကျပ် ၁၂၀၀၀ ၊ ၁၄၀၀၀ ၊ ငရုတ်ပွခြောက် တစ်ပိဿာ ကျပ် ၁၆၀၀၀၊ ၁၈၀၀၀ ဈေးနှင့် ရောင်းဝယ်လျက်ရှိပြီး ကြက်သွန်ဖြူ (ရှမ်း) ဈေးနှုန်းမှာကျပ် ၂၂၀၀၀ မှ ကျပ် ၂၀၀၀၀ သို့လည်းကောင်း ၊ ငရုတ်ခြောက်ရှည်ဈေးနှုန်းမှာ တစ်ပိဿာကျပ် ၁၆၅၀၀ ဈေး မှ ကျပ် ၁၄၀၀၀ ဈေးသို့လည်းကောင်း အားလူးဈေးနှုန်းမှာ တစ်ပိဿာကျပ် ၃၅၀၀ မှ ကျပ် ၃၂၀၀ ဈေး၊ ငါးမြစ်ချင်းဈေးနှုန်းမှာ ယခင် တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်ဈေးမှ ယခု ၈၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးကွက်မှသိရသည်၊၊

     ကြက်သွန်နီ၊ အာလူး၊ ငရုတ်ခြောက်ရှည်တို့မှာ သီးနှံအသစ်များထွက်ရှိချိန်ဖြစ်၍ ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိပြီး ငါးမြစ်ချင်းဈေးနှုန်းကျဆင်းရခြင်းမှာ မြစ်ချောင်း အင်းအိုင်များမှ သဘာဝငါးများ ဖမ်းဆီးရရှိမှု မွေးမြူရေးကန်များမှ ဖမ်းဆီးရောင်းချခြင်းကြောင့် ဈေးနှုန်း ကျဆင်းရခြင်းဖြစ်ပြီး ပင်လယ်ငါးခြောက်များ လှိုင်လှိုင်ထွက်ရှိချိန် ငါးခြောက် ဈေးနှုန်းများလည်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း ဈေးကွက်မှ သိရသည်၊၊

DOCA(ဧရာဝတီ)

တိုက်ကြီးမြို့နယ်၏ စားသောက်ကုန်ထုတ်လုပ်မှု

    တိုက်ကြီးမြို့နယ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စုတွင် အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများဝင်ငွေတိုး၍ စီမံကိန်းဖြင့် မြို့နယ်၌ထွက်ရှိသော သီးနှံများအား စီးပွားရေးဈေးကွက်သို့ ဝင်ရောက်ထိုးဖောက်စေရန်နှင့် စားဝတ်နေရေး အဆင်ပြေစေရန်တို့အတွက် သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့်တင်နိုင်ရေး စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပါသည်။ မိသားစုဝင်များအနက် စိတ်ပါဝင်စားသူ (၁၅)ဦးမှ (၂၀)ဦးအထိ (၇)ရက်(တစ်ပတ်)ဖွင့်လှစ်ပေးခဲ့ပါသည်။

      သီးနှံယိုထုတ်လုပ်မှု၊ ဖျော်ရည်ထုတ်လုပ်မှုကို စက်ကိရိယာများနှင့် စနစ်တကျသင်ကြားပို့ချပေးခဲ့ပါသည်။ သင်တန်းတက်ရောက်သူများထံမှ ထူးချွန်သူ၊ စိတ်ပါဝင်စားစွာစီးပွားရေးလုပ်နိုင်မည့် (၁၀)ဦးအားရွေးချယ်၍ သီးနှံပိုင်းဆိုင်ရာသုံးစွဲပုံ၊ သုံးစွဲပစ္စည်းများနှင့် ဘေးအန္တရာယ်ကင်းဝေးသော ပစ္စည်းများကိုသုံးစွဲအသုံးပြုနိုင်ရန် စနစ်တကျဆောင်ရွက်ပေးခဲ့ပါသည်။ စက်ပိုင်းဆိုင်ရာများလိုအပ်ပါက အရစ်ကျရောင်းချပေးနိုင်အောင် ဆောင်ရွက်ခဲ့ပြီး ထုတ်လုပ်မှုအဆင့်ဆင့်ကိုလည်း ရှင်းလင်းပြသပေးခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း ဓာတုပစ္စည်းကင်းစင်သော မိမိမြို့နယ်ထွက်သီးနှံများ၊ သဘာဝယိုများ၊ ဖျော်ရည်များ “အသီးမှယို” “အသီးမှဖျော်ရည်” ရရှိမှုအတွက် စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက်လည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဧရာဝတီတိုင်းဒေသကြီအတွင်း ပြည်တွင်း/ပြည်ပ အရောင်းအဝယ်ဖြစ်နေသော ရာသီပေါ် ကိုင်းဘောဈေးကွက်

    ဧရာဝတီတိုင်းဒေသကြီးအတွင်း ထွက်ရှိပြီး ပြည်တွင်း/ပြည်ပဈေးကွက်မှာ အရောင်းအဝယ် ဖြစ်နေသည့် တံမြက်စည်းပြုလုပ်ရာတွင် အသုံးပြုလျက်ရှိသော ကိုင်းဘောပင်များမှာ ရာသီချိန် သဘာဝအလျောက် အလေ့ကျပေါက်ရောက်လျက်ရှိပြီး ကိုင်းဘောထွက်ရှိချိန် ဇန်နဝါရီလ ပထမပတ်မှစတင်ကာ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်၍ မတ်လဒုတိယပတ် ရောက်လျှင် ကိုင်းဘောရာသီ ပြီးဆုံးသွားကြောင်း ဈေးကွက်မှသိရသည်၊၊

      ကိုင်းဘောအဓိကထွက်ရှိရာ ဒေသများမှာ တောင်စောင်း၊ တောင်ကုန်းများရှိသော ချောင်းသာ၊ ငွေဆောင်၊ မော်တင်စွန်းသွား ကားလမ်းဘေးဝန်းကျင်ရှိ သီဟိုဠ်ခြံ၊ ရာဘာခြံများ၊ မြေလွတ်၊ မြေရိုင်းများ ၊ ပင်လယ်ကမ်းခြေဒေသဝန်းကျင် ကျေးရွာများနှင့် ပင်လယ်နှင့်နီးကပ် လျက်ရှိသော ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း ထွက်ရှိပြီး ကိုင်းဘောရာသီ ရောက်လျှင် ကိုင်းဘောကုန်ကြမ်း ထွက်ရှိသော ဒေသများတွင် အဝယ်ဒိုင်များဖွင့်လှစ်ဝယ်ယူပြီး ပုသိမ်မြို့ပေါ် သာပေါင်းမြို့နှင့် ရန်ကုန်မြို့ပေါ်ရှိ နှစ်ပတ်လည်တံမြက်စည်း  ပြုလုပ်ရောင်းချ သည့်လုပ်ငန်းရှင်များမှ ဝယ်ယူသိုလှောင်၍ ပြည်တွင်းဈေးကွက်မှာ တံမြက်စည်းပြုလုပ် ရောင်းချလျက်ရှိကြောင်း ပုသိမ်မြို့နယ် မဒေါ့ကုန်း ကျေးရွာအုပ်စု မဒေါ့ကုန်းကျေးရွာရှိ ကိုင်းဘောအဝယ်ဒိုင်မှသိရသည်၊၊

     အဝယ်ဒိုင်မှဝယ်ယူထားသော ကိုင်းဘောများကို (၇) ရက်ခန့်လှမ်း၍ ကိုင်းဘော အချောင်းရေ (၁၀၀) စီး အစီးအရေ (၃၀) ကို ဒေသအခေါ်ကိုင်းဘောတစ်ဘောဟု ခေါ်ဆိုပြီး အနု၊ အလတ်၊ အရင့် အမျိုးအစား ၃ မျိုး ခွဲခြား၍ အနုနှင့်အလတ်များကို ရန်ကုန်မှ တစ်ဆင့် ပြည်ပဈေးကွက်တင်ပို့မှု ရှိသလို ကိုင်းဘောအရင့်များကို ပြည်တွင်းတံမြက်စည်းပြုလုပ်ရာတွင် အဓိကအသုံးပြုလျက်ရှိကြောင်း အဝယ်ဒိုင်မှ ဝယ်ယူရာတွင် ကိုင်းဘောအတို၊ အလတ်၊ အရှည် ပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိပြီး ယခင်နှစ်ကိုင်းဘောတစ်ဘောဈေးနှုန်းမှာ ကျပ် ၁၅၀၀ဝ/ ၂၀၀၀၀ ဝန်းကျင် ဈေးအတွင်းသာရှိပြီး ယခုနှစ် ဈေးနှုန်းမှာ ကိုင်းဘောအတိုအရှည် ပေါ်မူတည်၍ ကျပ် ၂၅၀၀၀မှ ကျပ် ၃၅၀၀၀ ဈေးနှင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် နှစ်ထက် ကျပ် ၁၀၀၀၀ ဝန်းကျင် ဈေးပို၍ရရှိကြောင်း ကိုင်းဘောထွက်ရှိရာ ကျေးရွာရှိ ဒေသခံများမှာ ကိုင်းဘောခုတ်ယူရောင်းချခြင်းဖြင့် တစ်နေ့လျှင် ကျပ် ၅၀၀၀/၆၀၀၀မှ ၁၀၀၀၀ ဝန်းကျင် ဝင်ငွေရရှိကြောင်း အဝယ်ဒိုင်မှ သိရသည်၊၊

DOCA(ဧရာဝတီ)

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

   အင်းစိန်မြို့နယ်၊ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၂၄)ရက်နေ့မှ ဇန်နဝါရလ(၃၀)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၆၀၀မှ ၁၄၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၅၀၀မှ ၈၀၀) အတွင်း၊ ပန်းဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၃၀၀မှ ၆၀၀) အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၈၀၀မှ ၃၀၀၀) အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် (၄၀၀၀မှ ၄၃၀၀) အတွင်း၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၁၈၀၀မှ ၅၄၀၀) အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ် (၁၀၀၀မှ ၁၂၀၀) အတွင်း၊ မုန်ညှင်းထုပ်တစ်ပိဿာလျှင် ကျပ် (၁၅၀၀မှ ၁၈၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၁၇၀၀မှ ၃၃၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ် (၁၅၀၀၀မှ ၁၇၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၉၀၀၀မှ ၁၀၀၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၃၅၀၀မှ ၄၅၀၀) အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ် (၂၀၀မှ ၄၀၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ် (၈၀မှ ၁၂၀) အတွင်း၊ ခရမ်းသီး  (ရှည်) တစ်ပိဿာလျှင် ကျပ် (၈၀၀မှ ၁၅၀၀) အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၅၀မှ ၂၀၀) အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ် (၁၃၀၀မှ ၂၃၀၀) အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး) တစ်လုံးလျှင်ကျပ် (၁၅၀၀မှ ၈၅၀၀) အတွင်းဖြစ်ကြောင်းသိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၁၆၃၉၄၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၃၄၉၅၅)ကျော်၊ ဘူးသီးအလုံးပေါင်း (၁၄၉၂၆) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၇၂၉၂)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၅၈၀၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၅၀၃၀၀)ကျော်၊ မုန်ညှင်းထုပ် (ပိဿာ) ပေါင်း (၈၁၈၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၄၅၃၅၀) ကျော် စသည်ဖြင့် အသီးသီးကုန်အဝင်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း