Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့ရှိ ကြက်ဥ၊ ဘဲဥဈေးနှုန်းအခြေအနေ

     တောင်ငူမြို့၊ ကန်လမ်းရှိ 555 စီပီကြက်အစာနှင့် ကြက်ဥ၊ ဘဲဥအရောင်းဆိုင်တွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ကြက်ဥအသေးတစ်လုံးလျှင် ၂၆၀ကျပ်ဈေးနှုန်းရှိခဲ့ရာမှ ယခုဇန်နဝါရီလ စတုတ္ထပတ်တွင် ကြက်ဥအသေးတစ်လုံးလျှင် ၂၃၀ကျပ်၊ ကြက်ဥအကြီးတစ်လုံးလျှင် ယခင်ဇန်နဝါရီလ တတိယပတ်တွင် ၂၈၀ကျပ်ဈေးနှုန်းရှိခဲ့ရာမှ ယခုဇန်နဝါရီလ စတုတ္ထပတ်တွင် ကြက်ဥအကြီးတစ်လုံးလျှင် ၂၄၀ကျပ်မှ ၂၅၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားခဲ့ပါသည်။

        ဘဲဥမှာ အသေးတစ်လုံးလျှင် ၃၀၀ကျပ်နှင့် အကြီးတစ်လုံးလျှင် ၃၃၀ကျပ်မှ ၃၅၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။

      ကြက်ဥ၊ ဘဲဥမှာ အခြေခံလူတန်းစားများနှင့် အလုပ်များသော ရုံးဝန်ထမ်းများအတွက် အလွယ်တကူချက်ပြုတ်စားသောက်နိုင်သော စားသောက်ကုန်ဖြစ်သဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း တောင်ငူမြို့ ၊ ကန်လမ်းရှိ 555 ကြက်ဥအရောင်းဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရသိရှိခဲ့ရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့တွင် ပန်းဂေါ်ဖီစိုက်တောင်သူများ ယခင်နှစ်ထက်အကျိုးအမြတ်ပိုမိုရရှိ

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပန်းဂေါ်ဖီစိုက်ပျိုးသူတောင်သူ (၁၅)ဦးရှိပြီး စိုက်ပျိုးဧကမှာ (၆)ဧကစိုက်ပျိုးထားရှိကြောင်း သိရပါသည်။ ထို့ကြောင့် စားသုံးသူ ရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦး နှင့်ဝန်ထမ်းများသည် (၅.၂.၂၀၂၄) နေ့ ၊နေ့လယ်ပိုင်းတွင် ကျီးသဲကျေးရွာအုပ်စု၊ ညောင်လှကျေးရွာရှိ ပန်းဂေါ်ဖီ စိုက်တောင်သူ ဦးမောင်မောင်လွင်နှင့် တွေ့ဆုံ၍မေးမြန်းခဲ့ပါသည်။

     အဆိုပါတောင်သူမှ စိုက်ပျိုးသော ပန်း‌ဂေါ်ဖီမျိုးမှာ ဘူးမန်း(153) မျိုးကို (.၂၅)ဧကစိုက်ပျိုး ထားရှိကြောင်း သိရပြီး ကုန်ကျစရိတ်အနေဖြင့် (၂)သိန်းကျပ်ခန့် ကုန်ကျကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီ (.၂၅)ဧကတွင် ရောင်းတန်းဝင် ပန်းပွင့် ၃၀၀၀ ခန့်ထွက်ရှိကြောင်း သိရပါသည်။ ယခင်နှစ်တွင်လည်း ပန်းဂေါ်ဖီ (.၂၅)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ကုန်ကျစရိတ်မှာလည်း ယခုနှစ်အတိုင်း ကုန်ကျပြီး ပန်းပွင့်ထွက်ရှိမှုမှာလည်း ယခုနှစ်ကအတိုင်းထွက်ရှိကြောင်း သိရပါသည်။ ယခင်နှစ်တွင် ပန်းဂေါ်ဖီတစ်ပွင့်လျှင် ခြံဈေး ၂၀၀ကျပ်ဖြင့် ရောင်းချပြီး ရောင်းရငွေမှာ (၆)သိန်းကျော်ရရှိပြီး အသားတင်အမြတ်အနေဖြင့် (.၂၅)ဧကတွင် (၄)သိန်းကျပ်ခန့်ကုန်ကျကြောင်း သိရပါသည်။

   ယခုနှစ်တွင် ပန်းဂေါ်ဖီဈေးနှုန်းမှာ တစ်ပွင့်လျှင် ခြံဈေး ၃၀၀ကျပ်ခန့်ရရှိ၍ ရောင်းရငွေမှာ (၉)သိန်းဝန်းကျင်ခန့်ရရှိသဖြင့် အသားတင်အမြတ်မှာ (၇)သိန်းကျပ်ခန့် ရရှိကြောင်း သိရှိရပါသည်။ ထွက်ရှိလာသောပန်းဂေါ်ဖီများကို အနီးတဝိုက်ရှိ မြို့များနှင့် ရန်ကုန်မြို့သို့တင်ပို့ကြောင်း သိရပါသည်။ ထို့ကြောင့် ပန်းဂေါ်ဖီစိုက်ပျိုးသူတောင်သူများအနေဖြင့် ယခင်နှစ်ထက် ယခုနှစ်တွင် အမြတ်အစွန်းများပိုမိုရရှိသဖြင့် ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်လျှင် ဝင်ငွေများစွာရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပန်းတောင်းမြို့နယ်တွင် ငှက်ပျောစိုက်ပျိုးထားရှိမှု

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျွန်းမီးအုပ်စု၊ ဂျင်းရဲကျွန်းကျေးရွာတွင် ငှက်ပျောသီးများ စိုက်ပျိုးထားရှိသဖြင့် (၂.၂.၂၀၂၄) ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက် ကွင်းဆင်း လေ့လာခဲ့ပါသည်။

    ပန်းတောင်းမြို့နယ်၊ ကျွန်းမီးအုပ်စု၊ ဂျင်းရဲကျွန်းကျေးရွာတွင် ငှက်ပျောပင်စိုက်ပျိုးသော တောင်သူ ဦးသက်နိုင်ဦးမှ ငှက်ပျောပင်စိုက်ဧက (၁)ဧကခွဲ စိုက်ပျိုးထားပြီး စိုက်ပျိုးသည့်မျိုးမှာ ဖီးကြမ်း ငှက်ပျောသီးမျိုးဖြစ်ပါသည်။ ဖီးကြမ်းငှက်ပျောစိုက်ပျိုးရာတွင် တစ်ဧကုန်ကျစရိတ်များ အနေဖြင့် သမန်းကောင်းရသည်အထိ စက်ကြီးနှင့် ထွန်ယက်ကုန်ကျစရိတ် မှာ ၂၀၀၀၀၀ကျပ်၊ ငှက်ပျောပင် (၅၀၀)ပင် စိုက်ပျိုးရသဖြင့် အပင်ပေါက် တစ်ပင်လျှင် (၄၀၀)ကျပ် နှုန်းဖြင့် ၂၀၀၀၀၀ကျပ်၊ စိုက်ပျိုးခအနေဖြင့် ၁၀၀၀၀၀ကျပ်၊ မြေဩဇာဝယ်ယူခြင်းနှင့် မြေဩဇာ ကျွေးခမှာ ၇၀၀၀၀၀ကျပ် ဖြင့် စုစုပေါင်းကုန်ကျစရိတ်မှာ ၁၂၀၀၀၀၀ကျပ်ခန့် ကုန်ကျကြောင်း သိရပါသည်။ ငှက်ပျောသီးများ ထွက်ပေါ်ချိန်တွင် တစ်ပင်လျှင် ငှက်ပျောသီးအဖီး (၅)ဖီးနှင့် (၆)ဖီး ထွက်ရှိသည်ဟု သိရှိရပါသည်။ ငှက်ပျောပင်စတင်စိုက်ပျိုးပင်ကို အမေပင်ဟုခေါ်ပြီး သီးခိုင်ကို ခုတ်ယူ၍ အမေပင်ကို ခုတ်လိုက်ချိန်တွင် သားတက်တစ်ရုံလျှင် သားတက်(၂)ပင်ကိုသာ ထားရပါသည်။ သားပင်တစ်ပင် လျှင် ငှက်ပျောဖီး (၉)ဖီး နှင့် (၁၀)ဖီးခန့်ထွက်ရှိ၍ ရောင်းဈေးမှာ ငှက်ပျောခိုင် တစ်ခိုင်လျှင် ၇၀၀၀ကျပ်ခန့်ရရှိကြောင်း သိရပါသည်။ ငှက်ပျောပင် (၅၀၀)စိုက်ပျိုးလျှင် ငှက်ပျောခိုင် (၅၀၀)ခန့် ထွက်ရှိသဖြင့် ဝင်ငွေအနေဖြင် ၃၅၀၀၀၀၀ ခန့်ရရှိကြောင်း သိရပါသည်။ ဖီးကြမ်း ငှက်ပျောစိုက်ပျိုးသူ တောင်သူအနေဖြင့် ငှက်ပျောပင် (၅၀၀)တွင်  အသားတင်အမြတ်မှာ သိန်း (၂၀) ကျော်ရရှိကြောင်း သိရှိရပါသည်။

     ဖီးကြမ်းငှက်ပျောသီးမှာ လူကြိုက်များ၍ အသီးသီးလျှင်လည်း တန်ဖိုးမြင့်သဖြင့် တောင်သူများစီးပွားဖြစ်၍ စိုက်ပျိုးသင့်သောသီးနှံတစ်မျိုးဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

 

ပန်းတောင်းမြို့နယ်တွင် ထင်းအစားထိုးလောင်စာတောင့်များ ပြုလုပ်ရောင်းချ

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဒေါင်းမြတ်နားအုပ်စု မြောင်ရှည် ကျေးရွာရှိ ဦးတင်လှ ပိုင်ဆိုင်သော ခြင်္သေ့မင်းဆန်စက်မှ ဆန်ကြိတ်ခွဲရာတွင်ထွက်ရှိသော စပါးခွံများအား စွန့်ပစ်ပစ္စည်းအဖြစ်မပြုလုပ်ဘဲ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် ထင်းအစားထိုးလောင်စာတောင့်များ ထုတ်လုပ်ရောင်းချနေကြောင်း သိရှိရပါသည်။

    ထင်းအစားထိုး လောင်စာတောင့်ပြုလုပ်ရာတွင် ပထမဦးစွာ စပါးခွံကိုအမှုန့်ဖြစ်အောင် ကွိုင်နဲ့ အပူပေးစနစ်ဖြင့် စပါးခွံကို ဇလားထဲသို့ ထည့်၍ လွန်နှင့်ကြိတ်လိုက်လျှင် လောင်စာတောင့် တစ်ပေသာသာ အတောင့်လေးများထွက်ရှိလာပါသည်။ စပါးခွံတင်း(၅၀)ခန့် ထည့်ပြီးကြိတ်လျှင် လောင်စာတောင့် ၁၅၀ပိဿာခန့် ထွက်ရှိကြောင်း သိရပါသည်။ ထွက်ရှိလာသော လောင်စာတောင့်များကို ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းများရှိ မှာယူသူများထံသို့ တင်ပို့ရောင်းချကြောင်း သိရပါ သည်။ ရောင်းချသောလောင်စာတောင့်ဈေးနှုန်းများမှာ တစ်ပိဿာလျှင် ၂၅၀ကျပ်ဖြင့် ရောင်းချပါသည်။

   ထိုကြောင့် စပါးခွံများကိုစွန့်ပစ်စရာမလိုဘဲ လောင်စာတောင့်အဖြစ် တန်ဖိုးမြှင့်ထုတ်ကုန် ပြုလုပ်၍ ရောင်းချခြင်းကြောင့် အမှိုက်ထဲမှ ငွေများရရှိနိုင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်ဒေသထွက် သကြားပြောင်း

    ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် သကြားပြောင်းများကို စိုက်ပျိုးကြပါသည်။ သကြားပြောင်းများကို လူအများက သားရေစာအဖြစ်စားသုံးကြခြင်း၊ ဟင်းချက်၍လည်း စားသုံးကြခြင်းဖြင့် စားသုံးသူများကြိုက်နှစ်သက်သော ပြောင်းဖူးမျိုးဖြစ်သဖြင့် ပြောင်းဖူး စိုက်ပျိုးသူ တောင်သူများအနေဖြင့်ရောင်းကောင်းသော ပြောင်းဖူးမျိုးဖြစ်ပါသည်။ ပြောင်းဖူး စိုက်ပျိုး သူ တောင်သူများအနေဖြင့် အကျိုးအမြတ်များစွာရရှိကြသဖြင့် ပိုမိုစိုက်ပျိုးလာကြပါသည်။ ထွက်ရှိလာသောပြောင်းဖူးများကို တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများက ပြောင်းခင်းသို့ဆင်း၍ ဝယ်ယူကြသလို ရွှေတောင်မြို့မှ ပြည်မြို့နှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ယခုအခါ ပြည်မြို့အတွင်းရှိ ဈေးကွက်များတွင် သကြားပြောင်း တစ်ဖူးလျှင် ၃၀၀-၄၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပုဇွန်တောင်ဈေးအတွင်းရှိ အသားငါးဈေးနှုန်းများ

    ၂၀၂၄ခုနှစ် ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ပုဇွန်တောင်ဈေးအတွင်းရှိ အသားငါးဈေးနှုန်းများမှာ ဝက်သား ၁ပိဿာလျှင် (၁၆၀၀၀ ) ကျပ်၊ ဘဲသား ၁ပိဿာလျှင် (၁၂၀၀၀ -၁၄၀၀၀) ကျပ်၊ ဆိတ်သား ၁ပိဿာလျှင် (၂၈၀၀၀) ကျပ်၊ အမဲသား ၁ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ မွေးမြူရေးကြက် ၁ပိဿာလျှင် (၉၀၀၀-၁၀၀၀၀) ကျပ်၊ မြန်မာကြက် ၁ပိဿာလျှင် (၂၀၀၀၀-၂၂၀၀၀) ကျပ်၊ ငါးကြင်း ၁ပိဿာလျှင် (၁၃၀၀၀-၁၄၀၀၀) ကျပ်၊ ငါးမြစ်ချင်း ၁ပိဿာလျှင် (၆၀၀၀-၇၀၀၀) ကျပ်နှင့် ပင်လယ်ငါး ၁ပိဿာလျှင် (၆၀၀၀-၇၀၀၀) ကျပ်ထိရှိကြောင်းသိရပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအပြောင်းအလဲမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း၊ ကြက်/ဘဲများကို မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှလည်းကောင်း၊ ငါးများကို ကြည့်မြင်တိုင်မြို့နယ်ရှိ စံပြငါးဈေးကြီးမှလည်းကောင်း ဝယ်ယူရောင်းချခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မွေးမြူရေးကုန်ကြမ်းသုံးနေဗီယာမြက်

    ပြည်ခရိုင်၊ ပြည်မြို့တွင် နေဗီယာမြက်ကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြကြောင်း သိရပါသည်။ အပင်ပုံစံမှာ ကြံပင်လိုလို ပြောင်းဖူးပင်လိုလို အပင်ကြီးမျိုးဖြစ်ပြီး စိုက်ပျိုးရ လွယ်ကူပါသည်။ တိရိစ္ဆာန်များကိုကျွေးလျှင် သာမန်မြက်ထက် ၂ဆ ၃ဆခန့် ကြီးထွားနှုန်းမြန် ၍ရိုးရိုးမြက်က ပရိုတင်းအသားဓါတ် ၅% ခန့်ပါဝင်ပြီး နေဗီယာမြက်၏ အသားဓါတ်မှာ ၁၁% မှ ၁၈% အထိ ပါဝင်ပါသည်။ Bio Gas ထုတ်လုပ်နိုင်ခြင်း လောင်စာထင်းမီးအဖြစ် အသုံးပြုပြီး လျှပ်စစ်မီး ထုတ်လုပ်နိုင်ခြင်း စသည့် ကောင်းကျိုးများစွာရှိသော မြက်အမျိုးအစားဖြစ်သည်။ တစ်ကြိမ် စိုက်ပျိုးလျှင် (၈)နှစ်အထိ အသုံးပြုလို့ရပြီး အကြမ်းခံခြင်း၊ ရေမပေးနိုင်ရင်တောင် အပင်မသေခြင်း၊ သက်တမ်းရှည် အသုံးပြုလို့ရပါသည်။ နေဗီယာမြက်ကို အခြောက်သိမ်းလို့လည်းရကာ မြက်ချဉ်ဖက် သိပ်ပြီး ကျွေးကြောင်းလည်း သိရပါသည်။ တိရိစ္ဆာန် အစာတောင့်ပြုလုပ်ရာတွင်လည်း ပါဝင်မှု ရာခိုင်နှုန်းများကြောင်း သိရှိရပါသည်။

     မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် အစာကုန်ကျစရိတ်သက်သာ၍ ဆင်၊ နွား၊ မြင်း၊ ကြက်၊ ဝက်၊ ဆိတ်၊ ယုန်၊ ပူး၊ ငါးတို့အထိ ကျွေးမွေးနိုင်ပြီး တိရိစ္ဆာန်များ ကျန်းမာရေးကောင်းမွန်စေ၍ လက်ရှိမြန်မာနိုင်ငံတွင် မွေးမြူရေးလုပ်ငန်းများအတွက် နေဗီယာမြက်မျိုးများ စိုက်ပျိုးလာကြပါသည်။ နေဗီယာမြက်မျိုး ၆လက်မ/၇လက်မ တစ်ဆစ်လျှင် ၂၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပုဇွန်တောင်ဈေးအတွင်းရှိ စားဖိုဆောင်သုံးဈေးနှုန်းများ

    ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ပုဇွန်တောင်ဈေးအတွင်းရောင်းချနေသော စားဖိုဆောင်သုံးဈေးနှုန်းများမှာ စားအုန်းဆီ ၁ပိဿာလျှင် (၅၄၇၅) ကျပ်ဖြင့်လည်းကောင်း၊ ပဲဆီ(ရှယ်) ၁ပိဿာ လျှင် (၁၅၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီဆိုဒ်စုံ ၁ပိဿာလျှင် (၃၀၀၀ - ၃၆၀၀ - ၄၀၀ဝ) ကျပ်၊ ကြက်သွန်ဖြူ(ဥ) တလုံး ၁ပိဿာလျှင် (၁၈၀၀ဝ-၂၀၀၀ဝ)ကျပ်၊ ကြက်သွန်ဖြူ(အမွှာ) ၁ပိဿာလျှင် ၁၉၀၀ဝကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ အာလူး ၁ပိဿာလျှင် (၃၄၀၀)ကျပ်၊ နနွင်းမှုန့် ၁ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နနွင်းတက် ၁ပိဿာလျှင် (၇၀၀၀) ကျပ်၊ အိုင်အိုဒင်းဆား/ ရိုးရိုးဆား ၁ထုပ်လျှင် (၅၀၀)ကျပ်၊ ငရုတ်တောင့် (ရှည်) ၁ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ငရုတ်တောင့်(ပု) ၁ပိဿာလျှင် (၂၄၀၀၀) ကျပ်၊ မြန်မာပဲနီလေး ၁ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ပဲဝါလေး ၁ပိဿာလျှင် (၄၄၀၀) ကျပ်၊ ကုလားပဲခြမ်း ၁ပိဿာလျှင် (၇၂၀၀)ကျပ်၊ ချင်း ၁ပိဿာလျှင် (၇၀၀၀ - ၈၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  

    စားအုန်းဆီမှာ ရည်ညွှန်းဈေးနှုန်းအပေါ်မူတည်၍ အပြောင်းအလဲရှိနေသော်လည်း ဈေးကွက်အတွင်း ပြည်သူများ သင့်တင့်စွာအလွယ်တကူဝယ်ယူသုံးစွဲနိုင်ကြကြောင်း ကျန်စားဖိုဆောင်သုံးကုန်စည်များကို ညောင်ပင်လေးဈေးနှင့် ဘုရင့်နောင်ကုန်စည်ဒိုင်များမှ လွယ်ကူချောမွေ့စွာဝယ်ယူနိုင်ခြင်းကြောင့် ဈေးကွက်အတွင်း ကုန်ပစ္စည်းများပြတ်လပ်မှုမရှိကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှုမြန်ဆန်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့၏ ဖေဖော်ဝါရီလ ပထမပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူ မြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အ ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မဈေးတွင် ငါးမျိုးစုံရောင်းချလျက် ရှိပြီး ဖေဖော်ဝါရီလ ပထမပတ်အတွင်းဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီး တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဂျောင်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင်  (၁၈၀၀၀)ကျပ်၊ ငါးမြင်းခုတ်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊  ပုစွန်ထုပ် တစ်ပိဿာလျှင် (၃၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ငါးဈေးနှုန်းများအား ဇန်နဝါရီလ စတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက တီလားဗီးယားအကောင် သေးတစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီး တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်ပြီး ကျန်ငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကန့်ဘလူမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများနှင့်စီးထွက်မှုအခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး၊ ကသာခရိုင်(အင်းတော်မြို့နယ်)နှင့် မုံရွာခရိုင်များတွင် စပါး၊ ဆန် အသစ်များ ပေါ်လာပြီး ယခင်လများထက် ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီလ (ပထမ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၈၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၅၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၀၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင်၁၄၀၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၈၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၅၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၀၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) (သစ်)တင်း၁၀၀ လျှင် ၂,၆၀၀,၀၀၀၊ ဧည့်မထ (ဆန်) (သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၅,၀၀၀၊ ဧည့်မထ(စပါး)(‌ဟောင်း) တင်း၁၀၀ လျှင် ၂,၉၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၀၅,၀၀၀၊ ငစိန်(စပါး)(ဟောင်း)တင်း၁၀၀လျှင် ၂၈၀၀,၀၀၀၊ ငစိန် (ဆန်)(ဟောင်း)၂၄ပြည်ပါ တစ်အိတ်မှာ ၉၅,၀၀၀၊ ငစိန်(စပါး)(သစ်)တင်း၁၀၀လျှင် ၂၄၀၀,၀၀၀၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ၇၀,၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂,၇၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၉၅,၀၀၀၊ ဧရာမင်း(စပါး) (ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်)(‌ဟောင်း)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၂၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် ၁,၅၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (သစ်) ၂၄ပြည်တစ်အိတ်မှာကျပ် ၈၀,၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (ဟောင်း) တင်း၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (ဟောင်း) ၂၄ပြည် တစ်အိတ်မှာကျပ် ၉၅,၀၀၀ ဧရာမင်း (စပါး) သစ် တင်း ၁၀၀လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ ဧရာမင်း (စပါး) (ဟောင်း) တင်း ၁၀၀လျှင် ကျပ် ၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) (ဟောင်း)  ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၅၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

   ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ရွှေဘိုပေါ်ဆန်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၃၄၀၀,၀၀၀၊ ရွှေဘိုပေါ်ဆန်း(ဆန်)(သစ်) ၁၃၀၀၀၀၊ ဧရာမင်း(စပါး)(သစ်) ၂၆၀၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၁၂၀၀၀၀  ဖြင့် အဝယ်ဖြစ်နေကြောင်း သိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးမှ   ဇန်နဝါရီလ (စတုတ္ထ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၃၀၀၀၊ မန္တလေး သို့ အိတ်ရေ ၂၈၅၀၀၊ နေပြည်တော်သို့ အိတ်ရေ ၃၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၅၀၀၊ မွန်သို့ အိတ်ရေ ၁၂၇၈၀၊ ကချင်သို့ အိတ်‌ရေ ၈၇၈၅၊ ပခုက္ကူသို့ အိတ်ရေ ၆၆၀  စုစုပေါင်း အိတ်ရေ (၇၉၇၂၅) အိတ်၊ တန်အား ဖြင့် (၃၉၈၆)   စီးထွက်ခဲ့ပြီး ယခု  ဖေဖော်ဝါရီလ (ပထမ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၁၀၀၀၊ မန္တလေး သို့ အိတ်ရေ ၂၉၅၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၅၀၀၊ မွန်သို့ အိတ်ရေ ၄၉၈၀၊ ကချင်သို့ အိတ်‌ရေ ၂၂၆၇၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀  စုစုပေါင်း အိတ်ရေ (၆၅၃၄၇) အိတ်၊ တန်အား ဖြင့် (၃၂၆၇) စီးထွက်ခဲ့သည့်အတွက်  ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင် အိတ်ရေ (၁၄၃၇၈) အိတ်၊ တန်အားဖြင့် ( ၇၁၉ )လျော့နည်း စီးထွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း