Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁.၂.၂၀၂၄ )

    ၁.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၃၁.၁.၂၀၂၄ )

  ၃၁.၁.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၃၁.၁.၂၀၂၄ )

    ၃၁.၁.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၃၁.၁.၂၀၂၄ )

   ၃၁.၁.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

“မိသားစုအပိုဝင်ငွေရရှိသည့် ပဲချဉ်ပေါင်”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း၌ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကျေးလက်နေတောင်သူများသည် မိသားစုအပိုဝင်ငွေရရှိရေးအတွက် ဆောင်းသီးနှံဖြစ်သော ပဲချဉ်ပေါင်ကို မိုးစပါးများရိတ်သိမ်းခါနီးချိန်တွင် လယ်မြေများ၌ စတင်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရာတွင် ပတ်ကြဲစနစ်ဖြင့်စိုက်ပျိုးကြပြီး မျိုးအနေဖြင့် (၁)ဧကလျှင် (၁)တင်းခန့်ကုန်ကျကြောင်း၊ မျိုးစျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၅၆၀၀၀/-)ကျပ်စျေးနှုန်းပေးရကြောင်း၊ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖော်ဖော်ဝါရီလနှင့် မတ်လတို့တွင် စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ ယခင်နှစ်တွင် (၁)ဧကအထွက်နှုန်းအနေဖြင့် ပဲချဉ်ပေါင်စေ့ (၈)တင်းခန့်ထွက်ရှိကြောင်း၊ ပဲချဉ်ပေါင်စိုက်တောင်သူများသည် မရိတ်သိမ်းမီ ပဲချဉ်ပေါင်ရွက်များကို မိသားစုအပိုဝင်ငွေရရှိရေးအတွက် ခူးဆွတ်၍ စျေးများတွင် ရောင်းချလျက်ရှိသည်ကိုတွေ့ရှိရပါသည်။ ပဲချဉ်ပေါင်ရွက်ကို သုပ်စား၍သော်လည်းကောင်း၊ ချက်ပြုတ်၍သော်လည်းကောင်း စားသုံးကြပါသည်။ စျေးကွက်အတွင်း၌ ပဲချဉ်ပေါင်ရွက်တစ်ပိဿာလျှင် (၃၀၀၀/-)ကျပ်စျေးနှုန်းဖြင့်ရောင်းချရကြောင်း၊ ယခုလက်ရှိပေါက်စျေးအနေဖြင့် ပဲချဉ်ပေါင်စေ့တစ်တင်းလျှင် (၅၀၀၀၀/-)ကျပ်စျေးနှုန်းရှိပြီး တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်း/ ချွေလှေ့/ အလုပ်သမားခအပါအဝင် စုစုပေါင်း (၁၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်တွင် (၁)ဧကအကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀/-)ကျပ်ခန့်ရရှိခဲ့ကြောင်း၊ ယခုနှစ် ပဲချဉ်ပေါင်ပေါ်ချိန်တွင် စျေးကောင်းရရှိပါက တောင်သူများအကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

“အညာဒေသထွက် ဆီးသီးများစျေးကောင်းရ”

     ကျောက်ဆည်ခရိုင်အတွင်း ယခု၂၀၂၄ခုနှစ်၊ ဇန်နဝါရီလတွင် ဆီးချဉ်သီး၊ ဆီးချိုသီးများ စတင်ထွက်ပေါ်လျက်ရှိပါသည်။ ဆီးချဉ်ပင်ကို မိမိတို့တောတွင် အရိပ်ရရန်အတွက် ကန်သင်ရိုးများ၌ စိုက်ပျိုးကြသူများလည်းရှိပါသည်။ အများအားဖြင့် အညာဒေသတွင် အလေ့ကျပေါက်ရောက်သောဆီးပင်များမှာ ဆီးချဉ်ပင်များဖြစ်ပြီး တောသူတောင်သားများမှာ တောလည်ထွက်ရင်း ဆီးချဉ်သီးများကိုကောက်၍ နေလှမ်းအခြောက်ခံကာ မြို့တက်၍ရောင်းချကြသဖြင့် မိသားစုအပိုဝင်ငွေရရှိကြပါသည်။ ဆီချိူပင်ကို ခြံဖြင့် စီးပွားဖြစ်စိုက်ပျိုးကြပြီး စဉ့်ကိုင်မြို့နယ်တွင် အများဆုံးစိုက်ပျိုးကြောင်းသိရှိရပါသည်။ စဉ့်ကိုင်မြို့နယ်တွင် အလုံးကြီးမျိုး၊ ထိုင်ဝမ်ဆီးသီးပင်များ စသည့်အရည်အသွေးကောင်းသော ဆီးချိုပင်များကို အများဆုံးစိုက်ပျိုးကြပါသည်။ ဆီးချိုသီးရောင်းချမှုတွင် ပြည်ချိန်ဖြင့် အများဆုံးရောင်းဝယ်ကြကြောင်း၊ ဆီးချိုသီး (၁) ပြည်လျှင် ဆီးသီးအမျိုးအစားပေါ်မူတည်၍ (၁၅၀၀-၁၉၀၀)ကျပ်အထိရောင်းချရကြောင်း၊   အလုံးကြီးမျိုး  ထိုင်ဝမ်ဆီးသီး (၁၀)ပြည်ပါ  တစ်ဖာလျှင် (၁၈၀၀၀-၂၀၀၀၀)ကျပ်အထိရောင်းချရကြောင်း၊ ဆီးချဉ်သီးမှာ အညာဒေသတွင် ဆီးပဲလှော်၊ ဆီးကြက်ဥ၊ ဝက်သက်ခေါက်ဆီးသီးဟူ၍ အမျိုးမျိုးပေါက်ရောက်ကြောင်း၊ ယခင်နှစ်စျေးနှုန်းမှာ ဆီးချဉ်သီးအခြောက် (၁)တင်းလျှင် (၇၅၀၀)ကျပ်ဖြစ်ခဲ့ပြီး ယခုနှစ် ပေါ်ဦးပေါ်စတွင် ဆီးချဉ်သီးအခြောက် (၁)တင်းလျှင် (၁၀၀၀၀)ကျပ်ဖြင့် နီးစပ်ရာပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း၊ ဆီးချဉ်သီးအစိုကို အညာဒေသတွင် ဆီးသီးငါးပိသုပ်နှင့် ဆီးသီးပေါင်းအဖြစ် စားသုံးကြသည့်အပြင် ဆီးသီးခြောက်ကို ထန်းလျက်နှင့်ကြို၍ ဆီယိုအဖြစ်လည်းစားသုံးကြပါသည်။ ဆီးယိုစားသုံးခြင်းဖြင့် ရင်ကိုအေး၍ နှလုံးကိုငြိမ်စေကြောင်း၊ ဆီးသီးစားသုံးခြင်းဖြင့် ဗီတာမင်စီကြွယ်ဝစွာရရှိသောကြောင့် တစ်နှစ်တစ်ခါသာပေါ်သော ရာသီပေါ် ဆီးသီးများကို စားသုံးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 

 

“ပြင်ဦးလွင်မြို့၏ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှုနှင့် စျေးနှုန်းစျေးကွက်အခြေအနေ”

    ပြင်ဦးလွင်မြို့နယ်တွင် နှစ်ရှည်သီးနှံဖြစ်သော ထောပတ်သီးနှံကို ကျေးရွာအုပ်စု (၁၃)စုမှ တောင်သူဦးရေ (၁၈၅)ဦးတို့သည် စိုက်ဧကပေါင်း (၆၅၅.၉၄)ဧကစိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရှိရပြီး ဒေသမျိုးများဖြစ်သော မြောက်ကျွန်းသူ (၁)၊ အစေ့မဲ့မျိုးများ၊ အမရာမျိုးနှင့် အခြားမျိုးများစွာစိုက်ပျိုးထားရှိပြီး နိုင်ငံခြားမျိုးများဖြစ်သော ပီတာဆန် (Petrsan)၊ Russei 034/024၊ဘာကေးနီးယား Buccaneer၊ ဘွတ်-7( Boolt-7)၊ ပင်ကာတန်(Pinkertal )၊ ဟက်(Hass)တို့ကို ပြည်ပတင်ပို့နိုင်ရန်အတွက် တိုးချဲ့စိုက်ပျိုးလာကြောင်းတွေ့ရှိရပါသည်။ စိုက်ပျိုးမှုအနေဖြင့် (၁)ဧကလျှင် ထောပတ်အပင်ရေ (၈၀)ပင်စိုက်ပျိုးနိုင်ပြီး စိုက်စနစ်မှာ ပင်ကြား၊ တန်းကြား (၂၅'×၂၅')ပတ်လည်စနစ်ဖြင့် စိုက်ပျိုးကြပါသည်။အစေ့စိုက်ပျိုးပင်နှင့် ကိုင်းကူးပျိုးပင်ဟူ၍ (၂)မျိုးစိုက်ပျိုးကြပါသည်။ အစေ့စိုက်ပျိုးပင်မှာ (၅)နှစ်အကြာမှသာ အသီးစတင်ရရှိပြီး ကိုင်းကူးပျိုးပင်မှာမူ အချိန်(၃)နှစ်အကြာတွင် အသီးစတင်ရရှိပါသည်။ အစေ့ပျိုးပင်တစ်ပင်စျေးနှုန်းအနေဖြင့် (၂၅၀၀)ကျပ်နှင့် ကိုင်းကူးပျိုးပင်တစ်ပင်လျှင် (၃၇၀၀)ကျပ်စျေးနှုန်းတို့ရှိကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် ကျပ်သိန်း(၄၀)ကုန်ကျကြောင်း၊ ထောပတ်သီးထွက်ပေါ်ချိန်မှာ နိုဝင်ဘာလမှဖေဖော်ဝါရီလအတွင်းဖြစ်ပြီး (၁)ဧကလျှင် အလုံးရေ (၅၃၆၀)လုံးစတင်ခူးဆွတ်နိုင်ပြီး နှစ်ကြာလေလေ အသီအထွက်နှုန်းများလေဟု တောင်သူများထံမှသိရှိရကြောင်း၊ ယခင်နှစ် ဒေသသီးစျေးနှုန်းအနေဖြင့် တစ်လုံးလျှင် (၂၀၀-၅၀၀)ကျပ်၊ နိုင်ငံခြားမျိုး ဟက်(Hass) 1Kg လျှင် (၆၀၀၀- ၇၀၀၀)ကျပ်၊ ယခုနှစ် ဒေသသီးစျေးနှုန်းအနေဖြင့် တစ်လုံးလျှင် (၂၅၀-၆၀၀)ကျပ်၊ နိုင်ငံခြားမျိုး ဟက် (Hass) 1Kg လျှင် (၅၀၀၀- ၉၀၀၀)ကျပ်စျေးနှုန်းတို့ဖြင့် ပြည်တွင်းစျေးကွက်တွင် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။ ပြင်ဦးလွင်မြို့နယ်သို့ လာရောက်သောခရီးသွားဧည့်သည်များကို အဓိကထားရောင်းချပြီး မန္တလေး၊ ရန်ကုန်၊ နေပြည်တော်နှင့် နယ်မြို့များသို့လည်းတင်ပို့လျက်ရှိပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန်ကြိုးစားလျက်ရှိကြောင်း ထောပတ်အစုအဖွဲ့ထံမှသိရှိရပါသည်။ ပြင်ဦးလွင်မြို့နယ်တွင် ထောပတ်နိုင်ငံခြားမျိုး ဟက် (Hass) တစ်မျိုးသာအသီးထွက်ရှိပြီး ကျန်ထောပတ်မျိုးများမှာမူ စိုက်ပျိုးထားဆဲဖြစ်၍ အသီးထွက်ရှိမှုမရှိသေးကြောင်း ထောပတ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများထံမှသိရှိရပါသည်။

DOCA(မန္တလေး)

 

 

ပခုက္ကူမြို့၏ သနပ်ခါးဈေးနှုန်းဈေးကွက်

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြိုင်၊ ပေါက်၊ ရေစကြိုမြို့နယ်သည် သနပ်ခါးကို အဓိကစိုက်ပျိုးကြပါသည်။ သနပ်ခါးသည် နှစ်ရှည်ခံ အပင်အမျိုးအစားဖြစ်ပါသည်။ ရေစကြိုမြို့နယ်မှ ရှင်မတောင်သနပ်ခါးသည် အလွန်မွှေးပြီးနာမည်ကျော်ကြားသော သနပ်ခါး ဖြစ်ပါသည်။ ပခုက္ကူမြို့တွင်  သနပ်ခါးပွဲရုံ ဖြစ်သော ဦးကျော်အောင်သနပ်ခါးပွဲရုံသို့ သနပ်ခါးပင်များ နယ်ပေါင်းစုံမှ ဝင်ရောက် အရောင်းဝယ်ဖြစ်လျက်ရှိပြီး သနပ်ခါးမှာ တစ်ပင်လုံးအသုံးဝင်ကြောင်း၊ သနပ်ခါးလိမ်း၍ကျန်ရှိသော သနပ်ခါးတုန်းအနစ်များကို သနပ်ခါးခဲအဖြစ် ပြုလုပ်၍ ရောင်းချနေရကြောင်း သနပ်ခါးကုန်သည်ထံမှ သိရှိရပါသည်။

    မြန်မာအမျိုးသမီးများသည် သနပ်ခါးကိုကြိုက်နှစ်သက်ကြပြီး သနပ်ခါးတွင် အဖြူပွေး၊ အဝါပွေး ဟူ၍နှစ်မျိုးရှိပြီး  အဝါပွေးသည် လူကြိုက်များသော သနပ်ခါးလည်းဖြစ်ပါသည်။ သနပ်ခါးဈေးနှုန်း ဈေးကွက်အနေဖြင့်  သနပ်ခါးပင်များကို ပုံ၍သော်လည်းကောင်း၊ အတုံးသေးများဖြတ်၍သော်လည်းကောင်း ရောင်းချခြင်းများပြုလုပ်ကြပါသည်။ သနပ်ခါးပင်များ၏ အပုံပြတ်ရောင်းဈေးမှာ သနပ်ခါးအပင် အနည်းအများ၊ အတုံးအကောင်းပေါ် မူတည်၍ တစ်ပုံလျှင် အပင်ရေ (၅၀ မှ ၁၀၀) ထိပါရှိပြီးလျှင် ကျပ်(၂၀၀၀၀၀)မှစ၍ ကျပ်(၅၀၀၀၀၀)ဖြစ်ပြီး သနပ်ခါးတုန်းမှာ အရွယ်အစားနှင့် အတုံးကောင်း/မကောင်း၊ အပွေးအထူအပါးပေါ်မူတည်၍ ဈေးနှုန်းများလည်း ကွာခြားလျက်ရှိပါသည်။ သနပ်ခါးတုန်းအရွယ်အစား ၊ အရည်အသွေးကိုလိုက်၍ အပွေးကောင်းသောအတုံးများမှာ ကျပ်(၅၀၀ မှ ၄၀၀၀)ဖြင့်လည်းကောင်း၊ သနပ်ခါးအပင်မှာလည်း အပင်အနုအရင့်ပေါ်မူတည်၍ တစ်ပင်လျှင် ကျပ် (၅၀၀၀ မှ ၁၀၀၀၀)ဖြစ်ပြီး  သနပ်ခါးပွဲရုံနှင့် မြို့မဈေး အနောက်ဘက်ရှိ ဦးမေဃ ကျောင်းဝိုင်းအတွင်းတွင် အရောင်းအဝယ်ဖြစ်နေပြီး သနပ်ခါးများကိုလည်း မြန်မာပြည်အနယ်နယ်ဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးများသို့လည်း တင်ပို့နေရကြောင်း သနပ်ခါးကုန်သည်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူကုန်စည်ဒိုင်၌ ဇန်နဝါရီလ(တတိယပတ်)တွင် မိုးကြက်သွန်နီများ ဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်နေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကုန်စည်ဒိုင် ကြက်သွန်နီဈေးကွက်သို့ မိုးကြက်သွန်နီများ ဇန်နဝါရီလ(၁၅)ရက်မှ (၂၁)ရက်ထိ ကြက်သွန်နီလှိုင်လှိုင်တူးဖော်လျက်ရှိသော ဒေသများဖြစ် သော ဆိပ်ဖြူမြို့ အနောက်ပိုင်း/ ရွာသစ်ရပ်ကွက်၊ ကိုးတောင့်အုပ်စု၊ ချင်တောင်အုပ်စု၊ မြင်ကဝ အုပ်စုအတွင်းရှိ ကျေးရွာများ၊ ဆင်ဖြူကျွန်း၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရေနံချောင်း မြို့နယ်အတွင်းရှိ ကျေးရွာများမှ ကုန်စည်ဒိုင်သို့ နေ့စဉ် ပိဿာ(၆)သောင်းမှ (၈)သောင်းအထိ တစ်ပတ် အတွင်း ကုန်ချိန်ပိဿာ (၅)သိန်းခန့် ဝင်ရောက်ခဲ့လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။

     ကြက်သွန်နီဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်)တွင် ဈေးဆက်လက် ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မိုးကြက်သွန်နီတစ်ပိဿာလျှင် ထိပ်စ အမြင့်ဈေး ကျပ် (၁၉၅၀-၁၈၀၀-၁၇၀၀)၊ အလတ်စ ကျပ်(၁၆၀၀-၁၅၅၀-၁၅၀၀)၊ အနိမ့်စ ကျပ်(၁၄၀၀-၁၃၅၀-၁၃၀၀) အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရေနံချောင်းကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၇၀၀-၁၆၀၀-၁၄၇၅) ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်ဇန်နဝါရီလ(ဒုတိယပတ်)တွင် ကြက်သွန်နီ ထိပ်စ အမြင့်ဈေးမှာ ကျပ်(၂၃၂၅-၂၂၀၀-၁၈၅၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုတစ်ပတ်တွင် ကြက် သွန်နီ တစ်ပိဿာလျှင် ထိပ်စကျပ်(၃၀၀)၊ အလတ်စနှင့်အသေးစ ကျပ်(၂၀၀)ခန့် ဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းဖြန့်ဖြူးမှုများပြီး ပြည်ပဝယ်လက်နည်း၍ ကြက်သွန်နီဈေးကွက် အနည်းငယ်ကျဆင်းကြောင်း၊ ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပြည်၊ ပုသိမ်မြို့နှင့် မြဝတီမြို့မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ ကြက်သွန်နီကုန်ချိန် ပိဿာ (၆)သိန်းခန့်၊ တန်ချိန်(၉၈၀)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

 

         

ရေစကြိုမြို့နယ်တွင် သီးထပ်အဖြစ် ကုလားပဲသီးနှံများ စိုက်ပျိုးလျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ပခန်းကြီး၊ ပခန်းငယ်၊ နွားထိန်း၊ စဥ့်ကိုင်၊ ပေါက္ကူ၊ ပညှင်းကျေးရွာများတွင် မိုးစပါးသီးနှံများရိတ်သိမ်းပြီး သီးထပ်အနေဖြင့် ကုလားပဲသီးနှံများကို စိုက်ပျိုးလျက်ရှိပါသည်။ ပညှင်းကျေးရွာရှိ ကုလားပဲသီးထပ်စိုက်ပျိုးတောင်သူတစ်ဦးမှပြောကြားရာတွင် စပါးရိတ်သိမ်းပြီး ရေတင်၊ ထွန်စက်ခုတ်ပြီး ကျဲပက်စိုက်ပျိုးကြကြောင်း၊ အဓိကစိုက်ပျိုးသည့် ကုလားပဲ မျိုးများမှာ ဟော်လန်(ကုလားပဲဝါ)၊ V2 (ကုလားပဲဖြူ) နှင့် 929 (ကုလားပဲဝါကြီး)များကို အများဆုံး စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်က ဟော်လန်(ကုလားပဲဝါ)ကို (၃)ဧက စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် V2 (ကုလားပဲဖြူ) (၂)ဧက၊ ဟော်လန်(ကုလားပဲဝါ) (၃)ဧက စိုက်ပျိုးထားကြောင်း၊(၁)ဧက စိုက်ပျိုး စရိတ်အနေဖြင့် မျိုး၊မြေပြင်ခြင်း၊ ရိတ်သိမ်းခြင်းများအတွက် ကျပ်(၅၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ သွင်းအားစုအနေဖြင့် ယခင်စပါးသီးနှံစိုက်ပျိုးစဉ်က ထည့်သွင်းထားမှုကြောင့် ကုန်ကျ စရိတ်သက်သာကြောင်း၊ အထွက်နှုန်းအနေဖြင့် ရာသီဥတုကောင်းမွန်ပါက (၁၂/၁၅)တင်းခန့်ထွက်ရှိနိုင်ကြောင်း သိရှိရ ပါသည်။

   ယခင်နှစ်က ကုလားပဲ(၁)ဧက စိုက်ပျိုးစရိတ်အနေဖြင့် မျိုး၊ မြေပြင်ခြင်း၊ ရိတ်သိမ်းခြင်းများအတွက် (၃)သိန်းခန့် ကုန်ကျခဲ့ကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁၀/၁၂) တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁)တင်းလျှင် ကျပ်(၇၅၀၀၀)မှ ကျပ်(၈၀၀၀၀)ခန့်ရောင်းရသောကြောင့် ကျပ် (၅၀၀၀၀၀)ခန့် ရရှိခဲ့ကြောင်း၊ ကုန်ကျစရိတ်သက်သာ၍ အထွက်နှုန်းကောင်းပြီး အကျိုးအမြတ်များရရှိသောကြောင့် တောင်သူများအနေဖြင့် စပါးသီးနှံရိတ်သိမ်းပြီးလျှင် ကုလားပဲသီးနှံများကို တစ်နှစ် ထက်တစ်နှစ် ပိုမိုစိုက်ပျိုးကြကြောင်း ကုလားပဲစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း