Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“အစာလည်းဆေး ဆေးလည်းအစာ” ထိုင်ဝမ်မုန့်ညှင်း၏ ကျန်းမာရေးအကျိုးကျေးဇူး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နှင့် အနီးတဝိုက်ကျေးရွာများတွင် ရာသီအလိုက် စားဖိုဆောင်သီးနှံများစိုက်ပျိုးကာ “ကန့်ဘလူမြို့မဈေး”တွင် ရောင်းချလျက်ရှိကြောင်း သိရသည်။ စီးပွားဖြစ်စိုက်ပျိုးကြသူများရှိသကဲ့သို့ တစ်ချို့မှာ မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည်။

  ယခုအချိန်သည် ကုန်စိမ်းဟုခေါ်သော အသီးအရွက်မျိုးစုံထွက်ရှိသည့်အချိန်ဖြစ်၍ ကန့်ဘလူမြို့မဈေးတွင် အသီးအရွက်များ မျိုးစုံရောင်းချလျက်ရှိရာ စားသုံးသူများ ကြိုက်နှစ်သက်သည့် “ထိုင်ဝမ်မုန့်ညှင်း”များ ရောင်းချလျက်ရှိသည်။ “ထိုင်ဝမ်မုန့်ညှင်း”၏အရသာမှာ တစ်မူထူးခြားပြီး အစိမ်းကြော်၍လည်းကောင်း၊ ဟင်းရည်သောက်ချက်၍လည်းကောင်း စားသုံးကြသည်။ သတ်သတ်လွတ်စားသူများအတွက် အကောင်းဆုံးဟင်းလျာတစ်ခွက်လည်းဖြစ်ပါတယ်။ ထိုင်ဝမ်မုန့်ညှင်းပင်မှာ ကင်ဆာဆန့်ကျင်ပစ္စည်းနဲ့ အင်တီအောက်ဆီးဒင့်ဓာတ်ပေါင်းတွေ အများအပြားပါဝင်ပါတယ်။ အူမကြီးကင်ဆာဖြစ်စေတဲ့ အဖုအကျိတ်တွေကို ကြီးထွားမလာအောင် တားဆီးနိုင်သလို အစာအိမ်ကင်ဆာဖြစ်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပြီး အစာအိမ်နာကျင်တဲ့ ရောဂါတွေကို ပျောက်စေပါ တယ်။ မကောင်းတဲ့ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းရှိပြီး ကိုယ်ခံအားကို တိုးစေနိုင်ကြောင်း သိရှိရသည်။

    ကန့်ဘလူမြို့မဈေးရှိ အသီးအရွက်ရောင်းချသူများသည် စားသုံးသူများကြိုက်နှစ်သက်သည့် “ထိုင်ဝမ်မုန့်ညှင်း ”များကို အသေးတစ်ထုပ်လျှင် ၃၀၀ ကျပ်နှင့် အကြီးတစ်ထုပ်လျှင်  ၅၀၀ ကျပ်အထိ ရောင်းချရကြောင်း အသီးအရွက်ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူဒေသထွက် ခရမ်းချဉ်သီးများ ရောင်းချရ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် နတ်အင်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အင်ကြင်းစုကျေးရွာများတွင် “ဗမာခရမ်းချဉ်သီး”နှင့် “ထိုင်ဝမ်ခရမ်းချဉ်သီး”မျိုးများကို မိသာစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိရာ ယခုအခါ ဈေးကွက်အတွင်း ရောင်းချနေရသောကြောင့် မိသာစုအဆင်ပြေလျက်ရှိကြောင်း ခရမ်းချဉ်သီးစိုက် တောင်သူတစ်ဦးက ပြောသည်။

       အဆိုပါကျေးရွာများတွင် ခရမ်းချဉ်သီးများကို တော်သလင်းလမှစ၍ စိုက်ပျိုးခဲ့ရာ အပင်များ အောင်မြင်ဖြစ်ထွန်းသည့်အပြင် အထွက်နှုန်းကောင်းကာ ဈေးကောင်းရနေကြောင်း၊ လက်ရှိရောင်း ချနေရသည့် ဈေးနှုန်းများမှာ “ဗမာခရမ်းချဉ်သီး”အကြီးတစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀၊ အသေး တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ နှုန်းနှင့် “ထိုင်ဝမ်ခရမ်းချဉ်သီး” တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀ မှ ၁၄၀၀ နှုန်း ဖောက်သည်များထံ ရောင်းချရသဖြင့် အပိုဝင်ငွေများရရှိပြီး အဆင်ပြေနေကြကြောင်း သိရသည်။

     ကန့်ဘလူမြို့မဈေးရှိ ခရမ်းချဉ်သီးလက်လီ၊လက်ကား ပြန်လည်ရောင်းချသူများသည် စားသုံးသူများထံသို့ “ဗမာခရမ်းချဉ်သီး”တစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀ မှ ၁၈၀၀ ကျပ်နှင့် “ထိုင်ဝမ်ခရမ်းချဉ်သီး” တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ မှ ၁၆၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချရသော ကြောင့် စိုက်ပျိုးထုတ်လုပ်သူ ရောင်းချသူအားလုံး ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

                                                                  

ကန့်ဘလူမြို့ ၊ အမှတ်(၂)ရပ်ကွက်တွင် မြေအောက်ရေတင်စနစ်ဖြင့် ဇီးချိုသီးပင် စိုက်ပျိုးဝင်ငွေတိုး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက် နှစ်ရှည်ပင်ဖြစ်သည့် ဇီးချိုသီးပင်ကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြပါသည်။

   ဇီးချိုသီးပင်ကို ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်၊ GTI ကျောင်းမြောက်ဘက် ဧက(၁၀၀၀) သရက်စိုက်ကွင်းအနီးတွင် နှစ်ရှည်ပင်အဖြစ် စိုက်ပျိုးထားရာ တစ်ဧကလျှင် ဇီးချိုသီးအပင်(၁၀၈)ပင်ခန့် စိုက်ပျိုးရပြီး ယခုလက်ရှိ (၂)ဧက အပင်(၂၀၀)ကျော် စိုက်ပျိုးထားသည့် ဇီးချိုသီးခြံပိုင်ရှင်နှင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။

  ဇီးချိုသီးပင်ကို  နှစ်စဉ် မတ်လမှာ ကိုင်းဖြတ် ကိုင်းရှင်းများဆောင်ရွက်ရပြီး ဧပြီလ သင်္ကြန်မိုးနဲ့အတူ အညွန့်အသစ်များ စပေါက်လာပြီး ဇူလိုင်လ၊ ဩဂုတ်လများတွင် ဇီးချိုပင်ကိုင်းများ ဘေးကားထွက်ပြီး အသီးများသီးရာတွင် အသီးမနိုင်ဘဲ ကိုင်းကျိုးကျခြင်းမဖြစ်စေရန် နှင့် ဇီးချိုသီးအပင်ကိုင်းများ ကျိုးကျလျှင် အသီးများပျက်စီးမှုများနိုင်သဖြင့် တန်းထိုးခြင်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ရပါကြောင်း၊ စက်တင်ဘာလတွင် ဇီးချိုသီးပင် အပွင့်များ စတင်ပွင့်ဖူးလာပြီး၊ နိုဝင်ဘာလတွင် ဇီးချိုသီး အကင်းများ စတင်သီး၍  ဇီးချိုသီးများစသီးချိန်တွင် အသီးများ ချိုမြပြီးစားကောင်းစေရန်အတွက် ကြက်ဥအခွံနှင့် ရှာလကာရည်စိမ်၍ ရေသွင်းပေးတိုင်း အမြဲလောင်းပေးကာ (၁၀)ရက်တစ်ကြိမ်ရေသွင်းပေးရပါကြောင်း၊ အဟာရကျွေးခြင်း၊ ရေသွင်းခြင်း ၊ အလုပ်သမားငှားရမ်းခြင်းအတွက် တစ်နှစ်ကုန်ကျစရိတ် (၁၂)သိန်းခန့် ကုန်ကျကြောင်း သိရှိရပါသည်။

    ဇီးချိုသီးများကို ဒီဇင်ဘာလတွင် စတင်ခူးဆွတ်နိုင်ပြီး ကန့်ဘလူမြို့တွင်  အများဆုံးရောင်းချရပါ ကြောင်း၊ ဆီးချိုသီးများကို စတင်ခူးဆွတ်ချိန်တွင် ၅ ပိဿာ မှ ၁၀ ပိဿာအထိ ခူးဆွတ်ရရှိပြီး ဇန်နဝါရီလ၊ ဇီးချိုသီးများလှိုင်လှိုင်ပေါချိန်တွင် နေ့စဉ် တစ်ရက်လျှင် (၁၅)ပိဿာ ဝင်ဆံ့သည့်တောင်းဖြင့် (၅)တောင်း ခူးဆွတ်ရောင်းချရပါကြောင်း၊ ဇီးချိုသီး တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ရောင်းချရပြီး  ခူးဆွတ်ချိန် (၂)လကြာမြင့်အောင် ခူးဆွတ်ရပြီး တစ်နှစ် ဇီးချိုသီးခြံ၏ ဝင်ငွေမှာ (၃၅)သိန်းနှင့် (၄၀)သိန်းခန့်ရှိရပြီး အမြတ်အစွန်းမှာ(၂၈)သိန်းခန့်ကျန်ရရှိပါကြောင်း ဇီးချိုသီးခြံစိုက်ပျိုးသော တောင်သူဒေါ်အေးအေးခိုင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ ၊ အမှတ်(၂)ရပ်ကွက်တွင် မြေအောက်ရေတင်စနစ်ဖြင့် ကိုက်လန်ပင် စိုက်ပျိုးဝင်ငွေတိုး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ၊ မိသားစု စားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက် ကိုက်လန်ပင်ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသည်။

   ကိုက်လန်ပင်ကို မျိုးစေ့ပျိုးရန် မျိုးစေ့ကို အရင်ပျိုးထားပြီး ပျိုးပင်သက်(၁)လအကြာတွင် စတင်စိုက်ပျိုးနိုင်ပါသည်။ ကိုက်လန်ပင်ကို စက်တင်ဘာလတွင်စတင် စိုက်ပျိုးကာ နိုဝင်ဘာလ၌ စတင်ခူးဆွတ်ရောင်းချရပါသည်။ ယခုစိုက်ပျိုးထားသော ကိုက်လန်ပင်၏ အပင်အရေ အတွက်အားဖြင့် (၅၀၀၀)ခန့်ရှိပြီး တစ်ကျင်းလျှင် တစ်ပင်ခန့် စိုက်ပျိုးထားခြင်ဖြစ်ပါသည်။  ကိုက်လန်ပင်များ ကို (၅)ရက်လျှင်တစ်ကြိမ် ရေပေးရပါသည်။ ထွန်ယက်မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ ရေပေးခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ သွင်းအားစုထည့်ခြင်းအတွက် စုစုပေါင်းကုန်ကျစရိတ်မှာ(၂)သိန်းခန့် ကုန်ကျနိူင်ပြီး ကိုက်လန်ဖူးများကို ခေါင်ညွှန့်စခူးတဲ့အချိန်တွင် တစ်ရက်ကို (၅၀)စည်းခန့်သာ ဆွတ်ခူးရကာ နောက်အတက်ပေါက်များ ခူးဆွတ်ချိန်တွင် တစ်ရက်ကိုအစည်း(၃၀၀)ခန့် ခူးဆွတ်၍  တစ်စည်းကို ပေါ်ဦးပေါ်ဖျားတွင် ကျပ်(၃၀၀)ဈေးရောင်းရပြီး ယခုဇန်နဝါရီလ လှိုင်လှိုင်ပေါချိန်တွင် ကိုက်လန်တစ်စည်းကိုကျပ်(၂၀၀)ဖြင့် နေ့စဉ်ခူးဆွတ်ရောင်းချရပါသည်။

    ကိုက်လန်ပင်သည် အနည်းဆုံးခူးဆွတ်ရသည့်ကာလမှာ (၂)လကျော် ကြာမြင့်သဖြင့် တွက်ချေကိုက်သော စားဖိုဆောင်သီးနှံပင်ဖြစ်သည့်အတွက် စိုက်ပျိုးနိုင်ပြီး နေ့စဉ်ခူးဆွတ် ရောင်းချရသော အပင်ဖြစ်၍ စိုက်ပျိုးသင့်သော အပင်ဖြစ်ကြောင်းနှင့် ကန့်ဘလူမြို့ ၊ အမှတ်(၂)ရပ်ကွက်အတွင်း  ကိုက်လန်ပင်ကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးလာကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ကန့်ဘလူမြို့နယ်အတွင်း ဇန်နဝါရီလတွင် ပွဲရုံများ၌ အရောင်းအဝယ်ဖြစ်နေသော သီးနှံများ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဟူသော မျော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း  တင်း/ တန် စာရင်းတို့ဖြင့် အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

    ကန့်ဘလူပွဲရုံများအနေဖြင့် ဒီဇင်ဘာလကုန်ပိုင်း မှ ဇန်နဝါရီလ လကုန်ပိုင်းအထိ ပွဲရုံသို့ဝင်ရောက် အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစား၏ ဒေသပေါက်ဈေးနှုန်းများ၊ အဝင် /အထွက် တင်း/တန် များ၏ အရောင်းအဝယ်ဖြစ်မှုအခြေအနေများမှာ ပဲစဉ်းငုံ(နီ)(၁၈၆၀)တင်း/(၁၇၀.၉၅)တန် ဈေးနှုန်းမှာ ကျပ်(၁၁၁၀၀၀)၊ ပဲစဉ်းငုံ(ဖြူ)(၃၃)တင်း/(၃.၀၃)တန် ဈေးနှုန်းမှာ ကျပ်(၁၀၁၀၀၀)၊ နှမ်းနက်(၁၆၅၀) တင်း/(၁၂၁.၃၂)တန် ဈေးနှုန်းမှာ ကျပ်(၁၁၀၀၀၀) ၊ နှမ်းဖြူ(၅၂၅) တင်း/(၃၈.၆၀)တန် ဈေးနှုန်းမှာ ကျပ်(၁၁၀၀၀၀) ၊ မတ်ပဲ(၃၀၀)တင်း/ (၂၇.၅၇)တန် ဈေးနှုန်းမှာ ကျပ်(၈၈၀၀၀)ပေါက်ဈေးရှိပြီး ဘိလပ်စေ့(၆၀)တင်း/(၄.၄၁)တန်ဈေးနှုန်းမှာ ကျပ်(၆၀၀၀၀)ပေါက်ဈေးရှိကြောင်း သိရသည်။

   ယခုကာလမှာဆိုလျှင်တော့ ပဲစဉ်းငုံ ၊ နှမ်း(နက်)များ အဝင်/ အထွက် ပေါများဆုံးအချိန်ဖြစ်ပြီး  မိမိတို့ပွဲရုံမှ သီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ပြည်ထောင်စုဈေးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး

  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်း ရွက်သီးနှံများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ် ၂၀ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေးတို့တွင်    နံနက် (၀၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါသည်။

    ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့သည် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူ/ ထုတ်လုပ်သူများနှင့် ပူးပေါင်းကာ စားအုန်းဆီတစ်ပိဿာလျှင် ၅၄၀၀ ကျပ်၊ ဝယ်ယူသည့်ပြည်သူများ အဆင်ပြေစေရန် ကောင်တာ (၅) ခုခွဲ၍ ဆီ (၆၆၀) ပိဿာ၊ ဆန်တစ် ပြည်လျှင် ၂၈၀၀ ကျပ်၊ ဆန်(၂၄)ပြည် ဝင်အိတ် (၂၅) အိတ်၊  ကြက်ဥ (၅) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ကြက်ဥ အလုံး(၂၇၀၀)၊ ငုံးဥ (၁၆) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ အလုံး(၃၀၀၀)နှင့် ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလား ပဲမှုန့်များ၊ ကိတ်စို/ကိတ်ခြောက်များနှင့် ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

   ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၆၂၅၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၆၀၀၀)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၅၇၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၃၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်မှ (၁၆၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ လျှင် (၁၃၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ လျှင် (၁၃၅၀၀)ကျပ်မှ (၁၄၅၀၀) ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက် အမျိုးအစားအလိုက်  (၁၃၀၀၀)  ကျပ် မှ (၁၄၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၃၀၀၀) ကျပ် မှ (၃၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၀၀၀) ကျပ်မှ (၁၂၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

    ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံး (၃၀၀) ကျပ်၊ အသေးတစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှာ ကြက်သား(အကောင်လိုက်) (CP) တစ်ပိဿာလျှင် (၈၅၀၀) ကျပ်မှ  (၉၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်မှ (၂၂၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၂၀၀၀၀)ကျပ်ထိ၊ ငါးကြင်းတစ်ပိဿာလျှင် (၉၀၀၀) ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရ ပါသည်။

   ဇန်နဝါရီလ တတိယပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင် ဇန်နဝါရီလ ဒုတိယအပတ်ဈေးနှုန်းများ နှိုင်းယှဉ်လျှင် ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၂၅၀)ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၃၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၂၀၀) ကျပ် ဈေးနှုန်းမြှင့်တက်ရှိကာ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၁၀၀၀) ကျပ် ဈေးနှုန်းကျလျက်ရှိပြီး အခြေခံစားကုန်ဈေးနှုန်း များကွာဟမှုမရှိ ကြောင်း မုံရွာမြို့၊ ကန်သာယာဈေး  ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများနှင့်စီးထွက်မှုအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနေဖြင့် ကသာခရိုင်(အင်းတော်မြို့နယ်)နှင့် မုံရွာခရိုင်များတွင် စပါး၊ ဆန်အသစ်များပေါ်လာပြီး ကျန်ခရိုင်များတွင် ဈေးအေးနေပါကြောင်း သိရှိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလ (စတုတ္ထ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၅၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၇၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင်၁၂၅၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

   ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၅၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၇၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) (သစ်)တင်း၁၀၀ လျှင် ၂,၂၅၀,၀၀၀၊ ဧည့်မထ (ဆန်) (သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၀,၀၀၀၊ ဧည့်မထ(စပါး)(‌ဟောင်း) တင်း၁၀၀ လျှင် ၂,၉၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၀၅,၀၀၀၊ ငစိန်(စပါး)(ဟောင်း)တင်း၁၀၀လျှင် ၂၈၀၀,၀၀၀၊ ငစိန် (ဆန်)(ဟောင်း)၂၄ပြည်ပါ တစ်အိတ်မှာ ၉၅,၀၀၀၊ ငစိန်(စပါး)(သစ်)တင်း၁၀၀လျှင် ၂၀၅၀,၀၀၀၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ၆၈,၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂,၃၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၉၀,၀၀၀၊ ဧရာမင်း(စပါး) (ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်)(‌ဟောင်း)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၂၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် ၁,၅၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (သစ်) ၂၄ပြည်တစ်အိတ်မှာကျပ် ၇၀,၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (ဟောင်း) တင်း၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (ဟောင်း) ၂၄ပြည်တစ်အိတ်မှာကျပ် ၉၅,၀၀၀ ဧရာမင်း (စပါး) သစ် တင်း ၁၀၀လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ ဧရာမင်း (စပါး) (ဟောင်း) တင်း ၁၀၀လျှင် ကျပ် ၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) (ဟောင်း)  ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၅၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

   ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂၆၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၃၄၀၀၀၀၀ ပေါ်ဆန်း (ဆန်)၂၄ပြည်တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးမှ ဇန်နဝါရီလ (တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၁၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၇၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၃၅၀၀၊ မွန်သို့ အိတ်ရေ ၇၃၄၀၊ ကချင်သို့ အိတ်‌ရေ ၂၃၄၀၊ စုစုပေါင်း အိတ်ရေ (၆၆၁၈၀) အိတ်၊ တန်အားဖြင့် (၃၃၀၉)  စီးထွက်ခဲ့ပြီး ယခု  ဇန်နဝါရီလ (စတုတ္ထ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၃၀၀၀၊ မန္တလေး သို့ အိတ်ရေ ၂၈၅၀၀၊ နေပြည်တော်သို့ အိတ်ရေ ၃၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၅၀၀၊ မွန်သို့ အိတ်ရေ ၁၂၇၈၀၊ ကချင်သို့ အိတ်‌ရေ ၈၇၈၅၊ ပခုက္ကူသို့ အိတ်ရေ ၆၆၀  စုစုပေါင်း အိတ်ရေ (၇၉၇၂၅) အိတ်၊ တန်အား ဖြင့် (၃၉၈၆) စီးထွက်ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခု ပတ်တွင် အိတ်ရေ (၁၃၅၄၅) အိတ်၊ တန်အားဖြင့် ( ၆၇၇ )ပိုမို စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။   

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၂၉.၁.၂၀၂၄ )

၂၉.၁.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၂၉.၁.၂၀၂၄ )

   ၂၉.၁.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း