ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဟာလာဈေးကွက်အတွက်ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုထုတ်ကုန်များ Lam Dong ပြည်နယ်မိတ်ဆက်

   ဗီယက်နမ်နိုင်ငံ Lam Dong ပြည်နယ်သည် ဟာလာဈေးကွက်အတွက် သင့်လျှော်သော ဒေသတွင်းခရီးသွားနှင့်ဝန်ဆောင်မှုထုတ်ကုန်များအတွက်ကိုရှာဖွေရန် ၄ ရက်ခရီး လာရောက် သော ကျွမ်းကျင်သူများ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့် မလေးရှားခရီးသွားအေးဂျင့်များ အသင်းမှခေါင်းဆောင်များပါဝင်သည့် အဖွဲ့ဝင် ၂၀ ဦးပါဝင်သောကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုခဲ့ ကြောင်း သိရပါသည်။ ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် ဟာလာစံနှုန်းများနှင့်ကိုက်ညီ သည့် ခရီးသွားထုတ်ကုန်များကိုခွဲခြားရန် Da Lat နှင့် Phan Thiet တွင် စစ်တမ်းကောက်ယူ သွားမည်ဟု သိရပါသည်။ ထိုပရိုဂရမ်သည် Lam Dong ၏ ယဉ်ကျေးမှုနှင့် သင်္ကေတခရီးသွား ဝန်ဆောင်မှုများကို မြှင့်တင်ရန်ဖြစ်ကြောင်း သိရပါသည်။ ထိုကနဦးဆောင်ရွက်မှုသည် Lam Dong ၏ခရီးသွားစီးပွားရေးလုပ်ငန်းများအား မလေးရှားလုပ်ငန်းရှင်များနှင့်တွေ့ဆုံရန်၊ ခရီးသွားလုပ်ငန်း ချင်းမိတ်ဆက်ရန်နှင့် ခရီးသွား၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးတို့တွင် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ရန် အခွင့်အလမ်းကိုပံ့ပိုးပေးကြောင်း သိရပါသည်။ ပရိုဂရမ်အတွင်း Lam Dong နှင့် မလေးရှားတာဝန်ရှိသူများသည် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ အလားအလာရှိသောရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများနှင့် နှစ်ဖက်စလုံးမှဝန်ဆောင်မှုလုပ်ငန်း ရှင်များကြား ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်များကို ဆွေးနွေးရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲများကြီးမှူး ကျင်းပသွားမည်ဟု သိရပါသည်။ မူစလင်စားသုံးသူများထံသို့ ဖြည့်စည်းပေးသည့် ဟာလာ ဈေးကွက်တွင် အစားအစာ၊ အလှကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့် ခရီးသွားကဏ္ဍတို့ပါဝင်သည့် အစ္စလာမ်စည်းမျဉ်းများနှင့် ကိုက်ညီသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများပါဝင်ကြောင်း သိရ ပါသည်။ ၎င်းတို့သည် အရင်းအမြစ်ကုန်ကြမ်းရယူခြင်း၊ ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းနှင့် သယ်ယူ ပို့ဆောင်ခြင်းတို့တွင် တင်းကျပ်သည့် ဟာလာစံနှုန်းများနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း သိရပါ သည်။ Lam Dong ပြည်နယ် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး ဦးစီးဌာန၏အဆိုအရ ၂၀၂၅ ခုနှစ်စမှစ၍ ပြည်နယ်ကိုမလေးရှားလည်ပတ်သူ ၃၅၀၀၀ လာရောက်လည်ပတ်ခဲ့ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

ငါးလုပ်ငန်းကဏ္ဍနှင့် ပင်လယ်ထွက်ကုန် ပိုမိုရရှိရန် ပို့ဆောင်ရေးကဏ္ဍတို့ကိုမြှင့်တင်ရန် ရုရှားသမ္မတပူတင်က တိုက်တွန်း

   ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားနိုင်ငံသားများသည် ငါးနှင့် ပင်လယ်စာ အလုံ အလောက် စားသုံးမှု မရှိကြောင်း၊ နိုင်ငံတစ်ဝှမ်း ပင်လယ်စာများကို ပိုမိုလက်လှမ်းမီပြီး တတ်နိုင် စေရန်အတွက် ပိုမိုကောင်းမွန်သော ပြုပြင်စီမံခြင်းနှင့် သယ်ယူပို့ဆောင်ရေးများ လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။ ရုရှားတွင် ထူးခြားသော အဏ္ဏဝါအရင်းအမြစ်များ ပိုင်ဆိုင်ကြောင်း ပူတင်က ပြောကြားခဲ့ပြီး ယင်း အရင်းအမြစ်များကို တိုးပွားလာစေရန်သာမက ၎င်းတို့၏ စီမံဆောင်ရွက် ပေးမှုနှင့် သယ်ယူပို့ဆောင် ရေးတို့ကိုလည်း သေချာစေရန်အတွက် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ ရုရှားနိုင်ငံရှိ ငါးနှင့် ပင်လယ်စာစားသုံးမှုသည် ရုရှားကျန်းမာရေးဝန်ကြီးဌာနမှ အကြံပြုထားသည့် အဆင့်ထက် နိမ့်ကျနေ သေးကြောင်း ၎င်းက ထောက်ပြခဲ့သည်။

   ရုရှားနိုင်ငံ၏ အရှေ့ဖျားဒေသရှိ အဓိကငါးဖမ်းရာဒေသဖြစ်သည့် ကမ်ချက်ကာတွင် တံငါသည် များသည် ယခုနှစ်အတွင်း ဆယ်လ်မွန်တန်ချိန် ၂၅၀,၀၀၀ ကျော်ကို ဖမ်းမိခဲ့ပြီး ရုရှားနိုင်ငံ၏ စုစုပေါင်း ဆော်လမွန်ဖမ်းဆီးရရှိမှု၏ ၇၅ ရာခိုင်နှုန်းရှိကြောင်း ကမ်ချက်ကာ အုပ်ချုပ်ရေးမှူး ဗလာဒီမာဆိုလို ဒေါ့ဗ်က ပြောကြားခဲ့သည်။ ၂၀၂၅ ငါးဖမ်းရာသီအကုန်တွင် ရေနေဇီဝအရင်းအမြစ်များ စုစုပေါင်း တန်ချိန် ၁.၅ သန်းအထိ ရောက်ရှိရန် မျှော်မှန်းထားပြီး ၂၀၁၀ ခုနှစ်အစောပိုင်းကာလများထက် နှစ်ဆ ဖြစ်မည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

မွန်ဂိုလီးယားနိုင်ငံ၏ ၂၀၂၅ ခုနှစ်ဆောင်းရာသီ သီးနှံရိတ်သိမ်းမှု ကျဆင်းလျက်ရှိ

  မွန်ဂိုလီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ဆောင်းရာသီတွင် ကောက်ပဲသီးနှံစုစုပေါင်း တန်ချိန် ၇၄၅၁၀၀ အား ရိတ်သိမ်းနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဆောင်းရာသီတွင်ရိတ်သိမ်းခဲ့သည့် ပမာဏနှင့်နှိုင်းယှဉ် ပါက ၄၀.၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း မွန်ဂိုလီးယားနိုင်ငံ၏ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် စက်မှုဝန်ကြီးဌာနမှ နိုဝင်ဘာလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

          လက်ရှိတွင် စိုက်ပျိုးရေးကဏ္ဍသည် မွန်ဂိုလီးယားနိုင်ငံ စုစုပေါင်းထုတ်ကုန်၏ ၁၀ ရာခိုင်နှုန်း ကျော်ရှိသည်။ မွန်ဂိုလီးယားနိုင်ငံ၏ စိုက်ပျိုးရေးသည် ခြေသလုံးအိမ်တိုင် မွေးမြူရေး လုပ်ငန်းအပေါ်မှီ ခိုနေရပြီး နိုင်ငံ၏ နယ်မြေ ၇၅ ရာခိုင်နှုန်းခန့်အား စာကျက်မြေ များအဖြစ် အသုံးပြုလျှက်ရှိကြောင်း သိရသည်။

          မွန်ဂိုလီးယားနိုင်ငံ၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍမြှင့်တင်ရေးသည် ပြင်းထန်ရှည်လျား သော ဆောင်းရာသီမိုးခေါင်မှုနှင့် နွေရာသီမိုးရွာသွန်းမှုနည်းပါးခြင်းတို့ အပါအဝင် အပူချိန်တက်ကျ မှု လွန်ကဲခြင်းကဲ့သို့သော အခြေအနေများကြောင့် အဟန့်အတားများ ဖြစ်ပေါ်လျှက်ရှိကြောင်းသိရ သည်။

    DOCA(ရန်ကုန်)

ကာဂျစ္စတန်နိုင်ငံ၏ e-commerce စျေးကွက်သည် ၂၀၂၅ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်းတိုးတက်လာ

   ကာဂျစ္စတန်နိုင်ငံ၏ ပြည်တွင်း e-commerce စျေးကွက်သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅၂၅ သန်းအထိရှိပြီး ယခင်နှစ်ကထက် ၁၅ ရာခိုင်နှုန်းတိုးလာမည်ဟု ခန့်မှန်းထားကြောင်း ဝန်ကြီးများအဖွဲ့ ဥက္ကဌ Adylbek Kasymaliev က ‌အောက်တိုဘာလ ၃၀ ရက်နေ့တွင်ပြောကြားခဲ့ သည်။

          Bishkek ရှိ E-commerce Expo Central Asia 2025 တွင် ပြောကြားရာ၌ Kasymaliev က ယခုနှစ်ပထမနှစ်ဝက်တွင် အွန်လိုင်းဝယ်ယူမှုများသည် စုစုပေါင်းဒေါ်လာ ၁၉.၄ သန်းတန်ဖိုးရှိ အရောင်းအဝယ်ပြုလုပ်မှု ၁ သန်းခန့်ရှိကြောင်း ၂၀၂၄ ခုနှစ် အလားတူကာလကထက် ၅၆ ရာခိုင်နှုန်း တိုးလာကြောင်းဝန်ကြီးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ E-commerce သည် စီးပွားရေး တိုးတက်မှုနှင့်ရင်းနှီးမြှုပ်နှံမှုအတွက် မောင်းနှင်အားတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး E-commerce သည် နိုင်ငံတော်၏ စီးပွားရေးအတွက် ကြီးမားသောဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှုများကို ယူဆောင်ပေးနိုင် ကြောင်း Kasymaliev က ပြောကြားခဲ့သည်။

          ကာဂျစ္စတန်နိုင်ငံအတွက် e-commerce ကဏ္ဍသည် ကဏ္ဍအသစ်တစ်ခုမျှသာမဟုတ်၊ စီးပွားရေးတိုးတက်မှုနှင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များတွင် အားကောင်းစေသည့် စနစ်တစ်ခုဖြစ်လာခဲ့သည်။ မကြာသေးမီနှစ်များအတွင်း အွန်လိုင်းရောင်းချမှု၊ ဒစ်ဂျစ်တယ်ငွေပေးချေမှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာမှုတို့ကို ကာဂျစ္စတန်နိုင်ငံအနေဖြင့် တွေ့မြင်ခဲ့ရပြီး အသေးစားနှင့် အလတ်စားစီး ပွားရေးလုပ်ငန်းများအတွက် လက်လှမ်းမီနိုင်သော ဒစ်ဂျစ်တယ်စီးပွားရေးတွင် ပါဝင်နိုင်စေသည်ဟု Kasymaliev က ဆက်လက်ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

 

နိုင်ငံခြားငွေလွှဲသူများထံမှ အမေရိကန်ဒေါ်လာ ၃၂၈ သန်း ရရှိခဲ့သော ဗီယက်နမ်နိုင်ငံ

   ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမကိုးလအတွင်း နိုင်ငံခြားငွေပေးသွင်းသူများထံမှ အခွန်ငွေ ၈.၇၃ ထရီလီယံ(အမေရိကန်ဒေါ်လာ ၃၂၈ သန်း) ကောက်ခံခဲ့ကြောင်း ဗီယက်နမ်အခွန် ဌာန၏ ထုတ်ပြန်ချက်ကိုကိုးကား၍ ဗီယက်နမ်သတင်းအေဂျင်စီက နိုဝင်ဘာလ ၇ ရက်နေ့တွင် ဖော် ပြခဲ့သည်။

          ပြည်တွင်းနှင့် ပြည်ပပေးသွင်းသူများ အပါအဝင် စုစုပေါင်း e-commerce အခွန်ကောက် ခံမှုသည် ကိုးလတာကာလအတွင်း ဗီယက်နမ်ဒေါင် ၁၅၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅.၆၃ ဘီလီယံ ) ခန့်သို့ ရောက်ရှိခဲ့ပြီး နှစ်စဉ် ၆၄ ရာခိုင်နှုန်း တိုးတက်လာကြောင်းသိရသည်။

          စက်တင်ဘာလအထိ နိုင်ငံခြား ကုမ္ပဏီပေါင်း ၁၇၆ ခုသည် e-commerce ပေါ်တယ်များမှ တစ်ဆင့် မှတ်ပုံတင်ခြင်း၊ ကြေညာခြင်းနှင့် ငွေပေးချေခြင်းများကို လုပ်ဆောင်ခဲ့ပြီး ၎င်းတွင် Meta၊ Google၊ Netflix နှင့် TikTok ကဲ့သို့သော နာမည်ကြီး Social Platform များလည်း ပါဝင်ကြောင်း သိရ သည်။

DOCA(ရန်ကုန်)

၂၀၃၀ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၄ သန်းနှင့် ၀င်ငွေဒေါ်လာ ၈ ဘီလီယံဒေါ်လာကို ပစ်မှတ်ထားလျှက်ရှိသော သီရိလင်္ကာနိုင်ငံ

   သီရိလင်္ကာနိုင်ငံသည် နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု ၄ သန်းအထိ တိုးမြှင့်ကာ ခရီး သွားလုပ်ငန်းမှ ၀င်ငွေအမေရိကန်ဒေါ်လာ ၈ ဘီလီယံကို ၂၀၃၀ ခုနှစ်တွင် တိုးမြှင့်ရရှိနိုင်ရန် ရည်မှန်း ထားကြောင်း သမ္မတ Anura Kumara Dissanayake က ၂၀၂၆ ခုနှစ် နိုင်ငံတော်ဘတ်ဂျက်ကို လွှတ်တော်သို့ တင်ပြစဉ် အောက်တိုဘာလ ၇ ရက်နေ့က ကြေညာခဲ့သည်။ ခရီးသွားလုပ်ငန်းသည် စီးပွားရေးပြန်လည် ဦးမော့လာရန်နှင့် ရေရှည်တိုးတက်မှုအတွက် အရေးပါသော မဏ္ဍိုင်အဖြစ် ဆက်လက်တည်ရှိနေကြောင်း အလေးပေးပြောကြားခဲ့ပြီး Dissanayake သည် စက်မှုလုပ်ငန်း အားကောင်းစေရန် ဦးတည်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် လုပ်သားအင်အားတိုးချဲ့မှုအစီအစဉ်များကို ဖော်ပြခဲ့ပြီး ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းမှုတိုးတက်စေရန် အဓိက ပြုပြင်ပြောင်းလဲမှုများလည်း လုပ်ဆောင်နေလျက်ရှိသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်သည် သဘာဝအခြေခံ ဆွဲဆောင်မှုများနှင့် သမိုင်းဝင် အမွေအနှစ် များကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်သည်။ သီရိလင်္ကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့သည် Hamilton Canal နှင့် Negombo Lagoon အပါအဝင် အနောက်ပြည်နယ်ရှိ ကမ်းရိုးတန်းနှင့် အဏ္ဏဝါပတ်ဝန်းကျင်ကို မြှင့်တင်ရန်အတွက် သီရိလင်္ကာရူပီး ၃.၅ ဘီလီယံ (ဒေါ်လာ ၁၁.၆ သန်းခန့်) ခွဲဝေပေးမည်ဖြစ်သည်။ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝတ်ပြုရေးကဏ္ဍတွင် ကျွမ်းကျင် လုပ်သား ၈၀၀၀၀၀ ကျော်ကို ၂၀၃၀ ခုနှစ်တွင် ဖြည့်ဆည်းပေးနိုင်ရန် သီရိလင်္ကာနိုင်ငံ ခရီးသွားလာ ရေးနှင့် ဟိုတယ်စီမံခန့်ခွဲရေးသိပ္ပံမှ အစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ကြောင်း သမ္မတက ပြောကြားခဲ့ သည်။ ဤရေတိုအသက်မွေးဝမ်းကြောင်းသင်တန်းကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ရူပီးသန်း ၅၀၀ (ဒေါ်လာ ၁.၆ သန်းကျော်) ဖြင့် ကျွန်းတစ်ကျွန်းလုံးရှိ အစိုးရနှင့်ပုဂ္ဂလိက အဖွဲ့အစည်း များမှ အသိအမှတ်ပြုပေးအပ်မည်ဖြစ်သည်။ 

DOCA(ရန်ကုန်)

ဓာတ်မတည့်မှုများကြောင့် စင်္ကာပူနိုင်ငံမှတင်ပို့သောစပျစ်သီးခြောက်များကို ပြန်လည်သိမ်းဆည်း

စင်္ကာပူအစားအစာအေဂျင်စီ (SFA) သည် စားသုံးသူများအား ဓာတ်မတည့်မှုဖြစ်ပေါ်စေ သည့် ဆာလဖာဒိုင်အောက်ဆိုဒ်အား တင်ပို့သော စပျစ်သီးများတွင်တွေ့ရှိပြီးနောက် ထုပ်ပိုးမှုတွင် ကြေညာ ထားခြင်းမရှိသော Ohm အမှတ်တံဆိပ်စပျစ်သီးခြောက်များကို ပြန်လည်သိမ်းဆည်းရန် အမိန့်ပေးခဲ့ သည်။

အေဂျင်စီက တင်သွင်းသူအား ထိခိုက်နစ်နာစေသော ထုတ်ကုန်များကို ပြန်လည် သိမ်း ဆည်းရန် ညွှန်ကြားထားပြီး ပြန်လည်သိမ်းဆည်းမှုကို လက်ရှိတွင် ဆက်လက်လုပ်ဆောင် နေကြောင်း အောက်တိုဘာလ ၆ ရက်နေ့ထုတ် ကြေညာချက်တွင် ဖော်ပြထားသည်။

အစားအသောက်များတွင် ဆာလဖာဒိုင်အောက်ဆိုဒ် လွန်ကဲစွာပါဝင်မှုသည် ရောင်ရမ်း ခြင်း၊ ယားယံခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းနှင့် အော့အန်ခြင်း စသည့်လက္ခဏာများနှင့်အတူ ထိခိုက် လွယ်သူများအတွက် ဓာတ်မတည့်မှုကို ဖြစ်‌‌ပေါ်စေနိုင်ကြောင်းသိရသည်။

စင်္ကာပူနိုင်ငံ၏ အစားအသောက်စည်းမျဉ်းများအောက်တွင် ပါဝင်ပစ္စည်းများကို အစား အသောက် ထုပ်ပိုးခြင်းတံဆိပ်များတွင် ရှင်းလင်းစွာကြေငြာရမည်ဖြစ်သည်။ SFA သည် စပျစ်သီး ခြောက်များကို ဝယ်ယူပြီးသူများအားလည်း ဆာလ်ဖိုက်များနှင့် ဓာတ်မတည့်ခြင်းကြောင့်  စားသုံး ခြင်းမှ ရှောင်ကြဉ်ရန် အကြံပြုထားသည်။

 DOCA(ရန်ကုန်)

ဖိလစ်ပိုင်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုပမာဏ စက်တင်ဘာလတွင် တိုးလာ

  ဖိလစ်ပိုင်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုပမာဏသည် စက်တင်ဘာလတွင် တိုးလာခဲ့ကြောင်း ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ssရွေးချယ်ထားသော စက်မှုလုပ်ငန်းများ၏ လစဉ်စစ်တမ်း (Monthly Integrated Survey of Selected Industries) ၏ ရလဒ်များအရ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ထုတ်လုပ်မှုတန်ဖိုး ညွှန်းကိန်း (VaPI) သည် သြဂုတ်လမှ ၁.၆ ရာခိုင်နှုန်းမှ ၂.၄ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ပြသခဲ့ပါသည်။

   အဆိုပါလအတွင်း VaPI သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် မှတ်တမ်းတင်ခဲ့သည့် ပမာဏထက်လည်း ပိုမိုမြင့်မားခဲ့သည်။ ထုတ်လုပ်မှုညွှန်းကိန်း (VoPI) ၏ ပမာဏသည် ဩဂုတ် လတွင် တွေ့ခဲ့ရသော ၀.၉ ရာခိုင်နှုန်းမှ ၁.၃ ရာခိုင်နှုန်းသို့ တိုးတက်ခဲ့ပါသည်။PSA က စက်တင်ဘာလအတွင်း ထုတ်လုပ်မှုအတွက် VaPI ၏ နှစ်စဉ်တိုးတက်မှုနှုန်း အရှိန်အဟုန်မြင့်လာခြင်းသည် ကွန်ပျူတာ၊ အီလက်ထရွန်နစ်နှင့် optical ထုတ်ကုန်များ ထုတ်လုပ်မှုတွင် နှစ်စဉ်တိုးတက်မှု ပိုမိုမြန်ဆန်လာခြင်းကြောင့်ဖြစ်သည်ဟု သတ်မှတ်ခဲ့ပါသည်။

   အရှိန်အဟုန်မြင့်လာခြင်း၏ အခြားသော အဓိကအကြောင်းရင်းများမှာ ပြုပြင်ပြီး ကျောက်မီးသွေးနှင့် သန့်စင်ပြီးရေနံထွက်ပစ္စည်းများ ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေး ပစ္စည်း များ ထုတ်လုပ်မှုတို့ ပိုမိုကြီးထွားလာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

DOCA(ရန်ကုန်)

မလေးရှား၏ စက်မှုထုတ်လုပ်မှုညွှန်းကိန်း (IPI) သည် တတိယသုံးလပတ်တွင် ၄.၉ ရာခိုင်နှုန်း တိုးတက်လာခဲ့

  မလေးရှားနိုင်ငံ၏ စက်မှုထုတ်လုပ်မှုညွှန်းကိန်း (IPI) သည် ဒုတိယသုံးလပတ်တွင် ၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ တတိယသုံးလပတ်တွင် တစ်နှစ်ထက်တစ်နှစ် ၄.၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ ကြောင်း နိုဝင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရှိရပါ သည်။

 မလေးရှားနိုင်ငံ၏ စာရင်းအင်းဦးစီးဌာနက ထုတ်ပြန်ချက်အရ ယခုကဲ့သို့ သိသာထင်ရှား သည့် တိုးတက်မှုသည် ထုတ်လုပ်ရေး (၄ ရာခိုင်နှုန်း)၊ သတ္တုတူးဖော်ရေး (၁၀.၃ ရာခိုင်နှုန်း) နှင့် လျှပ်စစ် (၁.၉ ရာခိုင်နှုန်း) အပါအဝင် ကဏ္ဍအားလုံး၏ ပံ့ပိုးမှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

   သုံးလပတ်အလိုက် နှိုင်းယှဉ်ကြည့်ပါက IPI သည် ၆.၆ ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။ တစ်ချိန်တည်းမှာပင်၊ ၂၀၂၄ ခုနှစ်အလာတူကာလနှင့် နှိုင်းယှဉ်ပါက ပထမ ၉ လအတွင်း IPI သည် ၃.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

  ၎င်းသည် ကုန်ထုတ်လုပ်မှုညွှန်းကိန်း ၄ ရာခိုင်နှုန်း တိုးတက်မှုကြောင့် ဖြစ်ပါသည်။ သတ္တုတူး ဖော်ရေးညွှန်းကိန်းနှင့် လျှပ်စစ်ဓာတ်အားညွှန်းကိန်းတို့သည်လည်း အသီးသီး ၀.၂ ရာခိုင်နှုန်းနှင့် ၀.၁ ရာခိုင်နှုန်း အနည်းငယ် တိုးတက်ခဲ့ပါသည်။ စက်တင်ဘာလအထိ IPI သည် ၅.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မလေးရှားနိုင်ငံရှိကုန်ထုတ်လုပ်မှုလုပ်ငန်းများ၏ ရောင်းအားသည် တတိယသုံးလပတ်တွင် မြင့်တက်

  မလေးရှားနိုင်ငံရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၏ ရောင်းအားသည် ၂၀၂၅ ခုနှစ် တတိယ သုံးလပတ်တွင် ရမ်းဂစ် ၅၀၀.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၉.၇ ဘီလီယံခန့်) ရောက်ရှိခဲ့ရာ ၃.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း နိုဝင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်သော တရားဝင်အချက်  အလက်များအရ သိရှိရပါသည်။

     မလေးရှားစာရင်းအင်းဌာနက ထုတ်ပြန်သော အဆိုပါတိုးတက်မှုသည် အဓိကအားဖြင့် အစား အသောက်‌၊ အဖျော်ယမကာနှင့် ဆေးရွက်ကြီးလုပ်ငန်းများ ၉.၂ ရာခိုင်နှုန်းနှင့် လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းလုပ်ငန်းများ ၅.၆ ရာခိုင်နှုန်း ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

          ဝန်ထမ်းဦးရေ ၁ ရာခိုင်နှုန်းနှင့် လစာနှင့် လုပ်အားခများလည်း ၂ ရာခိုင်နှုန်း တိုးလာခဲ့ပါ သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှ စက်တင်ဘာလအထိ ကုန်ထုတ်လုပ်မှုလုပ်ငန်းသည် ရမ်းဂစ် ၁.၅ ထရီလီယံ ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃.၆ ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။

          စက်တင်ဘာလတွင် မလေးရှားနိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်း ရောင်းအားသည် ၄.၃ ရာခိုင်နှုန်းတိုးတက်ကာ ရမ်းဂစ် ၁၆၉.၃ ဘီလီယံ သို့ တိုးတက်လာခဲ့ပါသည်။ ကုန်ထုတ်လုပ်မှု လုပ်ငန်း ရောင်းအားတိုးတက်လာရခြင်း၏ အဓိက အကြောင်းအရင်းမှာ စက်တင်ဘာလတွင် ၉.၁ ရာခိုင်နှုန်း တိုးတက်လာခဲ့သည့် အစားအသောက်၊ အဖျော်ယမကာနှင့် ဆေးရွက်ကြီးလုပ်ငန်းတို့ ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

   DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ