အင်ဒိုနီးရှားနိုင်ငံသည် အိမ်အလှဆင်ရန်အချက်အချာနေရာဖြစ်လာမည်ဟု SMEs ဝန်ကြီးပြောကြား
အင်ဒိုနီးရှားနိုင်ငံသမဝါယမနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ဝန်ကြီး Teten Masduki က အင်ဒိုနီးရှားနိုင်ငံသည် ၎င်းတို့၏ ထုတ်ကုန်များ၏ ကျယ်ပြန့်သော အလားအလာကြောင့် အိမ်အလှဆင်ခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ အချက်အချာဖြစ်လာမည်ဟု ၁၄.၉.၂၀၂၄ ရက်နေ့က ပြောကြားခဲ့ကြောင်း သိရပါသည်။ အချက်အလက်များအရ ပရိဘောဂနှင့် လက်မှုထုတ်ကုန်များ တင်ပို့မှုမှတဆင့် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီကျော် ရရှိခဲ့ပြီး ကုမ္ပဏီပေါင်း ၁၁၁၄ ခုတွင် အလုပ်သမားပေါင်း ၁၄၃၀၀၀ ဦးကို ခန့်အပ်ထားကြောင်း ဝန်ကြီးက IFFINA Indonesia Meubel and Design Expo တွင် ပြောကြားခဲ့ပါသည်။ Masduki ၏ အဆိုအရ အင်ဒိုနီးရှား၏ ကမ္ဘာ့စီးပွားရေးအချက်အချာဖြစ်လာရေး ရှုမျှော်ချက်တွင် ပရိဘောဂလုပ်ငန်းနယ်ပယ်အတွက် ဈေးကွက်တိုးချဲ့ရန်အတွက် ကြီးမားစွာ တွန်းအားပေးရန် ပါဝင်ကြောင်း သိရပါသည်။ ထို့ကြောင့် သမဝါယမနှင့် SMEs ဝန်ကြီးဌာနသည် ပရိဘောဂကဏ္ဍမှ MSME လုပ်ငန်းရှင်များ၏ စွမ်းရည်တိုးတက်စေရန် ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရပါသည်။ ဝန်ကြီးက ပရိဘောဂနယ်ပယ်၏ စွမ်းရည်ကို မြင့်တက်ရန် ဗျူဟာမြောက် ခြေလှမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ဝန်ကြီးက နိုင်ငံ၏ ကြွယ်ဝပြီး ကွဲပြားသော ကုန်ကြမ်းပစ္စည်းများ အကူအညီဖြင့် ပရိဘောဂနယ်မှ MSME လုပ်ငန်းများကို ကူညီရန် အစိုးရ၏ အားထုတ်မှုများကို ယုံကြည်ချက်ရှိကြောင်းနှင့် IFFINA ပွဲတော်သည် ပရိဘောဂ နယ်ပယ်အတွက် ပြည်တွင်းဈေးကွက်ကို တိုးချဲ့နိုင်ရုံသာမက ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတကာအဆင့်သို့ မိတ်ဆက်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
Source: VietnamPlus
DOCA(ရန်ကုန်)