Main menu

HighLight News

Powered by Drupal

မော်လမြိုင်မြို့နယ်၊ ဈေးကြိုရပ်ကွက်တွင် အသင့်စားခေါက်ဆွဲခြောက်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍   (၂၇-၅-၂၀၂၄) ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ ဈေးကြိုးရပ်ကွက်ရှိ ကုန်စုံဆိုင် (၅) ဆိုင်သို့ သွားရောက်၍ အသင့်စားခေါက်ဆွဲခြောက်ထုပ်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်အညွှန်း အမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ မားမား၊ ယမ်ယမ်အမှတ်တံဆိပ် ခေါက်ဆွဲခြောက်ထုပ်များတွင် မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ/မပါနှင့် စားသုံးသူများဘေးအန္တရာယ်ဖြစ်စေနိုင်သော ခေါက်ဆွဲခြောက်ထုပ်များရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ စားသုံးသူများ ဘေးအန္တရာယ်ကင်းပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ခေါက်ဆွဲခြောက်ထုပ်များရောင်းချလျက်ရှိသည်ကိုစစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား ဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချစေရန် အသိပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

ပေါင်မြို့နယ်တွင် အသင့်စားခေါက်ဆွဲခြောက်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ (၂၃-၅-၂၀၂၄) ရက်နေ့၌ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်၊ ကဒါရပ်ကွက်နှင့် မင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းစေးရန်အတွက် အသင့်စားခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မားမား၊ ယမ်ယမ်အမှတ်တံဆိပ် ခေါက်ဆွဲခြောက်ထုပ်များတွင် မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ/မပါနှင့် စားသုံးသူများဘေးအန္တရာယ်ဖြစ်စေနိုင်သော ခေါက်ဆွဲခြောက်ထုပ်များရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ စားသုံးသူများ ဘေးအန္တရာယ်ကင်းပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ခေါက်ဆွဲခြောက်ထုပ်များကိုသာ ရောင်းချလျက်ရှိသည်ကိုစစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား ဘေးအန္တရာယ်ကင်းသောကုန်စည်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချစေရန် အသိပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

မြောင်မြခရိုင် လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် အမှတ်(၅)ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ တာဝန်ခံဦးမြင့်ဌေးသည် (၂၄-၅-၂၀၂၄)ရက်နေ့ နံနက် (၁၁:၀၀)  နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် အမှတ်(၅)ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ အမှတ်(၅)ရပ်ကွက်ရှိစားသုံးသူပြည်သူများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၉)စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့နောက် ဆီစားသုံးမှုလျှော့ချရေးအကြောင်း သိကောင်းစရာများကိုလည်း ဗဟုသုတရရှိစေရန် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ ဟောပြောပွဲသို့ စားသုံးသူပြည်သူ(၂၅)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မွန်ပြည်နယ်ဦးစီးမှူးသည် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်တွေ့ဆုံ

        ၂၇-၅-၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက မွန်ပြည်နယ်အတွင်းရှိ ဆန်စက်အရေအတွက်၊ ဆန်စက်များလည်ပတ်သည့်စနစ်၊ အဆင့်မြင့်ဆန်စက်တည်ဆောက်ထားရှိမှု၊ MyRo တွင် သိုလှောင်ရုံများမှတ်ပုံတင်ခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ရာ မွန်ပြည်နယ်အတွင်း ဆန်စက်စုစုပေါင်း ( ၅၈၈ ) လုံးရှိပြီး Gasifier ဖြင့် လည်ပတ်သည့်စက် (၃) လုံး၊ ဘွိုင်လာဖြင့် လည်ပတ်သည့်စက် (၄)လုံး၊ ဒီဇယ်ဖြင့် လည်ပတ်သည့်စက် (၈၉)လုံးရှိပြီး ကျန်စက်များမှာ လျှပ်စစ်ဖြင့်လည်ပတ်ကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များမှာ MyRo တွင် မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။ ထို့နောက် ပြည်နယ်ဦးစီးမှူးက MyRo တွင် သိုလှောင်ရုံများမှတ်ပုံတင်သည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ အခက်အခဲများရှိလျှင် တင်ပြနိုင်ကြောင်း၊ မိမိတို့အနေဖြင့်လည်း ကူညီဆောင်ရွက်ပေးသွားမည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့နယ်ရှိ တောင်သူများ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများရရှိ၍ အဆင်ပြေလျက်ရှိ

    ယခု၂၀၂၄ခုနှစ် မိုးရာသီစပါးစိုက်ပျိုးချိန်တွင် ကျိုက်မရောမြို့နယ်ရှိ တောင်သူများမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများရရှိ၍ မိုးစပါးစိုက်ပျိုးရေးအတွက် အထောက်အကူဖြစ်သဖြင့် အဆင်ပြေလျက်ရှိကြောင်းသိရှိရသည်။

     မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၂၀ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်မှစတင်ကာ ထုတ်ချေးပေးကြောင်း၊ မိုးရာသီတွင် လယ်ယာလုပ်ငန်းခွင်သို့ဝင်ကြမည့် တောင်သူဦးကြီးများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ  ဆောင်ရွက်နိုင်ရန်အတွက် ယခင်စိုက်ပျိုးစရိတ်ချေးငွေကြွေးကျန်မရှိသူများအား အတိုးနှုန်း ၅ရာခိုင်နှုန်းဖြင့် ဦးစားပေးထုတ်ပေးခြင်းဖြစ်ပြီး  မိုးစပါးတစ်ဧကလျှင်  ချေးငွေ ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

      မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲသည် ၂၀၂၄ခုနှစ် မိုးရာသီ၌ လျာထားဧက ၉၀၀၀အတွက် တောင်သူ (၁၃၈၆)ဦးတို့အား ချေးငွေ ကျပ်( ၁၃၅၀၀.၀၀)သိန်းထုတ်ချေးပေးရန်လျာထားပြီး ယနေ့တွင် ပထမဆုံးထုတ်ချေးသည့် ခနောင်ကျေးရွာမှ  တောင်သူ ၁၄ဦး၊ မိုးစပါးစိုက်ဧက (၄၈) ဧကအတွက် တစ်ဧကလျှင်  (၁၅၀၀၀၀ိ/)ကျပ်နှုန်းဖြင့် ချေးငွေ ကျပ်(၇၂) သိန်းအား တောင်သူ လက်ဝယ်အရောက် စနစ်တကျ ထုတ်ပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ  မန်နေဂျာ ဦးမင်းသက်စံထံမှသိရှိရပါသည်။

DOCA(မွန်)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

 

    ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၂၃-၅-၂၀၂၄)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌လည်းကောင်း၊ (၂၁-၅-၂၀၂၄)ရက်နေ့ နေ့လယ်(၁၂း၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Center ခန်းမ၌လည်းကောင်း  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

         ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအားဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအချက်(၈)ချက်အား ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်း ဥပဒေပါအချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ စားသုံးသူပြည်သူများမှ ဥပဒေပါအချက်အလက်များသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www.doca.gov.mmwebsite တွင်လည်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါ ကြောင်းစားသုံးသူများနစ်နာမှုရှိလာပါကစားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ (၂/၂၀၂၄) အစည်းအဝေး ကျင်းပပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ဧပြီလ (၂၃) ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာ ကော်မတီ(၂/၂၀၂၄)အစည်းအဝေးအား  စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌကဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး စားသုံးရေးရာကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင် စုစုပေါင်း (၈) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်၊၊

       အဆိုပါ ကော်မတီအစည်းအဝေးအား အစီအစဉ်(၇)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ရှေးဦးစွာစားသုံးသူရေးရာကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်ကြားမှုအများဆုံးလက်ခံရရှိသည့် ကုန်စည်များ၊ ထိခိုက်နစ်နာလွယ်သည့်ကုန်စည်များ၊ ဌာနဆိုင်ရာ ထိန်းချုပ်ကွပ်ကဲမှုမရှိသော ကုန်စည်အမျိုးအစားများအနက် ဦးစားပေးကုန်စည် (၁၀)မျိုးသတ်မှတ်၍ ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက်  စားသုံးရေးရာကော်မတီအတွင်းရေးမှူးမှ လက်ရှိစားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်းသိရှိရပါသည်။

     ဆက်လက်၍ စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးတင်ပြကြပြီးနောက် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးအား (၁၄:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ “ရာဇာ” လ္ဘက်၊ ပဲကြော်အလုပ်ရုံ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောကျင်းပ

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမ ဒု-ခရိုင်ဦးစီးမှူးနှင့်  ချောင်းဦးမြို့နယ်တာဝန်ခံတို့သည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို 2024ခုနှစ်၊ မေလ ၂၄ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ “ရာဇာ” လ္ဘက်၊ ပဲကြော်အလုပ်ရုံ၌ စားသုံးသူကာကွယ်ရေးအသိပညာဟောပြောပွဲအခမ်းအနားကျင်းပခဲ့ရာ  စုစုပေါင်း  (၈၀) ဦး တက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

       အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦစီးမှူးက တက်ရောက်လာသူများအား အသိပညာများတိုးပွားရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်အမှာစကားပြောကြားခြင်း၊ စားသုံးသူများရသင့်ရထိုက်သောအခွင့်အရေးများ၊ စားသုံးသူများ၏တာဝန်များနှင့်  စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကို ပြောကြားခဲ့ပြီး  ချောင်းဦးမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် စားသောက်ကုန်များကိုသာဝယ်ယူစားသုံးသင့်ကြောင်း၊ စားသုံးသူများတိုင်ကြားရမည့်နည်းလမ်းများနှင့် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများအပေါ် ဌာန၏ဖြေရှင်းဆောင်ရွက်ခဲ့သည့် အမှုတွဲများအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

  ထို့နောက် တက်ရောက်လာသူများက စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများနှင့်ပတ်သက်၍ သိလိုသည့်မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပြီး ဟောပြောဆွေးနွေးပွဲကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရပါသည်။      

DOCA(စစ်ကိုင်း)       

မုဒုံမြို့နယ်တွင် အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   (၂၃-၅-၂၀၂၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မုဒုံမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များတွင်ရောင်းချနေသည့် ဦးစားပေးကုန်စည်ဖြစ်သော အသင့်စားခေါက်ဆွဲခြောက်ထုပ်များတွင် စားသုံးသူ ကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များပြည်စုံစွာပါရှိခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိ/ မရှိ၊ သက်တမ်းကျော်လွန်သော ခေါက်ဆွဲခြောက်ထုပ်များရောင်းချနေခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုဒုံမြို့နယ်ရှိကုန်စုံဆိုင်များနှင့် စတိုးဆိုင်များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာပါရှိပြီး၊ သက်တမ်းလွန်ကုန်စည်များအား ရောင်းချနေခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့နယ်တွင် အသင့်စားခေါက်ဆွဲခြောက်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     (၂၃-၅-၂၀၂၄) ရက်နေ့၌ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းစေးရန်အတွက် အသင့်စားခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ခေါက်ဆွဲခြောက်ထုပ်များတွင် မြန်မာစာဖြင့်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ/ မပါနှင့် စားသုံးသူများဘေးအန္တရာယ်ဖြစ်စေနိုင်သော ခေါက်ဆွဲခြောက်ထုပ်များရောင်းချခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ရာစားသုံးသူများ ဘေးအန္တရာယ်ကင်းပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ခေါက်ဆွဲခြောက်ထုပ်များကိုသာတွေ့ရှိရပြီး ဘေးအန္တရာယ်ကင်းသောကုန်စည်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချစေရန် အသိပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - HighLight News