Main menu

HighLight News

Powered by Drupal

အသင့်သောက်အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ(၂)ဦးတို့သည် (၂၁-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ ဈေးတာဝန်ခံနှင့်အတူသွားရောက်၍ အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်ချိုချိုမြင့်၊ ဒေါ်နန်းသီလွင်၊ ဒေါ်စန္ဒာ၊ ဒေါ်တင်ယုနွယ်၊ ဒေါ်နန္ဒာတို့၏ ဖြန့်ဖြူးရောင်းချနေသော အသင့်သောက်အချိုရည် အမျိုးမျိုးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာရမည့်အချက်များ၊ မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက် ရေးသားဖော်ပြရမည့်အချက်များ၊ သက်တမ်းကုန်ဆုံးသော အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ အဆိုပါကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိကြောင်း စစ်ဆေးသိရှိရပါသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ် မြို့မဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ(၂)ဦးတို့သည် (၂၀-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၄၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ ဈေးတာဝန်ခံနှင့်အတူ စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာ၌ ကုန်မျိုးစုံဆိုင်များဖြစ်သော ဒေါ်မိမိခိုင်၊ ဒေါ်မြမြဝင်း၊ ဒေါ်မို့မို့အေး၊ ဒေါ်စန်းစန်းမြင့်နှင့် ဦးလှမျိုးဆိုင်များတွင် Yarthetpen (အဆင့်မြင့်စားအုန်းဆီ)၊ Meizan(အဆင့်မြင့်စားအုန်းဆီ)၊ Louts (စားအုန်းဆီ)၊ Cook (ပဲပိစပ်ဆီ)၊ Goody (အဆင့်မြင့်စားအုန်းဆီ)၊ တော်ဝင်(စားအုန်းဆီသန့်)၊ Sunar (နေကြာဆီ)၊ ဒီဒီ(မြေပဲဆီ)နှင့် ရန်ကုန် (ပဲဆီသန့်) တို့တွင် အမှတ်တံဆိပ်များပြည့်စုံစွာပါရှိခြင်း၊ FDA ၏ ထောက်ခံချက်များပါဝင်ခြင်းနှင့် အသားတင်  ပမာဏဖော်ပြရာတွင်လည်း မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ကျပ်သားများကို မြန်မာဘာသာဖြင့် ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)

 

တိုက်ကြီးမြို့နယ်တွင် ဆိုင်ကယ်ပြုပြင်ရေးသင်တန်းဖွင့်လှစ်ခြင်း

   တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာအုပ်စု၊ ဘုရားငါးဆူသာသနာ့ရိပ်သာဘုန်းတော်ကြီးကျောင်းတွင် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ရေးသင်တန်း(၁/၂၀၂၄)အားဖွင့်လှစ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာမှဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ သင်တန်းသားများ၊ စုစုပေါင်းအင်အား (၅၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စားသုံးသူရေးရာဦးစီးဌာနမှလည်းပူးပေါင်းဆောင်ရွက်လျက်ရှိရာ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အရေးအဆင်ပြေစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးသော သင်တန်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

         

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ Website မှတိုင်ကြားလာမှုအား ဖြေရှင်းဆောင်ရွက်

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊   စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် နိုင်ငံတကာအလေ့အကျင့်များအရ စားသုံးသူ၏နစ်နာဆုံးရုံးမှုများကိုအရေးဆိုတိုင်ကြားနိုင်ရန်၊ အာဆီယံ Guide Line အရ တိုင်ကြားမှုများကိုလက်ခံဖြေရှင်းနိုင်ရန်၊ စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိနိုင်ရန်၊ စားသုံးသူ၏နစ်နာမှုများအား အချိန်တိုအတွင်း ကုစားဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ခရိုင်များတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)များဖွင့်လှစ်၍ဆောင်ရွက်ခဲ့ပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဝယ်ယူသုံးစွဲသည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်၍ တိုင်ကြားလာမှုများအား အချိန်နှင့်တပြေးညီ လျင်မြန်စွာဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နေ စားသုံးသူတစ်ဦးမှာ  ATOM Myanmar Limited ဝန်ဆောင်မှုအပေါ်  ကျေနပ်မှုမရှိပါသဖြင့် ငွေပြန်လည်ရယူလိုကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ Website မှတစ်ဆင့် တိုင်ကြားလာမှုကိုဖြေရှင်းဆောင်ရွက်ရာ စားသုံးသူတိုင်ကြားရာတွင် ဖော်ပြထားသော လိပ်စာ၊ ဖုန်းနံပါတ်အားဆက်သွယ်မေးမြန်ခဲ့ရာ Myanmar Limited ဘက်မှ တာဝန်ရှိသူက ဖြတ်တောက်သွားသောငွေကြေးအား တိုင်ကြားသူ၏ဖုန်းထဲတွင် T0p Up ဖြင့် ငွေပြန်လည်ဖြည့်သွင်းပေးခဲ့ပြီး စားသုံးသူနစ်နာသော ငွေကြေးရယူလိုမှုအပေါ် တာဝန်ယူဖြေရှင်းပေးခဲ့ပြီး ကျေနပ်မှုရှိပါသဖြင့် အမှုအားပိတ်သိမ်း၍ နှစ်ဦးသဘောတူ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် (၅/၂၀၂၄) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင် ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေး

           စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာရှိ ရွှေဘိုခရိုင်ဦးစီးမှူး၏ တိုက်ခန်း၌ (၂၃-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအား စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ (၅/၂၀၂၄) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၉)ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် အကြီးတန်းစာရေး ဒေါ်နီနီမြင့်က  (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်၊ စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၍ ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှတ်တမ်းအကြောင်းများနှင့် ဆုံးဖြတ်ချက်ပါအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

ဟင်္သာတမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 

            စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးနှင့်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊မြို့ပေါ်ရပ်ကွက်နှင့်ပဒေသာဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား(၁၈-၅-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးဆီရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ စားအုန်းဆီအရောင်းဆိုင်(၇) ဆိုင်အား ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍(၁၉-၅-၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် နေခြည်ဈေးအတွင်းရှိ ဆန်ဆိုင်ကြီးများနှင့်ဆန်ဂိုဒေါင်များအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်ချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးမှုအား  ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့ကွင်းဆင်းရာတွင်  မြန်အောင်မြို့နယ်အတွင်းရှိဆန်ဆိုင်များအနေဖြင့်  ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနှင့် ရွှေသွယ်စသော အရည်အသွေးမြင့်စားဆန်များကို ပုသိမ်မြို့မှတိုက်ရိုက်မှာယူရောင်းချပြီး၊ ဒေသအတွင်းထွက်ရှိသော ဧရာမင်း၊ ပခန်း၊ ဆင်းသုခ အစရှိသည့်ဆန်များကိုလည်း ရောင်းချလျှက်ရှိပါသည်။ ဆန်ဆိုင်များအနေဖြင့် ရောင်းအားကိုလိုက်၍မှာယူရောင်းချပြီး အများအပြားသိုလှောင်ထားခြင်း၊ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိကြောင်းစိစစ်တွေ့ရှိရသည်ဟုသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် ကုန်မျိုးစုံဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန မြန်အောင်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြန်အောင်မြို့နယ်၊ မြို့မနေခြည်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား(၂၀-၅-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ် လုပ်ငန်းရှင်အသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၂၀-၅-၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ ပြန်ဆက်ခန်းမ၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

       ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်ရောင်းချနေသော ကုန်စည်များအပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ဆက်စပ်ဌာနများနှင့် ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ဈေးနှုန်းကြီးမြင့်မှုမရှိစေရန်အတွက် ဆန်ဈေးနှုန်းများမြှင့်တက်လျက်ရှိသည့်အတွက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုရှိ/မရှိ ဆက် စပ်ဌာနများပါဝင်သော အဖွဲ့စုံဖြင့် ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်ကြီးများ အများအပြားရှိသော မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ၁၇-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်မှူးဦးဆောင်သောအဖွဲ့သည် သွားရောက်၍  ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ထိုသို့ကွင်းဆင်းရာတွင် ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းရှိ မြသိင်္ဂီဆန်ပွဲရုံ၊ ဒေါ်ခင်မိုးမိုးမြင့်ဆန်ဆိုင်၊ မြေသင်းနံသာပွဲရုံတို့တွင် ဆန်ရောင်းချနေမှုများအား ကွင်းဆင်းခဲ့ကြပါသည်။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းများမှ ဧရာဝတီပေါ်ဆန်း၊ မနောသုခ၊ ရာကျော်ဆန်များနှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်ဘက်မှ သီးထပ်ဆန်နှင့် ပခမ်းဆန်အမျိုးအစားများအား  ပုံမှန်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - HighLight News