Main menu

HighLight News

Powered by Drupal

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)ကျင်းပပြုလုပ်

ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ ( ၂၄ )ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးရုံးခန်း၌ ပြည်နယ်စားသုံး သူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်နယ် စားသုံးသူရေးရာကော်မတီ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူးက အစည်းအဝေးတွင် တင်ပြထားသည့် အမှာစာများအား ဖတ်ကြားရှင်းလင်းပြီးနောက် တက်ရောက်လာသော အဖွဲ့ဝင် အသီးသီးက ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ DOCA(ကယား)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်း (၂/၂၀၂၅) ဖွင့်လှစ်ဆောင်ရွက်

(၂၃-၆-၂၀၂၅)ရက်နေ့မှ (၂၇-၆-၂၀၂၅)ရက်နေ့အထိ စားသုံးသူရေးရာဦးစီးဌာန၊ ကယား ပြည်နယ် ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်း(၂/၂၀၂၅) ဖွင့်လှစ်ခဲ့ရာ ပြည်နယ် ဦးစီးမှူးရုံးရှိ ဝန်ထမ်း(၁၁)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ(၄)ဦးက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ၊ ရုံးလုပ်ငန်းလက်စွဲပါအခန်းများ၊ ငွေစာရင်းဆိုင်ရာကိစ္စရပ်များ၊ သတင်း အချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဘာသာရပ်ဆိုင်ရာများ၊ စားသုံးသူ ကာ ကွယ်ပေးရေးအကြောင်း သိကောင်းစရာ၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲ ဘာ သာရပ်၊ Recall and Ban အကြောင်းသိကောင်းစရာ၊ သတင်း/ဆောင်းပါးရေးသားနည်း အကြောင်းသိကောင်းစရာ၊ ခွင့်ကိစ္စအကြောင်းသိကောင်းစရာ၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်း တာဝန်များ၊ ဝန်ထမ်းကျင့်ဝတ်၊ ကုန်အညွှန်းအမှတ်အသားအကြောင်းသိကောင်းစရာ၊ Online Shop အကြောင်းသိကောင်းစရာ၊ ငွေစာရင်းအကြောင်းသိကောင်းစရာနှင့် ဝန်ထမ်းမှတ်တမ်း စာအုပ် အကြောင်း သိကောင်းစရာစသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပါသည်။ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်လှစ်ရခြင်းမှာ ဝန်ထမ်းများအားလုံး ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အထောက်အကူဖြစ်စေရန်နှင့် ဦးစီးဌာန၏ မျှော်မှန်းချက် (vision) ၊ ရည်မှန်းချက်(Mission)များကို သိရှိနားလည်စေရန် ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ DOCA(ကယား)

ပန်းတနော်မြို့ပေါ်ရှိ စိုက်ပျိုးရေး သုံးကိရိယာ၊ စိုက်ပျိုးရေးဆေးဝါးနှင့် ဓါတ်မြေဩဇာ ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

ဓနုဖြူမြို့နယ် ရှိ စားသောက်ဆိုင်များအား ဝန်ဆောင်မှု လုပ်ငန်းများနှင့် စက်သုံးဆီ ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

ညောင်တုန်းမြို့ ပေါ်ရှိ သောက်ရေသန့်စက်ရုံများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ညောင်တုန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးTalk Show ပြုလုပ်

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့နယ်တာဝန်ခံရုံး၌ ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင်Signal သွားတိုက်ဆေးအတုများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Pages

Subscribe to RSS - HighLight News