Main menu

HighLight News

Powered by Drupal

Alpha Mat Co.,Ltd အား ဌာနဆိုင်ရာအဖွဲ့ဝင်များဖြင့် သွားရောက်စစ်ဆေးခြင်း

     ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဟေမာဇော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဒေါက်တာအောင်ကိုကို၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လှမောင်တို့ပူးပေါင်း၍ ၂၈-၅-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၁း၃၀) နာရီအချိန်တွင်  အမှတ် (15)၊ မြေညီထပ်၊  ဗိုလ်တထောင်မြို့နယ်ရှိ Alpha Mat Co.,Ltd မှ  ဒါရိုက်တာ ဒေါ်ထက်ဝေနိုင်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးကုမ္ပဏီအတွင်းရှိ ဆေးနှင့်ဆေးဆက်စပ်ပစ္စည်းများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့စစ်ဆေးရာတွင် ဆေးကုမ္ပဏီတွင် ဆေးပစ္စည်း(၄)မျိုးရှိပြီး အဆိုပါဆေးပစ္စည်းများဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

“လူသုံးကုန်နှင့်စားသောက်ကုန်အရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး”

     ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဉီးစီးဌာနမှဦးဆောင်၍ စဉ့်ကိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်ပြည်သူ့ကျန်းမာ‌‌ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍(၂၇-၅-၂၀၂၄)ရက်နေ့တွင် စဉ့်ကိုင်မြို့၊မြို့မစျေးအတွင်းရှိ လူသုံးကုန်နှင့်စားသောက်ကုန်များရောင်းချသည့်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင်စဉ့်ကိုင် မြို့နယ်တာဝန်ခံစစ်ဆေးရေးအရာရှိမှ ကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းရှင်များနှင့် လူသုံးကုန်နှင့် စားသောက်ကုန်များရောင်းချသည့်အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့်၂၀၁၉ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသော(၂/၂၀၁၉)ပါ ကုန်စည်အမျိုးအစားအလိုက်ဖော်ပြရမည့်ညွှန်ကြားချက်များကိုပြည့်စုံမှန်ကန်စွာဖော်ပြလိုက်နာ ဆောင်ရွက်သွားရန် လူသုံးကုန်နှင့်စားသောက်ကုန်ရောင်းချသည့်အရောင်းဆိုင်များမှလည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချသွားရန်၊ စားသုံဆီ အရောင်းဆိုင်များအနေဖြင့် စားသုံးဆီများရောင်းချရာတွင် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်နှင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချကြရန် ဘူးသွပ်ဆီများရောင်းချရာတွင် FDA ထောက်ခံချက်ရရှိသော ဘူးသွပ်ဆီများကိုသာ‌ရောင်းချသွားရန်နှင့် ရောနှောဆီများကိုရောင်းချသည်ကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် သက်ဆိုင်ရာဌာနများမှလည်း လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနများ၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီထုတ်လုပ်ရောင်းချသွားရန် မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့ပေါရှိ ရွှေမေတ္တာအာလူးကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ပြည်တွင်း MSMEs ကဏ္ဍ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးရည်ရွယ်၍ ( ၂၇-၅-၂၀၂၄) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်ရှိ “ရွှေမေတ္တာ” အာလူးကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ ထုတ်လုပ်မှုအဆင့်ဆင့်နှင့်ဈေးနှုန်း၊ ဈေးကွက်များအား ကွင်းဆင်းမေးမြန်းခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းမေးမြန်းရာတွင် အာလူးကြော်လုပ်ငန်းရှင်မှ ယခုလက်ရှိအချိန်တွင် အာလူးကြော်များရောင်းအားသွက်လျက်ရှိပါကြောင်း၊ ဟဲဟိုး၊အောင်ပန်းမြို့များမှ ရှမ်းအားလူး(ရှယ်)များ ဝယ်ယူကြောင်း၊ အာလူး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ အာလူးတစ်ပိဿာကြော်လျှင် (၅၀) ကျပ်သားထွက်ရှိကြောင်း၊ တစ်နေ့လျှင် ပျမ်းမျှပိဿာအချိန် (၅၀၀) ပိဿာကြော်ရကြောင်း၊ အာလူးကြော်များကို ( ၆၀၀ ) ကျပ်တန်မှ (၁၀၀၀၀) ကျပ်တန်ထိ ထုတ်လုပ်ရောင်းချကြောင်း၊ မိတ္ထီလာမြို့၊ ကျိုင်းတုံ၊ တာချီလိတ်မြို့များသို့တင်ပို့ရောင်းချကြောင်း၊ အာလူးကြော်လုပ်ငန်းမှာစဉ်ဆက်မပြတ်ကြော်နေရပြီး ဖောက်သည်များရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ဝင်ငွေမှာမိသားစုစားဝတ်နေရေးအဆင်ပြေ၍ တွက်ခြေကိုက်မှုရှိပါကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပျော်ဘွယ်မြို့နယ်နှင့် မလှိုင်မြို့နယ်ရှိဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအားရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် (၂၃-၅-၂၀၂၄) ရက်နေ့၊ နေလည် (၁၃:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ သာစည်မြို့ပေါ်ရှိဆန်ဆိုင် (၁၀) ဆိုင်အား ဆန်လက်ကျန်အခြေအနေ၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်ဈေးနှုန်းဈေးကွက်၊ ဈေးနှုန်းမကြီးမြှင့်စေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်ရောင်းချသူလုပ်ငန်းရှင်များကိုမြို့နယ်တာဝန်ခံက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် မြို့နယ်အလိုက်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိ‌‌ပြီး၊  ဆန်ဂိုဒေါင်၊ ဆန်ဆိုင်ကြီးများအား ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဆန်လက်ကျန်နှင့်ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး၊ ဆန်ဈေးနှုန်းမြင့်တက်ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်များကိုသိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုရှိ/ မရှိ ဆန်ဈေးနှုန်းမြင့်တင်ရောင်းချမှုမပြုလုပ်ရန် ပူးပေါင်းအဖွဲ့ ဖြင့်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပျော်ဘွယ်မြို့နယ်ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက် များအားရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများနှင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ (၂၃-၅- ၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်မှစတင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် ပျော်ဘွယ်မြို့နယ်တာဝန်ခံသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၅) ဆိုင်ရှိ ဆေးနှင့် ဆေးပစ္စည်းများအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် စာသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသည့် တရားမဝင်ဆေးဝါးများနှင့် Online ပေါ်မှတဆင့် ဖြန့်ချိရောင်းချနေသော တရားမဝင်ဆေးဝါးများရောင်းချနေမှုရှိ/ မရှိစစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့် ဆေးပစ္စည်းများရောင်းချနေမှုရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“သာစည်မြို့နယ်၊ ဇီးပင်ပေါက်ကျေးရွာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း”

      ၂၀၂၄ ခုနှစ်၊ မေလ (၂၇) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် သာစည်မြို့နယ် ဇီးပင်ပေါက်ကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ စုစုပေါင်း (၆၈) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာဆောင်များဖြန့်ဝေခဲ့ပါသည်။

      အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိမ့်သူဇာမောင်၊ ဒု-ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေး(၈) ချက်၊ တာဝန်(၄)  ချက်၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် သိရှိလိုက်နာရမည့်အကြောင်းအရာများနှင့်စားသုံးသူများဖြစ်သည့်အတွက်စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ရုံးများတွင်ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးမှားတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Applicationနှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း ၊ Consumer Call Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး  (၁၁:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

Top Winner Co.,Ltd အား ဌာနဆိုင်ရာအဖွဲ့ဝင်များဖြင့် သွားရောက်စစ်ဆေးခြင်း

      ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဟေမာဇော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဒေါက်တာအောင်ကိုကို၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လှမောင်  စသည့်ဌာနများပူးပေါင်း၍ ၂၇-၅-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၂း၃၀) နာရီအချိန်တွင်  အမှတ် (25)၊ အလယ်ဘလောက်၊ ပထမထပ်၊ (၅၂) လမ်း၊ ဗိုလ်တထောင်မြို့နယ်ရှိ Top Winner Co.,Ltd မှ ဒါရိုက်တာ ဒေါက်တာရွှေစင်ဝင်းနှင့်သွားရောက်တွေ့ဆုံ၍ ဆေးကုမ္ပဏီအတွင်းရှိ ဆေးဝါးများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့စစ်ဆေးရာတွင် ဆေးကုမ္ပဏီတွင် ဆေး(8)မျိုးရှိပြီး၊ သွေးတိုးကျဆေး၊ အအန်ပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ကိုယ်ခံအားကောင်းဆေးများဖြစ်ပြီး အဆိုပါ ဆေးများဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဗဟိုရ်လမ်းရှိ ရွှေအိုးဆေးဆိုင်အား ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခြင်း

      ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည့်ဌာနများပူးပေါင်း၍ ၂၇-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် အမှတ် (187)၊ ဗဟိုရ်လမ်း၊ စမ်းချောင်းမြို့နယ်ရှိ ရွှေအိုးဆေးဆိုင်မှ  ဆိုင်တာဝန်ခံ‌ ဒေါ်အေးသန္တာထွန်းနှင့်သွားရောက်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများအား စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးဆိုင်တွင် ဆေးအမျိုးပေါင်း (250)ကျော်ရှိပြီး သွေးကျဆေး၊ ရင်ကြပ်ပျောက်ဆေး၊ အပူလိမ်းဆေး၊ အကိုက်ခဲပျောက်ဆေး၊ လေဆေး၊ အစာအိမ်ဆေး၊ ဆီးချိုဆေး၊ သန္ဓေတားဆေး၊ အားဆေးများမှာ ရောင်းအားကောင်းသောဆေးများဖြစ်ပြီး  DKSH,  Mega စသည့် ဆေးကုမ္ပဏီများမှပေးပို့သည့် ဈေးနှုန်းများအပေါ်  ၅%မှ 10%အထိ အမြတ်တင်ရောင်းချခြင်းဖြစ်ကြောင်း ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

တာမွေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ စာသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်ခဲ့

      စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးလှစိုးနှင့်တာဝန်ရှိ ဝန်ထမ်းများသည် ၂၄.၅.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ အထွေထွေ အုပ်ချုပ်‌ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

      အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက ပထမဦးစွာ စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ ၁၅ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ဖြင့်ပြဋ္ဌာန်းခဲ့ကြောင်း၊ ဥပဒေတွင် အခန်း (၂၅)ခန်းနှင့် ပုဒ်မ(၈၃)ခုပါရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲမှုနှင့်ပတ်သက်၍ နစ်နာမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများကိုလည်း ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးပါကြောင်း၊ ဥပဒေပါ ရည်ရွယ်ချက်၊ ကော်မရှင်/ကော်မတီဖွဲ့စည်းခြင်း၊ စစ်ဆေးရေးအရာရှိ၏လုပ်ငန်းတာဝန်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကို အကျယ်တဝင့်ဆွေးနွေးပေးခဲ့ရာ ဆွေးနွေးပွဲသို့ (၁၂)ဦးတက်‌ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့နယ်တွင် စားအုန်းဆီရောင်းချမှုအား ကွင်းဆင်းစိစစ်

      ၂၀၂၄ခုနှစ်၊ မေလ(၂၈)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ ပြည်သူများအား ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားအုန်းဆီများရောင်းချပေးခဲ့ရာ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် စားအုန်းဆီရောင်းချမှုအခြေအနေအား ကွင်းဆင်းစိစစ်ခဲ့ကြောင်းသိရသည်။

       အဆိုပါစားအုန်းဆီရောင်းချပေးရာတွင် စားအုန်းဆီ (၁)ပိဿာလျှင် ၅၉၅၀ကျပ်ဖြင့် ပြည်သူတစ်ဦးလျှင် (၁)ပိဿာနှုန်းရောင်းချပေးခဲ့ပြီး ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်ရှိ သတ်မှတ်နေရာများတွင် ပြည်သူ(၁၉၇၃)ဦးအတွက် စားအုန်းဆီ ၁၉၇၃ပိဿာရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News
a