လူသုံးကုန်၊ စားသောက်ကုန်ဖြန့်ဖြူးသည့် ကုမ္ပဏီများအားဈေးကွက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ အောင်ပန်းမြို့ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ဖြန့်ဖြူးသည့် ကုမ္ပဏီများသို့ (၁၃-၅-၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသွားရောက်၍ လူသုံးကုန်ဖြန့်ဖြူးသည့် ကုမ္ပဏီများတွင် ဈေးကွက်စစ်ဆေးမှုအရ မြန်မာဘာသာကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး လမ်းညွှန်ချက်များအပေါ် ကုမ္ပဏီလုပ်ငန်းရှင်များက လိုက်နာလာသည်ကိုတွေ့ရှိရပါသည်။
စားသောက်ကုန်ဖြန့်ဖြူးသည့် ကုမ္ပဏီများသို့ သွားရောက်စစ်ဆေးရာတွင် စားသောက်ကုန်အများအပြားမှာ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ရောင်းချနေသော်လည်း တချို့စားသောက်ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်ညွှန်းအမှတ်အသားမပါရှိသည့် ကုန်စည်များကိုလည်းစစ်ဆေးတွေ့ရှိရပါသည်။ ထိုသို့ မြန်မာဘာသာကုန်ညွှန်းအမှတ်အသားမပါသည့် ကုန်စည်များအား ဈေးကွက်တွင် မရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ရောင်းချဖြန့်ဖြူးနိုင်ရေး ပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)