Main menu

HighLight News

Powered by Drupal

ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ မြို့နယ်တာဝန်ခံသည် (၁၉-၅-၂၀၂၃ )ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် လမ်းမတော်(တ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ စိုက်ပျိုးရေးဦးစီးမှူးရုံး၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

 ဟောပြောပွဲတွင် စားသုံးသူ‌‌‌ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းသိရှိလိုပါက www . doca . gov . mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများဖွင့်လှစ်ထားရှိမှုအခြေအနေအကြောင်းတို့ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကလည်း သိရှိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

လေးမျက်နှာမြို့၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၉-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ခမောက်စုကျေးရွာရှိ ကြာသပတေးပတ်ဆွမ်းလောင်းဓမ္မာရုံ၌ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

 ဟောပြောပွဲတွင် စားသုံးသူ‌‌‌ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက  စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊  စားသုံးကာကွယ်ရေးဥပဒေ ၂၀၁၉အရ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှု များနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ ဈေးကွက်အတွင်း ရောင်းချနေသောကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးခြင်းများ၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းသိရှိလိုပါက www . doca . gov . mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများဖွင့်လှစ်ထားရှိမှုအခြေအနေတို့ကိုလည်းကောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကလည်း သိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ် နှင့် လက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးပိုးဖြူပိုင်မင်းနှင့် ဝန်ထမ်းများသည် (၂၃-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့၊ ဆပ်သေကျေးရွာရှိ ကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင်(၅)ဦးအားတွေ့ဆုံ၍ စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောခဲ့ကြပါသည်။

 အဆိုပါအသိပညာပေးဟောပြောမှုတွင် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးပိုးဖြူပိုင်မင်းက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်ကိစ္စရပ်ကိုရှင်းလင်းခြင်း၊ စားသုံးသူ၏အဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်၏လိုက်နာရမည့်တာဝန်များကိုရှင်းလင်းခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉၊ အခန်း(၁၈)တွင်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားတွင် ပါရှိရမည့်အချက်များကိုရှင်းလင်းခြင်း၊ စားသုံးသူသည် လိုအပ်ချက်အရ ကုန်စည်ကိုဝယ်ယူအသုံးပြုရာတွင် ကုန်စည်ကြောင့် စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်စားသုံးသူ၏အခွင့်အရေးရှိ၍ တိုင်ကြားနိုင်သည့် လိပ်စာများ၊ နည်းလမ်းများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ဆိုင်ရှင်လုပ်ငန်းရှင်များကလည်း မိမိတို့ရောင်းချသောကုန်စည်များတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအစား၊ အသားတင်ပမာဏ၊ ထားသိုပုံသိမ်းဆည်းမှုအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲ၊ အမှတ်စဉ်၊ လုပ်ငန်းအမည်၊ လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ ကျန်းမာရေးဘေးထွက်ဆိုးကျိုး၊ သက်ဆိုင်ရာဌာနတို့၏ ဖော်ပြရန်သတ်မှတ်ထားသောအချက်အလက်များပါဝင်သည့် ကုန်စည်ကိုသာရွေးချယ်ဦးစားပေးရောင်းချရမည်ကို သိရှိလာရပါကြောင်းနှင့် ထပ်မံသိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဘိုကလေးမြို့နယ်၊ “နွေမိုးဆောင်း”စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်နှင့်ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် “နွေမိုးဆောင်း”စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်း(၇)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက ရောင်းချနေသောစက်သုံးဆီနှင့်ပတ်သက်၍ သတ်မှတ်ထားသောရည်ညွှန်းဈေးများအတိုင်း ရောင်းချမှုရှိ/မရှိ၊ ဈေးနှုန်းဈေးကွက်အခြေအနေများ၊    စားသုံးသူပြည်သူများအား သတ်မှတ်သည့်ရည်ညွှန်းဈေးနှုန်းထက်ကျော်လွန်၍ ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိစိစစ်ခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၀)အရ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ အကြောင်း၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်း၊ စားသုံးသူများနစ်နာမှုဖြစ်ပေါ်လာပါက တိုင်ကြားမှုစင်တာများ   ဖွင့်လှစ်ထားရှိကြောင်း၊ Call Center (1535) သို့လည်း တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့၊ မြို့မဈေးရှိ ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

      ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးသိန်းမောင်သည် (၁၉-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့၊ မြို့မဈေးရှိ ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ပါသည်။

  ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဦးသိန်းမောင်က လုပ်ငန်းရှင်များအနေဖြင့် ရောင်းချနေသောကုန်စည်များတွင် သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားဖော်ပြချက်များပါဝင်စေရန်ဖြစ်ကြောင်း၊ တားမြစ်ထားသောကုန်စည်များရောင်းချမှုမရှိစေရန်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များကိုသိရှိစေရန်ဖြစ်ကြောင်း၊ စားသုံးသူများနစ်နာမှုဖြစ်ပေါ်လာပါကတိုင်ကြားနိုင်မှုအခြေအနေများ၊ လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံ ရောင်းချသည့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်  (၁၉-၅-၂၀၂၃) ရက်နေ့၊  နံနက် (၁၁:၀၀) နာရီအချိန်၌  စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် အမှတ်(၇)ရပ်ကွက်၊ နန္ဒဝန်ဈေးမှ ကုန်မျိုးစုံရောင်းချသည့်လုပ်ငန်းရှင်များအား ဖိတ်ကြားပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားပြီးနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များအနက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ကာ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များကသိရှိလိုသည့် မေးမြန်းဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ လုပ်ငန်းရှင် (၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

မအူပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုခန်းမတွင် Talk Show အစီအစဉ်ဆောင်ရွက်

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအုပင်ခရိုင်ဦးစီးမှူးရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတို့ပူးပေါင်းဆောင်ရွက်မှုဖြင့် (၁၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ Online Shoping ဝယ်ယူအသုံးပြုရာတွင် စားသုံးသူပြည်သူများနစ်နာမှုမရှိစေရန် အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာထွေးက Online Shoping ရောင်းချမှုနှင့်ပတ်သက်၍ မေးမြန်းရာ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူများ Online Shoping ဝယ်ယူရာတွင် စားသုံးသူများရင်ဆိုင်တွေ့ကြုံနေရသည့် အချက်အလက်များနှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို စားသုံးသူပြည်သူများအသေးစိတ်သိရှိနိုင်ရန် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မိတ္ထီလာမြို့ ပေါ်ရှိ ဖုန်းနှင့်ဆက်စပ်ပစ္စည်းအ‌ရောင်းဆိုင်နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များနှင့် တွေ့ဆုံခြင်း

   (၂၃-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးရုံးခန်းအတွင်း၌ ဖုန်းနှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုးရောင်းချသည့်အရောင်းဆိုင်ရှင်များနှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရပါသည်။

 တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) အရ ဖုန်းနှင့်ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုးပေါ်တွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်သားသတ်မှတ်ချက်များ၊ အာမခံချက်ပေးခြင်းများနှင့်စပ်လျဉ်း၍ ကိုက်ညီမှုရှိရန်လိုအပ်ကြောင်း၊ ဌာနအနေဖြင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိ ရာ ကုန်ပစ္စည်းအလိုက် လိုအပ်သည့်မြန်မာအညွှန်းများမပါရှိပါက ဥပဒေနှင့်အညီအ‌ရေးယူဆောင်ရွက်သွားမည်ဖြစ်၍ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ Handset များရောင်းချရာတွင် Operation Manual Book များကို မြန်မာဘာသာပြန်ထားရန်လိုအပ်ကြောင်း၊ ယခုနောက်ပိုင်း ဖုန်းတော်တော်များများမှာ ဘာသာပြန်ထားသည်ကိုတွေ့ရှိရကြောင်း စသည်ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မိတ္ထီလာမြို့ပေါ်မှ ဖုန်းနှင့်ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်လုပ်ငန်းရှင် (၁၅) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မန္တလေး)

“ ဝါစိုက်ပျိုးထွက်ရှိမှုနှင့် စျေးကွက်အခြေအနေအား ကွင်းဆင်းလေ့လာ ”

  ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက် အလားအလာရှိသော အဓိကသီးနှံများ၏ စတင်စိုက်ပျိုးမှုမှသည် စျေးကွက်တင်ပို့ရောင်းချမှုအခြေအနေများအား သိရှိနိုင်ရေးအတွက် (၁၉-၅-၂၀၂၃) ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ ရွာသာကျေးရွာရှိ  ဝါကုန်သည် ဦးအေးမင်း(အလင်းရောင်ဝါစက်)နှင့် ထနောင်းကုန်းကျေးရွာရှိ ဝါစိုက်ပျိုးသော ဦးကျော် ကျော်တို့အား မိုးကြိုဝါစိုက်ပျိုးထွက်ရှိမှု၊ စျေးနှုန်းစျေးကွက်အခြေအနေများအား ကွင်းဆင်းမေးမြန်းခဲ့ပါသည်။

 ကျောက်ဆည်ခရိုင်တွင် မိုးကြိုဝါစိုက်ပျိုးမှုအနေဖြင့် စဉ့်ကိုင်မြို့နယ်၌ (၂၁၀) ဧကနှင့် မြစ်သားမြို့နယ်၌ (၁၀၀၉) ဧက၊ စုစုပေါင်း(၁၂၁၉) ဧကစိုက်ပျိုးလျက်ရှိပါသည်။ မိုးကြိုဝါအား ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလများတွင် စတင်စိုက်ပျိုးပြီး ဇူလိုင်လနှင့် သြဂုတ်လများတွင် ရိတ်သိမ်းကြောင်း၊ မိုးနှောင်းဝါအား သြဂုတ်လတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊ မျိုးအနေဖြင့် တောင်သူအများစုမှာ ငွေချည်(၆)နှင့် (ရာကာ)အိန္ဒိယမျိုးများအား အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ဝါ(၁)ဧကလျှင် မျိုးတစ်ထုပ်ခွဲမှ နှစ်ထုပ်အထိကုန်ကျပြီး တစ်ထုပ်လျှင် (၃၂၀၀၀/-) ကျပ်ပေးရကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၇၀၀၀၀၀) ကျပ်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၆၀၀-၇၀၀) ပိဿာထွက်ရှိကြောင်း၊ ထွက်ရှိလာသော ဝါများအား မန္တလေးစျေးကွက်သို့တင်ပို့ရောင်းချကြောင်း၊ ဝါစျေးနှုန်းအနေဖြင့် ယခင်နှစ်၌ ဝါ(၁)ပိဿာလျှင် (၃၃၀၀-၃၅၀၀) ကျပ်၊ ဝါစေ့ (၁)ပိဿာလျှင် (၁၄၀၀/-) ကျပ်နှင့် ဝါဂွမ်း(၁)ပိဿာလျှင် (၇၃၀၀-၇၄၀၀)ကျပ်စျေးများရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ဝါသီးနှံများထွက်ပေါ်ခြင်း မရှိသေးဘဲ စိုက်ပျိုးထားသောမိုးကြိုဝါသီးနှံများမှာလည်း အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရှိပါသည်။

DOCA(မန္တလေး)

အစားအသောက်ဘေးကင်းလုံခြုံရေးအသိပညာပေး Talk Show ဟောပြောဆွေးနွေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က  (၂၂-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အစားအသောက် ဘေးကင်းလုံခြုံရေးအသိပညာပေး Talk Show ပွဲပြုလုပ်ကျင်းပခဲ့ပါသည်။

  အဆိုပါ Talk Show ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က Talk Show  ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး  ဦးဝေဠုအောင်က စားသုံးသူလိုက်နာရမည့် အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ အစားအသောက်များဘေးကင်းလုံခြုံရေးအတွက် ဌာန၏လုပ်ဆောင်နေမှုများ၊ ကုန်စည်၊ ဝန်ဆောင်မှုအာမခံချက်များနှင့် မိဘပြည်သူများသည် အခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်း ပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်၍ တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားလိုလျှင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Mobile Application တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားလျှင် အထောက်အထားမပြည့်မစုံ၊ ပြေစာ/အာမခံအထောက် အထား၊ ဆက်သွယ်ရမည့်လိပ်စာအပြည့်အစုံမရှိပါက ဖြေရှင်းဆောင်ရွက်ပေးလို့မရကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် တိုင်ကြားနိုင်သူများ အကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - HighLight News