Main menu

HighLight News

Powered by Drupal

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၃) ကျင်းပပြုလုပ်ခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေပြီး ဌာန၏လုပ်ငန်းများ လွယ်ကူလျင်မြန်၍ တိုးတက်အောင်မြင်လာအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၃)အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နှင့် (၁၇)ရက်နေ့များတွင် ပခုက္ကူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါသင်တန်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးပို့ချခဲ့သော မှန်ကန်ထိရောက်သောရုံးစာရေးသားခြင်းကို ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က ဆင့်ပွားပို့ချပေးပြီးနောက် ပို့ကုန်သွင်းကုန်ဥပဒေအားလည်းကောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းစဉ်ဆိုင်ရာညွှန်ကြားချက်(၁/၂၀၂၂)အားလည်းကောင်း၊ ဂန့်ဂေါခရိုင်ဦးစီးမှူး (ပခုက္ကူတွဲဘက်) ဒေါ်မွန်မွန်စိုးက ဘေးအန္တရာယ်ရှိသောကုန်စည်ကို ပြန်လည်သိမ်းဆည်းစေခြင်း သို့မဟုတ် အမြဲတမ်းတားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသောဝန်ဆောင်မှုကို ယာယီတားမြစ်ခြင်း သို့မဟုတ် အမြဲတမ်းတားမြစ်ခြင်းဆိုင်ရာညွှန်ကြားချက်(၃/၂၀၂၂)အားလည်းကောင်း၊ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူကာကွယ်ရေးနည်းဥပဒေအားလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်မြင့်မြင့်သန်းက (The Commerce Journal) သတင်းရေးသားနည်းသင်တန်းမှပို့ချသော သတင်းရေးသားနည်းဆိုင်ရာအချက်အလက်များအား Online Zoom meeting ဖြင့် တက်ရောက်မှုကိုလည်းကောင်း အသီးသီးဆင့်ပွားပို့ချခဲ့ကြပါသည်။

         ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(၁/၂၀၂၃)သင်တန်းအား (၉:၃၀ နာရီမှ ၁၆:၀၀ နာရီအထိ) ကျင်းပပြုလုပ်ခဲ့ရာ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ သင်တန်းသား(၂၀)ဦးတို့တက်ရောက်ခဲ့ပြီး ယခုဖွင့်လှစ်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများသည် ဝန်ထမ်းများအတွက် အသိပညာဗဟုသုတများရရှိ၍ လုပ်ငန်းဆောင်ရွက်မှုတွင် ပိုမိုတိုးတက်အောင်မြင်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)

 

ပြည်ခရိုင်အတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးပွဲများဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်အရ ပြည်မြို့နယ်တာဝန်ခံသည် (၁၅-၂-၂၀၂၃) ရက်နေ့တွင် ပြည်ခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော ပြည်ခရိုင်အတွင်းရှိ နို့စားနွားမွေးမြူထုတ်လုပ်ရေးသင်တန်းသို့သွားရောက်၍ သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသားများအားတွေ့ဆုံ၍ စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ ၊ကုန်စည်(သို့)ဝန်ဆောင်မှု၏ အာမခံထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားပြုလုပ်ခြင်းဆိုင်ရာပြဋ္ဌာန်းချက်များ၊ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များ၊ ကုန်စည်(သို့)ဝန်ဆောင်မှုကိုသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုအပေါ် အရေးဆိုတိုင်တန်းနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းဖွင့်လှစ်ဆောင်ရွက်ထားမှုအခြေအနေများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့နယ် အ-ထ-က ကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

       စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ (၉-၂-၂၀၂၃)ရက်နေ့၊ နံနက် ( ၁၀:၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးအောင်သိန်း၊ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုတို့သည် အ-ထ-က ( ဖိုးခေါင်စု) ကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ၂၉၂ ဦးအားလည်းကောင်း၊ အ-လ-က (ရေကန်) ကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၆၂)ဦးအားလည်းကောင်း တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များအတိုင်း သိသာထင်ရှားစွာ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့် စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ဓာတုဆိုးဆေးနှင့် တာရှည်ခံဆေးများ၏အန္တရာယ်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ထုတ်လုပ်ရက်နှင့်ကုန်ဆုံးရက်များပါရှိသည့် သန့်ရှင်းလတ်ဆတ်သောအစားအသောက်များကို ရွေးချယ်ဝယ်ယူစားသောက်တတ်စေရန် အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ကျောင်းမုန့်ဈေးတန်းများတွင် ကျန်းမာရေးနှင့်ညီညွတ်၍ ဘေးအန္တရာယ်ကင်းရှင်းသောကျောင်းမုန့်ဈေးတန်းဖြစ်စေရေးအတွက် မုန့်ရောင်းချသူများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အလေးထားဆောင်ရွက်ရန်နှင့် သန့်ရှင်းလတ်ဆတ်သောအစားအသောက်များကို ရွေးချယ်ဝယ်ယူရောင်းချရန်၊ ယင်နားစာများမဖြစ်စေရန်အတွက် သေချာစွာဖုံးအုပ်ရောင်းချရန် ၊စားသုံးရန်မသင့်သောအစားအစာများကို ရောင်းချခြင်းမပြုရန်နှင့် ကိုဗစ် - ၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါကြောင်းသတင်းရရှိပါသည်။

DOCA(ပဲခူး)

ကျောင်းကျန်းမာရေးဆိုင်ရာ သင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး‌‌‌‌ဟောပြောဆွေးနွေး

     နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းရှိ မနောဟဒယခန်းမတွင် ဆရာ/ဆရာမ (၃၃၅)ဦးအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းတွင် ဖွင့်လှစ်သော ကျောင်းကျန်းမာရေးဆိုင်ရာသင်တန်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါသင်တန်းတွင် မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးအေးသန့်က ကျောင်းကျန်းမာရေးဆိုင်ရာအကြောင်း ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူးက ဆရာ/ဆရာမများအား အမှာစကားပြောကြားခြင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးက ကျောင်းအခြေပြု ရှေးဦးသူနာပြုစောင့်ရှောက်မှုအကြောင်းဆွေးနွေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးခင်မောင်ထွန်းက စားသုံးသူကာကွယ်ရေးဥပဒေအားလည်းကောင်း၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေက ကုန်ညွှန်းအမှတ်အသားဆိုင်ရာအကြောင်းအားလည်းကောင်း၊ ကျန်းမာရေးမှူးက ကျောင်းတွင်းအစားအစာ အန္တရာယ်ကင်းဝေးစေရေးအကြောင်းအားလည်းကောင်း၊ သွားဆရာဝန် ဒေါက်တာဖြိုးထက်က သွားနှင့်ခံတွင်းကျန်းမာရေးအကြောင်းအားလည်းကောင်း၊ ဒေါ်သင်းသင်းဌေး (အမျိုးသမီးကျန်းမာရေးဌာန)က အာဟာရအခြေအနေတွက်ချက်မှုကို ဆန်းစစ်ဆွေးနွေးခြင်း၊ ကျောင်းကျန်းမာရေး မှတ်တမ်းသုံးစွဲခြင်းအခြေအနေများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တရားမဝင် ကုန်သွယ်မှုများ ပပျောက်ရေး ဒေသအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးဆောင်၍ မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်ရဲတပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကော်မတီမှ ပူးပေါင်းအဖွဲ့များသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် အုတ်ဖိုမြို့ရှိ ဆေးဆိုင်များ၌ ဆေးဝါးမှတ်ပုံတင်ရရှိပြီးသောဆေးဝါးများနှင့် Brand Name ဆင်တူသော မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသည့် တရားမဝင်ဆေးဝါးများအား ဈေးကွက်အတွင်းရောင်းချမှု ရှိ /မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေးအတွက် ဒေသအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးနောက် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ပဲခူး)

စိုက်ပျိုးရေး ၊ မွေးမြူရေးကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများသို့ ကွင်းဆင်းဟောပြော

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲကို တစ်လလျှင် ၁၀ ရွာနှုန်း ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် သာယာဝတီမြို့နယ်၊ အိုင်ဂတုန်အုပ်စု၊ အိုင်ဂတုန်ကျေးရွာရှိ ဘုန်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တောင်သူစုစုပေါင်း ၁၀၁ ဦးတက်‌ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

      ဆွေးနွေးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မွေးမြူရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ ကျေးရွာစိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာမြေထွက်ကုန်များ ရောင်းချနိုင်ရေးအတွက် အကြုံပြုဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ အိုင်ဂတုန် ကျေးရွာသည် မြစ်မခမြစ်ကမ်းဘေးတွင်တည်ရှိပြီး တစ်နှစ်လျှင် နှစ်သီးစား စိုက်ပျိုးဖြစ်ထွန်းပါသည်။ ပြောင်းနှင့်ပဲမျိုးစုံကို အဓိကစိုက်ပျိုးကြပြီး နေကြာသီးနှံကို သီးညှပ်သီးနှံအဖြစ် အနည်းငယ်သာ စိုက်ပျိုးပါသည်။ ယခုအခါ ကုန်းလမ်းဖောက်လုပ်ရန် ကျေးလက်လမ်းဦးစီးဌာနက ကူညီဆောင်ရွက်ပေးနေပြီး လမ်းဖောက်လုပ်ပြီးစီးပါက ကျေးရွာထွက်ကုန်စည်များ ရောင်းချရာတွင် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့လာမည် ဖြစ်ပါကြောင်းသတင်းရရှိပါသည်။

DOCA(ပဲခူး)

တရားမဝင် ကုန်စည်များရောင်းချမှုမရှိစေရေးဈေးကွက်စောင့်ကြည့်စစ်ဆေး

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တာဝန်ခံနှင့် စစ်ဆေးရေးမှူးသည် ၈-၂-၂၀၂၃ ရက်နေ့တွင် မင်းလှမြို့၊ မြို့မစည်ပင်သာယာဈေးကြီးအတွင်း  ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် တရားမဝင်ကုန်ပစ္စည်းများရောင်းချခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သောကုန်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် တရားမဝင်ကုန်မျိုးစုံများ ရောင်းချနေခြင်းမရှိကြောင်း တွေ့ရှိခဲ့ရပြီး တရားမဝင်ကုန်ပစ္စည်းများအား ရောင်းချခြင်းမပြုရန်၊ စားသုံးသူများ ဘေးကင်းလုံခြုံစွာဝယ်ယူစားသောက်နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်နှင့် တရားမဝင်ကုန်ပစ္စည်းများပပျောက်စေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် ဆွေးနွေးပညာပေးပြီး လက်ကမ်းစာစောင်များမျှဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကျင်းပခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေပြီး ရုံးလုပ်ငန်းများ၌ ကျွမ်းကျင်မှုရှိပြီး ဌာန၏လုပ်ငန်း များကိုဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိ နေ့စဉ် နံနက် (၁၀:၀၀) နာရီမှ ညနေ (၁၂:၀၀) နာရီအထိလည်းကောင်း၊ ညနေ (၁၄:၀၀) နာရီမှ (၁၆:၀၀) နာရီအထိလည်းကောင်း သင်ခန်းစာပို့ချပြီး (၃)ရက်တာသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး သင်တန်းသားဦးရေစုစုပေါင်း (၁၂)ဦးတက်ရောက်ခဲ့ပါသည်။

     အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဌာနမှဆောင်ရွက်နေသော စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းစဉ်များနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ရုံးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဝန်ထမ်းများကျွမ်းကျင်မှုရှိစေပြီး ဌာန၏လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်စေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

    သင်တန်းတွင် ကယားပြည်နယ်ဦးစီးမှူးရုံးရှိ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က နိုင်ငံ့ဝန်ထမ်းဥပဒေအကြောင်းကိုလည်းကောင်း၊ ဦးမိုးညွန့်ဦး (ဦးစီးအရာရှိ)က စီမံရေးရာဌာနခွဲဆိုင်ရာဘာသာရပ်၊ ရုံးလုပ်ငန်းလက်စွဲပါအခန်းများ၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲဆိုင်ရာဘာသာရပ်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာဘာသာရပ်၊  စာကြည့်တိုက်ဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဘာသာရပ်ဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း ဒေါ်သစ္စာဖူး(ဦးစီးမှူး)က ငွေစာရင်းဌာနခွဲဆိုင်ရာဘာသာရပ်၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲဆိုင်ရာဘာသာရပ်၊ မှုဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲဆိုင်ရာဘာသာရပ်များကိုလည်းကောင်း အသီးသီးပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းမှ ဝန်ထမ်းများအနေဖြင့် ဌာနခွဲအလိုက် ပို့ချသောသင်ခန်းစာများမှ အားသာချက်၊ အားနည်းချက်များနှင့် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခြင်း၊ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များနှင့် အသိပညာဗဟုသုတများရရှိ၍ ဌာန၏လုပ်ငန်းကိုဆောင်ရွက်ရာတွင် အထောက်အကူဖြစ်ကြောင်း၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့ ညနေ(၁၄:၃၀)နာရီအချိန်တွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းသိရပါသည်။

DOCA(ကယား)

 

စစ်ဆေးအရာရှိ၏ အခန်းကဏ္ဍနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း’’ဆိုင်ရာ Thursday Talk အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်

      ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့၊ နံနက်( ၁၀:၀၀ )အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့်  “စစ်ဆေးအရာရှိ၏အခန်းကဏ္ဍနှင့် ဈေး ကွက်စောင့်ကြည့်စစ်ဆေးခြင်း ’’ ခေါင်းစဉ်ဖြင့် Thursday Talk အသိပညာပေးဆွေးနွေးပွဲကို ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်းဝန်ထမ်း (၁၄) ဦးတက်ရောက်ခဲ့ပါသည်။

         အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပထမဦးစွာ ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဒေါ်သစ္စာဖူး (ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စစ်ဆေးရေး အရာရှိ၏အခန်းကဏ္ဍနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအကြောင်းကိုဆွေးနွေးရာတွင် စစ်ဆေးရေးအရာရှိ၏အခန်းကဏ္ဍများ၊ လုပ်ငန်းတာဝန်များ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၏ရည်ရွယ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ သိရှိရမည့်အချက်များ၊ ကုန်စည်၏ဝိသေသလက္ခဏာများ၊ ကုန်စည်ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် တာဝန်ရှိသူများ၏ကဏ္ဍများ၊ ကုန်စည်ထုတ်လုပ်သူများ၏တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်စည်၏ အန္တရာယ်ဖြစ်စေနိုင်မှုအခြေအနေများနှင့် အန္တရာယ်ဖြစ်စေနိုင်မှုအား ချင့်ချိန်သုံးသပ်ရန် နည်းလမ်းများ စသောအချက်များအား တစ်ချက်ချင်း ဆွေးနွေးရှင်းလင်းခဲ့ပါသည်။ ယင်းကဲ့သို့  Thursday Talk အသိပညာပေ ဆွေးနွေးပွဲဆောင်ရွက်ခြင်းအားဖြင့် ဝန်ထမ်းများသည် အသိပညာဗဟုသုတများရရှိပြီး၊  ဌာန၏လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်သည့် အကျိုးကျေးဇူးများကိုရရှိပြီး ဆွေးနွေးပွဲအား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။

DOCA(ကယား)

 

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စက်သုံးဆီအရောင်းဆိုင်များ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိမရှိကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၃-၂-၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချနေခြင်း ရှိ/မရှိကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင်  မြို့နယ်တာဝန်ခံက စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးနေသည့်လုပ်ငန်းရှင်များအား တရားမဝင်တင်သွင်းလာသောစက်သုံးဆီနှင့် ချောဆီများကို တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဖြင့် စစ်ဆေးဖော်ထုတ်ဆောင်ရွက်နေကြောင်း၊ စက်သုံးဆီ၊ ချောဆီများ သယ်ဆောင်မှုအား စောင့်ကြည့်စစ်ဆေးခြင်း၊ မြို့နယ်အလိုက် စက်သုံးဆီအရောင်းဆိုင်အရေအတွက်နှင့် လက္ကားဝယ်ယူသည့်ကုမ္ပဏီစာရင်းများကို ကောက်ယူနေကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်း၊ ဖြန့်ဖြူးရောင်းချနေခြင်းကို စစ်ဆေးတွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း PPRD (ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာန)မှ နေ့စဉ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးထက်ပိုမိုရောင်းချခြင်းရှိ/မရှိနှင့် ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် စက်သုံးဆီများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုဘဲ အချိန်အတွယ်မှန်ကန်စွာရောင်းချနိုင်ရေး ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် စက်သုံးဆီလုပ်ငန်းရှင်များထံသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

 

Pages

Subscribe to RSS - HighLight News