Main menu

HighLight News

Powered by Drupal

မအူပင်မြို့နယ် ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊  မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည်  ခရိုင် FDA၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့တို့နှင့်အတူပူးပေါင်း၍ (၁၃-၂-၂၀၂၃) ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ ဆေးမျိုးစုံရောင်းချသည့်အရောင်းဆိုင်(၄)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့ပေါ်ရှိ ဆေးအမျိုးမျိုးရောင်းချနေသော ဆေးဆိုင်(၄)ဆိုင်တွင် တရားမဝင်ဆေးဝါများ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိသော ဆင်တူယိုးမှားဆေးဝါးအတုအပများရောင်းချခြင်းရှိ/မရှိကို စစ်ဆေးခဲ့ကြပါသည်။ ဆေးဆိုင်ရှင်များကိုလည်း ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များပြည်စုံစွာဖော်ပြပါရှိသော ဆေးဝါးများကိုသာရောင်းချရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက တားမြစ်ကုန်စည်များကိုလည်း မရောင်းချရန်နှင့် သတ်မှတ်ချက်စည်းကမ်းများနှင့်မကိုက်ညီသောကုန်စည်များရောင်းချခြင်းမျိုးကို စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်ခြင်း၊ ဌာနတို့၏ ပြစ်မှု၊ပြစ်ဒဏ်ဥပဒေများအတိုင်း အရေးယူခံရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး၍ အသိပညာလုပ်ငန်းများကို ဆောင်ရွက်းခဲ့ပါသည်။

DOCA(ဧရာဝတီ)

မိုးညှင်းမြို့၊ သိမ်အင်းရပ်ကွက်အတွင်းရှိ စားသုံးသူများအား အသိပညာပေး‌ဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၁၄-၂-၂၀၂၃ ရက်နေ့ နံနက် ၁၀:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ သိမ်အင်းရပ်ကွက်အတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ပေးခြင်း၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ်ကိုဆိုလိုကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကြောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊ စားသုံးသူအခွင့်အရေးများဖြစ်သည့် စားသုံးသူများအတွက် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်‌ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားများရယူခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့်ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း စသည်တို့ကို အသိပညာ‌ပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များကိုဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

သထုံမြို့နယ်၊ အ-မ-က (အောင်ဇေယျ) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

   စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၃-၂-၂၀၂၃ ရက်နေ့တွင် သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်ရှိ အ-မ-က (အောင်ဇေယျ) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးဝင်းက အဖွင့် အမှာစကားပြောကြားခဲ့ပြီး သထုံမြို့နယ်တာဝန်ခံက ဌာန၏ Vision၊ Misson များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ ကုန်ပစ္စည်းများဝယ်ယူရာတွင် သတိပြုရမည့်အချက်များ၊ စားသုံးသူများ ထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့်အခြေအနေများ၊ နေရာများ၊ ဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်၊ website များအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပါသည်။‌

      အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသား (၁၈၆)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါသည်။ 

DOCA(မွန်)

 

စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကားဖြန့်ဖြူးရောင်းချခြင်းအား ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်း

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၈-၂-၂၀၂၃  ရက်နေ့တွင် မုဒုံမြို့နယ်ရှိ ကွေ့ဝမ်းကျေးရွာနှင့် ရွှေပြည်စိုးရပ်ကွက်တို့တွင်လည်းကောင်း၊ ၉-၂-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့၊ အောင်သုခရပ်ကွက်၊ ရွှေပြည်အေးရပ်ကွက်၊ သာယာကုန်းရပ်ကွက်တို့တွင်လည်းကောင်း၊ ၁၀-၂-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့ ကြက်တန်းမန္တလေးရပ်ကွက်၊ မောင်ငံရပ်ကွက်နှင့် စမ်းကြီးရပ်ကွက်တို့တွင်လည်းကောင်း၊ ၁၁-၂-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့၊ ကြက်တန်းမန္တလေးရပ်ကွက်၊ မြိုင်သာယာရပ်ကွက်၊ ကျွဲခြံကုန်းရပ်တို့တွင်လည်းကောင်း၊ ၁၂-၂-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်၊ ဘိုကုန်းရပ်ကွက်၊ ငန်းတေးရပ်ကွက်တို့တွင်လည်းကောင်း ကုမ္ပဏီများကဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများက လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သည့်စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး၏ ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ရာ လက်လီဈေးကွက်အတွင်း သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

DOCA(မွန်)

သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်၊အမက(ဦးဖြူ) ကျောင်း၌စားသုံးသူကာကွယ်ရေးအသိပညာဟောပြော

      စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၁၀-၂-၂၀၂၃ ရက်နေ့တွင် သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်၊ အ-မ-က(ဦးဖြူ)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိ ပညာပေး ဟောပြောဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်သီရိဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်သားဖော်ပြချက်နှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ စားသုံးသူထိခိုက်နစ်နာမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ Call Center ဖုန်းနံပါတ်များ၊ website များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

        အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ (၁၂၈)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မွန်)

 

မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကျင်းပ

      မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှစ်ပတ်လည် အသင်းသားများစုံညီအစည်းအဝေးကို ၁၁-၂-၂၀၂၃ ရက်နေ့ စနေနေ့တွင် မော်လမြိုင်မြို့ ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

          အစည်းအဝေးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်က အမှာစကားချီးမြှင့်ပြောကြားခဲ့ပြီး ၊ မွန်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းထိန်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို အတွင်းရေးမှူးက ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး၊ နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို အတည်ပြုခဲ့ကြပါသည်။ထို့နောက်စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ် ပြည်နယ်ဦးစီးမှူးက ၂၀၂၂-၂၀၂၅ သက်တမ်းရွေးချယ်တင်မြှောက်ခြင်းခံရသော အမှုဆောင်အဖွဲဝင်များ၏ အမည်စာရင်းကိုဖတ်ကြားတင်ပြခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၅ သက်တမ်းအတွက် တာဝန်ထမ်းဆောင်မည့် ဥက္ကဋ္ဌအသစ်က မိတ်ဆက်စကားပြောကြားပြီး ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဖိတ်ကြားထားသောဘဏ်များမှ ဝန်ထမ်းများသည် ဝန်ဆောင်မှုများအားရှင်းလင်းခဲ့ကြပြီး အစည်းအဝေးကို နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

မော်လမြိုင်မြို့နယ်တွင် အချိုရည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ် တာဝန်ခံသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသပ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၁၃-၂-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့ပေါ်ရှိ အေးသာယာဈေး၊ ဇေယျာ (၁) ဈေး၊ ရွှေမြိုင်သီရိဈေးများတွင် အချိုရည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်းရှိ အချိုရည်များမှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်ရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှန်ကန်မှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော (၂/၂၀၁၉) ပါ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မွန်)

သထုံမြို့နယ်၊အောက်ကျင်းရပ်ကွက်၊အမက (လွန်)ကန်ညီနောင်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်၊ အ-မ-က (လွန်)ကန်ညီနောင်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

     အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးစားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် ဝယ်ယူအသုံးပြုတတ်စေရန် အချက်များ၊ ကုန်အညွှန်းအမှတ်သားဆိုင်ရာပြဋ္ဌာန်းချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လျှင် တိုင်ကြားနိုင်မည့်လူပုဂ္ဂိုလ်များ၊ တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ပြန်လည်ကုစားခွင့်ရှိသည့်အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမများနှင့်  ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၂၄)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မွန်)

စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show )ကျင်းပ

     မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနသည် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Center)၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

     အဆိုပါ Talk Show တွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မော်လမြိုင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းဝင်းက Talk Show ကဏ္ဍအစီအစဉ်ဖြင့် စားသုံးသူ ကာကွယ်ရေးအသိပညာပေးရသည့်ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်က ဆွေးနွေးရာတွင်  စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်၊  မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေ၊ NCPP အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ်၊ စားသုံးသူအသိပညာပေးရေးအကြောင်းအရာများ၊ ရည်ရွယ်ချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) နှင့် မွန်ပြည်နယ်အတွင်း စားသုံးသူအသိပညာပေးဆောင်ရွက်မှုနှင့် ဆောင်ရွက်ပြီးစီးသည့်အကြောင်းအရာများကို Talk Show တွင် ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးဒေါ်နှောင်းနှောင်းဝင်းသည် ၁၄.၂.၂၀၂၃ရက်နေ့တွင် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်ရှိ လက်လီလက်ကားရောင်းချ နေသော ကုန်စုံဆိုင်များ၌ COOK&LOBSTER အမှတ်တံဆိပ်(ငံပြာ) စားသုံးသူကာကွယ်ရေး ဥပဒေပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အစားအသောက်ကုန်စည်အုပ်စု ဟင်းလျာများတွင် အရောင်အနံ့အရသာအတွက် အသုံးပြုသောပစ္စည်းအမျိုးမျိုးတွင်ပါဝင်သည့် COOK&LOBSTER အမှတ်တံဆိပ်(ငံပြာ)၌ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်နှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြ ချက်ကြိုတင် သတိပေး ချက်များပြည့်စုံစွာ ပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ် အသားပြည့်စုံမှန်ကန် မှုရှိသော ကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချကြရန်ရှင်း လင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)

 

Pages

Subscribe to RSS - HighLight News