Main menu

HighLight News

Powered by Drupal

ညောင်ဦးမြို့နယ်ရှိအခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ တောင်ဘကျေးရွာနှင့် လက်ပံတဲကျေးရွာတို့ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲများ၌ (၆-၂-၂၀၂၃)ရက်နေ့တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

        ဟောပြောဆွေးနွေးမှုများအနေဖြင့် တောင်ဘ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ နံနက်ပိုင်း ၉:၀၀ နာရီအချိန်တွင်လည်းကောင်း၊ လက်ပံတဲ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ နေ့လယ်ပိုင်း ၁၃:၀၀ နာရီအချိန်တွင်လည်းကောင်း ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောဆွေးနွေးမှုများတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူး ဦးသန်းစိုးက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေး၏အဓိပ္ပါယ်၊ စားသုံးသူ၏အဓိပ္ပါယ်၊ ကုန်စည်နှင့်ဝန်ဆောင်မှု၏အဓိပ္ပါယ်များ၊ နစ်နာဆုံးရှုံးမှု၏အဓိပ္ပါယ်နှင့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအားလည်းကောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် အစားအသောက်များဝယ်ယူစားသောက်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံမှန်ကန်စွာထည့်သွင်းဖော်ပြထားသော ကုန်စည်နှင့်အစားအသောက်များကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲစားသောက်ကြရန်နှင့် ရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရန် ဥပမာပေး၍လည်းကောင်း စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်ပြီး အသိပညာပေးဟောပြောဆွေးနွေးရာ ကျောင်းသားကျောင်းသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်း၍ ဖြေကြားဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က ပြည်ထောင်စုနေ့အကြောင်းနှင့် စာကြည့်တိုက်အကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ရာ တောင်ဘ အခြေခံပညာအထက်တန်း ကျောင်းခွဲတွင် ဆရာ/ဆရာမများနှင့်နှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၃၅)ဦး၊ လက်ပံတဲ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း( ၁၁၇ )ဦး စသည်ဖြင့် အသီးသီးတက်ရောက်ခဲ့ကြပါသည်။

DOCA(မန္တလေး)

 

နွားထိုးကြီးမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ပြုလုပ်

     မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသန်းအေးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၉-၂-၂၀၂၃) ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါစားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသန်းအေးက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူများအနေဖြင့် မိမိတို့၏အခွင့်အရေးများကိုသိရှိနားလည်မှသာ အခွင့်အရေးများကို အရေးဆိုနိုင်မည်ဖြစ်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင်လည်း ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသောကုန်စည်နှင့်ဝန်ဆောင်မှုများအား ရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရန် မိမိတို့ဌာနအနေဖြင့် နည်းလမ်းမျိုးစုံဖြင့်အသိပညာများပေးလျက်ရှိပါကြောင်း၊ ထို့ပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းသိရှိစေရန်အတွက် အသိပညာပေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊  စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊  နစ်နာဆုံးရှုံးမှုများအတွက်     တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖုန်းနံပါတ်များနှင့်နေရာများ စသည်တို့ကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ကြပါသည်။

DOCA(မန္တလေး)

 

ပဲခူးတိုင်းဒေသကြီးတွင် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနများနှင့် ပူးပေါင်းဆောင်ရွက်

       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ဇန်နဝါရီလအတွင်း ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာများရှိ တောင်သူလယ်သမားများထံသို့ သွားရောက်ကွင်းဆင်း၍ အသိပညာပေးလျက်ရှိပါသည်။

      သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ စိုက်ပျိုးထုတ်လုပ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကဏ္ဍများနှင့် စားသုံးဆီများကို လျော့ချသုံးစွဲသွားရန်နှင့် စားသုံးဆီသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာမည့်ဘေးထွက်ဆိုးကျိုးများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သီးနှံအစုအဖွဲ့များ၊ အသင်းအဖွဲ့များနှင့်ဆောင်ရွက်ရန်နှင့် တစ်ရာသီ၌ သုံးသီးစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိမှုအခြေအနေများအား အသိပညာပေးဟောပြောဆွေးနွေးကြောင်းသိရှိရပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်(၅)မြို့နယ်၊ ကျေးရွာ(၂၀)ရွာ၊ တောင်သူနှင့် လုပ်ငန်းရှင်(၉၁၃)ဦးထံသို့ သွားရောက်ကွင်းဆင်း၍ ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်

    ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၁/၂၀၂၃)ကို စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၃၁-၁-၂၀၂၃ ရက်နေ့၊ နေ့လယ် (၁၃ : ၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၊ ဒုတိယဥက္ကဋ္ဌဦးဆောင်သော အဖွဲ့ဝင် (၄) ဦးနှင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း (၅) ဦးတက်ရောက်ခဲ့ကြပါသည်။

     အဆိုပါ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူးက အွန်လိုင်းမှရောင်းချနေမှုများတွင် စားသုံးသူများနစ်နာမှုမရှိစေရေး အလုပ်ရုံ ဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို ပြန်လည်မျှဝေပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးပေးပါရန် အဖွင့်အမှာစကားပြောကြားခဲ့ကာ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံက အမှာစာ(၄)စောင်အပေါ် စားသုံးသူရေးရာကော်မတီက မှတ်တမ်းတင်အတည်ပြုပေးပါရန် တင်ပြဆွေးနွေးခဲ့ပြီး ကော်မတီအဖွဲ့ဝင်များက အမှာစာများအပေါ် ပြန်လည်ဆွေးနွေးခဲ့ပြီး  အစည်းအဝေးကို (၁၄ : ၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် နှစ်ပတ် တစ်ကြိမ် Thursday Talk ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌  ၉-၂-၂၀၂၃ ရက်နေ့ ၊ နေ့လယ် ၁ : ၀၀ နာရီအချိန်တွင် Zoom Application ကို အသုံးပြု၍ Online Virtual စနစ်ဖြင့် နှစ်ပတ်လျှင်တစ်ကြိမ် Thursday Talk အား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ Thursday Talk တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းများ ၊ ခရိုင်ဦးစီးမှူးရုံးများရှိ ဝန်ထမ်းများနှင့် မြို့နယ်တာဝန်ခံစုစုပေါင်း (၈၉) ဦးတက်‌ရောက်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်နှင်းယုယုလှိုင် အငယ်တန်းစာရေးက စာရေးဝန်ထမ်း အခြေခံသင်တန်းအမှတ်စဉ် (၂၀၂) နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် တက်ရောက်သင်ကြားခဲ့သော ဘာသာရပ် (၈) ခုနှင့်စပ်လျဉ်း၍  ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ကေသွယ်စိုး ဦးစီးမှူးက ဆုငွေနှင့် ပင်စင်လစာတွက်ချက်နည်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပင်စင်နှင့် လုပ်သက် ဆုငွေတွက်ချက်နည်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ လုပ်သက်ရမှတ် အချိုးကျတွက်ချက်နည်းများကို  Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

                                     

ဇလွန်မြို့ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊  ဇလွန်မြို့ မြို့နယ်တာဝန်ခံသည် (၁၀-၂-၂၀၂၃) ရက်နေ့ နံနက်(၀၈:၃၀) နာရီအချိန်တွင် ကျောင်းမုန့်ဈေးတန်းကြီးကြပ်ရေးကော်မတီများနှင့်ပူးပေါင်း၍ အ-ထ-က (၁) ကျောင်းမုန့်ဈေးတန်းအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

      ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော မြန်မာလက်လုပ်မုန့်များသန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဘူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိကို စစ်ဆေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ စားသုံးသူတို့လက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် အချက်များအကြောင်းနှင့် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဖော်ဖော်ဝါရီလ (၁၀)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင်  ရှောက်ခုံကျေးရွာ အုပ်စု၊ အ-လ-က ကျောင်း၌ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုများဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊  စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအား အသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို အဓိကထား၍ ဖတ်ရှုရမည်ဖြစ်ကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ခြင်းဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကို သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကလည်း သိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပါသည်။

DOCA(ဧရာဝတီ)

 

 

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် တာဝန်ခံသည် (၁၀-၂-၂၀၂၃)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင်  ညောင်ပင်ဝဲကျေးရွာ၊ အ-လ-က ကျောင်း၌ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများ (၂၅၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊  စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့်  ကျောင်းသား/ကျောင်းသူများအား အသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို အဓိကဖတ်ရှုရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိမှသာလျှင် ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းသိရှိလိုပါက www. doca. gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကလည်း သိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပါသည်။

DOCA(ဧရာဝတီ)

 

အင်္ဂပူမြို့ မြို့ပေါ်ရပ်ကွက်ရှိဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ မြို့နယ်တာဝန်ခံသည် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဆေးဝါးများသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကို စစ်ဆေးခြင်း၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီခြင်းရှိ/မရှိကို စစ်ဆေးခြင်းနှင့် မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများ ရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး တရားမဝင်ဆေးဝါးများကို တင်သွင်းရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးနှင့်ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆေးဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

DOCA(ဧရာဝတီ)

 

လေးမျက်နှာမြို့ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ မြို့နယ် တာဝန်ခံသည် မြို့နယ်စည်ပင်သာယာဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၀-၂-၂၀၂၃)ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ စတိုးဆိုင်များနှင့်အိမ်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များနှင့်ပတ်သက်၍ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ တရားမဝင်သောကုန်စည်များကို တင်သွင်းရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရန်နှင့် သတ်မှတ်အရည်အသွေးနှင့်ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့်တားမြစ်ချက်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံအရောင်းဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - HighLight News