Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သံတွဲမြို့ ပဒဲကော(အ.မ.က)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း

       ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်         (၁၂-၉-၂၀၂၂)ရက်နေ့ နေ့လယ် (၁၁:၀၀)နာရီအချိန်တွင် သံတွဲမြို့ ပဒဲကော(အ.မ.က)ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

      အဆိုပါဟောပြောပွဲအခမ်းအနားတွင် ပဲဒကော(အ.မ.က)ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင်(ဦးစီးအရာရှိ)မှ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)ကို ဖွင့်လှစ်ထားရှိပြီး စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍ တိုင်ကြားနိုင်မှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး ဒေါ်ခင်ပြည့်စုံ(အငယ်တန်းစာရေး)မှ ဘေးအန္တရာယ် ကင်းရှင်သော မုန့်ပဲသရေစာများအား ရွေးချယ်ဝယ်ယူစားသုံးတက်စေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်တွင် ဆန်၊ ဆီ၊ စားသောက်ကုန်၊ လူသုံးကုန်များအား သက်သာသော ဈေးနှုန်းဖြင့် အများပြည်သူသို့ ရောင်းချပေး

    မွန်ပြည်နယ်အစိုးရအဖွဲ့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့၏ ကြီးကြပ်မှုဖြင့် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ အများပြည်သူသို့ ဆန်နှင့် စားဆီများ၊ စားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချခြင်းကို ၁၀.၉.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ရောင်းချပေးရာတွင် မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဆန်များ၊ မွန်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားဆီများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်ထုတ် မီးဖိုချောင်သုံးပစ္စည်းများ၊ အားကစားပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ဆား ၊ အသား၊ ငါး၊ စည်သွပ်ဗူးများ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် စသည်တို့ကို ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါရောင်းချပေးမှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တိုင်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့၊ အထက (၁၂) မြိုင်သာယာကျောင်းနှင့် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း တို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

   မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၃.၉.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ အထက (၁၂) မြိုင်သာယာကျောင်းနှင့် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျောင်းသားကျောင်းသူများ၊ ဆရာ/ဆရာမများ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို ဟောပြောဆွေးနွေးခဲ့ပါသည်။

     ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ သိကောင်း စရာများ၊ စားသုံးသူထိခိုက်နစ်နာမှုအတွက် တိုင်ကြားနိုင်သည့် အခြေအနေများ၊ Consumer Call Center အကြောင်း များအား ဟောပြောဆွေးနွေးခဲ့ပါသည်။

       အဆိုပါ ဟောပြောဆွေးနွေးပွဲများသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ၊ စုစုပေါင်း (၃၈၅) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ (၁၄)ရက်၊ နံနက် ( ၁၁ : ၀၀)နာရီတွင် ကန့်ဘလူခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

  စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်နှင့်ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးများနှင့် ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများအား ရှင်းလင်းဆွေးနွေး ဟောပြော ခဲ့သည်။

     အဆိုပါအသိပညာပေးဟောပြောပွဲသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း(၈)ဦး တက်ရောက် ခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်မေးမြန်းချက်များအ‌ပေါ်ပြန်လည်ဆွေးနွေး‌ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

ဖောင်းပြင်မြို့၊ အမှတ်- ၃ အခြေခံပညာအထက်တန်း ကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊  ဖောင်းပြင်မြို့ နယ်တွင် စက်တင်ဘာလ ( ၇ ) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ ဖောင်းပြင်မြို့ ( အမှတ်-၃  )  အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူအခွင့်အရေးများအကြောင်း အသိပညာဟောပြောပွဲ ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    ဟောပြောပွဲ၌ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးရီမှ ဦးစွာပထမ  အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဖောင်းပြင်မြို့နယ် စားသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်သန်းစိန်မှ စားသုံးသူအခွင့်အရေး သိကောင်းစရာများအကြောင်းကိုလည်း‌ကောင်း၊ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုရှိပါက ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ပြီး တိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်းကောင်း  အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲအခမ်းအနားတွင် ဆရာ/ ဆရာမ ( ၉ )ဦး၊  ကျောင်းသား/ ကျောင်းသူ ( ၇၀ ) ဦး၊ စုစုပေါင်း( ၇၉ )ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ ဟောပြောပွဲအခမ်းအနား၌ တက်ရောက်လာသူများမှ စားသုံးသူအခွင့်အရေးနှင့် ပတ်သတ်၍ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး အခမ်းအနားကို နံနက်(၁၁:၀၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါ ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

  စီးပွားရေးနှင့်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊  ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျှက်ရှိပါသည်။

   စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီး ဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ SBO ကိတ်မုန့်၊ ပေါင်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီး ဌာနမှ ဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့်  မိမိထုတ်လုပ်သည့် ကုန်စည်အပါ် တာဝန်ရှိမှုကို ကုန်စည်ကိုထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များ သိရှိနိုင်စေရန် အတွက် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ဌာန၏အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်၊ ဥပဒေပါ စားသုံးသူ၏အခွင့်အရေး နှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အားမခံပေးထားမှုအပါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည်နှင့်ဝန်ဆောင်မှု အပေါ်တာဝန်ရှိမှု၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုကြောင့် စားသုံးသူ အခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်မှ အာမခံမှုနှင့်အညီ တာဝန်ယူ၍ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မိုးညှင်းမြို့အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

      ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၄.၉.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့အတွင်းရှိ ကုန်မျိုးစုံရောင်းချနေသော ကုန်စုံဆိုင်များသို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်  ကုန်မျိုးစုံရောင်းချနေသောကုန်စုံဆိုင်များတွင် စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကုန်အညွန်းအမှတ်အသားဖော်ပြခြင်း  နှင့်စပ်လျဉ်း၍ သတင်းအချက်အလက်ပြည့်စုံမှန်ကန်မှု ရှိ မရှိ၊ သက်တမ်းလွန်ကုန်ပစ္စည်းများ ဈေးကွက် အတွင်းရောင်းချမှု ရှိမရှိ၊သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထောက်ခံချက်များပါဝင်ခြင်း ရှိ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

DOCA(ကချင်)

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

     ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ‌‌ဒေါ်ဆန္ဒမွန်(ဒု-ဦးစီးမှူး)သည် ၁၃.၉.၂၀၂၂ ရက်နေ့ နံနက်၀၉:၃၀အချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဗန်းမော်မြို့၊  အမှတ်(၄)  အခြေခံပညာအထက်တန်းကျောင်း၌    ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

    အသိပညာပေးဟောပြောရာတွင် ဒေါ်ဆန္ဒမွန်(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပာယ်ဖော်ပြချက်များမှ စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်း၊ စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှု ရှိသောလုပ်ငန်းစဉ်ကိုဆိုလိုကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကိုကုန်သွယ် ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူများအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်းနှင့် ကျောင်းသူ/ကျောင်းသားများအား အသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊  ထားသိုသိမ်းဆည်းမှုအညွန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို အဓိကဖတ်ရှုရမည်ဖြစ်ကြောင်း နမူနာပစ္စည်းများဖြင့် ခင်းကျင်းပြသကာ ရှင်းလင်း‌ဟောပြောခဲ့ပါသည်။ ထို့နောက် စာသင်ကျောင်းမုန့်ဆိုင်များအား  ဘေးအန္တရာယ်ရှိသော အစားအစာများ  ရောင်းချခြင်း ရှိ  မရှိ  စစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ဟောပြောပွဲသို့ ဆရာ/ဆရာမ(၁၇)ဦး၊ ကျောင်းသူ/ကျောင်းသား(၁၃၀)ဦး  စုစုပေါင်း(၁၄၇)ဦးတက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)

မော်လမြိုင်မြို့၊ အထက (ခွဲ)အလက (၆) မြိုင်သာယာကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

        စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၄.၉.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ အထက(ခွဲ) အလက (၆) မြိုင်သာယာကျောင်းတွင် ကျောင်းသားကျောင်းသူများ၊ ဆရာ/ဆရာမများ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို ဟောပြောဆွေးနွေးခဲ့ပါသည်။

         ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ သိကောင်း စရာများ၊ စားသုံးသူထိခိုက်နစ်နာမှုအတွက် တိုင်ကြားနိုင်သည့် အခြေအနေများ၊ Consumer Call Center အကြောင်း များအား ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲများသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ၊ စုစုပေါင်း (၁၂၄) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များအား ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

မကွေးမြို့၊ ကန်သာစျေးတွင် အခြေခံစားကုန် ဟင်းသီးဟင်းရွက်များနှင့် စားသုံးဆီများ စျေးနှုန်းသက်သာစွာ ရောင်းချမှုအား ပူးပေါင်းဆောင်ရွက်

        (၁၂.၉.၂၀၂၂)ရက်နေ့ နံနက်(၀၇:၀၀)မှ (၁၀:၀၀)နာရီထိ မကွေးမြို့၊ ကန်သာစျေး၌ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်မှ စားသုံးသူပြည်သူများ သက်သာချောင်ချိရေးအတွက် အခြေခံစား ကုန်ဖြစ်သော ဆန်တစ်ပြည်(၁၅၀၀)ကျပ်၊ အမဲသား(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ ဒေသ ကြက်တစ် ကောင်(၆၀၀၀)ကျပ်၊ ငါးပိဘူးတစ်ဘူး(၅၅၀)ကျပ်၊ မျှစ်စားတော်ပဲတစ်ဘူး(၂၄၅၀)ကျပ်၊ ကြက်သားအာလူး တစ်ဘူး(၄၀၅၀)ကျပ်၊ ပဲထောပတ်ဘူးတစ်ဘူး(၄၅၀)ကျပ်၊ ငါးပိကြော်တစ်ဘူး (၂၂၀၀)ကျပ်၊ အမဲသားဘူး တစ်ဘူး(၆၂၀၀)ကျပ်၊ ကြက်ဥတစ်လုံး(၁၈၀)ကျပ်၊ ချဉ်ပေါင်ရွက်(၃)စီး (၁၀၀)ကျပ်၊ ဂေါ်ရခါးသီးတစ်လုံး (၁၁၀)ကျပ်၊ ခရမ်းချဉ်သီး(၅၀)သား(၁၁၅၀)ကျပ်နှင့် ဂေါ်ဖီတစ်ထုပ် (၁၃၀၀)ကျပ် နှုန်းများဖြင့် ရောင်းချခဲ့ကြောင်းနှင့် ကုမ္ပဏီများမှဖြန့်ဖြူးရောင်းချသော ဆီများအား မကွေးမြို့ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များမှ စားအုန်းဆီတစ်ပိဿာ(၅၆၀၀)ကျပ်နှုန်းဖြင့် ပြည်သူတစ်ဦးလျှင် (၁)ပိဿာနှုန်း ရောင်းချပေးခဲ့ပါသည်။

         အဆိုပါအခြေခံစားကုန် ဟင်းသီးဟင်းရွက် အမယ်စုံနှင့် စားအုန်းဆီရောင်းချနေမှုအား စားသုံးသူ‌ရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ခရိုင်ရုံးဝန်ထမ်းများနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှဝန်ထမ်း(၃)ဦး မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးကျော်သူနှင့် ဝန်ထမ်းများ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီးဦး‌အောင်ချိန်မှ လာ‌ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ