Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၃.၉.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၃.၉.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၂.၉.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂.၉.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၃၁.၈.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၃၁.၈.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

စားအုန်းဆီ တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် ဈေးနှုန်း

(၃၀.၈.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

ဆေးခန်း/ဆေးဆိုင်/ဆေးဝါးရောင်းချသောလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

        ကယားပြည်နယ် ဆေးဝါးနှင့်ဆေးပစ္စည်းဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ မှ ဈေးကွက်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းအထောက်အကူပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လွိုင်ကော်မြို့ပေါ်ရှိ ဆေးခန်း/ဆေးဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ (၂၁)ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်ဆေးဝါးနှင့် ဆေးပစ္စည်းဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့ ဥက္ကဌ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စစ်ဆေးကြပ်မတ်ရေးအဖွဲ့ အတွင်းရေးမှူး ပြည်နယ်စားသုံးသူ ရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်းက အဖွဲ့၏ ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များထဲမှ သက်ပိုင်ဆေးခန်း/ဆေးဆိုင်လုပ်ငန်းရှင်မှ ဆွေးနွေးရာတွင် မိမိတို့အနေဖြင့် ဆေးဝါးများသိုလှောင်ထားခြင်းမရှိကြောင်း၊ ကုမ္ပဏီများမှ တိုက်ရိုက်မှာယူရာတွင် ဘဏ်ငွေလွှဲမှု အခက်အခဲများရှိသဖြင့် မြို့ပေါ်ရှိ လက်လီ/လက်ကားဆိုင်ကြီးများမှ လိုအပ်သောဆေးဝါးများသာ မှာယူနေကြောင်း တင်ပြ ဆွေးနွေးပြီးနောက် ဆက်လက်၍ ထူးသစ္စာ ဆေးဆိုင်လုပ်ငန်းရှင်မှ ဆေးများ ဝယ်ယူ ရာတွင် ယခင် တောင်ကြီးမှ မှာယူရောင်းချလျှက်ရှိရာ ယခုအခါ ဘဏ်ငွေလွှဲမှု အဆင်မပြေသဖြင့် မြို့ပေါ်ရှိ လက်လီ/လက်ကားဆိုင်ကြီးများမှ မှာယူရောင်းချလျှက်ရှိကြောင်း၊ ဆေးဝါးအမျိုး အစား အများစုမှာ ပြတ်လပ်နေသဖြင့် ရှိသည့်ဆေးသာ ရောင်းချနေရပါကြောင်း တင်ပြဆွေးနွေးကြပြီး သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

အေးအေးမော်(ကယား)

ဆေးဝါးနှင့်ဆေးပစ္စည်းဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ လွိုင်ကော်မြို့အတွင်းရှိ ဆေးဆိုင်များအား သွားရောက်ကြည့်ရှုစစ်ဆေး

       လွိုင်ကော်မြို့အတွင်း ရောင်းချနေသည့် ဆေးဝါးနှင့်ဆေးပစ္စည်းဆိုင်များအား ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးအတွက် ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ ဥက္ကဌ ဦးစန်းဝင်း ဦးဆောင်သည့် အဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ် လ (၁၉)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဝါးနှင့်ဆေးပစ္စည်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဝါးနှင့်ဆေးပစ္စည်း ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့သည် Covid-19 ရောဂါကူးစက်မှု မြင့်မားနေသည့်ကာလတွင် ဈေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်၊ ကုသရေးဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး၊ ဆေးဆိုင်များ အားလုံး နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချရေးနှင့် ဆေးဝါးနှင့် ဆေးပစ္စည်းကုမ္ပဏီများနှင့် ဆေးဆိုင်များမှ ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး ဦးစားပေး ကူညီဆောင်ရွက်ပေးရန် အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကယားပြည်နယ် (DOCA)

မွန်ပြည်နယ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

    ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားနေသည့် ကာလအတွင်း ဈေးကွက်အတွင်း ကူးစက်ရောဂါကာကွယ်၊ ကုသရေးဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်ရေးအတွက် ရည်ရွယ်၍ မော်လမြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ FDA၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပါဝင်သော မွန်ပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်ကြပ်မတ်ရေးအဖွဲ့သည် ဈေးအုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်း၍ ၁၇.၈.၂၀၂၁ ရက်နေ့တွင် မော်လမြိုင်ဈေးကွက်အတွင်း လက်လီ/လက်ကား ဖြန့်ဖြူး ရောင်းချနေသော မော်လမြိုင်မြို့ အမှတ် (၁) ဈေးရှိ ဆိုင်ခန်းပေါင်း (၂၄) ခန်းတို့အား ကွင်းဆင်း စိစစ်ခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။ ထို့ပြင် ၁၆.၈.၂၀၂၁ ရက်နေ့တွင် မုဒုံမြို့၌ ဆေးဆိုင် (၇) ဆိုင်၊ ၁၇.၈.၂၀၂၁ ရက်နေ့တွင် သထုံမြို့ပေါ်ရှိ ဆေးဆိုင် (၃) ဆိုင်၊ ၁၈.၈.၂၀၂၁ ရက်နေ့တွင် ကျိုက်ထိုမြို့၌ ဆေးဆိုင် (၈) ဆိုင်၊ ၂၀.၈.၂၀၂၁ ရက်နေ့တွင် ဘီးလင်းမြို့၌ ဆေးဆိုင် (၄) ဆိုင်တို့အား သက်ဆိုင်ရာ စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံများ၊ FDA ၊ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်သောအဖွဲ့မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

       အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့များသည် ဆေးဆိုင်များသို့ စစ်ဆေးရာတွင် ဆိုင်ခန်းဖွင့်လှစ်မှုအခြေအနေ၊ ဆေးဝါးပြတ်လပ်မှုအခြေအနေများနှင့် ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသခြင်းဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

မိုးမိုး (DOCA-MON)

စစ်ကိုင်းမြို့နယ် ကျောက်စိမ်းအချောထည်လုပ်ငန်းအသင်းနှင့်တွေ့ဆုံခြင်း

      စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇူလိုင်လ (၅)ရက်နေ့က စစ်ကိုင်းမြို့နယ် ကျောက်စိမ်းအချောထည်လုပ်ငန်းအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များအား စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံခဲ့ပါသည်။ စစ်ကိုင်းမြို့နယ် ကျောက်စိမ်းအချောထည်လုပ်ငန်းအသင်းသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့မှစတင်၍ အလုပ်အမှုဆောင်(၂၉)ဦး၊ အသင်းသား(၁၃၀ဝ)ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ အသင်းအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့(SRCCI)တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ထားပြီး မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများစုပေါင်း၍ စစ်ကိုင်းမြို့၊ ဘော်ဂါရပ်ကွက်၊ ဘော်ဂါကျောက်ပုတီးဝိုင်းနေရာအဖြစ် တည်ထောင်၍ စီးပွားဖြစ် လုပ်ကိုင်နေကြပါသည်၊ အသင်းအနေဖြင့် လစဉ်အစည်းအဝေးများ၊ နှစ်စဉ်အစည်းအဝေးများ ပုံမှန်ဆောင်ရွက် လျှက်ရှိပြီး စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

            ဈေးကွက်များမှာ မန္တလေး၊ ရန်ကုန်နှင့် မူဆယ်(တရုတ်)ဈေးကွက်များ ရှိပါသည်။ ယခုအချိန်တွင် COVID-19 ရောဂါနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် အရောင်းအဝယ်ပါးလျက်ရှိကြောင်း ကျောက်စိမ်းအချောထည်လုပ်ငန်းအသင်း အတွင်းရေးမှူးထံမှ သိရှိရပါသည်။

ခင်စောဝင်း(စစ်ကိုင်း)

ငရုတ်ဈေးကောင်းရနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ငရုတ်ကို စီးပွားဖြစ် စိုက်ပျို လျက်ရှိသည်ကို တွေ့ရှိရပါတယ်၊ တောင်သူအများစုသည် ယခင်နှစ်က ငရုတ်မျိုးများစွာစိုက်ပျိုးသော်လည်း ဈေးကောင်းမရသည့်အတွက် ယခုနှစ်တွင် ဒီမွန်မျိုးနှင့် သာမိုမျိုးကိုသာ စိုက်ပျိုးလျှက်ရှိကြောင်း သိရှိရပါသည်။ မြေတစ်ဧကလျှင် ငရုတ်မျိုးစေ့ ၉ ထုတ် စိုက်ပျိုးရပြီး ဒီမွန်မျိုး/သာမိုမျိုး မျိုးစေ့တစ်ထုပ်လျှင် ၈၀ဝ၀ ကျပ်နှုန်းစီပေးဝယ်ရကြောင်း၊ မျိုးစေ့သာကွာခြားပြီး ဈေးနှုန်းက အတူတူပင်ဖြစ်ကြောင်း၊ မြေတစ်ဧကစိုက်ပျိုးလျှင် ထွန်ယက်ခ တစ်မနက် ၈၀ဝ၀ ကျပ်ဖြင့် ၁၀ မနက် (၈၀ဝ၀ဝ)ကျပ်ကုန်ကျခဲ့ကြောင်း၊ စတင်စိုက်ပျိုးချိန်ဘောင်ဆွဲလျှင် တမနက် လုပ်အားခ ၇၅၀ဝ ကျပ်နှုန်းနှင့် (၁၅)ယောက် ၁၀ မနက်ဘောင်ဆွဲခဲ့ရကြောင်း၊ ငရုတ်မျိုးစေ့ကို ပျိုးထုပ်ထဲထည့်ပြီး ၁ လ သားရလျှင် မြေကြီးထဲချစိုက်ပျိုးရပါကြောင်း၊ မိန်းကလေး အပင်စိုက် (၂၀)ဦး ၁၅၀ဝ ကျပ်နှုန်းဖြင့် ငှားရမ်းအသုံးပြုရကြောင်း၊ တစ်ဧကစိုက်ပျိုးရေးကုန်ကျစရိတ် အပြီးအစီး ၄ သိန်းဝန်းကျင်ကုန်ကျခဲ့ကြောင်း၊ ငရုတ်ကို များသောအားဖြင့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်စိုက်ပျိုးပြီး ပိုးသတ်ဆေး၊ စုပ်စား ပိုးနိုင်တဲ့ဆေး၊ ဂန်းမင်းဆေး၊ သြဘာ၊ ဒီမွန်စတဲ့ပိုးသတ်ဆေးများကို စတင်စိုက်ပျိုးပြီးချိန်မှစ ၁၅ ရက်တစ်ခါဖျန်းပေးရပါကြောင်း၊ ဆေးဖျန်းပြီး ၂ ပတ်ကြာလျှင် အသီးခူးဆွတ်ရကြောင်း၊ ငရုတ်ကို ရေမဝင်သောနေရာများတွင် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ဆောင်းရာသီမှာ စိုက်ပျိုးရင်ပိုမိုဖြစ်ထွန်းကြောင်း၊ တစ်ရွာလုံးနီးပါး မြစ်ရေဝင်သည့်ကာလမှလွှဲ၍ ကျန်ကာလများတွင် ရေသွင်းစိုက်ပျိုးကြပါကြောင်း၊ ငရုတ်တစ်ဧကကို အစို ၈၀ဝ၀ ကျော်မှ ၁၀၀၀၀ နီးပါးထိ ထွက်ရှိကြောင်း၊ ငရုတ်စိုက်ခင်းတစ်ဧက လူငှား ၁၀ ဦး မိန်းကလေး တစ်မနက် ၁၅၀ဝ ကျပ်နှုန်းဖြင့် ငှား၍ ခူးဆွတ်ရကြောင်း၊ ဖောက်သည်ပွဲစားများက စိုက်ခင်းအရောက်လာဝယ်ယူသဖြင့် အစို ၁ ပိဿာလျှင် ၁၁၀၀ ကျပ်မှ ၁၃၀၀ ကျပ် ရောင်းချရပါကြောင်း၊ ယခုတွင် အခြောက်တစ်ပိဿာလျှင် ၆၀ဝ၀ ကျပ်ရောင်းရကြောင်း၊ ငရုတ်ခြောက်အမျိုးအစားကိုကြည့်၍လည်း ဈေးနှုန်းအစားအစားရှိပါသဖြင့် တစ်ပိဿာ ၄၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်ထိ ရှိပါကြောင်း၊ အစို ၄ ပိဿာလှန်းရင် အခြောက် ၁ ပိဿာတင်ကြောင်း၊ ပိုးဖျက်လျှင်တော့ အရှုံးပေါ်ပြီး အောင်မြင်ဖြစ်ထွန်းလျှင် တစ်ဧကကို သိန်း ၂၈ မှ ၃၀ ကျော်ဝန်းကျင်ခန့်အမြတ်ရရှိခဲ့ကြောင်း၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် ဒီမွန်နှင့်သာမိုမျိုးကိုသာ စိုက်ပျိုးသည့်အတွက် ဈေးကောင်းရ၍ အမြတ်ပိုမိုရရှိခဲ့ကြောင်း ငရုတ်စိုက်ပျိုးသူတောင်သူထံမှ သိရှိခဲ့ပါသည်။

သင်းသင်းအေး(မုံရွာ)

Moe Pyan Nagar Co.,Ltd မွေးမြူရေးနှင့် အသားစို/အသားခြောက်ထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်လေ့လာ

           စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ် မန္တလေး-ရွှေဘို ကားလမ်းပေါ်ရှိ Moe Pyan Nagar Co.,Ltd မွေးမြူရေးနှင့် အသားစို/အသားခြောက်ထုတ်လုပ်သည့် စက်ရုံသို့ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့က သွားရောက်လေ့လာခဲ့ကြပါသည်။ အဆိုပါ ကုမ္ပဏီ၏ မွေးမြူရေးခြံသည် မာလဲတောကျေးရွာအုပ်စု၊ ကွင်းအမှတ်(၆၃၆)၊ သစ်ချိုကုန်း၊ မာလဲတောကွင်းတွင် တည်ရှိပြီး ၃၀ဧက အကျယ်အဝန်းရှိရာ ဧက ၂၀ အား စိုက်ပျိုးရေးအတွက် အသုံးပြုထားပြီး ကျန် ၁၀ဧကအား မွေးမြူရေးအတွက် အသုံးပြုထားပါသည်။ ဒေသနွား(ပြာစိမ်း) အမျိုးအစား အထီး (၁၁၂)ကောင်နှင့် အမ (၈၅) ကောင် ၊ ပေါင်း (၁၉၇) ကောင်၊ ဝက် (ဃဏ) အမျိုးအစား (၁၀၆၇) ကောင်၊ ဆိတ် (ဂျိတ်နီ) အမျိုးအစား အထီး (၂၉)ကောင်နှင့် အမ (၄၉)ကောင်၊ ပေါင်း (၇၈)ကောင်၊ ကြက်(တိုင်းရင်းကြက်) အမျိုးအစား အထီး (၈၅)ကောင်နှင့် အမ (၂၀၇)ကောင်၊ ပေါင်း (၂၉၂)ကာင် မွေးမြူထားရှိပြီး တိရိစ္ဆာန်အစာအတွက် နေဗီယာမြက် စိုက်ခင်း(၉)ဧက စိုက်ပျိုးထားရှိပါသည်။ လက်ရှိမွေးမြူထားရှိမှု အခြေအနေမှာ မိရိုးဖလာနွား၊ ဝက်မွေးမြူရေးလုပ်ငန်းများကို တောင်သူများနှင့် အတူ ပူးတွဲလုပ်ကိုင်ဆောင်ရွက်လျှက်ရှိပြီး ပြည်တွင်းစားသုံးမှုကို လုံလောက် စေရန်အတွက် ဈေးနှုန်း သက်သာ၍ ကျန်းမာရေးနှင့်ညီညွှတ်ကောင်းမွန်သောအသားများ ထုတ်လုပ် ရောင်းချနိုင်ရန် ဆောင်ရွက်လျှက် ရှိပါသည်။ စိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကလိုအပ်ချက်ဖြစ်သည့် မြေသြဇာကို မွေမြူရေး တိရိစ္ဆာများ၏ စွန့်ပစ်ပစ္ခည်းများဖြင့် အနောက်ကန်၊ အကြည်ကန်များဖြင့် အဆင့်ဆင့်စစ်၍ အသုံးပြု ဆောင်ရွက်လျှက် ရှိပါသည်။ Moe Pyan Nagar Co.,Ltd မွေးမြူရေးနှင့် အသားစို/အသားခြောက် ထုတ်လုပ်သည့်စက်ရုံမှ အဟာရပြည့်ဝပြီး နူညံ့ကောင်းမွန်သော အရည်အသွေးမြင့်အသားအဖြစ် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အား ထိုးဖောက်နိုင်ရမည့် ရည်မှန်းချက်ဖြင့် စားသုံးသူများအတွက် ဘေးဥပါဒ်ဆိုးကျိုး(လုံးဝ) မရှိသည့် Preminum Product အဖြစ် ရပ်တည်နိုင်ရမည်ဟု မျှော်မှန်းကာ မြို့တိုင်း၊ ဆိုင်တိုင်း၊ နေရာတိုင်းတွင် မိမိထုတ်ကုန်များရှိနေစေရမည်ဟု ပန်းတိုင်ထားရှိဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

           ယခုလက်ရှိ ကုမ္ပဏီ၏ ထုတ်ကုန်များမှာ Organic Egg နှင့် Fresh Meat တို့ဖြစ်ပြီး နောက် ထုတ်လုပ်မည့် ပုံစံအဆင့်ဆင့်မှာ မွေးမြူခြင်း၊ လွှတ်ကျောင်းစနစ်ဖြင့်ကျွေးမွေးခြင်း၊ ချည်ကြိုးစနစ်ဖြင့်ကျွေးမွေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ရက် (၃၀)စောင့်ကြည့်ခြင်း၊ သားသတ်ခြင်း၊ အေးခဲရုံပို့ ခြင်း၊ ထုပ်ပိုးခြင်းနှင့် ဖြန်ဖြူးခြင်းတို့ဖြစ်ပါသည်။ ထုပ်ပိုးမှု အရွယ်အစားအနေဖြင့် 100 g, 500 g, 1000g, (1 kg ) အထုပ်များပြုလုပ်ကာ ရောင်းချသွား မည်ဖြစ်ပြီး၊ သိုလှောင်မှု အနေဖြင့် ( - 18° C ) အထိ အေးခဲနိုင်သော Fresh Meat Freezer များ (၁၀) လုံးနှင့် အထက်တွင်သိုလှောင်ပြီး ကုန်ပစ္စည်းသက်တမ်းအနေဖြင့် အသား(၈)လ မှ (၁)နှစ်၊ အသားလုံး (၄) လ မှ (၆) လ သက်တမ်းထားရှိပြီး ကုန်းကြောင်း (မော်တော်ယာဉ်)ဖြင့် သယ်ယူ ဖြန့်ဖြူးကြောင်း သိရှိရပါသည်။ ပြည်တွင်းရှိ စားသုံးသူများအနေဖြင့် သန့်ရှင်းလတ်ဆတ်၍ အဟာရပြည့်ဝသော အသားစားလိုသူများ၊ စားသောက်ဆိုင်များ၊ အကင်ဆိုင်များနှင့် ဟိုတယ်များအတွက် အဓိက ရည်ရွယ်သည့် ဈေးကွက် ဖြစ်သည် နှင့်အညီ အသားကင်၊ အသားနှပ်ချက်နှင့် ကြပ်ခိုးတိုက် စသည့် မိမိတို့ကြိုက်နှစ်သက်ရာ နည်းလမ်းဖြင့် စားသုံးနိုင်ပါသည်။ ယခုလက်ရှိ မွေးမြူရေးခြံများအား တစ်လလျှင်တစ်ကြိမ် တိရိစ္ဆာများ၏ ကျန်းမာရေးအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် လိုအပ်သောကာကွယ်ဆေးများ ထိုးပေးခြင်း၊ တစ်ပတ်လျှင်တစ်ကြိမ် မွေးမြူထားရှိမှု အခြေ အနေ စစ်ဆေးခြင်း၊ အစာရေစာကျွေးမွေး ထားရှိမှု အခြေအနေများအား စစ်ဆေးခြင်းနှင့် ပိုးသတ်ကန်များ စစ်ဆေးခြင်းများကိုလည်း စစ်ကိုင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါသည်။ Moe Pyan Nagar Co.,Ltd မွေးမြူရေးနှင့် အသားစို/အသားခြောက် ထုတ်လုပ်သည့် လုပ် ငန်းနှင့် စပ်လျဉ်း၍ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိခြင်း၊ ပြောင်းရိုး၊ ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်၊ မြေပဲရိုး အစရှိသော အစာများကို ဒေသခံတောင်သူများထံမှ ဝယ်ယူသဖြင့် ဒေသခံတောင်သူများ၏ ဝင်ငွေများ ပိုမို တိုးပွားစေခြင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကဏ္ဍများကို ခေတ်မှီနည်းစနစ်များဖြင့် ဆောင်ရွက်ခြင်းတို့ကြောင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖတ်တစ်လမ်းမှ အထောက်အကူပြုနေကြောင်း သိရှိရပါသည်။

ခင်စောဝင်း(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ