Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူ မြို့နယ်အတွင်း ဆန်ဈေးနှုန်း၊ ဈေးကွက်ဖြစ်ပေါ်မှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တွင် စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသည့် ဆန်ဆိုင်များ စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက်( ၂၁.၇.၂၀၂၅) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဝင်းမင်းစိုး၊ ​စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်း၍ ဓနုဖြူမြို့ပေါ်ရှိ ဒေါ်ရွှေဆန်ဆိုင် (၇)ရပ်ကွက်၊အောင်ကမ္ဘာဆန်ဆိုင် မြို့မဈေး၊ စွမ်းဆန်ဆိုင် မြို့မဈေး ဆန်ဆိုင်ကြီးများ၊ ဆန်ဂိုထောင်များတွင် ဆန်လက်ကျန် ပေါင် (၁၀၈) အိတ်၊ ပေါင် (၁၀၀) အိတ်၊ ပေါင် (၅၀)အိတ်၊ ပေါင် (၂၅) အိတ် အရေအတွက်များ၊ အခြားဒေသနယ်ထွက် ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း၊ ဧည့်မထအုပ်စု ဆန်အမျိုးအစားများနှင့် လက်ရှိရောင်းချနေသည့် စျေးနှုန်းများကို စစ်ဆေးခဲ့ပြီး သတ်မှတ်စျေးနှုန်းများထက် ကျော်လွန်၍ ရောင်းချခြင်းရှိ/ မရှိကို စစ်ဆေးခြင်း၊ ဇူလိုင်လ မြန်မာနိုင်ငံဆန်စပါးအသင်းမှ ထွက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးဖြင့် ကိုက်ညီမှုရှိ/ မရှိ ဈေးနှုန်းကောက်ယူစစ်ဆေးခြင်း၊ ဓနုဖြူမြို့နယ်တွင် စပါး/ ဆန် သိုလှောင်မှုအနေဖြင့် ဆန်စက်သိုလှောင်ရုံ ၁၀၆ လုံးမှတ်ပုံတင်ပြီးကြောင်းနှင့် သက်တမ်းတိုး ပြည့်မြောက်ပြီးဖြစ်သော ဆန်/စပါးသိုလှောင်ရုံ ထပ်မံသက်တမ်းတိုးဆောင်ရွက်နိုင်ရေးမှာကြားပြီး ဓနုဖြူမြို့နယ်မှ သက်တမ်းတိုးဆောင်ရွက်ပြီး လုပ်ငန်း ၃ခုရှိကြောင်း စစ်ဆေးတွေ့ရှိသည်။ ဆိုင်ရှင်များရောင်းချနေသော ဆန်များသတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန် ရောင်းချမှုမရှိပဲ သတ်မှတ်ရည်ညွှန်းဈေးအပေါ်ဒေသထွက် ဆန်များကို အမြတ်၅ ရာခိုင်နှုန်းဖြင့် ရောင်းချခြင်း၊ အခြားဒေသမှ မှာယူရောင်းချသော ပေါ်ဆန်းဆန်များကို သတ်မှတ်ရည်ညွှန်းဈေးအပေါ် အမြတ်၇ရာခိုင်နှုန်းဖြင့်သာ ဈေးနှုန်းကဒ်ပြားများဖြင့် ရောင်းချနေသည် ကိုစစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စားသုံးသူရေးရာ ကော်မတီ၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စားသုံးသူရေးရာ‌ကော်မတီ(၃/၂၀၂၅)၊ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို (၂၃-၇-၂၀၂၅) ရက်တွင် နေပြည်တော်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အစည်းအဝေးတွင် နေပြည်တော်၊ စားသုံးသူရေးရာ ကော်မတီ ဥက္ကဌ ဦးဇေယျာလင်းက နေပြည်တော် ဦးစီးမှူးရုံးအနေဖြင့် 2025-2026 ဘဏ္ဍာနှစ်၊ (ဧပြီလမှ ဇူလိုင်လအထိ) စားသုံးသူ ကာကွယ်ရေးအသိပညာပေးခြင်း (12)ကြိမ်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ စျေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း(36)ကြိမ်၊ စီးပွာရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း(5)ကြိမ် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိ ရကြောင်း၊ ထို့အပြင် ဆန်၊ ဆီအပါအဝင် အခြေခံစားကုန်များကို သင့်တင့် မျှတသည့် စျေးနှုန်းဖြင့် စားသုံးသူများ ဝယ်ယူစားသုံးနိုင်ရေး၊ အိမ်သုံးဆေးဝါးနှင့် အခြေခံလူသုံးကုန်ပစ္စည်းများ ပြတ်လပ် မှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး အထူးစျေးကွက် စောင့်ကြည့်စစ်ဆေး ခြင်း (27)ကြိမ်၊ စားသုံးသူတိုင်ကြားမှုအနေဖြင့် တိုင်ကြားမှု (3)မှုရှိခဲ့ပြီး၊ (2)မှုအား စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခဲ့ပြီး(1)မှုမှာ ဖြေရှင်းဆောင်ရွက်ဆဲ ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ သက်ဆိုင်ရာ ကော်မတီဝင်များအနေဖြင့် နေပြည်တော် စားသုံးသူရေးရာ ကော်မတီနှင့်ပူးပေါင်းပြီး စားသုံးသူပြည်သူများ၏ ယုံကြည်အားကိုးမှုများ ပိုမိုရရှိအောင် ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း လိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ်များကိုသိရှိနားလည်ပြီး ကော်မတီအပေါ် ယုံကြည်မှု ရှိလာမည်ဖြစ်ကြောင်း ပြောကြား သွားပါသည်။

     ဆက်လက်၍ စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူးက စားသုံးသူတိုင်ကြားမှုနှင့် စပ်လျဉ်း၍ ဆောင်ရွက်မှု အခြေအနေ၊ (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်(ဧပြီလမှ ဇူလိုင်လ)အထိ ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အခြေအနေနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်း တင်ပြခဲ့ပါသည်။

      ရှင်းလင်း တင်ပြချက်များအပေါ် နေပြည်တော်စားသုံးသူရေးရာ ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး၊ ကော်မတီအစည်းအဝေးကို ရုပ်သိမ်းလိုက်ပါသည်။

DOCA(ပြည်ထောင်စုနယ်‌မြေ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ဩဘာလမ်းရှိမုန့်မျိုးစုံဆိုင်တွင် ရောင်းချနေသောအသင့်စားမုန့်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၂.၇.၂၀၂၅) ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၉)ရပ်ကွက်ဩဘာလမ်းရှိ မုန့်မျိုးစုံဆိုင်တွင် ရောင်းချနေသောအသင့်စားမုန့်များအား ဈေးကွက်မရောက်မီ ကုန်ညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့နယ်အမှတ်(၉)ရပ်ကွက် ဩဘာလမ်းရှိ မုန့်မျိုးစုံဆိုင်တွင်  ရောင်းချနေသောမုန့်များတွင် ကုန်ညွန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်ရှင်များအားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိ/ မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘားအံမြို့ရှိ အ.မ.က မူလွန် (၉) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးအောင်ထွန်းမြ ဒု-ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၃-၇-၂၀၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.မ.က မူလွန် (၉)၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးအောင်ထွန်းမြ က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်းကို ဟောပြောခဲ့ပါသည်။ ဆက်လက်၍ ဒု-ဦးစီးမှူး ဒေါ်စုနွေးသီရိမောင်က ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန် အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်း ရှင်းလင်း ဟောပြောခဲ့ရာ ဆရာ၊ ဆရာမ (၁၆) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၅၀)ဦး စုစုပေါင်း ဦးရေ(၆၆) ဦး တက်ရောက်ပြီး  လက်ကမ်းစာစောင် များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာရှိ တော်ဝင်ဆန်စက်အား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံမြို့နယ် ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂၂.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၃၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာရှိ တော်ဝင်ဆန်စက်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ရေလိန်ကျေးရွာရှိ တော်ဝင်ဆန်စက်သို့ သွားရောက်၍ ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံကာ ဆန်စက်လည်ပတ်နေမူအခြေအနေများ၊ ဆန်စပါးကြိတ်ခွဲမူအခြေအနေ၊ လုပ်ငန်းဆောင်ရွက်မူအဆင့်ဆင့်ကို စစ်ဆေးကြည့်ရှု့ခဲ့ပြီးနောက် SMEလုပ်ငန်းဖွံ့ဖြိုးမှု့အတွက် ထုတ်လုပ်လျက်ရှိသော ဆန်စက်မှကြိတ်ခွဲထွက်ရှိလာသော ဆန်များကိုထုပ်ပိုးရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ရေး၊ ပို့ကုန်ကဏ္ဍတွင် ဆန်စပါးသည် အရေးပါသည့်အတွက် အရည်အသွေးမီသော ဆန်များရရှိရေးအတွက် စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများကို စနစ်တကျ သိုလှောင်ထားရှိရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စိမ်းလဲမြေဆန်စက်ဆိုလာ စီမံကိန်း ညောင်တုန်း၌ စတင်

    ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်စိမ်းလဲ့မြေ ဆန်စက်တွင်ကျင်းပသော ဆိုလာစီမံကိန်းဖွင့်ပွဲနှင့် ဆိုလာနည်းပညာမိတ်ဆက်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌ၊မြန်မာနိုင်ငံစိုက်ပျိုထုတ်လုပ်သူများအသင်းဥက္ကဌ တို့ ၂၆-၇-၂၀၂၅ ရက်နေ့ နေံနက် ၁၀နာရီတွင် ဖွင့် ပွဲတက်ရောက်ခဲ့ကြောင်း သိရသည်။ 

          စိမ်းလဲမြေဆန်စက်ဆိုလာ စီမံကိန်း ကို ညောင်တုန်းမြို့၌ စတင်လိုက်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ထံမှ သိရသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဦးဆောင်မှုဖြင့် ဆန်စက်နှင့် သိုလှောင်ရုံများတွင် ဆိုလာပါဝါဖြင့် ပေါင်ဆန်လည်ပတ်နိုင်ရေး ဆောင်ရွက်နေတဲ့ စီမံကိန်းတွေအနက် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ စိမ်းလဲမြေဆန်စက်မှာ ကနဦးဆိုလာ တပ်ဆင်အင်အား ၄၈၇ ကီလိုဝပ် p ကို တပ်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။ ပို့ကုန်လုပ်ငန်းများဆောင်ရွက်နေသော ကုမ္ပဏီကြီးတွေရဲ့ ဆန်စက်တွေမှာ ဆိုလာ energy ကို ပေါင်းဆန်သုံးစွဲပြီး sustainable rice processing using manageable energy ဖြစ်စေဖို့အတွက် အသင်းချုပ်ဟာ ဆိုလာနှင့် ဆပ်စပ်ပစ္စည်းများ တင်သွင်းဖြန့်ချီတပ်ဆင်တဲ့ ကုမ္ပဏီ ၁၇ခုနဲ့ MOU လက်မှတ်ရေးထိုးထားကြောင်း သိရသည်။ ဆိုလာ energy တပ်ဆင်ထားသော ဆန်စက် ၂၈စက် ၊ စုစုပေါင်းဆပ်တင်အင်အား ၄၂.၉ mw ယခုနှစ် မတ်လက စတင်ပြီး ကနဦးစူးစမ်းလေ့လာရေး တည်ဆောက်တပ်ဆင်ရေး ဆောင်ရွက်နေကြောင်း သိရပါသည်။ ကျန်သော ဆန်စက်များကိုလည်း တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး မကြာမှီ စတင်လျှပ်စစ်ထုတ်နိုင်တော့မည်ဖြစ်ကြောင်း ဆိုလာစီမံကိန်း ဖွင့်ပွဲနှင့် ဆိုလာနည်းပညာမိတ်ဆက်ပွဲမှ သိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိ ဆန်စက်များအား ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်ရှိ Gasifier အသုံးပြု လည်ပတ်လျက်ရှိသောဆန်စက်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ်ရှိ Gasifierအသုံးပြု လည်ပတ်လျက်ရှိသောဆန်စက်များသို့ သွားရောက်၍ ဆန်စက်ပိုင်ရှင်များနှင့် တွေ့ဆုံကာ ဆန်စက်လည်ပတ်နေမူအခြေအနေများ၊ ဆန်စပါးကြိတ်ခွဲမူအခြေအနေ၊ လုပ်ငန်းဆောင်ရွက်မူအဆင့်ဆင့်ကို ကြည့်ရှု့ခဲ့ပြီးနောက် ဆန်စက်များမှ ရေဆိုးရေညစ်များ စနစ်တကျသန့်စင်ထုတ်စေရေးအတွက် ရေစစ်ကန်များအားသတ်မှတ်ချက်များနှင့် အညီအသုံးပြုမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီးSMEလုပ်ငန်းဖွံ့ဖြိုးမှု့အတွက် ထုတ်လုပ်လျက်ရှိသော ဆန်စက်မှကြိတ်ခွဲထွက်ရှိလာသော ဆန်များကိုထုပ်ပိုးရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ရေး၊ ပို့ကုန်ကဏ္ဍတွင် ဆန်စပါးသည် အရေးပါသည့်အတွက် အရည်အသွေးမီသော ဆန်များရရှိရေးအတွက် စက်ရုံ၊အလုပ်ရုံ၊ သိုလှောင်ရုံများကို စနစ်တကျ သိုလှောင်ထားရှိရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့ ၊ လှည်းဆိပ်ကျေးရွာရှိ “ဦးဇော်မျိုး” မုန့်ဖတ်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၂) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ ၊ လှည်းဆိပ်ကျေးရွာရှိ “ဦးဇော်မျိုး” မုန့်ဖတ်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခဲ့ကြ ပါသည်။

    ထိုသို့ကွင်းဆင်းစိစစ်ရာတွင် မုန့်ဖတ်များကို စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် တာရှည်ခံစေသည့် ဖော်မလင်များ အသုံးမပြုရန် အသိပေး တိုက်တွန်းခဲ့ပြီး MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ငွေကြေးရင်းနှီးမြှုပ်နှံထားရှိမှု၊ လုပ်သား အင်အား အသုံးပြုမှု၊ ဈေးနှုန်းဈေးကွက် အခြေအနေများ ၊ ကုန်စည်အပေါ် အကျိုးအမြတ်ရရှိမှု အခြေအနေများ အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးမှု၊ ကုန်စည်အပေါ်တာဝန်ရှိမှု၊ ပြစ်မှုပြစ်ဒဏ်များ ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံဆွေးနွေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၂၁.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁း၀၀) နာရီအချိန်တွင် အိမ်မဲမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း၏ ဥက္ကဌဦးသိန်းလွင်၊ အမှုဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ   အသင်း၏လက်ရှိဆောင်ရွက်မှုများကိုမေးမြန်းရာ အသင်းဥက္ကဌမှ တောင်သူများတွက် ခြေကိုက်မည့် ဈေးနှုန်းဖြင့် စပါးဝယ်ယူ၍ ဆန်ကြိတ်ခွဲပြီး မြိုနယ်အတွင်းနှင့် အခြားဒေသများသို့ တင်ပို့ရောင်းချခြင်း၊ ပေါင်းဆန်ထုတ်လုပ်တင်ပို့ရောင်းချခြင်းဖြင့် ဒေသထွက်ကုန်စဉ်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်ဒေသဖွံ့ဖြိုးရေ လုပ်ငန်းများအတွက် ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံလူတန်းစားများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး လက်ရှိဆောင်ရွက်မှုအတိုင်းဆက်လတ် ဆောင်ရွက်သွားမည်ဟုပြောကြား၍ မြို့နယ်တာဝန်ခံမှ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊အသင်းတိုးတက်ရေးအကြံပြု ဆွေးနွေးပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ (၅) ရပ်ကွက်၊ ကမ်းနားလမ်းရှိ “မိုးပျံ” သုံးထောင့်မုန့် လုပ်ငန်းသို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၂) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့ (၅) ရပ်ကွက်၊ ကမ်းနားလမ်းရှိ “မိုးပျံ” သုံးထောင့်မုန့် လုပ်ငန်းသို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

   အဆိုပါ သုံးထောင့်မုန့် ၏ ပါဝင်ပစ္စည်းများမှာ (သကြား၊ဂျုံ၊ ဘဲဥ၊ ဆီ၊ရေသန့်) တို့ဖြစ်ပြီး တစ်နေ့ ထုတ်လုပ်မှုအနေဖြင့် ဘူး(၁၀၀) ထုတ်လုပ်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် မုန့်တစ်ဘူး လျှင် လက်လီ (၃၀၀၀) ကျပ်၊ လက်ကား (၂၇၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။ မိသားစုဝင် (၄) ဦးဖြင့် လုပ်ကိုင်လျက်ရှိပြီး ဈေးကွက်အနေဖြင့် ဒေသအတွင်း၌သာ ရောင်းချ ပေးလျက်ရှိပါသည်။မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ အရည်အသွေး ပြည့်မီမှုရှိစေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ထုပ်ပိုးမှုနည်းစနစ်များ ၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိနိုင်မှု အခြေအနေတို့အား MSMEs လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ