Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကယားပြည်နယ်၊ ပြည်နယ်စားသုံးသူရေးရာကော်မတီ (၃/ ၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

            စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်စားသုံးသူရေးရာကော်မတီ (၃/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင်(၇)ဦးနှင့်  စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း (၅)ဦး၊ စုစုပေါင်း(၁၂)ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါအစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဒုတိယဥက္ကဌ ဦးကြာမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးဦးမြင့်အောင် က(၃/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အတွင်းလုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေ အနေများကို အမှာစာများဖြင့် ရှင်းလင်တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ကော်မတီ အဖွဲ့ဝင်များကအမှာစာများအား အတည်ပြုမှတ်တမ်းတင်၍ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး အစည်းအဝေးကို (၁၁:၃၀) အချိန် တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရှိရပါသည်။

DOCA(ကယား)

 

မောင်တောမြို့၊နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် သင်တန်းသား/သူများအား စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြောခြင်း

     ရခိုင်ပြည်နယ် မောင်တောခရိုင်၊ မောင်တောမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးအောင်ထွန်းမြ(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၂၅-၈-၂၀၂၂)ရက် နံနက် (၁၀:၀၀)နာရီ အချိန်တွင် ကညင်တန်းရပ်ကွက်  နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်းတွင်သင်တန်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်ထွန်းမြ(ဦးစီးမှူး)မှ မိမိဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ စားသုံးသူ၏ အခွင့်အရေး နှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဉပဒေအရ ကုန်ပစ္စည်းများကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျှက်ဖြစ်စေ ဖော်ပြပါရှိမှသာလျှင် ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း စားသုံးသူများအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ‌ရွေးချယ်ဝယ်ယူစားသုံးရန် လိုအပ်ပါကြောင်း ကျန်မာရေး၊ ပညာရေးဝန်ဆောင်မှု၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းစသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင်လည်းကောင်း၊ အစားအသောက်နှင့်ပတ်သက်၍လည်းကောင်း နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ (CICC)ရုံး ဖွင့်လှစ်ထားရှိရာသို့ လာရောက်တိုင်ကြားနိုင်သလို w.w.w doca gov.mm တွင်လည်းကောင်း၊ Doca Myanmar မိုဘိုင်း အက်ပလီကေရှင်းမှတဆင့်လည်းကောင်း တိုင်ကြားနိုင်ပါကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ သင်တန်းသား/သူ (၁၁၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

 

ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ(၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်း ဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

       စစ်ဆေးရေးမှူးနှင့် ပူးပေါင်းအဖွဲ့သည် ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီးနောက် ဆေးဆိုင်ပိုင်ရှင်များအား သက်တမ်းလွန် ဆေးဝါးများနှင့် FDA ဌာနမှ တားမြစ်ထားသော တရားမဝင်ဆေးပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်၊ တရားဝင်တင်သွင်းထားသော ဆေးနှင့်ဆေးပစ္စည်းများကိုသာ ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ“စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)   

ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒီဇယ်အင်ဂျင်ပြုပြင်နည်းသင်တန်း ဖွင့်လှစ်

        ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ၊တညင်းကုန်းကျေးရွာရှိ ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျော့ချရေး ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်နှင့် တနိုင်တပိုင်ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်၍ မိသားစုဝင်ငွေ ရရှိစေရန် ရည်ရွယ်ပြီး ဒီဇယ်အင်ဂျင်ပြုပြင်နည်းသင်တန်းကို ၂၅.၈.၂၀၂၂မှ ၈.၉.၂၀၂၂နေ့အထိ အခမဲ့ ဖွင်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

        အဆိုပါသင်တန်းတွင် သင်တန်းဆရာများအဖြစ်ဌာနမှ ဦးထက်နိုင်ထွန်း၊ ဦးဇင်မောင်မောင် ဒု-ဦးစီးမှူးများမှ သင်တန်းသား ၃၀ဦးအား ဒီဇယ်တစ်လုံးထိုးအင်ဂျင်အစိတ်အပိုင်းများနှင့် အလုပ်လုပ်ပုံ၊နော်ဇယ်၊ ပလန်ဂျာများဖြုတ်တပ်ဆင်ခြင်း၊ ဆီလိုက်မှန်မမှန်စစ်ဆေးခြင်းတို့ကို စာတွေ့ လက်တွေ့သင်ကြားပေးသွားမှာဖြစ်ကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

DOCA(ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့ပေါ်ရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးဟောပြောဆွေးနွေး

           ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်ဦးစီးမှူးရုံးတွင်(၂၃.၈.၂၀၂၂) နေ့လယ် (၁၄:၀၀) အချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ ဆန်စက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင် အသိပညာပေးတွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါ လုပ်ငန်းရှင်များအသိပညာပေး တွေ့ဆုံဆွေးနွေးပွဲတွင် ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ဓနုဖြူမြို့ ဆန်/စပါး၊ ကြိတ်ခွဲထွက်ရှိမှုအခြေအနေ၊ စပါး/ဆန် ဈေးကွက်နှင့် ကြိတ်ခွဲမှု ဆန်အရည်အသွေး ကောင်းမွန်စေရေး၊ ဆန်တင်ပို့ရောင်းချမှုအခြေအနေများကို တင်ပြမေးမြန်း ဆွေးနွေးပြီး၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်တို့မှ သိရှိလိုသည်များရှိပါက Call Center 1535 သို့ စားသုံးသူကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်သွယ် မေးမြန်းနိုင်ပြီဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ကိစ္စရပ်များအကြောင်း၊ စားသုံးသူကာကွယ်ပေးရေးဥပဒေ၏ ပြစ်မှု ပြစ်ဒဏ်များအကြောင်း အသိပညာပေးပြောကြားပြီး တက်ရောက်လာသူများမှ စားသုံးသူကာကွယ်ပေးရေးနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးမှ အကျယ်တဝင့် ရှင်းလင်း ဖြေကြားပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ဆန်စက်လုပ် ငန်းရှင် (၁၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဟင်္သာတခရိုင်အတွင်း ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆီထွက်သီးနှံနေကြာ တိုးချဲ့ စိုက်ပျိုးလျက်ရှိ

           ဟင်္သာတခရိုင်သည် နှစ်စဉ် မိုးစပါးစိုက်ဧက ၅၃၂၃၀၇ ၊နွေစပါးစိုက်ဧက ၃၈၈၈၀ နှင့် ပဲမျိုးစုံ စိုက်ဧက ၆၁၁၅၀၃ နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအနေဖြင့် ထွက်ရှိလာသော ဆန်၊ပဲမျိုးစုံတို့ကို ဒေသတွင်း စားသုံးမှု့ဖူလုံရုံသာမက ပိုလျှံသည့် ကုန်စည်များကိုလည်း နှစ်စဉ်တိုင်း/ပြည်နယ်များနှင့်ပြည်ပသို့ တင်ပို့လျက်ရှိနေပါသည်။

          ယခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်ချက်နှင့်အညီ ပြည်ပသွင်းကုန် အစားထိုးသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် စားသုံးသူ ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးနှင့် ပြည်ပမှတင်သွင်းနေရသည့် စားသုံးဆီ တင်သွင်းမှု လျော့ကျစေရန်အတွက် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ လာမည့်ဆောင်းရာသီတွင် စိုက်ပျိုးရန်မျိုးအတွက် မြန်အောင်မြို့နယ်တွင် မိုးနေကြာ ၁၃၀၀ဧက၊ ကြံခင်းမြိုနယ်တွင် ၁၀၀၀ဧက နှင့်အင်္ဂပူမြို့နယ်တွင် ၇၀၀ဧက စုစုပေါင်း ဧက ၃၀၀၀ ရာနှုန်းပြည့် စိုက်ပျိုး ပြီးစီးကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

DOCA(ဧရာဝတီ)

 

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့ ဆန်စက်ကုန်သည် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၃.၈.၂၀၂၂) နေ့ လယ် (၁၃:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်တာဝန်ခံရုံးတွင် ဆန်စက်လုပ်ငန်းရှင်(၁၀)ဦးနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင် အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

          အဆိုပါတွေ့ဆုံပွဲတွင် ပန်းတနော်မြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ရှင်များအား စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအကြောင်း၊ ပန်းတနော်မြို့နယ်၏ ဆန်၊စပါး ဈေးကွက်အခြေအနေ၊ ရန်ကုန်သို့ ဆန်တင်ပို့နိုင်မှု အခြေအနေများနှင့် ဆန်းစပါးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများ နှင့် ၂၀၁၉ပါစားသုံးသူကာကွယ်ပေးရေးဥပဒေပါ လုပ်ငန်းရှင်တို့၏ လိုက်နာရမည် တာဝန်၊ တားမြစ်ချက်များအကြောင်းနှင့် စားသုံးသူကာကွယ်ပေးရေးဥပဒေ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ဆွေးနွေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)

 

ဖျာပုံမြို့နယ် ဈေးကွက်အတွင်း ပုဇွန်နှစ်ကောင်တံဆိပ် စားသုံးဆီများရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

        ဖျာပုံမြို့နယ် ဈေးကွက်အတွင်း ပုဇွန်နှစ်ကောင်တံဆိပ်အပါအဝင် တရားမဝင်တင်သွင်းလာသောစားသုံးဆီများအား ရောင်းချနေနေင်းရှိ /မရှိ  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ စားသုံးသူရေးရာ ဦးစီးဌာန၊စည်ပင်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့များ ပူးပေါင်း၍(၂၂-၈-၂၀၂၂)ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီမှ နေ့လယ် (၁၆:၀၀)နာရီထိ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိ ရသည်။

         အဆိုပါအရောင်းဆိုင်များအား စစ်ဆေးရာတွင်  ပုဇွန်နှစ်ကောင်တံဆိပ်ပါ စားသုံးဆီများ ရောင်းချခြင်းမတွေ့ရှိဘဲ    Goody ၊ Meizal  ၊ Zarman ၊ Lady’ s  Choice ၊ Lotus   အမှတ်တံဆိပ် နှင့်စားဆီပုံးများ ပဲနှမ်းဆီပေပါများကိုသာ  ဈေးကွက်အတွင်း စစ်ဆေးတွေ့ရှိသဖြင့် ပုဇွန်နှစ်ကောင် အမှတ်တံဆိပ်အပါအဝင် တရားမဝင်တင်သွင်းလာသော စားသုံးဆီများ ရောင်းချခြင်းမပြုရန်နှင့် ရောင်းချခြင်းတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဖျာပုံမြို့ အထက်ကျောင်းရှိ  မုန့်ဈေးတန်းနှင့်ကျောင်းဝန်းကျင် မုန့်ဆိုင်နှင့်ဆေးဆိုင်များအား ရှောင်တခင်စစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဖျာပုံမြို့နယ်စစ်ဆေးရေးမှူးသည် မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယ မြို့နယ်ရဲမှူးနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဩဂုတ်လ(၂၃)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီတွင် အထက်တန်း ကျောင်းများဖြစ်သည့်(အထက-၂)၊(အထက-၃)၊(အထက-၄)ရှိကျောင်းမုန့်ဈေးတန်းများနှင့် ကျောင်း ပတ်ဝန်းကျင်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        အဆိုပါကျောင်းမုန့်ဈေးတန်းတွင် မုန့်မျိုးစုံများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ နှင့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများရောင်းချခြင်းရှိ/မရှိ ၊ကျောင်းပတ်ဝန်းကျင်အနီးရှိ ဆေးဆိုင်များအားဆရာဝန်ညွှန်ကြားချက်မပါပဲ ဆေးဝါးများမရောင်းချရန်၊ တားမြစ်ထားသော ဆေးဝါးများနှင့်စပ်ဆေးများရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီးအသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် မအူပင်မြို့ပေါ်ရှိ ဆီကုန်သည်များနှင့် တွေ့ဆုံဆွေးနွေး

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးတို့သည် (၂၂.၈.၂၀၂၂) နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသောလုပ်ငန်းရှင်(၅)ဦးအား စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် တွေ့ဆုံ၍ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ စားအုန်းဆီ လက်လီ/လက်ကားရောင်းချသူ ဆီကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် တင်သွင်းလာသည့် စားသုံးဆီများ အရည်အသွေးပြည့်မီရေးနှင့် ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများသုံးစွဲနိုင်ရေးအတွက် သယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူးရာတွင် Good Grade ပေပါများ၊ Trankများ အသုံးပြုရေး စားသုံးသူရေးရာဦးစီးဌာန၊ (ရုံးချုပ်)၏ ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုမ္ပဏီများမှ ဖြန့်ဖြူးသော စားအုန်းဆီလက်ခံရရှမှု အခြေအနေ၊ ရည်ညွှန်းဈေးဖြင့် ပြန်လည်ရောင်းချမှု အခြေအနေနှင့် သယ်ယူမှုအခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ