စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး
(၃.၄.၂၀၂၃) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်း၍ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြို့များအတွက် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီရောင်းချသည့်လုပ်ငန်းရှင်များအား စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသော ရည်ညွှန်းဈေးများအတိုင်း ရောင်းချရန်ဖြစ်ကြောင်း၊ ရည်ညွှန်းဈေးထက်ပိုမို၍ ရောင်းချပါက သက်ဆိုင်ရာဌာနတို့၏ လုပ်ထုံးလုပ်နည်း ဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင်း ဆီပြတ်လပ်မှုမရှိစေရေးအတွက် ကုမ္ပဏီများမှ မှာယူထားသော စက်သုံဆီဘောက်ဆာကာများ ကြန်ကြာမှုမရှိစေရေး အချိန်မီ ရောက်ရှိစေရေးတို့ကို အလေးပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန်၊ စက်သုံဆီဆိုင်များတွင် LED ဆိုင်းဘုတ်ဖြင့် ဆီဈေးနှုန်းများဖော်ပြရောင်းချကြရန်နှင့် မိမိတို့ရောင်းချနေသော ကုန်စည်များ အလေး၊ အချိန်အတွယ်ပြည်ဝစွာရောင်းချကြရန်စသည်ဖြင့် ဆီဆိုင်လုပ်ငန်းရှင်များ သိရှိလိုသည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)