Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြို့သစ်မြို့နယ်၌ သောက်ရေသန့်ထုတ်လုပ်ရောင်းချသော ရေသန့်စက်ရုံများ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မြို့သစ်မြို့  မြို့နယ်တာဝန်ခံ ဦးဆယ်မောင် (ဒု-ဦးစီးမှူး)သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်းပြီး (၁၀-၂-၂၀၂၃)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြို့သစ်မြို့နယ်ရှိ  "ပန်းချယ်ရီ၊ ကသစ်ပန်းနှင့် သိဒ္ဓိလင်း"အမှတ်တံဆိပ် သောက်ရေသန့်လုပ်ငန်းရှင်များထံသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိနှင့် လုပ်ငန်းလိုင်စင်ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့သစ်မြို့နယ်တာဝန်ခံ ဦးဆယ်မောင်က သောက်ရေသန့်ကုန်အမှတ်တံဆိပ်များတွင်  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ လမ်းညွှန်ချက်အမှတ်( ၂/၂၀၁၉)၌ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းများကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အပြင် သောက်ရေသန့်ဖြစ်သည့်အတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ထောက်ခံချက်ကိုလည်း ရယူထားရန်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကလည်း လုပ်ငန်းလိုင်စင်များလျှောက်ထားကြရန် အသီးသီး အသိပေးရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ရေသန့်လုပ်ငန်းရှင်(၃)ဦးအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ကျိုက်လတ်မြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ ထွန်းဇမ္ဗူဆန်စက်လုပ်သားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

   ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် ကျိုက်လတ်မြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ ထွန်းဇမ္ဗူဆန်စက်မှ လုပ်သားပြည်သူများကို   (၁၇-၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

   ထိုဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက လုပ်သားပြည်သူများအား ကုန်ပစ္စည်းနှင့်အစားအစာများ ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်သော အစားအသောက်များကို ဝယ်ယူအသုံးပြုကြရန်နှင့် ပါဝင်ပစ္စည်း၊ အလေးချိန်နှင့် ထုတ်လုပ်သည့်ရက်စွဲပြည့်စုံစွာဖော်ပြထားခြင်း မရှိသော ပစ္စည်းများ၊ ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ပစ္စည်းများဝယ်ယူခြင်းမပြုရန်နှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ ဦးဆောင်ကော်မတီ၏ (၁/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ Coffee Shop နှင့် Happy Water Coffe Mix အထုပ်များထဲတွင် မူးယစ်ဆေးဝါးများ ပါဝင်သည့်အတွက် ဝယ်ယူသုံးစွဲခြင်းမပြုရန် ထည့်သွင်းဆွေးနွေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)

မုန့်တိုက်လုပ်ငန်းရှင်နှင့်ကုန်အညွှန်အမှတ်အသားတွေ့ဆုံဆွေးနွေး

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများတို့သည် (၂၂.၂.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် မြိတ်မြို့၊ မြို့မ(၁)ရပ်၊ စာသင်ကျောင်းလမ်းရှိ မီးမီး အမှတ်တံဆိပ် ကိတ်မုန့်အမျိုးမျိုးထုတ်လုပ်သည့်လုပ်ငန်းရှင်အား တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

     စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ထားသော ဥပဒေအရ မြန်မာစာဖြင့်ပြည့်စုံစွာဖော်ပြစေနိုင်နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာထုတ်လုပ်နိုင်ရေးတို့အတွက်၊ ကုန်အညွှန်းအမှတ်အသားများ လာရောက်လျှောက်ထားရန်နှင့် သန့်ရှင်းလတ်ဆတ်သောမုန့်ရရှိရေး အလေးထားဆောင်ရွက်ရန်၊ မိမိတို့၏ကုန်အမှတ်တံဆိပ်အား မူပိုင်ခွင့်ဦးစီးဌာနတွင်မှတ်ပုံတင်၍ လျှောက်ထားကြရန်တို့ကိုရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် အချက်များသက်ဆိုင်ရာဌာနများ၏ဥပဒေနှင့်  လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာဆောင်ရွက်ကြ အသိပညာပေး ခဲ့မှုအား သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

ဟင်္သာတမြို့ပဒေသာဈေးအတွင်းရှိဆေးဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့နယ်တာဝန်ခံ ဦးမိုးကျော်သည် စည်ပင်သာယာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၆) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပဒေသာဈေးအတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင်မြို့နယ်တာဝန်ခံက စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဆေးဝါးများသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိနှင့်၏မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများရောင်းချခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီးနောက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက တားမြစ်ကုန်စည်များမရောင်းချရန်နှင့်တရားမဝင်ဆေးဝါးများ တင်သွင်းရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်းလိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေး ဆောင်ရွက်ရန်နှင့်သတ်မှတ်အရည် အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကိုအသိပညာပေးဆွေးနွေးခဲ့ကာ၊ဆေးဆိုင်(၄) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဘိုကလေးမြို့၊စံပြဈေးကြီးအတွင်း၌ရောင်းချနေသောပဲပြား၊ပဲသွေး၊မုန့်ဟင်းခါးဖတ်များတွင် ဖော်မလင်ပါဝင်မှုရှိ/မရှိကွင်းဆင်းစိစစ်

      ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာခံနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ဖေဖော်ဝါရီလ (၁၇)ရက်နေ့၊နံနက် (၀၉:၀၀)နာရီအချိန်တွင်ဘိုကလေးမြို့၊စံပြဈေးသို့ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စံပြဈေးအတွင်းရောင်းချနေသောစားသောက်ကုန်များဖြစ်သည့် ပဲပြား၊ ပဲသွေး၊ မုန့်ဟင်းခါးဖတ်များတွင် ဖော်မလင်ပါဝင်မှုရှိ/မရှိစစ်‌ဆေးပြီးနောက် အခြားရောင်းချနေသော သစ်သီးဝလံများတွင်လည်း ဘေးအန္တရာယ်ရှိသောဆိုးဆေးများ၊ ရက်လွန်အသီးအနှံများ၊ တာရှည်ခံအသုံးပြုထားသောကုန်စည်များကို ဈေးကွက်အတွင်းသို့ဝယ်ယူတင်သွင်း‌ရောင်းချခြင်းမပြုကြရန် အသိပညာပေးတိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မကွေးမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

  မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၂၂-၂-၂၀၂၃) ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင်  မကွေးမြို့အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးမှုလုပ်ငန်းများကိုး ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါအခမ်းအနားတွင် မကွေးမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Civil ဌာနမှူး ဒေါ်မာမာက အဖွင့်အမှာစကားပြောကြားပြီးနောက် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်အေးအေးမိုးက ဌာန၏သမိုင်းအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်စန္ဒာစိုးလွင်က စားသုံးသူအခွင့်အရေးနှင့် CICCတိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူလိုက်နာရမည့် တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ဆွေးနွေးဟောပြောခဲ့မှုများအပေါ် ခြုံငုံ၍ စားသုံး/ထုတ်လုံတာဝန်ခံအရာရှိ ဒေါ်အေးမဉ္ဇူခိုင်က အနှစ်ချုပ်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများ၏ သိလိုသည်များမေးမြန်းခဲ့မှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထို့နောက် မကွေးမြို့အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Civil ဌာနမှူးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ဆရာ/ဆရာမ(၁၅)ဦး၊ ကျောင်းသား/ ကျောင်းသူ(၄၃၀)ဦးတို့ တက်ရောက်ခဲ့ကြကာ၊ တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဝေငှပြီး ကျောင်းစာကြည့်တိုက်တွင်ထားရှိနိုင်ရန်အတွက် ဥပဒေစာအုပ်များ ပေးအပ်ခဲ့ပါသည်။

    စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးများရရှိလာစေရေးနှင့် မိမိတို့လိုက်နာရမည့်တာဝန်များကို သိရှိလိုက်နာစေရေး၊   မိမိတို့နစ်နာဆုံးရှံးမှုများအပါ် တိုင်ကြားနိုင်သည့် အခွင့်အလမ်းများရရှိစေရေး အသိပညာပေးဆွေးနွေးဟောပြောပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ  မကွေးတက္ကသိုလ်၌ (၇-၂-၂၀၂၃)ရက်နေ့တွင်လည်းကောင်း၊ ပွင့်ဖြူမြို့ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ (၁၄-၂-၂၀၂၃)ရက်နေ့တွင်လည်းကောင်း တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများက စားသုံးသူအသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 

ဒေးဒရဲမြို့၊ မြို့မဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စစ်ဆေးရေးမှူး ဦးသိန်းမောင် ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဖေဖော်ဝါရီလ (၁၇) ရက်၊နေ့လည်(၁၂:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့၊ မြို့မဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိနှင့်တားမြစ်ကုန်ပစ္စည်းများ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီးနောက် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့်လိုက်နာမှုမရှိပါကစားသုံးသူကာကွယ်ရေးဥပဒေအရ  အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ဘိုကလေးမြို့မဈေးအတွင်းရှိဆေးပစ္စည်းဆိုင်၌ DICLON.M ဆေးတွင်မှတ်ပုံတင်ထားခြင်း ရှိ/မရှိဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ကျန်းမာရေးဦစီးဌာန၊ မြို့နယ်စည်ပင်အဖွဲ့တို့နှင့်ပူးပေါင်း၍  ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ နံနက်(၁၀:၃၀)  နာရီအချိန်တွင် မြို့မဈေးရှိဆေးပစ္စည်းအရောင်းဆိုင်များ၌ DICLON.Mဆေးများတွင် Register မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိ တို့အားကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသော ဆေးဝါးပစ္စည်းဆိုင်များ၌ DICLON.M ဆေးများတွင် Register (မှတ်ပုံတင်ထားကြောင်း)နှင့်ဈေးကွက်အတွင်း၌ လည်း‌ရောင်းချလျက်ရှိကြောင်း ကိုစစ်ဆေးတွေ့ရှိခဲ့ရ၍ ဈေးကွက်အတွင်း၌ အတုအပပစ္စည်းများခွဲခြား၍မရအောင်ဝင်ရောက်လျက်ရှိသဖြင့် သတိပြုရောင်းချသွားကြပါရမည်ဖြစ်ပါကြောင်းတွေ့ဆုံပြောကြားခဲ့ပြီးနောက် ဈေးနှုန်းတည်ငြိမ်မှုနှင့်စျေးနှုန်းဈေးကွက်အခြေအနေများကိုလည်း မေးမြန်းကာကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူခရိုင်တွင် စီးပွားရေးလုပ်ငန်းရှင်များ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြနိုင်ရေး သွားရောက်တွေ့ဆုံ ဆောင်ရွက်ပေးလျက်ရှိ

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး/ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုး၊ ဒုခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများသည် (၂၁-၂-၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ဒေသတွင်းထုတ်လုပ်လျက်ရှိသော ပဲခွေကြော်၊ ကြက်သွန်ကြော်၊ အသားတုကြော်၊ ဆန်ချောင်းကြော်၊ အာလူးကြော်၊ ကွတ်ကီးမုန့် စသည့် မုန့်မျိုးစုံထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်(၄)ဦးထံသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် အကျိုးစီးပွားအောင်မြင်ဖြစ်ထွန်းစေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။

       ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးက ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူမှုများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်(၂/၂၀၁၉)ပါကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များကို ရှင်းလင်း၍ လုပ်ငန်းရှင်များကလည်း မိမိတို့ထုတ်လုပ်သောကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    ဆက်လက်၍ ဒုခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက ဆွေးနွေးရာတွင် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများက စားသောက်ကုန်တစ်ခုခုကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှုမှာ အရေးကြီးသောအခန်းကဏ္ဍတွင် ရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံ မှုမရှိသောထုတ်ကုန်များအား ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်သွားစေရန် စားသုံးသူကာကွယ်ရေးဥပဒေအရ စောင့်ကြည့်စစ်ဆေးအရေးယူသွားမည်ဖြစ်သောကြောင့် တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

        ဆက်လက်၍ "ပြည်ချစ်"နှင့် "လမင်း" ကြက်သွန်ကြော်လုပ်ငန်းတွင် ကြက်သွန်ကြော်ပြုလုပ်ဆောင်ရွက်ပုံများကိုမေးမြန်းရာ ကြက်သွန်နီများကိုကြိတ်၍ ကော်မှုန့်ဖြင့် အရည်ဖျော်ရ ကြောင်း၊ ကြက်သွန်တစ်ပိဿာခွဲဆိုလျှင် ကော်မှုန့်(၁၅)ပိဿာခန့်ထည့်၍ အရည်ဖျော်ပြီး ပေါင်းဖိုတွင် ဗန်းများဖြင့် အဆင့်လိုက်တင်၍ တစ်နာရီခန့်ပေါင်းရကြောင်း၊ ပေါင်းပြီး ရရှိသောမုန့်သားများအား အချိန်တစ်ည တန်းပစ်၍လှန်းထားရကြောင်း သိရှိရပါသည်။

   မနက်ရောက်သည့်အခါ တန်းပစ်လှန်းထားသောမုန့်သားများကို လက်ဖြင့်(သို့)စက်ဖြင့် လိုသလိုအနေအထားကိုက်ယူခြင်း၊ ဖြတ်တောက်ခြင်းများပြုလုပ်၍ နေပူလှန်းရကြောင်း၊ နေပူလှန်းပြီး ခြောက်သွားသောမုန့်ခြောက်များကို ဆီဖြင့်ကြော်၍ အထုပ်များထုတ်ပြီး ရောင်းချကြကြောင်း၊ မိသားစုဝင်များ တစ်နိုင်တစ်ပိုင်လုပ်ကိုင်ဆောင်ရွက်ရောင်းချလျက်ရှိရာ လက်ကားအနေဖြင့် အထုပ်သေးတစ်ထုပ်လျှင် (၇၆)ကျပ်ရှိပြီး၊ (၂၅)ထုပ်တွဲ တစ်တွဲလျှင် (၁၉၀၀) ကျပ်ပေးရကြောင်း၊ လက်လီတစ်ထုပ်လျှင် (၁၀၀)ကျပ်ပေးရကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့တွင်းသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၂၂.၂.၂၀၂၃ ရက်နေ့၊ ၁၄:၀၀နာရီအချိန်တွင် မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်ရှိ လက်လီလက်ကား ဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်(၅)ဆိုင်အား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

        ထိုသို့ ဈေးကွက်‌စောင့်ကြည့်စစ်ဆေးရာတွင် Hima Water(သောက်ရေသန့်အမှတ်တံဆိပ်)ပါ သောက်ရေသန့်တွင် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့်  သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ