Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် မအူပင်မြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင် တွေ့ဆုံဆွေးနွေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂၃.၈.၂၀၂၂) နေ့ (၁၃:၀၀) နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်(၁၂)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေး နွေးခဲ့ကြပါသည်။

          အဆိုပါ လုပ်ငန်းရှင်အသိပညာပေးဟောပြောမှုတွင်  ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ စားသုံးသူနှင့် လုပ်ငန်းရှင်အကြား နစ်နာဆုံးရှုံးမှုများ ရှိလာပါက စားသုံးသူများမှ တိုင်ကြားခြင်းနှင့် စပ်လျဉ်းသည့် အကြောင်းများ၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခြင်း ပြစ်မှု ပြစ်ဒဏ်များ စသည့် ဥပဒေပါ အကြောင်းများကို ဟောပြောဆွေးနွေးခဲ့ပြီး ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်(၁၂)ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေထွက်ပစ္စည်းမွေးမြူထားရှိမှုနှင့် ပြည်တွင်း/ ပြည်ပဈေးကွက်တင်ပို့မှု

         ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဆန်/စပါး အများဆုံး စိုက်ပျိုး ထုတ်လုပ်လျှက်ရှိသော တိုင်းကြီးတစ်ခုဖြစ်သည့် အပြင် မွေးမြူရေးကဏ္ဍမှာလည်း ပြည်တွင်း စားသုံးမှု့ဖူလုံစေရန် သာမက ပိုလျှံသည့် ရေထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပသို့ တင်ပို့၍ ပြည်ပဝင် ငွေရှာဖွေပေးနေသော စီးပွားရေးလုပ်ငန်းတစ်ခု အဖြစ် လုပ်ကိုင်လျှက်ရှိပြီး ပုသိမ်ခရိုင်၊မအူပင်ခရိုင်၊ လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်အတွင်း မြို့နယ်များရှိ ပင်လယ်နှင့် နီးကပ်လျှက်ရှိသော မြို့နယ်ကျေးရွာများတွင် အဓိကမွေးမြူလျက်ရှိသော ကျားပုဇွန်၊ ရေငန် ပုဇွန်၊ရေချိုပုဇွန်ထုပ်၊ ရေချိုပုဇွန်ထုပ်ကြီး၊ ပုဇွန်မီးနီနှင့် လပွတ္တာမြို့နယ်တွင် ရွံ့ဂဏန်းများ မွေးမြူလျက်ရှိကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

       ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်မှာ ကုမ္ပဏီ/လုပ်ငန်းရှင် ၃၁၁ ဦးမှ ကန်အရေအတွက် ၁၂၃၅ကန်နှင့် ဧရိယာ ၁၆၈၀၁ .၇၅ဧကတွင် ပုဇွန်အ‌ကောင်ရေ ၁၃၆၅၈၉၇၉၈ နှင့် ကုမ္ပဏီ/လုပ်ငန်းရှင် ၁၈ ဦးမှ ကန်အရေအတွက် ၆၇ ကန်နှင့် ဧရိယာ ၅၀၈ .၇၁ ဧကတွင် ရွှံဂဏန်း အကောင်ရေ ၁၁၈၈၂၀၀၀ မွေးမြူထားရှိကြောင်း အဆိုပါရုံးမှ သိရသည်။

        ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်း ဧရာဝတီတိုင်းဒေသကြီးမှ ပြည်တွင်းဈေးကွက် ရန်ကုန်သို့ ငါးမြစ်ချင်း ၂၅၅၉၆၈ ပိဿာ၊ ပြည်ပသို့ ၁၃၄၇၂ ပိဿာ၊ ရန်ကုန်သို့ ငါးတန်၁၂၇၉၈၄ ပိဿာ၊ ပြည်ပ သို့ ၆၇၃၆ ပိဿာ၊ ရန်ကုန်သို့ ဂဏန်း ၆၆၂၆၂ ပိဿာ၊ ပြည်ပသို့ ၃၄၈၇ ပိဿာ၊ရန်ကုန်သို့ ပုဇွန်(ရေချို) ၆၀၂၃၅ ပိဿာ၊ ပြည်ပသို့ ၃၁၇၀ ပိဿာ ရန်ကုန်သို့ပုဇွန်(ရေငန်) ၁၃၀၁၁၈ ပိဿာ၊ ပြည်ပသို့ ၁၅၈၅ပိဿာ တင်ပို့နိုင်ခဲ့ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

DOCA(ဧရာဝတီ)

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေထွက်ပစ္စည်းမွေးမြူထားရှိမှုနှင့် ပြည်တွင်း/ ပြည်ပဈေးကွက်တင်ပို့မှု

         ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဆန်/စပါး အများဆုံး စိုက်ပျိုး ထုတ်လုပ်လျှက်ရှိသော တိုင်းကြီးတစ်ခုဖြစ်သည့် အပြင် မွေးမြူရေးကဏ္ဍမှာလည်း ပြည်တွင်း စားသုံးမှု့ဖူလုံစေရန် သာမက ပိုလျှံသည့် ရေထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပသို့ တင်ပို့၍ ပြည်ပဝင် ငွေရှာဖွေပေးနေသော စီးပွားရေးလုပ်ငန်းတစ်ခု အဖြစ် လုပ်ကိုင်လျှက်ရှိပြီး ပုသိမ်ခရိုင်၊မအူပင်ခရိုင်၊ လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်အတွင်း မြို့နယ်များရှိ ပင်လယ်နှင့် နီးကပ်လျှက်ရှိသော မြို့နယ်ကျေးရွာများတွင် အဓိကမွေးမြူလျက်ရှိသော ကျားပုဇွန်၊ ရေငန် ပုဇွန်၊ရေချိုပုဇွန်ထုပ်၊ ရေချိုပုဇွန်ထုပ်ကြီး၊ ပုဇွန်မီးနီနှင့် လပွတ္တာမြို့နယ်တွင် ရွံ့ဂဏန်းများ မွေးမြူလျက်ရှိကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

       ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်မှာ ကုမ္ပဏီ/လုပ်ငန်းရှင် ၃၁၁ ဦးမှ ကန်အရေအတွက် ၁၂၃၅ကန်နှင့် ဧရိယာ ၁၆၈၀၁ .၇၅ဧကတွင် ပုဇွန်အ‌ကောင်ရေ ၁၃၆၅၈၉၇၉၈ နှင့့် ကုမ္ပဏီ/လုပ်ငန်းရှင် ၁၈ ဦးမှ ကန်အရေအတွက် ၆၇ ကန်နှင့် ဧရိယာ ၅၀၈ .၇၁ ဧကတွင် ရွှံဂဏန်း အကောင်ရေ ၁၁၈၈၂၀၀၀ မွေးမြူထားရှိကြောင်း အဆိုပါရုံးမှ သိရသည်။

        ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်း ဧရာဝတီတိုင်းဒေသကြီးမှ ပြည်တွင်းဈေးကွက် ရန်ကုန်သို့ ငါးမြစ်ချင်း ၂၅၅၉၆၈ ပိဿာ၊ ပြည်ပသို့ ၁၃၄၇၂ ပိဿာ၊ ရန်ကုန်သို့ ငါးတန်၁၂၇၉၈၄ ပိဿာ၊ ပြည်ပ သို့ ၆၇၃၆ ပိဿာ၊ ရန်ကုန်သို့ ဂဏန်း ၆၆၂၆၂ ပိဿာ၊ ပြည်ပသို့ ၃၄၈၇ ပိဿာ၊ရန်ကုန်သို့ ပုဇွန်(ရေချို) ၆၀၂၃၅ ပိဿာ၊ ပြည်ပသို့ ၃၁၇၀ ပိဿာ ရန်ကုန်သို့ပုဇွန်(ရေငန်) ၁၃၀၁၁၈ ပိဿာ၊ ပြည်ပသို့ ၁၅၈၅ပိဿာ တင်ပို့နိုင်ခဲ့ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

DOCA(ဧရာဝတီ)

 

စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်း

           ရခိုင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ဂွမြို့နယ်မှ ဦးဇော်လေးနိုင်(ဒု-ကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် (၂၂-၈-၂၀၂၂)ရက်နေ့၊ နေ့လည်(၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဟောပြောပွဲသို့ တက်ရောက် ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ဦးဇော်လေးနိုင်(ဒု-ကြီးကြပ်ရေးမှူး)မှ စားသုံးသူကာကွယ်ရေး ဉပဒေပါ အခန်း(၉)၊ ပုဒ်မ(၁၉)နှင့် ပုဒ်မ(၂၀)တို့တွင်ပါဝင်သည့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ အား ချပြဆွေးနွေးပြီး ဉပဒေအခန်း(၁၈)၊ ပုဒ်မ(၄၁)နှင့်(၄၃)အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖော်ပြထားပြီး ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ ဖော်ပြပါရှိသော မုန့်ပဲသရေစာများကိုသာ ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် ရေခဲထုပ်၊ အချိုရည်၊ ဂျယ်လီ၊ သကြားလုံးစသည့် အချိုလွန်မုန့်ပဲသရေစာများကြောင့် ချောင်းဆိုး၊ ရင်ကြပ်၊ သွားနာ၊သွားကိုက်၊ သွားပိုးစားခြင်းစသည့် လတ်တလောရောဂါများဖြစ်ပွားနိုင်၍ ရှောင်ကြည်ကြရန် လိုအပ်ပါကြောင်းစသည့်ဖြင့် အသေးစိတ်ဟောပြောဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ကုန်မျိုးစုံရောင်းဝယ်ရေး စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

          ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (ဒုဦးစီးမှူး)သည် ၂၃.၈.၂၀၂၂ ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ကုန်မျိုးစုံ ရောင်းဝယ်ရေးစီးပွား‌ရေးလုပ်ငန်းရှင်(၂)ဦးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          တွေ့ဆုံဆွေးနွေးရာတွင် ဒေါ်နှောင်းနှောင်းဝင်း(ဒုဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် ကုန်စည်သို့မဟုတ်ဝန်‌ဆောင်မှု၏ အာမခံချက်၊ သတ်မှတ် ချက်များနှင့်စပ်လျဉ်း၍ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှု မရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွား‌ရေးလုပ်ကိုင်ရာတွင် စီးပွား‌‌ရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံ ပေးချေရမည့်တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းတို့ကိုရှောင်ကျဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့်ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက် ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်(၈)ချက်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများအား အထူးဈေးနှုန်းဖြင့် စားသုံးဆီရောင်းချပေးလျက်ရှိ

         စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)နှင့် ပုသိမ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပူးပေါင်းပါဝင်ပြီး စားအုန်းဆီ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်း မပြုလုပ်စေရန်နှင့် စားအုန်းဆီများကိုသက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်၍ ရန်ကုန်အထိုင်ရည်ညွှန်းလက်ကားဈေးနှုန်း အပေါ်          သယ်ယူခကုန်ကျစရိတ်များပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများအား လူတစ်ဦးလျှင်(၁)ပိဿာနှုန်းဖြင့် (၁၉.၇.၂၀၂၂)ရက်နေ့တွင် ရာမညရပ်ကွက်၊ (၆.၈.၂၀၂၂)ရက်နေ့တွင် ရေကြည်ဦးရပ်ကွက်နှင့် မငြိမ်းလှကုန်းရပ်ကွက်၊ ပပဝတီရပ်ကွက်နှင့် ပန်းဆက် ရပ်ကွက်၊ မြကျွန်းသာနှင့် ကင်မလင်းကျွန်းရပ်ကွက်၊ (၁၆.၈.၂၀၂၂) ရက်နေ့တွင် ကုလားကုန်းဈေးနှင့် မာတရပ်ကွက်၊ (၁၇.၈.၂၀၂၂)ရက်နေ့တွင် ကွမ်းခြံရပ်ကွက်၊ (၁၈.၈.၂၀၂၂)ရက်နေ့တွင် ထုံးဘိုရပ်ကွက် စသည့် ရပ်ကွက်များနှင့် ပေါက်ကုန်းနှင့် ပျဉ်းကတိုးကုန်းကျေးရွာများအား Mobile စနစ်ဖြင့် တစ်ရက်လျှင်ရပ်ကွက်(၂)ခု၊ တစ်ရပ်ကွက်လျှင် စားသုံးဆီပေပါ(၆)လုံး၊ တစ်နေ့လျှင်ဆီပေပါ(၁၂)လုံး၊ လူတစ်ဦးလျှင်(၁)ပိဿာဖြင့် စားသုံးသူပြည်သူများအား ရောင်းချခဲ့ပြီး စားသုံးသူပြည်သူများမှ စနစ်တကျတန်းစီဝယ်ယူအားပေးကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

အင်္ဂပူမြို့ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် ဘုရားငုတ်တိုကျေးရွာအုပ်စု၊ သံပုရာကွင်းကျေးရွာခန်းမ၌ (၂၁.၈.၂၀၂၂) ရက်နေ့ နံနက်(၁၃:၂၀) နာရီအချိန်တွင် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် (၂၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း ကိုဆောင်ရွက်ခဲ့ သည်။

          ဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေကို၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅) ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ ဥပဒေတွင်ပါရှိသော အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းအကြောင်း၊ အခန်း(၂၃)ပါ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ အကြောင်းနှင့် စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer  Informatio and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကို လည်ကောင်း၊ စားသုံးသူရေး ရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက် ချက်များ အကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတခရိုင်အတွင်း တရားမဝင်စားသုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ တရားမဝင်စားသုံးဆီများရောင်းချမှုကို တားဆီးအရေးယူနိုင်ရေးအတွက် ဟင်္သာတမြို့တွင်ကုန်မျိုးစုံဆိုင်များအား (၂၃.၈.၂၀၂၂)ရက်၌ လည်းကောင်း၊ ဇလွန်မြို့နယ်တွင် (၁၉.၈.၂၀၂၂)ရက်နေ့၌လည်းကောင်း၊ လေးမျက်နှာမြို့နယ်တွင်(၁၉.၈.၂၀၂၂)ရက်နေ့၌လည်းကောင်း စားသုံးဆီများလက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချနေသောဆိုင်များ၊ စည်ပင်ဈေးအတွင်းရှိ စားသုံးဆီဆိုင်များကို တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော  ဗူးသွပ်စားသုံးဆီများတွင် ပုဇွန်နှစ်ကောင်အမှတ်တံဆိပ်စားသုံးဆီနှင့် အခြားတရားမဝင်တင်သွင်းလားသော စားသုံးဆီများ ရောင်းချ ခြင်းရှိ/မရှိစစ်ဆေးခြင်း၊ သိုလှောင်ထားရှိသည့် နေရာများအားစစ်ဆေးခြင်း၊ ကုန်စည်များအား ဝယ်ယူ စားသုံးသူမိဘပြည်သူများအတွက် ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်း လမ်း၊ ကျန်းမာရေးဆိုင်ရာအချက်များနှင့် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ် အသားများကို မြန်မာဘာသာဖြင့် (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက် ဖော်ပြထားသောကုန်စည်များ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ တရားဝင်ကုန်စည်များကိုသာရောင်းချ ရန်နှင့် ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏ တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

        ဟင်္သာတခရိုင်အတွင်းရှိ စားသုံးဆီရောင်းချနေသောဆိုင်များတွင် ပုဇွန်နှစ်ကောင်အမှတ်တံဆိပ် စားသုံးဆီနှင့် အခြားတရားမဝင်တင်သွင်းလာသော စားသုံးဆီများရောင်းချခြင်းမရှိကြောင်းကို စိစစ်တွေ့ ရှိရပြီး၊ ဟင်္သာတမြို့တွင် ကုန်မျိုးစုံဆိုင်(၇)ဆိုင်၊ ဇလွန်မြို့တွင် စားသုံးဆီဆိုင်(၆)ဆိုင်နှင့် လေးမျက်နှာမြို့ တွင် စားသုံးဆီဆိုင်(၅)ဆိုင်အားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာမှ ဘိုးဘွားအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းသည့် ဆားချက်လုပ်ငန်းအကြောင်း

        ကျွန်မတို့မြန်မာလူမျိုးများသည် ထမင်းကိုအာဟာရအဖြစ် နေ့စဉ်အဓိကထားချက်ပြုတ်စား သောက်ရပြီး ထမင်းကိုအရသာရှိအောင် ပံ့ပိုးပေးသည့်အရာများထဲတွင် ဆားသည်အဓိကပါဝင်သည့် အပြင် ဟင်းလျာများ၏ အရသာကိုလည်းပိုမိုကြွယ်ဝလာအောင် အဓိကပံ့ပိုးပေးပါသည်။ အိမ်တိုင်း၏ မီးဖိုဆောင်တွင် မဖြစ်မနေအသုံးဝင်သည်သာမက ကျန်းမာရေးတွင်လည်းအရေးပါလှသလို ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ဖြစ်သည့် လပြည့်၊ လကွယ်နေ့များတွင် အိမ်ရှိဘုရား ကို ဆန်၊ ဆီ၊ ဆား၊ ဆေး ဟူ၍လှူဒါန်းကြသည့်ဓလေ့ရှိသည့်အပြင် အခါကြီး ရက်ကြီး နေ့များတွင်ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်အပြင်ဆားများကိုထည့်၍ လှူဒါန်းကြပါ သည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဝက်လက်မြို့နယ် သခွတ္တောကျေးရွာတွင် ဘိုးဘွား၊မိဘ များ၏ လက်ငုတ်လုပ်ငန်းဖြစ်သည့် ဆားချက်သည့်လုပ်ငန်းကို မိသားစုတစ်နိုင် တစ်ပိုင်လုပ်ငန်း အဖြစ်ယနေ့တိုင်လုပ်ကိုင်လျက်ရှိကြရာ ဂျပန်ခေတ်မှစတင်ပြီး ချက်လုပ်ခဲ့ကြကြောင်း လေ့လာသိရှိ ရပါသည်။ သခွတ္တောကျေးရွာတွင် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ (၄)ပိုင်းရှိရာ ဆားချက်သည့်လုပ်ငန်းကို တောင်ပိုင်းတွင်သာ လုပ်ကိုင်၍ရကြောင်း၊ သခွတ္တော ကျေး ရွာတွင် ဆားခင်း(၂၀၀)ကျော်ရှိပြီး ဆားချက်သည့်အိမ်ခြေ (၁၃၀)ကျော်ရှိကြောင်း သိရှိပါသည်။

ဆားချက်သည့်ရာသီ

          ဆားချက်မည့်မြေကြီးများကို နွေရာသီတွင် တွင်ကျယ်စွာလုပ်ကိုင်ရပြီးမိုးရာသီတွင် ဆားခင်း ထဲရေဝင်သဖြင့် လုပ်ကိုင်၍မရကြောင်း၊  တန်ဆောင်းမုန်းလတွင် ဆားငံရေစစ်ထားသော မြေကြီး များကို တောင်းများဖြင့်ရွက်ကာ ဆားခင်းထဲသို့ မြေစာအဖြစ်ပြန်၍ အသုံးပြုရန်ထည့်ရကြောင်း၊ မြေကြီးများ၊ ခဲများကိုကြေမွအောင်ထုချေ၍ ညက်မှုန်နေအောင် နွားနှင့်ထယ်ထိုးထားရပြီး မြေကြီးကို နှပ်ထားရကြောင်း တပို့တွဲလမှစ၍ ဆားကိုပြန်လည်လုပ်ကိုင်ကြကြောင်း သိရှိရပါသည်။

ဆားချက်ပုံအဆင့်ဆင့်

         အချို့မှာ ဆားချက်သည့်မြေ(ဆားခင်း)ကို (၁)ဧကစီထားပြီး၊ အချို့မှာ (၂)ယောက်စိုက်၊ (၃)ယောက်စိုက်စသည့်ဖြင့်ထားကြကြောင်း၊ ဆားခင်း (၁)ဧကလျှင် ဘောင် (ခေါ်) ခုံ (၄၀) ကျော်ရ အောင် ပြုလုပ်ကြကြောင်း၊ ဆားချက်သည့်နေရာနှင့် မနီးမဝေးတွင် ဆားခင်းထဲရေသွင်းရန် ရေငံ တွင်းတူးထားရပါကြောင်း၊ ရေငံတွင်းမှသာလျှင် ဆားချက်၍ ရမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဆား ချက်ရာတွင်ပထမဉီးစွာ မြေကိုညီအောင်နွားနှင့်ထွန်ရပြီး တစ်ခါထွန်လျှင် လုပ်သားဌားခ (၁၅၀၀ဝိ/- ) ပေးရကြောင်းသိရှိရပါသည်။ ညီအောင်ထွန်ထားသောမြေကြီးကို ဘောင်(ခေါ်)ခုံရအောင်  ပြုလုပ်ရ ကြောင်း၊ ခုံပြုလုပ်ပြီးပါက ခုံနှင့်မြေကြီးတစ်ညီထဲမဖြစ်စေရန် မြောင်းဖောက်ရကြောင်း၊ ခုံအကျယ် အဝန်းကို (၁)ခုံလျှင် နှစ်ထောင့်တွာရအောင်ပြုလုပ်ပြီး မြေ(၁)ဧကကို ခုံ(၄၀)ကျော်ရ အောင်ပြုလုပ် ကြကြောင်းသိရှိရပါသည်။ ခုံဖော်ထားသည့် ရေမြောင်းထဲသို့ ရေငံတွင်းထဲမှ ရေကိုစက်ဖြင့်သွင်းရ ကြောင်း (၁)ဧကကိုစက်ဖြင့်ရေသွင်းလျှင် တစ်နေကုန်သွင်းရပြီး (၁)ခါသွင်းလျှင် ဆီ(၁) ဂါလံကုန် ကြောင်း၊  ရေသွင်းရာတွင် ရေမြောင်းကို ပြည့်လျှံနေအောင်သွင်းရပြီး ရေမြောင်း၏ အပေါ်ခုံကို ရေစိမ့်သွားအောင် သွင်းရကြောင်း၊ ရေသွင်းပြီးပါက ရေမြောင်းထဲမှ ရေကိုခြောက်အောင် နေလှမ်းရကြောင်း၊ နေအပူရှိန်ပြင်းလျှင် (၅)ရက်ခန့်လှမ်းရပြီး နေလှမ်းပြီးပါက ရေမြောင်းထဲမှ မြေကိုခုံပေါ်သို့ ပေါက်ပြားနှင့်ယက်တင်ရကြောင်း၊  ထို့နောက် ရေမြောင်းခြောက်သွားလျှင် ရေ(၁)ခါ ထပ်သွင်းရပြီး သွင်းထားသောရေကို အခြောက်ပြန်လှမ်းရကြောင်း၊ ရေ(၂)ခါပေးပြီးသွားပါက အပုံ လေးများပုံပြီး တောင်းနှင့်ရုတ်ကာ အပုံကြီးများပုံထားရကြောင်း၊ (၁)ခုံလျှင် မြေကြီးရွက်ခလုပ်သား တစ်ဦးလျှင် ဆားတစ်ပိဿာ ပေးရကြောင်းသိရှိရပါသည်။ ဆားချက်မည့် မြေကြီးများကို သက်ကယ် မိုးဖြင့် မိုးထားသောမြေစိုက်တဲတွင် မိုးလုံအောင်သိမ်းဆည်းရကြောင်း  သိရှိရပါသည်။ နွေရာသီ တစ်နွေလုံးတွင် ဆားချက်မည့်မြေကြီးများကို ထယ်ထွန်ခြင်း၊ ရေသွင်းခြင်း၊ ရေသွင်းပြီး သော ရေမြောင်းကိုအခြောက်လှမ်းခြင်းစသည်ဖြင့် အဆင့်ဆင့်ပြုလုပ်၍ မိုးလုံအောင်သိမ်းဆည်းရကြောင်း၊ ထို့နောက် လိုအပ်သလို ဆားချက်၍ရသဖြင့် ဆားသည် (၁)နှစ်ပတ်လုံး ပြတ်လပ်မှုမရှိဘဲ အလျဉ်မီ ကြောင်းသိရှိရပါသည်။

          ဆားချက်ရန်အတွက် ရွံ့မာများကို ထုထည်ကြီးမားစွာ ခပ်မြင့်မြင့်ပုံထားပြီး ထိုရွံ့မာပေါ်တွင် ဝါးခြမ်းလေးများကို ဇလားပုံသဏ္ဍာန်ရက်လုပ်ကာ တင်ထားရကြောင်း၊ ထိုအရာကို (ကား)ဟုခေါ် ကြောင်း ၊   ရွံ့မာ၏ အောက်ခြေတွင် ဆားငံရေစစ်ရန် ရေပိုက်ထည့်ထားရကြောင်း၊ ရေပိုက်အောက်တွင် ရေအိုးထားရှိရကြောင်း၊ သိမ်းဆည်းထားသော ဆားချက်မည့်မြေကြီးများကို ထိုကားပေါ်မှ ရေငံ ရေလောင်းချရကြောင်း၊  ထိုလောင်းချသော ဆားငံရေများသည် ပိုက်မှတဆင့် ရေအိုးထဲသို့ကျလာ ကြောင်း၊ ပြီးနောက် မြေကြီးများကိုထပ်ထည့်ပြီး ပထမအကြိမ်စစ်ထားသောရေများကို ကားထဲပြန်ထည့် ဆားချက်မည့်မြေကြီးများကို ထပ်ထည့်ပြီးရေစစ်ရကြောင်း၊  ဒုတိယအကြိမ်ရလာသော ဆားငံရေ များကို ချက်လုပ်ရကြောင်း သိရှိရပါသည်။ ရရှိလာသောဆားငံရေများကို စဉ့်အိုးကြီးများဖြင့် သိမ်းဆည်းထားကြောင်း သိရှိရပါသည်။

          ဆားချက်မည့်ဒယ်သည် သွပ်အမာဖြင့်ပြုလုပ်ထားပြီး အလျား ၆ပေ၊ အမြင့် ၅လက်မနက် သော ဒယ်ဖြစ်ကြောင်း၊ ဆားချက်ရာတွင် ဖွဲမီးဖိုကို အသုံးပြုပြီး ဖွဲခွံများကို ထော်လာဂျီတစ်စီးလျှင် (၁၇၀၀ဝိ/-)ပေး၍ ဝယ်ရကြောင်း၊ ဖွဲ(၁)စီးလျှင် ဆား(၁၁) ဒယ်ကျော်ချက်နိုင်ကြောင်း သိရှိရပါသည်။ ဆားငံရေကို ခြောက်အောင်ချက်ရပြီး ရေခမ်းခါနီးတွင် မီးကိုလျော့ပေးရကြောင်း၊  ဆား(၁)ဒယ်ချက် လျှင်(၃)နာရီကြာအောင်ချက်ရကြောင်း၊ ဆားကို မနက်မှစတင်၍ ညနေအထိချက်ပါက (၄)ဒယ်ချက် နိုင်ပြီး တစ်ဒယ်လျှင်(၁၂)ပိဿာကျော်ခန့် ထွက်ရှိကြောင်း၊ နေ့နှင့်ညတစ်နေကုန် ချက်ပါက(၇)ဒယ် ချက်နိုင်ပြီး (၈၄)ပိဿာကျော်ခန့် ထွက်ရှိကြောင်း၊ ချက်ပြီးသားဆားများကို ဖျာထဲတွင်ထည့်ထားပြီး  အေးသွားပါက အိတ်အကြည်ပါးဖြင့် သိမ်းဆည်းထားရကြောင်း သိရှိရပါသည်။

ဈေးနှုန်းနှင့်ဈေးကွက်အခြေအနေ

          ဆားများကို ဝက်လက်မြို့ပေါ်ရှိ ဈေးဆိုင်များသို့ ရောင်းချရပြီး ရွာနီးချုပ်စပ်မှ ခေါင်းရွက် ဈေးသည်များမှလည်း လာရောက်ဝယ်ယူကြောင်း၊ ယခုပေါက်ဈေးမှာ ဆား(၁)ပိဿာလျှင် လက်လီ (၁၀၀ဝိ/-)ကျပ်ရှိပြီး ဖောက်သည်‌ပေးရသည့်ဈေးမှာ ဆား (၁၃)ပိဿာလျှင် (၁၀၀၀ဝိ/)ဖြင့် ရောင်းရ ကြောင်း၊ ဆားချက်သည့်အိမ်တစ်အိမ်လျှင် တစ်ရက်ပိဿာ(၅၀)ခန့်ရောင်းရကြောင်း သိရှိရ ပါသည်။ သခွတ္တောကျေးရွာမှ ချက်လုပ်သည့်ဆား၏ဂုဏ်သတ္တိသည် အစိုဓါတ်ပြန်ခြင်းမရှိဘဲခြောက်သွေ့ခြင်း၊ ဖြူဖွေးသန့်စင်ခြင်း၊ နူးညံ့ခြင်းတို့ရှိသဖြင့် လူကြိုက်များပြီး ဝက်လက်တစ်နယ်လုံးတွင် သခွတ္တော ဆားကို အများဆုံး အသုံးပြုကြပါသည်။

အကျိုးကျေးဇူး

          ဘိုးဘွား၊မိဘများ၏ လက်ငုတ်လုပ်ငန်းဖြစ်သည့် ဆားချက်ခြင်းလုပ်ငန်းကိုလုပ်ကိုင်ရာတွင် အလွန်ပင်ပန်းသော်လည်း နေ့စဉ်ဝင်ငွေရသဖြင့် လယ်ယာစိုက်ပျိုးသည့်လုပ်ငန်းမှရရှိသည့်ဝင်ငွေ သည်အပိုဝင်ငွေဖြစ်ပြီး စီးပွားရေးအဆင်ပြေကြောင်း၊ ဆားချက်ခြင်းလုပ်ငန်းလုပ်ကိုင်ရသဖြင့် (၁၂)ရာသီလုံး မိသားစုတစ်စုလုံး၏ အိမ်စရိတ်ကိုထိန်းသည့်အပြင် အခြားသူများထံမချေးဌားရဘဲ အလှူအတန်းများကိုလည်း ပြုလုပ်နိုင်သဖြင့် များစွာအကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

 

သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ မုံရွာတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပ

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူရေးရာလုပ်ငန်းများကို လျာထားချက်များသတ်မှတ်၍ စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီး ဌာနရုံးချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီတို့၏ လမ်းညွှန်ချက်များနှင့်အညီ စားသုံးသူအသိပညာပေးဟောပြောပွဲများကို ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်များ၊ သင်တန်း ကျောင်းများ၊ အခြေခံပညာကျောင်းများ၊ အသင်းအဖွဲ့များတွင် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့၌ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမုံရွာမြို့တွင် စားသုံးသူအသိပညာ ပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင်သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုဆုထက် က အဖွင့်အမှာစကားပြောကြားရာ၌ မိမိတို့ဆရာ၊ ဆရာမများ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နေ့စဉ်လူနေမှုဘဝတွင် အသုံးပြုရန်အတွက်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရခြင်းများ ရှိသည့်အတွက် မိမိတို့အားလုံးသည် စားသုံးသူများဖြစ်ကြပါကြောင်း၊ မိမိတို့၏ စားသုံးသူအခွင့်အရေး များနှင့် ပတ်သက်၍ လာရောက်ရှင်းလင်းဟောပြောပေးသည့်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ရရှိလာသော အသိပညာဗဟုသုတများကို မိမိတို့နှင့် ဆက်စပ်ပတ်သက်သူများအား ဆက်လက် ဝေမျှပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။

       ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းပုံနှင့် ဦးစီးဌာများက ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ စားသုံးသူရေးရာဦးစီးဌာနသမိုင်း၊ မျှော်မှန်းချက်နှင့် ရည်မှန်း ချက်တာဝန်များ၊ စားသုံးအခွင့်အရေးပေါ်ပေါက်လာပုံသမိုင်းနှင့် စားသုံးသူအခွင့်ရေးများ၊ တာဝန်များ၊ ဌာနမှဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အသေးစိတ်ရှင်းလင်း ဆွေးနွေး ပါသည်။ ထို့နောက် ဦးစီးအရာရှိဒေါ်ခိုင်မို့မို့က ဌာနသို့ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် ဌာနက ဖြေရှင်းဆောင်ရွက်ပေးခဲ့မှု အခြေအနေများကို ဆက်လက်ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

      ဟောပြောပွဲကို တက်ရောက်လာသောဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများက ၎င်းတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဝေပေးခဲ့ကြောင်း၊ ဟောပြောပွဲသို့ အဆိုပါသင်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများ စုစုပေါင်း ၁၀၀ ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ