Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

         ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်မြင့်မြတ် (အကြီးတန်းစာရေး)သည် ၁၇.၆.၂၀၂၂ ရက်နေ့တွင် ဗန်းမော်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ထမ်း(၁၈)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          အသိပညာပေးဟောပြောရာတွင် ဦးအောင်မြင့်မြတ် (အကြီးတန်းစာရေး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သောအခွင့်အရေးများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ရန် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံးခန်းဖွင့်လှစ်ထားရှိမှုနှင့် တိုင်ကြားနိုင်မည့်နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

 

 

ရေဘေးရှောင် အိမ်ထောင်စုများအား ဆန်နှင့် ခေါက်ဆွဲခြောက်ထုပ်များပေးဝေ

               ကချင်ပြည်နယ်အထက်ပိုင်းတွင် မိုးရွာသွန်းမှုများပြားခဲ့သည့်အတွက် ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် ၂၀.၆.၂၀၂၂ ရက်နေ့၌ စိုးရိမ်ရေအမှတ်(၁၁၁၀)စင်တီမီတာအထိ ရောက်ရှိလာပြီး မြို့၏အနိမ့်ပိုင်းရပ်ကွက် နေအိမ်အချို့ရေနစ်မြုပ်၍ အိမ်ထောင်စု(၃၁၀)စု လူဦးရေ ကျား(၅၆၉)ဦး၊ မ(၆၁၅)ဦး၊ စုစုပေါင်း(၁၁၈၄)ဦးမှာ ရပ်ကွက်(၇)ခုရှိ ဘုန်းကြီးကျောင်းနှင့်ဓမ္မာရုံ(၉)ခုတို့တွင် ရေဘေးရှောင်နေရပါသည်။ လက်တလောစားသောက်ရေးအဆင်ပြေစေရန်အတွက် ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ဆန်ကုန်သည်၊ ပြောင်းကုန်သည်၊ ကုန်သည်နှင့်လုပ်ငန်းရှင်အချို့ထံမှ ဆန်အိတ်အလှူခံခဲ့ရာ (၆၇)အိတ်ရရှိခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်နယ်မှတာဝန်ရှိသူများနှင့်အတူ ရေဘေးရှောင်ပြည်သူများသို့ ပြန်လည်ခွဲဝေပေးခဲ့ပါသည်။ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်မှလည်း ဈေးသူဈေးသားများထံမှ အလှူခံရရှိသော အသင့်စားခေါက်ဆွဲခြောက်(၃၉)ဖာအား ရေဘေးရှောင်စခန်းအသီးသီးသို့ လိုက်လံပေးဝေခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ကချင်)

ဟင်္သာတခရိုင်အတွင်း စားသုံးသူအကာကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)အစီအစဉ် ပြုလုပ်

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်တို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ဟင်္သာတမြို့နယ်(၁၄.၆.၂၀၂၂)ရက်နေ့ နေ့လည်(၀၁:၀၀)အချိန်၌ ဟင်္သာတမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမာနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးမိုးကျော်နှင့် ဒေါ်နှင်းဝေဖြိုးမှလည်းကောင်း၊ (၁၇.၆.၂၀၂၂)ရက်နေ့ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်အေးမြင့်သိန်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးမှလည်းကောင်း စားသုံးသူကာကွယ်ရေး အသိပညာပေး အမေးအဖြေများ မေးမြန်းခြင်း ဖြေကြားခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

          Talk Show တွင် ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့ တွင် ပြဌာန်းထားသော စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကြောင်း၊ ကုန်စည်များအားဈေးကွက် မရောက်မီနှင့် ဈေးကွက်ရောက်ပြီးကုန်စည်တွေကို စစ်ဆေးခြင်းများအကြောင်းတို့ကို ရှင်းလင်းပြီး အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ အခန်း(၂၀)တွင် ပါဝင်သော ပုဒ်မ(၅၃)ပါ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းများအကြောင်းနှင့် Online Shopping နှင့်ပတ်သက်၍ စားသုံးသူနစ်နာဆုံးရှုံးမှု မရှိစေရေးဆောင်ရန်ရှောင်ရန်များအကြောင်းတို့အား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံမူတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးနှင့် ကျောင်းကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

            စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၁-၆-၂၀၂၂  ရက် (အင်္ဂါနေ့) ၊ နံနက် ၁၀:၀၀နာရီအချိန်တွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ အမှတ်(၂)ရပ်ကွက်၊ အခြေခံမူလတန်းကျောင်းတွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသူနွယ်က တားမြစ်ဆိုးဆေးနှင့် သုံးစွဲရန်မသင့်သည့် အစားအသောက်များအကြောင်းကိုလည်းကောင်း၊  မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်ဌေးဌေးနွယ်က မိုးရာသီအချိန်အခါတွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့်ပတ်သက်၍လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က သတ္တမတန်းသင်ရိုးသစ်ပါ ဘဝတွက်တာကျွမ်းကျင်စရာစာအုပ်တွင်ပါရှိသော စားသုံးသူအခွင့်အရေးများ၊ တာဝန်များအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားအကြောင်းကို ကျောင်းသူ၊ ကျောင်းသားများ ပိုမိုနားလည်အောင် လက်တွေ့သရုပ်ပြမှုဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသူ၊ ကျောင်းသာများမှ သိရှိလိုသည်များကိုမေမြန်းပြီး သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ရှင်လင်းဖြေကြားခဲ့ပါသည်။ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး (၁)ဦး၊ ဆရာ/ဆရာမ (၁၃)ဦးနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ဦးရေ (၁၀၀)ဦး တက်ရောက်ပြီး  ကမ်းစာစောင်များနှင့် Leafletsများ ဖြန့်ဝေခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီးကို စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်အား ပေးအပ်ခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးတို့ကို စစ်ဆေးခဲ့ကြသည်။

          စားသုံးသူရေးရာဦးစီးဌာနအပါအဝင် ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်သည် ၂၀၂၂-၂၀၂၃ ကျောင်းဖွင့်ရာသီကာလအတွင်း ဘားအံမြို့ပေါ်ရှိ ကျောင်းများကို စားသုံးသူကာကွယ်ရေးနှင့်ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ၊ စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် ရက်အလိုက်လျာထားချက်များ ချမှတ်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

အမ်းမြို့နယ် ရေဘုတ်ရွာ အထက(ခွဲ)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း

           ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အမ်းမြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင် (ဒု-ဦးစီးမှူး) ဦးဆောင်ပြီး ဝန်ထမ်းများသည် (၁၅-၆-၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀)အချိန်တွင် အမ်းမြို့ ရေဘုတ်အထက(ခွဲ)ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးဟောပြောခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် အမ်းမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး ဉပဒေပါပြဌာန်းချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဆောင်ရွက်ပေးလျှက်ရှိသည့်အကြောင်းအရာများအားလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် ပတ်သက်၍လည်းကောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုအား အဓိကထား ဖတ်ရှုသင့်ကြောင့် စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြား ဆောင်ရွက်နိုင်သည့် နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/မ၊ ကျောင်းသား/သူများ (၂၀၀)ခန့် တက်ရောက်ခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေးဝေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်လှစ်

         နေပြည်တော်ကောင်စီနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းလျက် ဇွန်လ  ၂၀ ရက် နံနက်(၁၀း၀၀)နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆင့်ပွားသင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီ၊ အစည်းအဝေး ခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

       သင်တန်းဖွင့်ပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီး ဦးမင်းနောင်က အဖွင့်အမှာစကားပြောကြားရာ၌ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်နေသည့်ဌာနများမှ ဝန်ထမ်းများအနေဖြင့် ဆက်စပ်ဌာနများ၏ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများကို ပိုမိုကျေညက်စွာ သိရှိစေရန်နှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို ယခုထက်ပိုမိုပြီး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊  တရားမဝင်ကုန်သွယ်မှုသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသောအဟန့်အတားဖြစ်စေနိုင်သဖြင့် မှောင်ခိုလောက ကြီးမားလာလေ မှန်မှန်ကန်ကန်လုပ်ဆောင်နေသည့် တိုင်းရင်းသားလုပ်ငန်းရှင်များအတွက် ထိခိုက်လေဖြစ်ပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့အခွန်ဘဏ္ဍာများ ဆုံးရှုံးနေမည် ဖြစ်ပါကြောင်းနှင့် တရားမဝင်ကုန်သွယ်မှုကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ထိထိရောက်ရောက် တားဆီးအရေးယူသွားရမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် နယ်နမိတ်ထိစပ်နေပြီး ၎င်းနယ်စပ်လမ်းကြောင်းများမှ တရားမဝင်ကုန်စည်များဝင်/ထွက်လျက်ရှိသဖြင့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများကို တရားဝင်လမ်းကြောင်းပေါ်ရောက်ရှိအောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်အခများ ရရှိနိုင်သည့်အပြင် ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်ညီညွတ်ပြီး လုံခြုံစိတ်ချရသည့်ကုန်စည်များကို အသုံးပြုနိုင်မှာ ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချချက်များကို အလေးအနက်ထားသင်ယူပြီး လက်တွေ့နယ်ပယ်တွင်လည်း းထိထိရောက်ရောက် အသုံးချဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

        သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁)၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် (၂)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နေပြည်တော်တိုင်းရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား(၁၆)ဦး တက်ရောက်ခဲ့ပါသည်။

           အဆိုပါသင်တန်းတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများနှင့် OSS များ၌ စစ်ဆေးမှုလုပ်ငန်းစဉ်များ၊ တားဆီးဖမ်းဆီးစစ်ဆေးခြင်း၊ တင်သွင်း/တင်သွင်းခြင်းလုပ်ငန်းစဉ်များ၊ အကောက်အခွန်ဦးစီးဌာန ၏ မူဝါဒ၊ ဖွဲ့စည်းပုံနှင့်တာဝန်များ၊ သစ်တောဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ တောရိုင်းတိရိစ္ဆာန်များ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု ဘာသာရပ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဆိုင်ရာဘာသာရပ်များ၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေဘာသာရပ်များ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇွန်လ (၂၀)ရက်မှ (၂၂)ရက်နေ့ထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။

DOCA(နေပြည်တော်)

 

မြိတ်မြို့ရှိ တိုင်းရင်းဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

            တနင်္သာရီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၇.၆.၂၀၂၂) ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် မြိတ်မြို့ပေါ်ရှိ တိုင်းရင်းဆေးရောင်းချနေသောဆိုင်(၃)ဆိုင်သို့ သွားရောက်၍ Online ပေါ်တွင် ရောင်းချနေသော ရသေ့ဆေး(သို့) ထိုင်းဗိန်းတောဆေးအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            ၎င်းဆေးသည် တရားဝင်ဆေးဝါးအဖြစ်မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင်  Online ပေါ် တွင် အကိုက်အခဲရောဂါ ပေါင်းစုံပျောက်သည်ဟုဆိုပြီး တစ်ပုလင်းကို (၅၅၀၀) ကျပ် မှ (၁၃၀၀၀) ကျပ်ဖြင့် ကြော်ငြာရောင်းချလျက်ရှိကြောင်းနှင့် ထိုင်းနိုင်ငံ၏ FDA က ဘေးအန္တရာယ်ရှိသည့်ဆေး အဖြစ်ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံအစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ အကြောင်းကြားလာခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါတိုင်းရင်းဆေးအား မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ရာ မြိတ်မြို့ပေါ်ရှိ တိုင်းရင်းဆေးဆိုင်များတွင် ရသေ့ဆေး(သို့) ထိုင်းဗိန်း တောဆေးအား ရောင်းချနေခြင်းမရှိကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

                  စီးပွားရေးနှင့်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးနိုင်ရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်စေရန်အလို့ဌာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို စီမံချက်များ ချမှတ်ဆောင်ရွက်လျှက်ရှိပါသည်။

                  ဇွန်လ(၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်များကို စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏(၂/၂၀၂၂)ကြိမ် မြောက်အစည်းအဝေးဆုံးဖြတ်ချက်အရ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်စေရေး၊ အရည်အသွေးနှင့် အလေးချိန် အချင်အတွယ်မှန်ကန်စေရေး၊ ဥပဒေညွှန်ကြားချက်များနှင့် ညီညွတ်မှုမရှိပါက အရေးယူနိုင်ရေးအတွက် သတ်မှတ်ခဲ့သည့် ဦးစားပေးဆောင်ရွက်သွားမည့် ကုန်စည်အမျိုးအစား(၇)မျိုးအား အဓိကထား၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

                အဆိုပါကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များရှိ ဆပ်ပြာခဲ(၂)မျိုးနှင့် သွားတိုက်ဆေး(၅)မျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ပြည့်စုံမှုရှိသော်လည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေး လုပ်ငန်းရှင်များအသိပညာရရှိနိုင်စေရန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုအပါ် တာဝန်ရှိမှုကို သိရှိနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဌာန၏အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်၊ ဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန် များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အားမခံ ပေးထားမှုအပါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းနှင့် အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သော အခွင့်အရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုကြောင့် စားသုံးသူအခွင့်အရေးဆုံးရှုံမှုဖြစ်ပါက တိုင်ကြားနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်မှ အာမခံမှုနှင့်အညီ တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

 

“ကျောက်ဆည်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး”

                   ကျောက်ဆည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊မြို့နယ်ရဲတပ်ဖွဲစသည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် (၉-၆-၂၀၂၂)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်မှ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊စျေးနှုန်းမြင့်တက်မှု မရှိစေရေး၊စက်သုံးဆီစျေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း၊ စက်သုံးဆီ ရောင်းချသည့်ကုမ္ပဏီများမှလည်း သုံးစွဲသူပြည်သူများအား စက်သုံးဆီတင်သွင်း၊သိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသည့် ရည်ညွှန်းစျေးနှုန်းများထက်ပိုမိုကျော် လွန်၍ရောင်းချခြင်းမရှိရန်လိုကြောင်း၊ အချင်အတွယ်မှန်ကန်စွာရောင်းချရန်နှင့် အရည်အသွေး ကောင်းမွန်သောစက်သုံးဆီများကိုသာ ဝယ်ယူရောင်းချရန် ပြောကြားခဲ့ပါသည် ။ ကျောက်ဆည်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုမရှိဘဲထပ်မံမှာယူထားပြီး ပုံမှန်ဖွင့်လှစ် ရောင်းချလျှက်ရှိပါသည်။ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်(၄၁)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

ကရင်ပြည်နယ်အတွင်း စားသုံးဆီ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနက မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကရင်ပြည်နယ် ဆီစက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ  ကရင်ပြည်နယ်အတွင်း စားသုံးဆီထုတ်ကုန်များပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး အထောက်အကူဖြစ်စေရေးအတွက် စားသုံးဆီစက်ရုံတည်ဆောက်မည့် ဘားအံစက်မှုဇုန်ရှိ ဦးမြင့်ဦးပိုင်ဆိုင်သော မြေနေရာသို့ ၁၉-၆-၂၀၂၂ ရက်နေ့ (၁၀:၀၀) အချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စားသုံးဆီစက်ရုံတည်ဆောက်မည့်မြေနေရာပတ်ဝန်းကျင်အနေအထားများကို လေ့လာကြည့်ရှုခဲ့ပြီး၊ စားသုံးဆီစက်ရုံတည်ဆောက်ပြီးစီး၍ စားသုံးဆီများထုတ်လုပ်ပါက ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချပါက မိမိတို့စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ကြေညာထားသော Grade Food Can အဝါရောင်ဆီပေပါနှင့်ပုံးအခွံများကို အသုံးပြုဆောင်ရွက်ရမည့်အခြေအနေများကိုလည်းကောင်း၊ စားသုံးဆီကုန်အမှတ်တံဆိပ်များတွင် မြန်မာလိုပါရှိရမည့်အချက်များ အသေးစိတ်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကိုလည်းကောင်း၊ ရှင်းလင်းပြောကြားခဲ့ပါသည်။

         ဦးမြင့်ဦး တည်ဆောက်မည့် စားသုံးဆီစက်ရုံသည် ဘားအံမြို့စက်မှုဇုန် အကွက်(၃)တွင် မြေနေရာလျာထားပြီး အဆောက်အဦပုံစံနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ သက်မှတ်ထားသောစံချိန်စံညွှန်းလုပ်ထုံးလုပ်နည်းများအတိုင်း သတ်မှတ်ချက်နှင့်အညီ တည်ဆောက်မည်ဖြစ်ပြီး၊ လိုအပ်သောကုန်ကြမ်းများကို ဒေသအတွင်းမှ ထွက်ရှိလာသောကုန်ကြမ်းများအသုံးပြုမည်ဖြစ်ကာ ဆီထွက်သီးနှံများဖြစ် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်နှင့်အခြားသီးနှံများကို အဝယ်ဒိုင်များဖွင့်လှစ်ပြီး သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူရန် လိုအပ်ကြောင်းနှင့် ဈေးနှုန်း/ဈေးကွက်တည်ငြိမ်စေရေးအတွက် ကရင်ပြည်နယ် စားသုံးဆီကုန်သည်ကြီးများ၊ ဆီလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်၍ ဒေသတွင်းစားသုံးသူပြည်သူများအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု၊ မျှတသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များဖြစ်သော ကုန်အညွှန်းအမှတ်အသား၊ ပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးကို အလေးပေးဆောင်ရွက်နေသကဲ့သို့ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် စိုက်ပျိုး၊ ထုတ်လုပ်၊ ကြိတ်ခွဲ၊ တင်ပို့ရောင်းချသူများကို သီးနှံဆိုင်ရာဈေးနှုန်း/ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေ၍ တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ