Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ဈေးတာဝန်ခံရုံး၌ စားသုံးဆီလုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၌(၂၀.၁. ၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး ဈေးတာဝန်ခံရုံးတွင် အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ စားသုံးဆီ လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါအချက် များအား အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

      ထို့သို့ဟောပြောဆွေးနွေးပွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၉)ဦးတက်ရောက်ပြီး၊ မြို့နယ်တာဝန်ခံ မှဟင်းသီးဟင်းရွက်ဆီ Vegetable Oil, Cooking Oil နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော် ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်သွားရန် (၂၀.၁၂.၂၀၂၁)ရက်နေ့ ညွှန်ကြား ချက်အမှတ်(၁/၂၀၂၁)ဖြင့် ဈေးကွက်အတွင်း အချို့သောစားသုံးဆီများကို ဟင်းသီးဟင်းရွက်ဆီ Vegetable Oil, Cooking Oil  ဟူ၍ ဖော်ပြပြီး ထုတ်လုပ်ရောင်းချလျှက်ရှိကြောင်းတွေ့ရှိရ၍ စားသုံးသူများထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိ စေရေးအတွက် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်း ချနေသည့် ဟင်းသီးဟင်းရွက်ဆီ Vegetable Oil, Cooking Oil  အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်အမျိုး အမည်ကိုတိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစား တို့အား မြန်မာ့ အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည် ဖြစ်ကြောင်း ဤညွှန်ကြားချက်သည် (၂၀.၁၂.၂၀၂၁)နေ့မှ ထုတ်ပြန်ပြီး (၆)လပြည့်မြောက်ပြီးသည့် နေ့ရက်မှစတင်၍ အာဏာသက်ရောက်မည်ဖြစ်ပြီး၊ လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ပါသည်။

           ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွား ရေးလုပ်ငန်းရှင်များ၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လိုက်နာဆောင်ရွက် ရမည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(AYA)

ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil, Cooking Oil)နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင်စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်အား ကွင်းဆင်း အသိပေး

          စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး၊စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေး၊ထုတ်ကုန်များလုံခြုံစိတ်ရမှုရှိစေရေး၊ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့်သုတေသနလုပ်ငန်းမျာ ဆောင်ရွက်ရန်နှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၌လယ်ယာထွက်ကုန်နှင့်ဆိုင်သည့်ကုန်ပစ္စည်းများအား ပြည်ပပို့ကုန်မြှင့်တင်ရန်အတွက် စျေးကွက်အလားအလာရှိသော သီးနှံများအားဖော်ထုတ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍ စျေးကွက်ရရှိရေးအတွက်ဆောင်ရွက်လျှက်ရှိပါသည်။ (၂၀-၁-၂၀၂၂)ရက် နေ့တွင် ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်ပူးပေါင်းပြီး ကျောက်ဆည်မြို့ရှိ Shopping Mall, Minimartနှင့် စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များအား ကွင်းဆင်းအသိပေး ဆောင်ရွက်ခဲ့ပါသည်။ကွင်းဆင်းရာတွင် ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူးက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်စွဲပါညွှန်ကြားချက် အမှတ်၂/၂၀၁၉ဖြင့် “ကုန်စည်များတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေဖော်ပြရာ၌ “စီးပွားရေးလုပ်ငန်းရှင်များ”လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်”အား ကုန်စည်အုပ်စုအလိုက် ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ကြောင်း ၊ ယင်း ကုန်စည်အုပ်စု(၈)ခုနက် အစားအသောက်ကုန်စည်အုပ်စုတွင်ပါဝင်သည့် စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းတို့ကိုမဖြစ်မနေဖော်ပြရန်လိုအပ်သည့်အတွက် ညွှန်ကြားချက်အားထုတ်ပြန်ပြီးဖြစ်ကြောင်း ၊ ယခုအခါတွင် စျေးကွက်အတွင်း၌ စားသုံးဆီများအနက် အချို့သောစားသုံးဆီများကို ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil, Cooking Oil)ဟု ဖော်ပြချက်သည် ကုန်စည်တစ်ခု၏ အမျိုးအမည် မဟုတ်သည့်အပြင် စားသုံးသူများအားထင်ယောင်ထင်မှားဖြစ်စေသည့်အတွက် မိမိတို့ဝန်ကြီးဌာနမှ (၂၂-၁၂-၂၀၂၁)ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) ဖြင့်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွန်းအမှတ်အသားများ ဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ/အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ကြောင်း ၊ ကုန်စည်၏ အသားတင်ပမာဏ နှင့်အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပြီး ၄င်းညွှန်ကြားချက် စတင်ထုတ်ပြန်ပြီး (၆)လပြည့်မြောက်သည့်နေ့မှစ၍ အာဏာသက်ရောက်မည်ဖြစ်ကြောင်း စားသုံးဆီရောင်းချသည့်  အရောင်းဆိုင်(၂၂)ဆိုင်အား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ဟင်းသီးဟင်းရွက်ဆီနှင့်ပတ်သက်သည့်လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည် ။ ကျောက်ဆည်မြို့ရှိ စျေးကွက်အတွင်းတွင် (Vegetable Oil, Cooking Oil)ဖော်ပြချက်များဖြင့် အမှတ်တံဆိပ်(၁၄)မျိုးအား ရောင်းချနေကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး

         

 

မိတ္ထီလာမြို့အတွင်းရှိ စတိုးဆိုင်နှင့်ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

        စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိပါသည်။ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ (၁၀း၄၅)အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှစစ်ဆေးရေးအရာရှိဦးသန်းစိုး ဦးဆောင်၍ မိတ်ဖက်ဌာနများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဝင်များ ပူးပေါင်း၍ မိတ္ထီလာမြို့အတွင်းရှိ စားသောက်ကုန် မျိုးစုံရောင်းချသော ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဈေးဆိုင်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားသည် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်က ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်အမှတ်၊၂/၂၀၁၉ သည် ၂၀၂၀ခုနှစ်၊မတ်လ(၁၆)ရက်နေ့မှစ၍စတင်အာဏာသက်ရောက်နေပြီဖြစ်ကြောင်းနှင့်ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာမပါရှိပါက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ (၇၃)အရ (၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ကျပ်သိန်း(၂၀၀)ထက် မပိုသော ငွေဒဏ်ဖြစ်စေ ၊ဒဏ်(၂)ရပ်လုံးဖြစ်စေ  ချမှတ်အရေးယူခြင်းခံရနိုင်ကြောင်း အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားဖော်ပြရန် အခက်အခဲရှိပါက စားသုံးသူရေးရာဦးစီး ဌာန သို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ကိုယ်တိုင် စာသုံး သူများပင်ဖြစ်ကြောင်း၊စာသုံးသူအခွင့်အရေးဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင် DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mmတွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင် သည်ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး

 

စားသုံးသူကာကွယ်ရေးနည်းဥပဒေ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးသူကာကွယ်ရေဥပဒေ ပုဒ်မ ၈၃ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ စားသုံးသူကာကွယ်ရေးနည်းဥပဒေအား ထုတ်ပြန်လိုက်ပါသည်။ အောက်ပါ .pdf file တွင် ဝင်ရောက်လေ့လာနိုင်ပါသည်-

ကရင်ပြည်နယ်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ အသိပညာ တွေ့ဆုံဆွေးနွေး

          ၂၀.၁.၂၀၂၂ ရက်နေ့၊ နံနက် ၁၀ : ၀၀ နာရီအချိန်တွင် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ စစ်ဆေးခံနိုင်မှု ဆောင်ရွက်ကြရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကုန်အညွှန်းအမှတ် အသားဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ  ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဌာန၏ မျော်မှန်းချက်၊ ရည်မှန်းချက်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်အကြား အငြင်းပွားမှုမဖြစ်အောင် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြေားကြားခဲ့ပါသည်။

          ဆက်လက်၍ ကရင်ပြည်နယ် သောက်ရေသန့်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ကျော်သူက ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ သောက်ရေသန့်လုပ်ငန်းရှင်များအသင်းကို (၄၂)ဦး ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ သောက်ရေသန့်လုပ်ငန်းရှင်များသည် တစ်နှင့်တစ်ဦး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းတို့ကြောင့် စီးပွားရေးလုပ်ငန်းများအောင်မြင်မှုရရှိနေကြောင်း၊ အသင်းအဖွဲ့အနေဖြင့် FDA ရဲ့အနီးကပ်ကြည့်ကြပ်မှုတွင်ဆောင်ရွက်ခဲ့ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အသင်းမဝင်ရသေးသော လုပ်ငန်းရှင်များကိုလည်း အသင်းအဖွဲ့တွင် ဝင်ရောက်နိုင်ရေး ဆောင်ရွက်နေကြောင်း၊ ရေကြီးသည့်ကာလနှင့် COVID – 19 ကာလတွင် ကရင်ပြည်နယ်အတွင်း အခက်အခဲဖြစ်သော မြို့နယ်များ၊ ကျေးရွာများတွင် ရေသန့်လုပ်ငန်းရှင်များသည် ရေသန့်ဘူး ၂၀ လီတာဘူးများကို ကူညီဆောင်ပေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဆွေးနွေးပြောကြားပြီး သောက်ရေသန့်လုပ်ငန်းရှင်များသည် တစ်ဦးချင်းဆီ မိတ်ဆက်စကားပြောခဲ့ကြောင်းသိရပါသည်။

          ထို့နောက် ပြည်နယ်ဦးစီးမှူးဦးသန်းဦးက ကုန်စည်များတွင် ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၃)အရ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြ ခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်စည်များပေါ်တွင် အဓိကပါဝင်ရမည်အချက်များမှာ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များ ပါဝင်ရမည် ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းကိုပါ စီးပွားရေးလုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် သောက်ရေသန့် လုပ်ငန်းရှင်များကို ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ရေသန့်တံဆိပ်များကို စစ်ဆေး ခံနိုင်မှုပြုလုပ်ဆောင်ရွက်ကြရန်  ဆွေးနွေးပြောကြားခဲ့ပါသည်။ ထပ်မံ၍ ဆီထွက်သီးနှံများ အကြောင်းကိုလည်း အကျယ်တစ်ဝင့် သိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

          ဆွေးနွေးပွဲတွင် တက်ရောက်လာကြသော သောက်ရေသန့်လုပ်ငန်းရှင်များသည် မိမိတို့အနေဖြင့် လိုက်နာရမည့်အချက်များကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရေသန့်တံဆိပ်များကိုလည်း စစ်ဆေးခံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တက်ရောက်သူဦးရေ (၁၈)ဦးတက်ရောက်ခဲ့ပြီး (၁၁:၃၀)အနာရီအချိန်တွင် အခမ်းအနားပြီးမြှောက်ခဲ့ပြီး  စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

စားသောက်ကုန်မျိုးစုံရောင်းချသော စတိုးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ခြင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ် စစ်တွေခရိုင်ဦးစီးမှူးနှင့် စစ်တွေမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများနှင့်အတူ မိတ်ဖက်ဌာနများ      ဖြစ်သော (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၊ ကျန်းမာရေးဦးစီးဌာန ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့) မှ တာဝန်ရှိသူများနှင့်  (၁၉-၁-၂၀၂၂) ရက်နေ့ နေ့လည်(၁:၃၀)နာရီ မှ ညနေ(၅:၀၀)နာရီအချိန်ထိ စစ်တွေမြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်မျိုးစုံရောင်းချသော စတိုးဆိုင်(၁၁)ဆိုင်သို့ သွားရောက်၍ စားသုံးသူကာကွယ်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရေး စားသုံးရန်မသင့်သော အစားအသောက်များအား ဈေးကွက်အတွင်းမှ ပပျောက်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ရခိုင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း စစ်တွေမြို့ ဈေးကွက် အတွင်းမှ ဈေးကွက်နမူနာကောက်ယူခဲ့သော အချို့စားသောက်ကုန်များသည် Sodium Cyclamate နှင့် Benzoic acid သတ်မှတ်ပမာဏထက် ကျော်လွန်၍ ပါဝင်နေခြင်းကြောင့် ဈေးကွက်အတွင်း ရောင်းချမှုများမပြုလုပ်စေရေး၊ စားသုံးရန်မသင့်သောကြောင့် ဈေးရောင်းသူများ‌ နောက်နောင်ဝယ်ယူရောင်းချမှုများမပြုလုပ်စေရေး အသိပေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) ၊ ပုဒ်မ (၄၁) ပြဌာန်းချက် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပါဝင်ရမည့်အချက်များ ပြည့်စုံစွာပါဝင်သော စားသောက်ကုန်များအား ရောင်းချစေရေးနှင့်  ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ဖော်ပြထားသော စားသောက်ကုန်များအား ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရေး အသိပေးဆောင်ရွက်ခြင်း၊ FDA ဌာနမှ လက်ကမ်းစာစောင်များပေးဝေခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှလည်း စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၃-၁၂-၂၀၁၉)ရက်နေ့ ညွှန်ကြားချက် (၂/၂၀၁၉) လက်ကမ်း စာစောင်များ ပေးဝေခဲ့ပါသည်။ ထို့နောက် စားသုံးရန်မသင့်သော သက်တမ်းလွန်စားသောက်ကုန် (၁၂) မျိုး / ခု‌ ရေ (၇၇) ခု အား အဖွဲ့ဖြင့် သိမ်းဆည်းမှုပြုလုပ်ပြီး FDA ဌာနမှ ဈေးကွက်အတွင်းရောင်းချနေသည့် စားသောက် ကုန်သီးစုံ(၃)မျိုး နှင် အချိုရည် (၃) မျိုး အား ဓါတ်ခွဲစမ်းသပ်စစ်ဆေးရန် နမူနာ ကောက်ဝယ်ယူခြင်း ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူများအနေဖြင့် ဘေးဥပါဒ် အန္တရာယ်ကင်းရှင်းသော အစားအသောက်များအားစားသုံးနိုင်ရန် ရည်ရွယ်၍ ဈေးကွက်အတွင်းသို့ ကွင်းဆင်းစစ်ဆေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ရခိုင်ပြည်နယ်)    

ကြို့ပင်ကောက်မြို့ဒေသထုတ်ကုန် ဒိန်ချဉ်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်အတွင်းရှိ ကြို့ပင်ကောက်မြို့သည် ရထားလမ်း၊ ကားလမ်း ဆုံသည့်မြို့ ဖြစ်သည်နှင့်အညီ အရောင်းအဝယ်ကောင်းသော မြို့ဖြစ်ပါသည်။ တိုးမြင့်ဒိန်ချဉ် လုပ်ငန်း လုပ်ကိုင်သည့် ဆိုင်တည်နေရာသည် ကားများရပ်နားရာ အမှတ်(၂) ရန်ကုန်-ပြည် ကားလမ်းဘေးတွင် တည်ရှိပြီး၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ကြို့ပင်ကောက်မြို့နယ် တာဝန်ခံ ဒေါ်ရီရီရှိန်နှင့် အဖွဲ့သည် တိုးမြင့်ဒိန်ချဉ် လုပ်ငန်း လုပ်ကိုင်သော ဦးဂျန်ကီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဒိန်ချဉ် လုပ်ငန်း လုပ်ကိုင်နေသည်မှာ( ၁၀နှစ်) ကျော်ပြီ ဖြစ်ကြောင်း နွားနို့ကုန်ကြမ်းကို မိမိမွေးမြူရေးခြံမှ မွေးမြူထားသော နွား ၁၄ ကောင်မှ ရသည့်အပြင် ဇီးကုန်း ၊ ပေါင်းတည် ၊ရွှေတောင် ၊ ပြည် ၊ မန္တလေးမြို့များမှ ၁ပိဿာ( ၁၂၀၀ကျပ်)မှ (၁၅၀၀ကျပ်) ထိဝယ်ယူရကြောင်း၊ သကြား ၁ပိဿာလျှင် ( ၂၀၀၀ မှ ၂၂၀၀ကျပ် ) ထိ ဝယ်ရပြီး ဆား ၁ပိဿာလျှင် (၂၀၀ကျပ်) တို့ဖြင့် ဝယ်သုံးရပါကြောင်း၊ တစ်နေ့လျှင်(၀.၃မီလီ) ဗူးပေါင်း ( ၅၀၀၀ ) ထုတ်လုပ်နိုင်ပြီး ကြို့ပင်ကောက်မြို့အပြင် ပြည် ၊ရန်ကုန် ၊စစ်တွေ၊ ကျောက်ဖြူ ၊ မော်လမြိုင် မြို့ကြီးများသို့ လက်လီ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဒိန်ချဉ် အမျိုးအစားအနေဖြင့် ရိုးရိုးဒိန်ချဉ်၊ ချောကလက် ဒိန်ချဉ်၊ ရာသီပေါ်သီးနှံများဖြစ်သော ထောပတ်သီး၊ ငှက်ပျောသီး၊ စတော်ဘယ်ရီသီး၊ နဂါးမောက်သီးများဖြင့်လည်း ထပ်မံထုတ်လုပ်ကြောင်း၊ ၁ဗူးလျှင်(၅၀၀ကျပ်)၁၀ဗူးလျှင် (၄၅၀၀ကျပ်)နှုန်းဖြင့် ရောင်းချပါကြောင်း၊ လုပ်သားအင်အား အနေဖြင့် ကျား/မ (၁၆)ဦးရှိကြောင်း သိရှိရပါသည်။
ထို့နောက် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ပေးရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားများအား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာနှင့် အခြားဘာသာတွဲ လျှက် ဖြစ်စေ ၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖေါ်ပြရန်နှင့် ထုတ်လုပ် သည့်ရက်စွဲ ၊ ကုန်ဆုံးသည့်ရက်စွဲ ၊သုံးစွဲပုံ အညွှန်း၊ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖေါ်ပြချက် ၊ကြိုတင်သတိပေးချက်များကို မဖြစ်မနေဖေါ်ပြရန် လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)

ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိရေးစီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ ဆွေးနွေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်တာဝန်ခံရုံး၌ ( ၁၄.၁.၂၀၂၂ )ရက်နေ့၊ နံနက်(၁၀: ၀၀)နာရီအချိန်တွင် ဒေသတွင်းထုတ်လုပ်သော လုပ်ငန်းရှင်( ၈ ) ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
မြို့နယ်တာဝန်ခံဒေါ်မြင့်မြင့်ခင်က စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)၊ ပုဒ်မ(၄၁)အရကုန်စည်အမျိုးအစားအလိုက် သိသာထင်ရှားစွာဖော်ပြရမည့်အချက်( ၇ )ချက်နှင့် မြန်မာနိုင်ငံစားသုံးသူကော်မရှင်ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အရ မတူညီသော ကုန်စည်အမျိုးအစားပေါ်မူတည်ပြီး အဓိကပါဝင်ရမည့် အချက်များကို မဖြစ်မနေဖော်ပြရန်၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိလိုက်နာရန်နှင့် အခြေခံ ကုန်အညွှန်း အမှတ်အသားများပြည့်စုံစွာ ဖော်ပြပါရှိမှသာ စားသုံးသူများဝယ်ယူသုံးစွဲရာ၌ သတင်းအချက်အလက်များပြည့်စုံစွာ ပေးနိုင်မည်ဖြစ်ကြောင်း၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်မည့်စစ်ဆေးရေးမှူးများအား ခန့်အပ်ထားပြီးဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိပါကတိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ ( Consumer Information and Complaint Center- CICC) ကို ဇီးကုန်းမြို့နယ် တာဝန်ခံရုံးတွင် (၂၅.၁၁.၂၀၁၉) ရက်နေ့တွင် ဖွင့်လှစ်ထားရှိပါကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဖြေရှင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူအငြင်းပွားမှုကိစ္စရပ်များကို ဆွေးနွေးပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)

လက်ပံတန်းမြို့၊ ကျွန်းကလေးကျေးရွာ ရှိ ဝေဖြိုးအောင်ဆန်စက်တွင် စားသုံးသူကာကွယ်ရေးဟောပြောခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ်
ကျွန်းကလေးကျေးရွာ၌(၁၃.၁.၂၀၂၂)ရက်နေ့၊နံနက်(၁၀ : ၀၀)နာရီအချိန်တွင်ဝေဖြိုးအောင်ဆန်စက်ရှိ
ဝန်ထမ်းများနှင့် လုပ်သားစုစုပေါင်း(၁၅)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော
ခဲ့ပါသည်။
ပထမဦးစွာ ခရိုင်ဦးစီးမှူး ဦးအောင်သိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်တာဝန်ခံ
ဦးချစ်ကိုကိုမှ စားသုံးသူကာကွယ်ရေး ဥပဒေပါအကြောင်းအရာများ ဆွေးနွေးခြင်း၊ စားသုံး/ ထုတ်လုံ
တာဝန်ခံဒေါ်ခိုင်ခိုင်ရီမှ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါကလွယ်
ကူလျင်မြန်စွာ တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်
ရေးစင်တာ ( Consumer Information and Complaint Center- CICC)ကို ခရိုင်ဦးစီးမှူးရုံးတွင်
ဖွင့်လှစ်ထားရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID_၁၉ ကာကွယ်ရေး
နည်းလမ်းများနှင့်အညီ ပါးစပ်နှင့်နှာခေါင်းစည်းများစနစ်တကျဝတ်ဆင်ရန်အသိပညာပေးဟောပြော
ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

ဆိပ်ဖြူမြို့ပေါ်ရှိ ကိတ်မျိုးစုံ၊ ပေါင်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံအသိပညာပေးခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မျှော်မှန်းချက်နှင့်အညီ တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း များသည် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူသူတောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သတင်းအချက်ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ရုံးအုပ် ဦးဇော်နေလင်းသည် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း ဆောင်ရွက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေ ရေး ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၄)ရက်နေ့ နေ့လယ်(၁၅:၃၀)နာရီအချိန် တွင်ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ ကိတ်မျိုးစုံ၊ ပေါင်မုန့်ထုတ်လုပ်သည့်လုပ်ငန်းရှင် တွေ့ဆုံ အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

       လုပ်ငန်းရှင်မှ မုန့်ထုတ်လုပ်ရောင်းချဖြန့်ဖြူးသည့် လုပ်ငန်းကိုလုပ်ကိုင်ခဲ့ရာတွင် (၇)လခန့်သာသက်တမ်းရှိသေးကြောင်း၊ စည်ပင်သာယာမှ ထုတ်လုပ်ရောင်းချခွင့်လုပ်ငန်း လိုင်စင်ပြုလုပ်ထားကြောင်း၊ အသေးစားစက်မှုလုပ်ငန်းမှတ်ပုံတင်မဆောင်ရွက်ရသေးကြောင်း၊ မြို့နယ်တာဝန်ခံမှအသိပညာပေးပြောကြားရာတွင် စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်စေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့်ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖြင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ကြေငြာချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ဖော်ပြပေးရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိပါက ကုန်အမှတ် တံဆိပ်စိစစ်ခွင့်ပြုချက်ရရှိစေရေးအတွက် ခရိုင်/တိုင်းရုံးများသို့ ဆက်လက်တင်ပြဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အခြားဌာနများ၏ ခွင့်ပြုချက်လိုင်စင်များ လုပ်ဆောင်ရန်လိုအပ်ပါကလည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ကြေငြာချက်အမှတ် (၂/၂၀၁၉)ပါအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ