Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

         တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(70.000)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(3.000)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(73.000)ဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ (9)လတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(7.850)၊ သွင်းကုန်ပမာဏအမေရိကန်ဒေါ်လာသန်း(4.191)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(12.041) ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဇန်နဝါရီလ(20)ရက်နေ့အထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ် လာသန်း(0.၇၁၄)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(0.၇၆၅) စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၁.၄၇၉)ဆောင်ရွက်နိုင်ခဲ့သည့်အတွက် (၁၀)လတာကာလအတွင်း စုစုပေါင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၈.၅၆၄)၊ သွင်းကုန်ပမာဏအမေရိကန်ဒေါ်လာသန်း(4.၉၅၆)၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (1၃.၅၂၀)ဖြစ်၍ (၁)နှစ်စာလျာထားချက် အပေါ်(၁၈.5၂၁)% ဆောင်ရွက် နိုင်ခဲ့ပြီး၊ ဧပြီလမှ ဇန်နဝါရီလ (၂၀)ရက်နေ့အထိ (၁၀)လတာ လျာထားချက်အပေါ် (2၄.၂၇၃)% ဆောင် ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

         အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ မြေပဲဆံ၊ ကြက်သွန်နီ၊ နန့်ဖာလုံကုန်စုံ၊ ငရုတ်ကောင်းနှင့် စီးကရက်(အမျိုးမျိုး)တို့ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဓါတ်မြေဩဇာနှင့်ဆံပင်တို့ ဖြစ်ကြောင်း သိရပါသည်။

       တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့်အညီ ကုန်သွယ်မှုတွင် ကြုံတွေနေရသော အခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)တို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများဖြင့် ကုန်သွယ်မှုလျှင်မြန်ချောမွေ့စေရေးနှင့်ကုန်သွယ်မှုလျာထားချက် ပြည့်မှီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

 

အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူများလုံခြုံစိတ်ချရသော ကုန်စည်များသုံးစွဲနိုင်ရန်နှင့်စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များအား သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက် ၉ နာရီ ၃၀ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူး၏ လမ်းညွန်မှုအရ ဒု-ခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦးနှင့်အတူ ဌာနမှဝန်ထမ်းများသည် အင်းတော်မြို့၊ အောင်မေတ္တာရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျောင်းမုန့်ဈေးတန်း မှ မုန့်ရောင်းချသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့သည်။

      ဟောပြောပွဲတွင် ဒု-ခရိုင်ဦးစီးမှူးမှ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ တရားဝင်ထုတ်ပြန်ထားသော တားမြစ်စားသောက်ကုန်များနှင့်ဆေးဝါးများ၊ မြန်မာစာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသော စားသောက်ကုန်များနှင့်သက်တမ်းကုန်ဆုံးနေသော စားသောက်ကုန်များအား ဝယ်ယူစားသုံးခြင်းမပြုရန်ရန်နှင့် ရောင်းချခြင်းမပြုရန် အသိပညာပေးခြင်း၊ ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါဝင်သည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံး မှုများဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) များမှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း၊ ထို့ပြင် DOCA Myanmar Mobile Application နှင့် Consumer Call Center 1535 တို့မှလည်း တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးဟောပြော ခြင်းများဆောင်ရွက်ခဲ့သည်။

      အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ (၂၅) ဦးနှင့် ကျောင်းသား/ကျောင်းသူ (၂၅၀) ဦး၊ အခြား တက်ရောက်သူ(၁၀)ဦး စုစုပေါင်း (၂၈၅)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဌာနနှင့်သက်ဆိုင်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 DOCA(စစ်ကိုင်း)

 

စစ်ကိုင်းမြို့၌ COFFEE SHOPတံဆိပ်ပါကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ ရောင်းချမှုရှိ /မရှိ ကွင်းဆင်းစစ်ဆေး

      COFFEE SHOP (very good) တံဆိပ်ပါကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ ရောင်းချခြင်း ရှိ /မရှိ စစ်ဆေးသွားရန် ညွှန်ကြားချက်အရ စစ်ကိုင်းခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ (၁၇) ရက်နေ့ နေ့လည် (၁၄:၃၀) နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ စတိုင်းဆိုင်နှင့် မုန့်မျိုးစုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

     နေလစတိုး၊ မြို့မစတိုး၊ ကုဋေမြိုင်စတိုးနှင့် မချို+မမော်မုန့်မျိုးစုံဆိုင်တို့တွင် COFFEE SHOP (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားဝင်ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ စတိုးဆိုင်ပိုင်ရှင်နှင့် မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား COFFEE SHOP (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(စစ်ကိုင်း)

တောင်ငူခရိုင်တွင် ဓာတ်မြေသြဇာများ ကွင်းဆင်းစစ်ဆေး

              ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလအတွင်း တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များတွင်ရှိသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ ဓာတ်မြေသြဇာ အမှတ်တံဆိပ်များတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန ၊ တောင်ငူ ခရိုင်ဦးစီမှူး ဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံတို့ပါဝင်သောအဖွဲ့သည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စိုက်ပျိုးရေးပစ္စည်း အ‌ရောင်းဆိုင်များတွင် ရောင်းချနေသော ဓာတ်မြေသြဇာများတွင် တရားဝင် ခွင့်ပြုချက်ဖြင့် ဖြန့်ဖြူးရောင်းချခြင်း ဟုတ်/ မဟုတ် ၊ စိုက်ပျိုးရေးဦးစီးဌာန၏ ခွင့်ပြုချက် အမှတ်ပါ/မပါ ၊ ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စိုက်မွေး /ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းတွင် ကွင်းဆင်းဟောပြော

       ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ သာယာဝတီမြို့နယ် ၊ ဒေါဝိကျေးရွာအုပ်စု ၊ ပြည်ဇင်ကုန်းကျေးရွာ ၊ ဇန်နဝါရီလတွင်  ပြုလုပ်ခဲ့သည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော ကျန်းမာရေး ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ လဝက ၊ ဆည်မြောင်း ၊ စက်မှုလက်မှု ၊ မြေစာရင်း ၊ အသေးစားစက်မှု ၊ စိုက်ပျိုးရေး ၊ မွေးမြူရေးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် စိုက်ပျိုးရေး ၊ မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် စားသုံးသူ‌ရေးရာဦးစီးဌာန ၊မြို့နယ်တာဝန်ခံမှ စိုက်ပျိုးရေး သီးနှံဖြစ်သည့် နေကြားသီးနှံနှင့် ပတ်သက်၍ စတင်စိုက်ပျိုးချိန်မှစ၍ ယခုအစေ့အဆံများ အောင်မြင်ချိန်အထိ ဂရုစိုက်ဆောင်ရွက်ရန်နှင့် ထွက်ရှိလာသော နေကြာသီးနှံများအား ဈေးကွက်ဝင် ဈေးထိုးဖောက်ဝင်ရောက်နိုင်ရန် ကူညီချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ပြီး နေကြာသီးနှံများ အောင်မြင် ဖြစ်ထွန်းလာပါက ပြည်သူများ စားသုံးဆီ ဖူလုံစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးဟောပြော၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

လက်ပံတန်းမြို့ မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

              စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် ၊ မြို့မဈေးပြင်တန်း၌ ၁၉.၁.၂၀၂၃ ရက်နေ့ ၊ နံနက် ၁၀ နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးအောင်သိန်း ၊ စားသုံး/ထုတ်လုံ တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီနှင့် မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုတို့သည် မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈)ပါ ကုန်စည်များ ပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များနှင့် အခန်း (၁၁) ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရန်နှင့် စားသုံးသူပြည်သူများအတွက် သန့်ရှင်းလတ်ဆတ်၍ အန္တရာယ်ကင်းသော စားသောက်ကုန်ဖြစ်စေရေး အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာစည်မြို့နယ် ၊ ညောင်တိုအ - မ - က (မူလွန်)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

       ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် သာစည်မြို့နယ်ညောင်တိုကျေးရွာရှိ ညောင်တို အ - မ - က (မူလွန်)တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးခဲ့ပြီး ဟောပြောဆွေးနွေးခဲ့ရာ အဆိုပါ ဆွေးနွေးပွဲတွင် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ စုစုပေါင်း (၃၀၆)ဦးတက်ရောက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်သိမ့်သူဇာမောင်က စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများကိုဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသည့် ကုန်စည်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို စားသုံးသူပြည်သူများအား မှန်ကန်စွာသိရှိစေရေး၊ စားသုံးသူအခွင့်အ‌ရေးများနစ်နာဆုံးရှုံးမှု မရှိစေရေးအတွက်ရည်ရွယ်၍ ဟောပြောဆွေးနွေးခဲ့ပါသည်။

         စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်မတ်လ(၁၅)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ ဥပဒေတွင်ပါရှိသည့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းများ၊ ကုန်စည်နှင့်သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်သတ်မှတ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC Page နှင့် DOCA Myanmar Mobile Application တို့ဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)

တရားမဝင် ဆေးဝါးနှင့် အန္တရာယ် ဖြစ်စေနိုင်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့ ၊ မြို့မရပ်ကွက် စည်ပင်သာယာဈေးအတွင်း၌ တရားမဝင် အိမ်သုံးဆေးဝါးများနှင့် စားသောက်ကုန်အမှတ်တံဆိပ်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိကို  ဇန်နဝါရီလ ၁၈ ရက်နေ့  ၊ နေ့လယ်အချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းများ ၊ မြို့မစည်ပင်သာယာဈေး တာဝန်ခံနှင့် ပြန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆေးဝါးပစ္စည်းများ ရောင်းချနေသော ဆိုင် ၃ ဆိုင်တွင် တရားမဝင် အိမ်သုံးဆေးဝါးများ Paracetamal 500 gm သောက်ဆေးများ‌ရောင်းချခြင်း ရှိ/မရှိ ၊ အန္တရာယ်ရှိစေသော တရားမဝင်လမ်းကြောင်းမှတဆင့် ဝင်ရောက်လာသော ကော်ဖီမစ်များ ရောင်းချခြင်း ရှိ/မရှိ တို့ကို စစ်ဆေး၍ ကုန်စုံဆိုင်ပိုင်ရှင်များအား တရားမဝင်ကုန်စည်များ ရောင်းချခြင်းမပြုရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိသော ကုန်ပစ္စည်းများသာ ရောင်းချကြရန် အသိပညာပေးခဲ့ပြီး ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့နယ်ရှိ မုန့်မျိုးစုံလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန ၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးဦးဆောင်၍ စားသုံးတာဝန်ခံ ၊ ပြည်တွင်းတာဝန်ခံ တို့နှင့်အတူ ၁၉.၁.၂၀၂၃ ရက်နေ့တွင် ညောင်လေးပင်ခရိုင်တွင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသော ရွှေခေတ်မုန့်မျိုးစုံ လုပ်ငန်းပိုင်ရှင်နှင့်တွေ့ဆုံ၍ ဆွေးနွေးခဲ့ပါသည် ။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ  ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာမည့် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များနှင့် ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ ကိစ္စရပ်များ ၊  စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပြဌာန်း ထားသော ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ဥပဒေပုဒ်မများကို  ရှင်းလင်းဆွေးနွေးခဲ့ပြီး မုန့်များ၏ ထုတ်ပိုးမှု အပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားများကို ပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ပဲခူး)

ဒိုက်ဦးမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြော

       စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ် လက်ထောက်ပညာရေးမှူးတို့နှင့် ပူးပေါင်း၍ ၁၉.၁.၂၀၂၃ ရက်နေ့  ၊ နံနက်ပိုင်းကဒိုက်ဦးမြို့  ၊ အလကခွဲ ၊ အမှတ် (၆) တွင်  စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ရာ ဆရာ /ဆရာမများနှင့်ကျောင်းသားကျောင်းသူ ၁၆၅ ဦးတက်ရောက်ခဲ့ပါသည်။

        အဆိုပါ ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကို ဆရာ /ဆရာမများနှင့် ကျောင်းသား /ကျောင်းသူများ သိရှိနိုင်စေရန်နှင့်ဖတ်ရှု လေ့လာတတ်စေရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ အခွင့်အရေးများနှင့် တိုင်ကြားနိုင်ခြင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

             

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ