Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ ၁/၂၀၂၃ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

        ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ ၁/၂၀၂၃ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမတွင် ၂၅.၁.၂၀၂၃ရက်နေ့ နေ့လည်၁၄:၀၀နာရီတွင် ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာကော်မတီအဖွဲ့ဝင် ၄ဦး၊ ဖိတ်ကြားထားသူ(၃)ဦးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ၇ ဦး စုစုပေါင်း ၁၄ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

         ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ဦးတင်အေးက အဖွင့်အမှာစကားပြောကြား၍ စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်က ၄/၂၀၂၂ ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းတင်အတည်ပြုနိုင်ရေးနှင့် လက်ရှိစားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဖတ်ကြားရှင်းလင်း၍ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသော လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေအရကော်မတီအဖွဲ့၏ သဘောတူညီချက်ဖြင့် အရေးယူဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

         ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များမှ စားသုံးသူရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာ ကော်မတီ ဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

 

MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး အုန်းဆံကြိုးလုပ်ငန်းသို့ကွင်းဆင်း

     ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းတို့သည် (၂၄.၁.၂၀၂၃)ရက်နေ့၊နံနက်(၁၁:၀၀)နာရီမှ(၁၂:၀၀)နာရီအထိ ဘုရားလေးကွင်း ကျေးရွာရှိ ဦးကျော်လွင်အုန်းဆံကြိုးစက်ပိုင်ရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       အုန်းဆံကြိုးစက်ပိုင်ရှင် ဦးကျော်လွင်မှ ကုန်ကြမ်းပစ္စည်းရရှိမှုအခြေအနေ၊ ကုန်ပစ္စည်းထုတ် လုပ်နိုင်မှုအခြေအနေနှင့်ကုန်ပစ္စည်းတင်ပို့မှုအနေဖြင့်ပင်လယ်ပိုင်းဒေသများကိုသာအဓိကဖြန့်ဖြူး ရကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘိုက‌လေးမြို့ (၆)ရပ်ကွက်နတ်ချောင်း(အ-မ-က)ကျောင်းတွင်စာသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

      ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက်နေ့၊နံနက်(၁၀:၃၀)နာရီအချိန်တွင် နတ်ချောင်း(အ-မ-က)ကျောင်းရှိ ဆရာ/ဆရာမနှင့်ကျောင်းသူ/ကျောင်းသားများကို စားသုံးသူကာ ကွယ်ရေးအသိပညာပေးဟောပြောပွဲကိုကျင်းပြုလုပ်ခဲ့ပါသည်။

       ဟောပြောပွဲတွင် ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ကုန်စ္စည်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ၊ ဈေးကွက်အတွင်းရှိစားသောက်ကုန်စည်များကို လည်းရွေးချယ်ဝယ်ယူစားသောက်ကြရန်နှင့်ဘေးအန္တရာယ်ရှိသောကုန်စည်နှင့်ဘေးအန္တရာယ်မရှိ သောကုန်စည်များကိုနှိုင်းယဉ်ဖော်ပြခြင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်မှု အခြေအနေများကိုအသိပညာပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့(၇)ရပ်ကွက်မူလွန်ကျောင်းတွင်စားသုံးသူကာကွယ်ရေး  အသိပညာပေးဟောပြော

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ နှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ၊ (၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကိုစားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောခဲ့ပါသည်။

      ဟောပြောပွဲတွင်ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ကုန်စည်များနှင့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ ဈေးကွက်အတွင်းရှိစားသောက်ကုန်များကိုလည်း‌ ရွေးချယ်ဝယ်ယူ စားသောက်ကြရန်နှင့် စားသူများနစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်မှုအခြေအနေများ အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူရေးရာနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဟုမ္မလင်းမြို့နယ်၊ နောင်ပကျစ်ရပ်ကွက်ရှိ “ သလ္လာဉီး ” မုန့်မျိုးစုံပြုလုပ်ရောင်းချသော လုပ်ငန်းရှင်အားတွေ့ဆုံဆွေးနွေး

         ဟုမ္မလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်း (လ/ထကြီးကြပ်ရေးမှူး)သည် (၂၅.၁.၂၀၂၃)ရက်နေ့တွင် နောင်ပကျစ်ရပ်ကွက်ရှိ “သလ္လာဉီး” မုန့်မျိုးစုံပြုလုပ်ရောင်းချသော လုပ်ငန်းရှင် ဉီးညီညီထွေးအား စားသုံးသူ၏ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များအား သိရှိစေရန်တွေ့ဆုံ ဆွေးနွေးအသိပညာပေးခဲ့ပါသည်။

          “ သလ္လာဉီး ” မုန့်မျိုးစုံပြုလုပ်ရောင်းချသော လုပ်ငန်းရှင် ဦးညီညီထွေးနှင့် တွေ့ဆုံဆွေး နွေးရာတွင် ဒေါ်ခင်စန်းဝင်းမှ စားသုံးသူ ကာကွယ်ရေးဥပဒေ ( ၂၀၁၉ ) အခန်း ( ၁၈ ) တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသား တွင်ပါဝင်သော ကုန်စည်၏အမှတ်တံဆိပ်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ တင်သွင်းသူ၏အမည်နှင့်လိပ်စာ၊ လုပ်ငန်းအမည်နှင့်လိပ်စာ၊ ထုတ်လုပ် သည့်နေရာ၊ ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ပါဝင်ပစ္စည်း၊ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ အစိုးရဌာနများက သတ်မှတ်ထားသော အချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

               

 

လေးမျက်နှာမြို့ မြို့ပေါ်ရပ်ကွက်ရှိကုန်မျိုးစုံဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် တာဝန်ခံသည် (၂၅.၁.၂၀၂၃)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင်များနှင့်ကုန်မျိုးစုံအရောင်း ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင်  မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးမှ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း၊ စီးပွားရေး လုပ်ငန်းရှင် များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ် အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံအရောင်းဆိုင်(၃) ဆိုင်အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

  “ မြရတနာ ” မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ

          စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ သည် ဇန်နဝါရီလ  ၂၅  ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုံရပ်ကွက်ရှိ “မြရတနာ” မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်း အမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင် ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

         ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

         “မြရတနာ” မုန့်လုပ်ငန်းကို အော်စကာ အမည်ဖြင့် ရှယ်ယာ(၃) ဦးပေါင်းလုပ်ကိုင်ခဲ့ကြောင်း၊ အော်စကာအမည်ဖြင့် အသေးစားတွင်မှတ်ပုံတင်ပြီးကြောင်း၊ ကုန်အညွှန်းအမှတ်သားလဲပြည့်စုံ ကြောင်း၊ ယခုမြရတနာအမည်ဖြင့် ၂၀၁၉ ခုနှစ်မှသာ ခွဲထွက်လုပ်ကိုင်ခဲ့ခြင်းကြောင့် လိုအပ်ချက် များရှိနေပါကြောင်း၊  လက်ရှိအခြေအနေရသွားလာမှုခက်ခဲနေ၍ အရောင်းအဝယ်ပါးနေ ကြောင်း၊ လုပ်ငန်းမပျောက်စေရန်နှင့်လုပ်သားများအလုပ်လက်မဲ့မဖြစ်စေရန် အတွက်သာလည်ပတ် နေရ ကြောင်း၊ရွာတုံမြို့ရှိမုန့်ဇုံတွင် အဆောက်အဦဆောက်လုပ်ထားပြီးထိုအဆောက်အဦ ပြီးစီးပါက ပြောင်းရွှေ့လုပ်ကိုင်မည်ဖြစ်ကြောင်း၊ကုန်ချောများကို မိမိဒေသတွင်း ရေဦး၊တန့်ဆည်၊ အလုံနှင့် မုံရွာမြို့ပေါ်သာရောင်းချနိုင်ကြောင်း   ဆွေးနွေးသိရှိရပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံးတွင် Talk Show ကျင်းပပြုလုပ်ခြင်း

              စားသုံးသူရေးရာဉီးစီးဌာနမှ ပြည်သူများကို မိမိတို့စားသုံးသူရေးရာအသိပညာ ဗဟုသုတများ သိရှိနားလည် တိုးတက်မှုများရရှိစေရန် ရည်ရွယ်၍ Talk Show အစီအစဉ်များ ကျင်းပပြုလုပ်လျက်ရှိရာ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show ကို ဟုမ္မလင်းမြို့နယ်မှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်း(လ/ထကြီးကြပ်ရေးမှူး)နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဒေါ်မိုးနှောင်းတို့သည်  ( ၂၅.၁.၂၀၂၃ ) ရက်နေ့၊ နံနက် ( ၁၁  : ၀၀ ) နာရီ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

              အဆိုပါTalk Show တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြို့နယ်တာဝန်ခံ  ဒေါ်ခင်စန်းဝင်းမှ ဈေးကွက်အတွင်း ရောင်းချနေသည့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ အသုံးပြုကြရန်နှင့်  ထိုသို့ပြည်သူများအားလုံးပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာ ရွှေးချယ်ဝယ်ယူအသုံးပြုကြခြင်းဖြင့်  ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားများ မပြည်စုံသည့်ကုန်ပစ္စည်းများ ဈေးကွက်အတွင်းမှ ပပျောက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း   သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့နယ်ကျောက်စိမ်းအချောထည်လုပ်ငန်းရှင်များအသင်း၏ အသံ

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်အတူ ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများသည်  ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျောက်စိမ်းအချောထည်လုပ်ငန်းရှင်များ အသင်းဥက္ကဌ အပါအဝင် အလုပ်အမှုဆောင် (၅)ဦးတို့နှင့် တွေ့ဆုံ၍ အသင်း၏လက်ရှိအခြေအနေ၊ ထုတ်လုပ်ရောင်းဝယ်မှု အခြေအနေနှင့် ဈေးနှုန်းဈေးကွက် အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

          စစ်ကိုင်းမြို့နယ် ကျောက်စိမ်းအချောထည် လုပ်ငန်းရှင်များအသင်းကို  ၂.၁၂.၂၀၁၃ ခုနှစ်တွင် အလုပ်အမှုဆောင်(၂၉)ဦး၊အသင်းသား(၁၃၀၉)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအသင်းသား၂၀၀ဦးဖြင့် ဖွဲ့စည်းထားရှိကြောင်း၊ စစ်ကိုင်းမြို့တွင် ကျောက်စိမ်းအချောထည်လုပ်ငန်းရှင် (၁၃၀၀)ကျော်ရှိပြီး ကျောက်စိမ်းအချောထည်များကို စစ်ကိုင်းမြို့၊ ဘော်ဂါရပ်ကွက်၌ ဘော်ဂါကျောက်ဝိုင်းအမည်ဖြင့် ရောင်းချ သည့် ဆိုင်ခန်းပေါင်း (၆၅)ခန်းကျော်ရှိကြောင်း၊ ယခင်က ကျောက်စိမ်းအချောထည်များကို မြဝတီ၊ မဲစောက်၊ တာချီလိတ်မြို့များသို့ တင်ပို့ရောင်းချသော်လည်း ယခု စစ်ကိုင်းမြို့ ဘော်ဂါကျောက်ဝိုင်း၌ အရောင်းအဝယ်ပြုလုပ်ရာ မန္တလေး၊ မုံရွာမြို့များမှ လာရောက်ဝယ်ယူကြကြောင်း၊ ကုန်ကြမ်းများကို မြန်မာပြည်အထက်ပိုင်း ဖားကန့်၊ မန္တလေးမြို့များမှ ဝယ်ယူကြောင်း၊ ယခုအရောင်းအဝယ် အေးနေခြင်းမှာ ကုန်ကြမ်းများမှာ ဈေးနှုန်းမြင့်ပြီး ရှားပါးကြောင်း၊ ကုန်ကြမ်းဈေးနှုန်းအနေဖြင့် ကျောက်အရည်အသွေး ပေါ်မူတည်၍  ထော်လာဂျီကားတစ်စီးစာလျှင် ကျပ်၂ သိန်းခွဲမှ ကျပ် ၃ သိန်း၊ ပီနံအိတ်တစ်ဝက်လျှင် ကျပ် သိန်းထောင်/သောင်းထိ ဈေးအမျိုးမျိုးဖြင့် ဝယ်ယူရပါကြောင်း၊ ကုန်ချော ကျောက်စိမ်းပုတီး၊ ကျောက်စိမ်း လက်ကောက်၊ ဆွဲသီးများအနေဖြင့်လည်း ကျောက်အရည်အသွေးပေါ် မူတည်ခြင်း၊ ကြိုက်နှစ်သက်သည့် အပေါ်မူတည်ခြင်း၊ ချမ်းသာသည့်ဂုဏ်ဒြပ်ပေါ်မူတည်ခြင်းစသည့်အချက်များ မူတည်ပြီး ကျပ် (၅၀၀၀/- ၁၀၀၀၀/-)မှ ကျပ်သိန်း ( ထောင်/ သောင်း)ထိ ပေါက်ဈေးရှိကြောင်း၊ ကျောက်စိမ်းအချောထည်လုပ်ငန်း တွင် ဖြတ်/သွေး လုပ်ကိုင်သည့်အဖွဲ့နှင့် လူသုံးကုန်အလှဆင်ပစ္စည်း လုပ်ကိုင်သသည့်အဖွဲ့ဟူ၍ နှစ်မျိုးရှိ ကြောင်း၊ ကုန်ကြမ်းကျောက်အားဖြတ်၍ အရည်အသွေးကောင်းလျှင် အပွင့်လုပ်ပြီး၊ အရည်အသွေး မကောင်း လျှင် လွှာချပ်မှ လက်ကောက်အဖြစ်လည်းကောင်း၊ လည်ဆွဲပုတီး သို့မဟုတ် စိတ်ပုတီးများ ပြုလုပ်ကြောင်း ကျောက်စိမ်းအချောထည် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

          စစ်ကိုင်းမြို့နယ် ကျောက်စိမ်းအချောထည် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သည့် ပုတီး၊ လည်ဆွဲ၊ လက်ပတ်၊ ပန်းပု စသည့်ထုတ်လုပ်သည့် ကုန်ချောပစ္စည်းများအတွက် ခိုင်မာသော ဈေးကွက် တစ်ခုရရှိလိုပါကြောင်း၊ နိုင်ငံတော်မှ အတိုးနှုန်းသက်သာသောချေးငွေများ ကူညီပံ့ပိုးပေးစေလိုပါကြောင်း၊ ဈေးကွက်နှင့် ကူညီပံ့ပိုးမှုများ ရရှိမည်ဆိုပါက နိုင်ငံတော်အခွန်ငွေများ ပိုမိုရရှိနိုင်မည် ဖြစ်ပါကြောင်း  ကျောက်စိမ်းအချောထည်လုပ်ငန်းရှင်များ၏ စကားသံများ ကြားသိခဲ့ရကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အစိုးရနည်းပညာအထက်တန်းကျောင်း(မုံရွာ)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒု-တိုင်းဒေသကြီးဦးစီးမှူးသော ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ( ၁း၀၀ ) နာရီအချိန်တွင် အစိုးရနည်းပညာအထက်တန်းကျောင်း(မုံရွာ)၌ စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ဟောပြောပွဲတွင် အစိုးရနည်းပညာအထက်တန်းကျောင်းအုပ် ဦးဗိုလ်ဗိုလ်က အဖွင့်အမှာ စကားပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဒုတိုင်းဒေသကြီး ဦးစီးမှူးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖွဲ့စည်းဆောင်ရွက်သော လုပ်ငန်း တာဝန်များအကြောင်းနှင့် ဝန်ကြီးဌာန၏ဆောင်ပုဒ် “ဖွံ့ဖြိုးကုန်သွယ်နိုင်ငံကြွယ်” မျှော်မှန်းချက် “အကျိုးပေါင်းစုကုန်သွယ်မှုဖြင့်တိုင်းကျိုးပြုအံ့” ဟု မျှော်မှန်းချက်ကို ပြည်တွင်းဒေသထွက်ကုန်များ စတင်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သယ်ယူပို့ဆောင် ဘဏ္ဏာငွေသုံးစွဲခြင်း အားလုံး စားသုံးမှု အသုံးပြုခြင်းများကို စားသုံးသူပြည်သူအားလုံး စတင်သည်မှစ အဆင့်ဆင့်ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းတာဝန်များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးဟောပြောခြင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံး စားသုံးသူဌာနခွဲ တာဝန်ခံကလည်း စားသုံးသူကာကွယ်ရေးဥပဒေပါ အခွင့်အရေးနှင့်တာဝန်၊ ကုန်အညွှန်းအမှတ် အသားများအကြောင်း၊ စားသုံးသူနစ်နာမှုရှိက တိုင်ကြားလို့ရကြောင်းနှင့် ဆက်သွယ်တိုင်ကြားနိုင်သောနည်းလမ်းများနှင့် တိုင်ကြားမှုများကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပြီးစီးမှုများအကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးဟောပြောခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးကလည်း လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအကြောင်း ရှင်းလင်းဟောပြော ဆွေးနွေးခြင်းနှင့် တက်ရောက်လာသောဆရာ/မ၊ ဝန်ထမ်းများက သိလိုသည်များမေးမြန်းမှုများအပေါ် ဒုတိုင်းဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ပြီး ဌာန၏ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့ကြောင်း၊ အခမ်းအနားသို့ စုစုပေါင်း (၅၀) ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ