Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၈.၈.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

           ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၈.၈.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၇၆၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၂၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၉၅၀၀၀ ကျပ်ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန်(၁၆၅၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခုတစ်ပတ်တွင် မြေပဲလုံးဆံ တစ်ပိဿာလျှင် ၇၆၀၀ ကျပ်ခန့်၊ မြေပဲဆီဆံတစ်ပိဿာလျှင် ၇၁၀၀ကျပ်ခန့်၊ ယခင်တစ်ပတ်တွင်  ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၇၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း တန်ချိန် ၁၆၅၀၀ ဝန်းကျင်ရှိမည်ဟုခန့်မှန်းကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၈ ) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက် ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ မြင်းမူနှင့် တောင်သာဒေသတို့မှ ကြက်သွန်နီ (၈၄၆၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၃၈၄၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရ သိရှိရ သည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၇၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၁၅၀၊ အကြီးမှာ ကျပ် ၁၄၅၀၊ ရှယ်မှာ ကျပ် ၁၆၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၈၀၀၊ အကြီးမှာ ကျပ် ၁၀၀၀၊ ရှယ်မှာ ကျပ် ၁၁၀၀၊ မုံရွာ ကြက်သွန်နီ(အသစ်)  အချော တစ်ပိဿာ ကျပ် ၇၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၁၅၀၊ အကြီးမှာ ကျပ် ၁၃၅၀၊ ရှယ်မှာ ကျပ် ၁၄၅၀၊ မြင်းမူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၁၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၅၀၀ ၊ အကြီးမှာ ကျပ် ၁၈၀၀၊ ရှယ်မှာ ကျပ် ၁၉၀၀၊ တောင်သာ ကြက်သွန်နီ(အသစ်)  အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၉၀၀ ၊ အကြီးမှာ ကျပ် ၁၁၀၀ ဈေးတို့အသီးသီးရှိ ကြောင်း စုံစမ်းသိရှိရပါသည်။

          ယခုတစ်ပတ်တွင် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာကြက်သွန်နီဈေးနှုန်းများမှာ ယခင်အပတ်ကထက် ဈေးကျလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော အုန်းသီး ဈေးနှုန်း

            ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ အုန်းသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုး များနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး အုန်းသီးများကို ကျွန်းလှမြို့နယ် အတွင်းရှိကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများနှင့် မိမိတို့ကျေးရွာများ တွင်  ရောင်းချလျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဒေသထွက် အုန်းသီး ဈေးနှုန်းများမှာ နတ်ကန်တော့ရန် အုန်းသီးစိမ်း တစ်လုံးလျှင်(၄၀၀၀)ကျပ်၊ အုန်းသီးအရင့် အလုံး အကြီး အသေးပေါ်မူတည်၍ တစ်လုံးလျှင်(၃၅၀၀ မှ ၅၀၀၀)အထိ ဈေးနှုန်းအသီးသီတို့ဖြင့် ရောင်း ချလျက်ရှိကြောင်း ရန်ကုန်မှ မှာယူရောင်းချသော အုန်းသီးအရင့် တစ်လုံးလျှင်(၅၀၀၀)ကျပ်ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး၌ အုန်းသီး  ရောင်းချနေသောဈေးသည်ထံမှ သိရသည်။

DOCA (စစ်ကိုင်း)

 ကျွန်းလှမြို့တွင် ‌ရောင်းချလျက်ရှိသော  ဝက်သား ဈေးနှုန်း

                ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်သားဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိပါသည်။

          ကျွန်းလှမြို့ ဩဂုတ်လ တတိယပတ်၏ သားဝက်ဈေးနှုန်းများ အနေဖြင့် ဝက်သားရှယ် (အသားသီးသန့်) လက်လီ တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ဝက်သား(ပေါင်သား) လက်လီ တစ်ပိဿာ လျှင်(၃၂၀၀၀)ကျပ်၊ ဝက်သားရိုးရိုး(နံကိုင်းသား) လက်လီ တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ ဝက်သား ဝမ်းတွင်းကလီစာ လက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ် နှင့် ဝက်သား(မေးဖျား၊ နားရွက်) တစ်ပိဿာ လျှင်(၂၅၀၀၀)ကျပ်၊ ဝက်သွေးခဲ(၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ ဝက်ရိုးအကြမ်း တစ်ပိဿာ(၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ဩဂုတ်လ စတုတ္ထပတ်၏ သားဝက်ဈေးနှုန်းများ အနေဖြင့် ဝက်သားရှယ် (အသားသီးသန့်) လက်လီ တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ဝက်သား(ပေါင်သား) လက်လီ တစ်ပိဿာလျှင်(၃၃၀၀၀) ကျပ်၊ ဝက်သားရိုးရိုး(နံကိုင်းသား) လက်လီ တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ ဝက်သား ဝမ်းတွင်းကလီစာ လက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ် နှင့် ဝက်သား(မေးဖျား၊ နားရွက်) တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ဝက်သွေးခဲ(၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ ဝက်ရိုးအကြမ်း တစ်ပိဿာ (၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဝက်စလေပိုင်ရှင်ထံမှ  သိရပါသည်။

DOCA (စစ်ကိုင်း)

ပိတောက်မြိုင်ဈေး၏ လက်ပန်ပွင့်ခြောက် နှင့် သရက်သီးခြောက် ဈေးနှုန်း

            ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် မနက်ခင်းတစ်ပိုင်းသာ ရောင်းချလျက်ရှိသော်လည်း ဈေးရောင်းသူ ဈေးဝယ်သူများနှင် စည်ကားလျက်ရှိပြီး မိမိတို့ဒေသထွက်ကုန်များအပြင် အခြား ဒေသမှရောက်လာသည့် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ ကိုရောင်းချလျက်ရှိရာမှ အပွင့်ခြောက်/အသီးခြောက်မျိုးစုံဖြစ်သည့် ကြောင်လျှာပွင့်ခြောက်၊ လက်ပန်ပွင့်ခြောက်၊ သရက်သီး ခြောက်၊ ခရမ်းသီးခြောက်၊ ဘူးသီးခြောက်နှင့် ဇီးဖြူသီးခြောက် တို့ကို ရောင်းချလျက်ရှိရာမှ လက်ပန်ပွင့်ခြောက် ကိုလည်း ရောင်းချလျက်ရှိပါသည်။

       ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ ပိတောက်မြိုင်ဈေး၌ ရောင်းချ လျက်ရှိသော လက်ပန်ပွင့်ခြောက် ဈေးနှုန်းမှာ တစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၅၀၀)ကျပ် နှင့် ‌ (၁၀)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိပြီး သရက်သီးခြောက် ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၂၃၀၀)ကျပ်နှင့်(၁၀)ကျပ်သားလျှင်(၅၅၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိ ပြီး လက်ပန်ပွင့်ခြောက်ကို ပြုတ်ပြီး ချည်ရည်ကျိုရာတွင် ရောနှော ထည့်ခြင်း၊ အချဉ်သုပ်ချက် ချက်စားခြင်း၊ အသားတုနှင့်အစပ်ကြော်ကြော်ခြင်းနှင့် သရေစာအဖြစ် ကြော်စား ခြင်းစသည့်ပုံစံဖြင့် စားသောက်အသုံးပြုကြသောကြောင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် ဈေးအနည်းငယ်ကျဆင်းနေသော ‌ရွှေဖရုံသီး နှင့် ဘူးသီး

           ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ရွှေဖရုံသီးများကို ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ လာရောက်ပို့ဆောင် ရောင်းချကြပြီး ရာသီချိန်မဟုတ်သည့် ကာလ များတွငရွှေဖရုံသီးများ ကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချရကြောင်း သိရှိရပါ သည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းရှိ ရွှေဖရုံသီး ဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ဘူးသီး ဈေးနှုန်းအနေဖြင့် ဘူးသီး အလုံး (အကြီး) တစ်လုံးလျှင်(၂၅၀၀)ကျပ်၊ ဘူးသီး(အသေး)တစ်လုံးလျှင်(၁၅၀၀)ကျပ် နှင့် ဘူးသီး တစ်စိတ်လျှင် (၅၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ဩဂုတ်လ စတုတ္ထအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ ဈေးကွက်အတွင်းရှိ ရွှေဖရုံသီး ဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၁၆၀၀)ကျပ် နှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း ဘူးသီး ဈေးနှုန်း အနေဖြင့် ဘူးသီး(အကြီး) တစ်လုံးလျှင်(၂၀၀၀)ကျပ်၊ ဘူးသီး(အသေး)တစ်လုံးလျှင်(၁၅၀၀)ကျပ် နှင့် ဘူးသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း ယခင်အပတ်ထက် ဘူးသီးနှင့် ရွှေဖရုံသီး ဈေးအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရာသီပေါ် မြေပဲတောင့်အစို နှင့် မြေပဲပြုတ်များ ရောင်းချလျက်ရှိ

           ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာများမှ တောင်သူများသည် နှစ်ရှည်သီးနှံများ၊ စားဖိုဆောင်သီးနှံ များအပြင် ဆီထွက်သီးနှံများနှင့် ပဲမျိုးစုံတို့ကို စိုက်ပျိုးရောင်းချလျက်ရှိရာမှ ရသီပေါ် ဆီထွက်သီးနှံဖြစ်သည့်မြေပဲတောင့်အစိုများကို ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

        ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ ဈေးကွက်များအတွင်း၌ ဖြစ်ပေါ်နေ‌သော မြေပဲတောင့်အစို ဈေးနှုန်းအနေဖြင့် မြေပဲတောင့်အစို တစ်ပြည့်လျှင်(၃၂၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင် (၁၆၀၀)ကျပ် နှင့် မြေပဲတောင့်အစို အပြုတ် တစ်ပြည်လျှင်(၅၀၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၂၅၀၀)ကျပ်နှင့်  နို့ဆီ(၁)ဘူးလျှင်(၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ပေါ်ဦးပေါ်ဖျား  မျှစ်ခြောက်နှင့်  မန်ကျည်းသီးမှည့် ဈေးနှုန်း

        ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို  ဈေးကွက် အတွင်းသို့ ရောင်းချလျက်ရှိပါကြောင်း၊ မျှစ်များပေါများလာသည့်အခါ မျှစ်စိမ်းများကို တစ်ဗွက်ဆူ ပြုတ်၍နေဖြင့် အခြောက်လှမ်းထားပြီး အမျိုးမျိုးချက်ပြုတ်စားသောက်လျက် ရှိပါသည်။ မန်ကျည်းပင် များကိုလည်း မိမိတို့နေအိမ်ခြံဝင်းစည်းရိုးများနှင့် လယ်ယာမြေများပေါ်တွင် အရိပ်ရ စေရန်အတွက် စိုက်ပျိုးကြပါကြောင်း၊ အလေ့ကျပေါက်‌ရောက်သည့် အပင်များလည်းရှိပါကြောင်း  မန်ကျည်းသီးအမှည့် များကို ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း မျှစ်ခြောက် တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိ သောကြောင့် မျှစ်ခြောက်ကို ငါးဖြင့်ပေါင်း၍သော်လည်းကောင်း၊ ချက်စား၊ သုပ်စားကြပြီး အခြားသီးနှံ များနှင့်လည်း ရောနှော၍ ချက်စားပါကြောင်း ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကြီးသော်လည်း  အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ မန်ကျည်းသီးမှည့် ဈေးနှုန်းများမှာ (အစေ့လွတ်) တစ်ပိဿာ လျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ်နှင့် မန်ကျည်းသီး မှည့်(အစေ့ပါ) တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်တို့ဖြင့်  အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ‌ပဲလင်းမြွေသီးနှင့် သခွားသီး ဈေးနှုန်း

     ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ ယခုရာသီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်သီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး  တို့ကို စိုက်ပျိုးသည့်အနက် ဗုံလုံသီး (ခေါ်)ပဲလင်းမြွှေသီးများကို စိုက်ပျိုးကြပြီး သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ ရောင်းချပါကြောင်း သိရှိရပါ သည်။

      ၂၀၂၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထအပတ်တွင် ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီး ဈေးနှုန်း အနေဖြင့်  အကြီး တစ်တောင့်လျှင် လက်လီဈေး(၈၀၀)ကျပ်၊ အလတ် တစ်တောင့်လျှင် (၆၀၀)ကျပ်နှင့် အသေး တစ်တောင့် လျှင် (၄၀၀)ကျပ်လည်းကောင်း သခွားသီးဈေးနှုန်းမှာ ဒေသထွက် ဗမာသခွားသီး(၁)လုံးလျှင် အကြီး (၇၀၀)ကျပ်၊ အလတ် (၅၀၀)ကျပ်နှင့် အသေး(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ပဲကျောက်ခဲ(ခေါ်)နေကျောက်ခဲနှင့် မြေပဲပွကြော် ဈေးနှုန်း

        ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် သကြားခွေ၊ ဇီးပြားများ၊ မြေပဲပွကြော်နှင့် နေကျောက်ခဲ စသည့်တိုကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှမှရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

         ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ် ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ပဲကျောက်ခဲ(ခေါ်)နေကျောက်ခဲ ဈေးနှုန်းအနေဖြင့် တစ်ပြည် လျှင် (၁၁၀၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၅၅၀၀)ကျပ်၊ နို့ဆီ()ဘူး လျှင်(၁၄၀၀)ကျပ်၊ မြေပဲပွကြော် ဈေးနှုန်း တစ်ပြည်လျှင် (၆၄၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၃၂၀၀)ကျပ်၊ နို့ဆီ()ဘူးလျှင်(၈၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသူထံမှ ရရှိပါသည်။

DOCA (စစ်ကိုင်း)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း