Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

  ထောပတ်ပဲစျေးအနည်းငယ်ကျဆင်း

      ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့သည့်ထောပတ်ပဲမှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ထောပတ်ပဲသီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက် နှုန်း(၆.၅၁)တင်းနှင့်အထွက် (၁၅၅၂၇၁)တင်းဖြစ် ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ် စက်တင်ဘာလ ပထမပတ်အတွင်းဖြစ်ပေါ် လျှက်ရှိသောပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ထောပတ်ပဲ(ဂေါက်) ၃၀၅၀၀၀ကျပ်နှင့်၃၁၀၀၀၀ ကျပ်၊ထောပတ်ပဲ(ကြီး) ၂၉၀၀၀၀ကျပ်နှင့်၃၀၀၀၀၀ကျပ်၊ ထောပတ်ပဲ(သေး) ၁၉၀၀၀၀ကျပ်နှင့် ၂၀၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှာထောပတ်ပဲ(ဂေါက်)၅၄၂၂ကျပ်နှင့်၅၅၁၁ကျပ်၊ထောပတ်ပဲ (ကြီး) ၅၁၅၆ကျပ်နှင့် ၅၃၃၃ကျပ်၊ထောပတ်ပဲ(သေး) ၃၃၇၈ကျပ်နှင့် ၃၅၅၆ကျပ် တို့ဖြစ်ကြောင်း သိရှိရ ပါသည်။ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ထောပတ်ပဲ(ဂေါက်)၇၄၆၇ကျပ်၊ထောပတ်ပဲ(ကြီး) ၇၁၁၁ကျပ်၊ ထောပတ်ပဲ(သေး) ၆၂၂၂ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ထောပတ်ပဲစျေးမှာ လျော့နည်းသွားကြောင်း သိရပါသည်။

DOCA (မန္တလေး)

 

                                                                           

   အရောင်းသွက်သည့်ပဲတီစိမ်းစျေးကွက် 

      ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်ပဲတီစိမ်းမှာအရောင်းသွက်သည့် ပဲအမျိုးအစားဖြစ်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၀၉၅၈)ရိတ်သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇) တင်း ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် စက်တင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်း (ညာ) ၂၇၀၀၀၀ ကျပ်နှင့် ၃၁၀၀၀၀ ကျပ်၊တစ်ပိဿာစျေးမှာ ပဲတီစိမ်း (ညာ)၄၈၀၀ကျပ်နှင့် ၅၅၁၁ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲတီစိမ်း(အညာ)၃၅၅၆ ကျပ်နှင့်၄၅၃၃ကျပ်၊ပဲတီစိမ်း(ပဲခွဲ)၂၃၁၁ကျပ်နှင့်၂၈၄၄ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ကာလတူစျေးနှိုင်းယှဉ် ပါက ပဲတီစိမ်း(ညာ)မှာ တစ်ပိဿာလျှင် ၉၇၈ ကျပ်စျေး ပိုမိုရရှိကြောင်း သိရပါသည်။

DOCA (မန္တလေး)

စက်တင်ဘာလပထမပတ်မတ်ပဲစျေး

          ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄- ၂၀၂၅ခုနှစ်မတ်ပဲ သီးနှံ စိုက်ပျိုးမှု(၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက် နှုန်း(၁၂.၆၅)တင်းနှင့် အထွက်(၁၃၂၇၀၉)တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ် လျှက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် မတ်ပဲ (ကျောက်စရစ်)၂၇၃၀၀ကျပ်၊ မတ်ပဲ ၁၇၀၀၀၀ ကျပ်နှင့် ၂၀၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ မတ်ပဲ(ကျောက်စရစ်) ၄၅၅၀ ကျပ်၊ မတ်ပဲ ၂၈၃၃ ကျပ်နှင့် ၃၃၃၃ ကျပ်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ မတ်ပဲ(ဟောင်း) ၆၁၆၇ ကျပ်နှင့် ၆၄၁၇ကျပ်၊မတ်ပဲ(ရေသွင်း) ၅၈၃၃ကျပ်နှင့် ၆၁၆၇ ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက မတ်ပဲမှာစျေးလျော့နည်းသွားကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

ပြည်ကုန်စည်ဒိုင်၏ စက်တင်ဘာလ ပထမပတ် ဈေးနှုန်းဈေးကွက်

   ပြည်ခရိုင်၊ ပြည်မြို့၏ ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်၊ စားတော်ပဲ(ကျွန်း)တို့ ရောင်းဝယ်လျက်ရှိပါသည်။

          ပြည်ကုန်စည်ဒိုင်၏ ပထမပတ်တွင် မတ်ပဲတစ်တင်းကို (၉၂၃၀၀-၉၂၅၀၀)ကျပ်ဖြင့် ရန်ကုန် အဝယ်တစ်ရက်ကို အိတ် (၃၀၀)ခန့်အရောင်းအဝယ်ရှိပါသည်။ ပဲတီစိမ်းသစ်များလည်း တစ်ရက်ကို အိတ် (၅၀၀ - ၆၀၀)ခန့် အဝင်ရှိပြီး တစ်ရက်ကို ဝင်သလောက်အရောင်းအဝယ်ဖြစ်ပါသည်။ ပဲတီစိမ်း တစ်တင်းကို (၁၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပါသည်။

          ပြည်ကုန်စည်ဒိုင် ပထမပတ်တွင် ပဲစဉ်းငုံတစ်တင်းကို (၇၇၀၀၀ - ၇၈၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ် (၁၅၀ - ၂၀၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ စက်တင်ဘာလ ပထမပတ်တွင် ကုလားပဲ(HL)တစ်တင်းကို (၈၇၀၀၀-၈၈၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းကို (၉၄၀၀၀ - ၉၅၀၀၀) ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် ရန်ကုန်အဝယ်ရှိပါသည်။

          စက်တင်ဘာ၊ ပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၁၂၀၀၀၀)ကျပ်၊ ပဲကြီး (ကုန်းပဲ) တစ်တင်းကို (၁၁၀၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကို အိတ် (၃၀၀)ခန့် အဝယ် ရှိပါသည်။

          စက်တင်ဘာ၊ ပထမပတ်တွင် စားတော်ပဲ (ကျွန်း)တစ်ရက်ကို အိတ် (၂၀၀၀၀၀)ကျပ်ဖြင့် မြို့တွင်း အဝယ် တစ်ရက်ကို အိတ် (၁၀- ၁၅)အိတ်ခန့် အရောင်းအဝယ်ရှိပါသည်။ပြည်မြို့သည် အချက်အခြာကျသော မြို့ဖြစ်၍ ပဲမျိုးစုံအရောင်းအဝယ်မှာ သွက်လျက်ရှိပါ သည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ငရုတ်သီးစိမ်းနှင့်ခရမ်းချဉ်သီးဈေးအနည်းငယ်ကျဆင်းလျက်ရှိ

   တောင်ငူမြို့ ညောင်ပင်လေးဈေးတွင် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချလျှက် ရှိရာ ငရုတ်သီးစိမ်း (ကုလားအော်)မှာ ယခင်အပါတ်က (၁)ပိဿာလျှင် ၁၆၀၀၀ကျပ် မှ ၁၈၀၀၀ကျပ် ထိဈေးနှုန်းရှိခဲ့သော်လည်း ယခုစက်တင်ဘာလပထမအပါတ်တွင် (၁)ပိဿာ ၇၀၀၀ ကျပ် မှ ၈၀၀၀ကျပ် သာရှိပြီး၊ ငရုတ်သီး(ကျောက်စိမ်း)မှာ ဩဂုတ်လ နောက်ဆုံးပတ်တွင် ၅၀၀၀ကျပ် ရှိသော်လည်း ယခုပတ်တွင် ၂၅၀၀ ကျပ် ထိဈေးနှုန်းကျဆင်းသွားပါသည်။ ကျောက်စိမ်းငရုပ်သီး အမှည့်ဈေးနှုန်း အနေဖြင့် ၁ ပိဿာ ၅၀၀၀ ကျပ်ရှိပြီး ငရုပ်သီး(မိုးထောင်)မှာ ယခင်လက ၁ ပိဿာ ၈၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ် ထိ ဈေးနှုန်းရှိခဲ့သော်လည်း၊ ယခုစက်တင်ဘာလပထမ အပါတ်တွင် ၁ ပိဿာ ၅၀၀၀ ကျပ် မှ ၆၀၀၀ ကျပ် ထိဈေးနှုန်းကျဆင်းသွားသည်။ 

    ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် အလုံးအသေး၊ အလတ်၊ အကြီး အရွယ်အစားပေါ်မူတည်၍ ယခင်အပတ်က တစ်ပိဿာ ၃၀၀၀ ကျပ် မှ ၅၀၀၀ ကျပ် ထိ ဈေးနှုန်းကွာခြားမှုရှိပြီး ယခုစက်တင်ဘာလ ပထမအပါတ်တွင် တစ်ပိဿာ ၁၅၀၀ ကျပ် မှ ၃၅၀၀ ကျပ်ထိသာ ဈေးနှုန်းကျဆင်းသွားသည်။ ဂေါ်ဖီဈေးနှုန်းအနေဖြင့် ယခင်လနှင့် ယခုအပါတ် ဈေးနှုန်းမှာ ကွာခြားမှု မရှိပဲ ၁ ပိဿာ ၂၀၀၀ ကျပ် ဖြစ်ပြီး ၃ ပိဿာနှင့်အထက်ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ရောင်းချသည့် ဈေးသည် များထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့အတွင်းရှိတည်သီးလေး၏ အံ့မခန်းအာနိသင်နှင့် ဈေးနှုန်းဈေးကွက်

   တောင်ငူမြို့ ဈေးများရှိ သစ်သီးဆိုင်များတွင် ပန်းသီး၊ နဂါးမောက်သီး၊ လိမ္မောသီး၊ ပန်းသစ်တော်၊ ငှက်ပျောသီး၊ နဂါးမောက်သီး၊ သရက်သီးစသောဒေသထွက်နှင့် အခြားအရပ်ဒေသများမှ သစ်သီးဝလံ များလာရောက်ရောင်းချသည့်အပြင် အခြားဒေသများမှ သစ်သီးဝလံများကို မှာယူရောင်းချလျက်ရှိရာ ယခုအခါ တည်သီးများအား ကရင်ပြည်နယ်၊ မြဝတီမြို့မှတဆင့် မှာယူရောင်းချ လျက်ရှိပါသည်။

တည်သီး(Persimmoni)ပင်၏ မူရင်းဒေသသည် တရုတ်ပြည်ဖြစ်ပြီး ထိုမှတစ်ဆင့် အခြားနိုင်ငံ များဆီသို့ ပျံ့နှံ့လာခြင်းဖြစ်သည်ဟု သိရှိရသည်။ တည်သီးပင်၏သက်တမ်းသည် ၅၀-၇၅နှစ်ရှိပြီး သစ်သားအရည်အသွေးကလည်း ကောင်းမွန်သောကြောင့် အပင်အိုသွားသည့်အခါ သစ်မာအနေဖြင့် အသုံးပြုကြသည်။ အနံ့အရသာ ချိုချိုမွှေးမွှေးရှိပြီး အာဟာရဓါတ်များပေါကြွယ်ဝသဖြင့် ကျန်းမာရေးနှင့် အင်မတန်ညီညွှတ်လှပေသည်။

တည်သီးသည် အမျှင်ဓါတ်ကြွယ်ဝသဖြင့် အစာခြေစနစ်ကို အထောက်အကူပြုပေးပါသည်။ အူနံရံ များအား အာဟာရစုပ်ယူမှုကောင်းစေသလို ဝမ်းမှန်စေပါသည်။ အဆာခံနိုင်စေပြီး သွေးတွင်း သကြားဓာတ်မတက်အောင် အထိရောက်ဆုံးကာကွယ်ပေးပါသည်။ ထို့အပြင် ဆိုဒီယမ်ပါဝင်မှုနည်း သဖြင့် သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါသည်။ တည်သီးတွင် ဗီတာမင် C ပါဝင်မှုရှိသဖြင့် ကိုယ်ခံအားကို အကောင်းဆုံးမြှင့်တင်ပေးသည့်အတွက် အအေးမိဖျားနာ၊ တုပ်ကွေး စသည့်ရောဂါများ မဖြစ်အောင် ကာကွယ်ပေးနိုင်သည့်အပြင် ခုခံတိုက်ထုတ်စေနိုင်ပါသည်။ ပိုတက်ဆီယမ်နှင့် သကြားဓါတ် ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်ကိုအကောင်းဆုံး အားဖြည့်ပေးနိုင်သည့်အတွက် ခြေကုန်လက်ပမ်းကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်သည်ဟု လေ့လာသိရှိရသည်။ “တန်ဆေးလွန်ဘေး” ဆိုသည့်စကားအတိုင်း  ရောဂါအခံရှိသူများနှင့် ကိုယ်ဝန်ဆောင်မိခင်တို့သည် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ စားသုံးသင့်ကြောင်းလည်း ဖတ်ရှု့လေ့လာရပါသည်။

   ဈေးနှုန်းဈေးကွက်အနေဖြင့် တောင်ငူမြို့ဈေးများရှိ သစ်သီးဆိုင်များတွင် တည်သီးအလုံးသေး တစ်လုံးလျှင် ၂၅၀၀ ကျပ်၊ အလုံးကြီး တစ်လုံးလျှင် ၃၅၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိပြီး များများဝယ်ယူ လိုပါက ဈေးနှုန်းအပြောင်းအလဲရှိကြောင်း တောင်ငူမြို့ဈေးများရှိ သစ်သီးဝလံအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဂွေးချိုပင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိ

   တောင်ငူခရိုင်၊တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ညောင်ကိုင်းကျေးရွာအနီးတွင် တောင်ငူ တက္ကသိုလ်၊ ပညာရေးကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံစသည့် တက္ကသိုလ်/ ကောလိပ်များတည်ရှိရာ ဖြစ်သဖြင့် အဆိုပါကျေးရွာရှိ ကျေးလက်နေပြည်သူများသည်  မိမိတို့အိမ်ခြံဝန်းများတွင် အပိုဝင်ငွေ ရရှိအောင် လူငယ်များကြိုက်နှစ်သက်သည့် သီးနှံအမျိုးမျိုးဖြစ်သော သင်္ဘောသီး၊ မာလကာသီး၊ သရက် သီး၊ သံပုရာသီး၊ဂွေးချိုသီးစသော နှစ်ရှည်သီးနှံပင်များနှင့် အရိပ်ရသောအပင်များ စိုက်ပျိုးလျက်ရှိရာ ယခုအခါ ဂွေးချိုသီးများ လှိုင်လှိုင်ထွက်သည့်ရာသီဖြစ်သဖြင့် ပေါများစွာရောင်းချလျက်ရှိသည်။

          ဂွေးချိုသီးဆိုသည်မှာ အပြင်ခွံအစိမ်းရောင်နုနုမှစ၍ အစိမ်းရောင်ရင့်ရင့်အထိရှိပြီး အတွင်းသားမှာ ဖြူဖြူကြွပ်ကြွပ်လေးဖြစ်ပါသည်။ အရသာအနေဖြင့် ချိုချိုချဉ်ချဉ်အရသာလေးရှိပြီး အတွင်းတွင်အစေး များ ပါဝင်နေသည်။

          ဂွေးချိုသီးကို လူငယ်တို့အကြိုက် အချဉ်ပေါင်းအဖြစ် ငါးပိ(သို့မဟုတ်) ဆား၊ ငရုတ်သီးမှုန့်နဲ့ နယ်စားခြင်း၊ ငံပြာရည်၊ ငရုတ်သီးမှုန့်ဖြင့် သုပ်စားခြင်း၊ ငပိချက်,ချက်စားလျှင်လည်း စားကောင်းသလို၊ ပုဇွန်ခြောက်များဖြင့် ကြော်စားခြင်း၊ ထောင်း၍ဟင်းရည်တစ်မျိုးမျိုးဖြင့် တွဲဖက်စားသုံးရာတွင် ထမင်းမြိန်စေသော အသီးတစ်မျိုးဖြစ်သည်။

          ဂွေးချိုသီးဈေးနှုန်းအနေဖြင့် ဒိုင်သို့သွင်းလျှင် (၁)လုံး ၅၀ ကျပ်ဖြစ်ပြီး အလုံး(၁၀၀) လျှင် ၄၀၀၀ ကျပ်ဖြင့်ရောင်းချရပြီး လူကြီးလူငယ်မရွေးကြိုက်နှစ်သက်သည့် အသီးဖြစ်သည့်အတွက် ရောင်းအား ကောင်းကြောင်း  ဂွေးချိုသီး ခူးဆွတ်ရောင်းချသည့် ဒေါ်ဥမ္မာ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(ပဲခူး)

မအူပင်မြို့နယ် ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ငှက်ပျောသီးဈေးကွက်

  မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ချောင်းကလေးကျေးရွာ၊ ရွှေတော်မှော်ကျေးရွာ၊ ထနီးကျေးရွာများ တွင် ငှက်ပျောသီးပင်များ စိုက်ပျိုးလျက်ရှိသည်။ မအူပင်ခရိုင်အနေဖြင့် ငှက်ပျောစိုက်ဧက (၄၉၄၆၅) ဧကရှိကြောင်း မြို့နယ်စာရင်းများအရသိရသည်။

ထွက်ရှိသော ငှက်ပျောများကို မအူပင် အခွန်လွတ်ဈေးအတွင်းရောင်းချနေပြီး ငှက်ပျောရောင်းချသော ဆိုင်ကြီးများ ရှိသလို ရွာဈေးသည်များမှလည်း ဈေးအတွင်း လာရောက် ရောင်းချနေကြသည်။ ငှက်ပျော ၁ဖီးလျှင် ၂၀၀၀-၂၅၀၀ကျပ်ဖြင့် ရွာမှ ခြံထွက် တိုက်ရိုက်လာရောက်ရောင်းချသူများရှိပြီး တစ်ပါတ်လျှင် ၅ရက် ရောင်းချပြီး ငှက်ပျောအဖီးရေ တစ်နေ့လျှင် ၅၀-၇၀ ခန့်ရောင်းချရကြောင်း သိရသည်။ ငှက်ပျော ဆိုင်ကြီးများမှ ၁ဖီးလျှင် ၂၅၀၀-၃၀၀၀ကျပ်ဖြင့် ရောင်းချနေကြောင်းလဲသိရသည်။ ငှက်ပျောသီး ရောင်းချသော ဆိုင်ကြီးများသည် တစ်လလျင်  ၃ကြိမ် ရွာများမှ တစ်ကြိမ်လျှင် အခိုင်ရေ ၅၀ခန့် အဖီးရေ ၅၀၀ခန့် ခြံများမှ လာပို့ကြောင်း၊ ငှက်ပျောတစ်ခိုင်လျှင် ငွေကျပ် ၂၀၀၀၀ကျပ်ဖြင့် လက်ကားဈေးဝယ်ယူရ၍ ၁၀၀၀၀၀၀ကျပ် ရင်းနှီးရပြီး အကျိုးအမြတ်အနေဖြင့် ၁လလျှင် ၁၅၀၀၀၀ ကျပ် အကျိုးအမြတ်ကျန်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် ဒေသအနီးမှ စိုက်ပျိုးထွက်ရှိသော ကွမ်းသီးများ မအူပင်အခွန်လွတ်ဈေးအတွင်း ရောင်းချလျက်ရှိ

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဈေးများအတွင်းတွင်  မအူပင်မြို့နယ်နှင့် အနီးဒေသ များမှ စိုက်ပျိုးထွက်ရှိသော ကွမ်းသီးစိမ်းများ ထွက်ပေါ်လျက်ရှိ၍  ကွမ်းသီးအနုဈေးကောင်းရရှိ၍ စိုက်ပျိုးသူ တောင်သူများက ကွမ်းသီးအမှည့် ရောင်းချမှုများသဖြင့် ယမန်နှစ်ထက် ကွမ်းသီးအမှည့် အထွက်နှုန်းများ လျက်ရှိသည်။  ကွမ်းသီးဈေးမှု တည်ငြိမ်လျက်ရှိပြီး မအူပင်မြို့နယ်စိုက်ပျိုးသော ဘိတ်ကွမ်းသီးမျိုး မထွက်ခင်အချိန်၌ ဈေးကောင်း ရသော်လည်း ဒေသစိုက်ပျိုးကွမ်းသီးအမှည့်် ပေါ်ချိန်တွင် ဈေးတည်ငြိမ်နေပြီး  မိသားစုစားဝတ်နေ ရေးအတွက် များစွာ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်းသိရသည်။ မအူပင်မြို့နယ်တွင် ကွမ်းသီး စိုက်ဧက ၆၅၀ ရှိကြောင်း သိရသည်။

    မအူပင် အခွန်လွတ်ဈေးအတွင်းတွင် ကွမ်းသီးအမှည့် ရောင်းချသူ ၁၃ဦးခန့်ရှိပြီး မအူပင်မြို့နယ်နှင့် နီးသော ကျိုတ်လတ်ဒေသမှ ထွက်ရှိသော ကွမ်းသီးအမှည့် လာရောက်ရောင်းချသူ ၇ဦးရှိကြောင်း သိရသည်။ မအူပင်မြို့နယ်၌ ယမန်နှစ်က ကွမ်းသီးဈေးနှုန်းမှာ ကွမ်းသီးတစ်လုံးလျှင် ၂၅၀ ကျပ်၊ ယခုနှစ်တွင် ကွမ်းသီးတစ်လုံးလျှင် ၁၂၀-၁၅၀ ကျပ်၊ ဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်အတွင်း သိရသည်။ ကွမ်းသီးအမှည့် ရောင်းချသူများသည် ကွမ်းသီးမှည့် အလုံး ၁၀၀၀ပါ အိတ်များဖြင့် တစ်နေ့လျှင် ၄အိတ် နီးပါးရောင်းချရကြောင်း ဇွန်၊ ဇူလိုင်၊ ဩဂုတ်လ၊ ယနေ့ စက်တင်ဘာလအထိ နေ့စဉ် ရောင်းချနေရကြောင်း အလုံး ၁၀၀၀ပါ တစ်အိတ်လျှင် ငွေကျပ်၊ ၁၀၀၀၀၀-၁၂၀၀၀၀ ဖြင့် ဝယ်ယူရောင်းချရပြီး တစ်အိတ်လျှင် ၃၀၀၀၀-၅၀၀၀၀ကျပ် အကျိုးအမြတ်ရရှိပြီး ရောင်းချသူများ အဆင်လျက်ရှိ ကြောင်း ရောင်းချသူမျာ’ထံမှ သိရသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင် ၄မြို့နယ်နှင့် အခြားမြို့နယ်များမှ ဩဂုတ်လ ဆန်တင်ပို့မှု အခြေအနေများ

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၁၁၀)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁လအတွင်း မအူပင် ဆန်တင်ပို့မှု အိတ် ၁၀၁၃၅ ၊ ပန်းတနော် ဆန်တင်ပို့မှု ၁၆၁၅၈၊ ညောင်တုန်းဆန်တင်ပို့မှု ၁၁၃၂၅၀၊ ဓနုဖြူမြို့ဆန်တင်ပို့မှု ၂၀၃၅၂ အိတ်နှင့် စုစုပေါင်း (၁၅၉၈၉၅) တင်ပို့ပြီး တန်အားဖြင့် ၇၉၉၄ တန်တင်ပို့နိုင်ခဲ့ကြောင်း၊ အခြားမြို့နယ်များမှ တင်ပို့မှုနိုင်မှု အနေဖြင့် ၁၀၉၄၉၀ အိတ် နှင့် တန်အားဖြင့် ၅၄၇၄ တန်ကိုလည်းကောင်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ဇူလိုင်လနှင့် ဩဂုတ်လ တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဩဂုတ်လ မအူပင်ခရိုင် ၄မြို့နယ်မှ ဆန်မြို့နယ်တင်ပို့မှု (၁၅၉၈၉၅) တင်ပို့ပြီး  (၃၇၅၂)အိတ် လျော့နည်းတင်ပို့ကြောင်း ၊ အခြားမြို့နယ်တင်ပို့မှုမှာ ဇူလိုင်လ ဆန် ၃၀၆၂၉၁ အိတ် တင်ပို့သောကြောင့် ယခုလ (၁၉၆၈၀၁) အိတ်  လျော့နည်းတင်ပို့ကြောင်း တွေ့ရှိရသည်။ ဧရာဝတီတိုင်း ဒေသကြီးထွက် ဆန်များကို သီလဝါဆိပ်ကမ်း၊သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိပ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုက်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက့်မြို့၊ ရွှေလင်ပန်း စက်မှုဇုန်လှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ တင့်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း