Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့၏ အသင့်စားအာဗြဲခြောက်

    တောင်ငူမြို့၊ ငါးခြောက်ဆိုင်များတွင်ရောင်းချနေသော အာဗြဲခြောက်များသည် လူကြိုက်များသော ငါးခြောက်တစ်မျိုးဖြစ်သည်။ အရသာမချိုပြီး ဆားလည်းပေါ့သဖြင့် စားကောင်းသည့် ငါးခြောက်တစ်မျိုးဖြစ်ပါသည်။

      အာဗြဲခြောက်ဈေးနှုန်းမှာ တစ်ပိဿာလျှင် အသေး ၂၄၀၀၀ကျပ်၊ အလတ် ၂၈၀၀၀ကျပ်နှင့် အကြီး ၃၅၀၀၀ကျပ်ရှိပါသည်။

  အသင့်စားအာဗြဲခြောက်ထုပ်များပြုလုပ်၍ ရောင်းချသည်များလည်းရှိပါသည်။ အသင့်စားအာဗြဲခြောက်ပြုလုပ်ရာတွင် အာဗြဲခြောက်ကို အမြီးညှပ်၊ ခေါင်းဖြတ်သန့်စင်ပြီးနောက် အနည်းငယ်ထုထောင်း၍ မီးကင်စက်ဖြင့် ကင်ရပါသည်။ ၎င်းနောက် မီးကင်စက်မှချကာ နောက်တစ်ကြိမ်ထပ်မံထုထောင်း၍ တစ်ထုပ်လျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၅,၂၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။

     ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှ ဇန်နဝါရီလ ၂၁ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၂၅၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

     ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

     အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၄.၁.၂၀၂၄ )

   ၁၄.၁.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၃.၁.၂၀၂၄ )

   ၁၃.၁.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၁၂.၁.၂၀၂၄ )

  ၁၂.၁.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

   နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီနှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၂.၁.၂၀၂၄ )

     ၁၂.၁.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၂.၁.၂၀၂၄ )

    ၁၂.၁.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မုံရွာမြို့နယ်တွင် ဆီးပန်းသီးများ ခူးဆွတ်ရောင်းချလျက်ရှိ

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ သက္ကယ်ချင်း၊ လယ်ဇင်၊ ပုလ္လင်၊ ဇီးကျွန်းနှင့် မအူကျေးရွာများ၌ ဆီးပန်းသီးပင်များကို အများဆုံးစိုက်ပျိုးကြကြောင်းသိရသည်။ တစ်ဧကလျှင် ၁၅ပေပတ်လည်အကျယ်ဖြင့် အပင်၁၀၀ခန့်စိုက်ပျိုးနိုင်ပြီး ဇွန်လနှင့် ဇူလိုင်လတို့မှစတင်၍ ဆီးပန်းသီးကိုင်းကူးပျိုးပင်တစ်ပင်လျှင် ငွေကျပ်၄၀၀နှုန်းဖြင့်ဝယ်ယူစိုက်ပျိုးကာ နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလ တို့တွင် ဆီးပန်းသီးပင်များကို ခူးဆွတ်ရောင်းချကြကြောင်းသိရသည်။ ဆီးပန်းသီးတစ်ဧကအတွက်  တစ်နေ့လျှင် ဆီးပန်းသီး ပြည်၆၀ကျော် (လေးတင်းခန့်)ခူးဆွတ်ရရှိကြောင်းနှင့် ဆီးပန်းသီးတစ်ပြည်လျှင် ငွေကျပ်၂၀၀၀နှုန်း၊ လက်ရွေးတစ်ဖာလျှင် ငွေကျပ်၂၀၀၀၀နှုန်းဖြင့် မုံရွာ-မန္တလေး ကားလမ်းမကြီးပေါ်တွင် ဆိုင်များဖွင့်လှစ်ရောင်းချခြင်းနှင့် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့များသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ မြေပြုပြင်ခြင်း၊ မြေဩဇာနှင့် လုပ်သားခအပါအဝင် စုစုပေါင်းငွေကျပ်၁၁သိန်းခန့်ကုန်ကျကြောင်း၊ တစ်ဧကလျှင် ဆီးပန်းသီးထွက်ရှိမှုနှုန်း ပြည်၂၀၀၀ကျော်ခန့်ထွက်ရှိရာ ဝင်ငွေအနေဖြင့် ငွေကျပ်၂၀သိန်းခန့်ရရှိကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ်ကိုးသိန်းခန့်ရရှိကာ တွက်ချေကိုက်၍ အဆင်ပြေနေကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိဈေးများတွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၁၂၅,၀၀၀ကျပ်၊ ‌ရွှေဘိုပေါ်ဆန်း (ဟ)(တစ်အိတ်)လျှင် ၁၆၀,၀၀၀ကျပ်၊ ဧရာမင်း(ဆန်) (သစ်) (တစ်အိတ်)လျှင် ၁၁၅,၀၀၀ကျပ်၊ ဧရာမင်း(ဆန်) (ဟောင်း) (တစ်အိတ်)လျှင် ၁၆၀,၀၀၀ကျပ်၊ ဧည့်မထ ဆန်(သစ်)  (တစ်အိတ်)လျှင် ၆၈,၀၀၀ကျပ်၊ ဧည့်မထ ဆန်(ဟောင်း)  (တစ်အိတ်)လျှင် ၁၀၅,၀၀၀ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၂၅၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၅၅၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) လျှင် ၁၁၅၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ကြက်သွန်နီ(သစ်) (တစ်ပိဿာ)လျှင် ၂၈၀၀ကျပ်မှ ၃၂၀၀ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) လျှင် ၁၃၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) လျှင် ၁၃၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်၊ အာလူး (တစ်ပိဿာ) လျှင် ၂၈၀၀ကျပ်မှ ၃၀၀၀ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၂၈၀၀ကျပ်မှ ၃၀၀၀ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၈၇၀၀ကျပ်မှ ၉၀၀၀ကျပ၊ ခရမ်းချဉ်သီး (တစ်ပိဿာ) လျှင် ၁၂၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်) လျှင် ၈၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း) လျှင် ၆၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၁၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ဝက်သား (တစ်ပိဿာ) လျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင် ၁၉၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၁၉၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၁၁၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၃၅၀ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် (၁၀၀၀-၃၀၀၀) ကျပ်အတွင်း စသည်ဖြင့် ဈေးနှုန်းအသီသီးရှိကြောင်းသိရှိရပါသည်။

  ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားသောက်ကုန်များဖြစ်သည့် နနွင်းတက်၊ ကြက်သွန်နီဈေးနှုန်းများ အနည်းငယ်အတက်အကျရှိနေပြီး  စားအုန်းဆီဈေးနှုန်းများမှာ ရည်ညွှန်းဈေးအပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီ/ လက်ကားရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)     

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း