Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန္တလေးနှမ်းစျေးနှုန်းစျေးကွက်

  ဆီထွက်သီးနှံဖြစ်သည့်နှမ်းသီးနှံမှာ ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပသို့တင်ပို့သည့်သီးနှံ တစ်မယ်ဖြစ်ပြီး၊မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ အဓိကစိုက်ပျိုးလျက်ရှိကြောင်းသိရပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်း နှမ်းသီးနှံကို နွေနှမ်း၊ မိုးနှမ်းနှင့် ဆောင်းနှမ်း (မိုးနှောင်းနှမ်း)အဖြစ် စိုက်ပျိုး လျက်ရှိကြောင်း သိရပါတယ်။ မန္တလေး တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံစိုက်ပျိုးမှုများအနက် ၂၀၂၄-၂၀၂၅ ခုနှစ်နှမ်း သီးနှံစိုက်ပျိုးမှု ၉၆၂၃၈၃ ဧက၊ရိတ်သိမ်းမှု ၈၈၉၄၂၈ ဧက၊အထွက်နှုန်း ၄.၄၆ တင်းနှင့် အထွက်စုစုပေါင်း ၃၉၆၂၈၆၉ တင်းဖြစ်ကြောင်း သိရပါတယ်။ ပြည်တွင်း၌ နှမ်းသီးနှံအား ဆီကြိတ်ခွဲ၍ နှမ်းဆီအဖြစ် စားသုံးခြင်း၊ နှမ်းလှော်ဆီမွှေး၊နှမ်းယို၊နှမ်းဖတ်၊နှမ်းလှော်နှင့် သရေစာမုန့် အမျိုးမျိုးတို့တွင် နှမ်းအားထည့်သွင်း စားသုံးကြောင်း တွေ့ရပါတယ်။ နှမ်းသီးနှံမှာ  ပရိုတင်းဓာတ် များစွာ ပါဝင်ပြီး၊ ဆေးဖက်ဝင်ကြောင်း သိရပါတယ်။ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံ များအား  စားသုံးဆီကြိတ်ခွဲ၍ ပြည်တွင်းစားဆီဖူလုံမှုရှိစေရန်နှင့်စားဆီများတင်သွင်းမှု လျော့ချနိုင်ရန် အတွက် နိုင်ငံတော်မှတွန်းအား ပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။နှမ်းသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲသည့်အရေးကြီးကုန်စည်တစ်မျိုးဖြစ်ပြီး၊ပြည်ပသို့ တင်ပို့သည့် စျေးကွက် ဝင်သီးနှံဖြစ်ကြောင်းသိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော် အသင်း တွင် ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်နှမ်းအမျိုးအစားအလိုက် ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ(ဗမာ)၃၂၃၀၀ဝိ/- နှင့် ၃၃၅၀၀ဝိ/-၊ဆောင်းနှမ်း ၅၂၅၀၀ဝိ/- နှင့် ၅၄၀၀၀ဝိ/-၊တစ်ပိဿာစျေးမှာ နှမ်းဖြူ(ဗမာ )၇၁၇၈ ကျပ်နှင့် ၇၄၄၄ ကျပ်၊ဆောင်းနှမ်း ၁၁၆၆၇ ကျပ်နှင့် ၁၂၀၀၀ ကျပ်၊နှမ်းဖတ်စျေးမှာ ၄၃၀၀ ကျပ်နှင့် ၄၄၀၀ကျပ် စျေးတို့ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ဆောင်းနှမ်းတစ်ပိဿာလျှင်  ၇၆၆၇ ကျပ်နှင့်၇၈၈၉ ကျပ် တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်စျေးနှင့် ယခင် နှစ်စျေးနှိုင်းယှဉ်ပါက ဆောင်းနှမ်းစျေးမှာ ပိုမိုရရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)       

အရောင်းသွက်သည့်ပဲကြီးစျေးကွက်

   ဖေဖော်ဝါရီလတတိယပတ်အတွင်း မန္တလေးစျေးကွက်သို့ ပဲကြီးသီးနှံများဝင်ရောက်မှုများ လျက်ရှိပြီး၊ပဲကြီးသီးနှံမှာ(အစို/အခြောက်)အရောင်းသွက်သည့်ပဲတစ်မျိုးဖြစ်ကြောင်းသိရပါတယ်။ မန္တလေးတိုင်းဒေသကြီးသည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့် တိုင်းတစ်ခုဖြစ်ပြီး၊ မန္တလေး စျေးကွက်အတွင်းသို့ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မြင်းခြံခရိုင်တို့မှ စိုက်ပျိုးထွက်ရှိ သည့်ပဲကြီးသီးနှံများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့မှ ထွက်ရှိသည့်ပဲကြီး သီးနှံများလည်း ဝင်ရောက်မှုများကြောင်း သိရပါတယ်။ ပြည်တွင်း၌ ပဲကြီးသီးနှံစားသုံးမှုမှာ ပဲကြီး နှပ်၊ပဲကြီးဟင်းချို၊ပဲကြီးကြော်၊ပဲကြီးလှော်သရေစာအဖြစ် အမျိုးမျိုးစားသုံးလျှက်ရှိပြီး၊ လက်ဖက် နှင့်တွဲဖက်၍ စားသုံးသည့်ပဲတစ်မျိုးဖြစ်ပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာ ကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲကြီး(ကြီး)၂၇၀၀၀၀ကျပ်နှင့်၂၈၀၀၀၀ကျပ်၊ပဲကြီး(လတ်) ၂၅၅၀၀၀ကျပ်၊ပဲကြီး(သေး)၂၀၀၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာပဲကြီး(ကြီး) ၄၈၈၇ကျပ်နှင့် ၅၀၆၈ကျပ်၊ ပဲကြီး(လတ်) ၄၆၁၅ကျပ်နှင့်ပဲကြီး(သေး) ၃၆၂၀ကျပ်ဖြစ်ကြောင်း သိရပါတယ်၊။ ယခင်နှစ်ကာလတူအချိန်တွင် တစ်ပိဿာပေါက်စျေးမှာ ပဲကြီး (ကြီး) ၅၈၈၂ ကျပ်၊ ပဲကြီး(သေး) ၆၁၅၄ကျပ်နှင့်၆၃၃၅ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး၊ယခုပေါက်စျေးနှင့် ယခင်နှစ်ပေါက်စျေး နှိုင်းယှဉ်ပါက ပဲကြီး(သေး)တစ်ပိဿာလျှင်၂၇၁၄ကျပ်စျေးလျော့နည်းသွားကြောင်း သိရပါတယ်။ ပဲကြီးသီးနှံ ဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေးအနည်းငယ် ပြောင်းလဲမှုရှိကြောင်း သိရပါတယ်။ပြည်တွင်း၌ပဲကြီးသီးနှံမှာ အရောင်းသွက်သည့်ပဲတစ်မျိုးဖြစ်ပြီး၊ ပြည်တွင်းစားသုံးမှု ပမာဏများပြားခြင်းနှင့် ပြည်ပတင်ပို့သည့်စျေးကွက်လိုအပ်ချက်များသည့်ပဲ  တစ်မျိုးဖြစ်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)                                             

                                                                                         

အရောင်းသွက်သည့်ပြောင်း

      မန္တလေးစျေးကွက်သို့  ဖေဖော်ဝါရီလတတိယပတ်အတွင်း အစေ့ထုတ်ပြောင်းသီးနှံအများ အပြားဝင်ရောက်လျက်ရှိပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းစိုက်ပျိုးသည့်အစေ့ထုတ်ပြောင်း (ထိုင်ဝမ်)မျိုးနှင့် ရှမ်းပြောင်းမျိုးတို့အပြင်   စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂ ဧက၊ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက်နှုန်း ၄၉.၅၅ တင်း၊အထွက် တင်း စုစုပေါင်း ၆၆၀၅၉၁တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေး ပွဲစား၊ ကုန်သည် စက်ပိုင်များ မဟာကထိန် တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလတတိယပတ်အတွင်းဖြစ်ပေါ်သည့်အစေ့ ထုတ်ပြောင်းစျေးမှာ ၃တင်းဝင်တစ်အိတ်လျင်ပြောင်းဖူးစေ့(ဗမာ)၈၂၀၀၀ကျပ်၊ပြောင်းဖူးစေ့(ရှမ်း)  ၈၅၀၀၀ ကျပ်၊ပြောင်းဖူးစေ့(စီပီ) ၈၄၀၀၀ကျပ်၊အထွက်တိုးပြောင်း အနီ ၇၆၀၀၀ ကျပ်နှင့် ၇၇၀၀၀ ကျပ်၊ပြောင်းဖူးစေ့တစ်ပိဿာစျေးအနေဖြင့် (ဗမာ) ၁၅၁၉ကျပ်၊(ရှမ်း)၁၅၇၄ကျပ်၊(စီပီ)၁၅၅၆ကျပ်၊ အထွက်တိုးပြောင်းနီ ၁၄၃၄ ကျပ်နှင့် ၁၄၅၃ကျပ်စျေးဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။ ယခင် နှစ်ကာလတူ ပြောင်းဖူးစေ့တစ်ပိဿာပေါက်စျေးမှာ (ဗမာ) ၉၄၄ ကျပ်နှင့် ၉၆၃ ကျပ်၊(ရှမ်း) ၉၈၁ ကျပ်နှင့်၁၀၀၀ ကျပ်၊(စီပီ) ၉၈၁ ကျပ်နှင့်၁၀၀၀ကျပ်၊အထွက်တိုးပြောင်းနီ ၁၄၇၂ကျပ်ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်စေျးနှင့် ယခင်နှစ်စျေးနှိုင်းယှဉ်ပါက  တစ်ပိဿာလျှင်  ၅၅၆ ကျပ်ခန့် စျေးပိုမိုရရှိကြောင်း သိရပါတယ်။ ပြောင်းသီးနှံမှာမွေးမြူရေးအစားစပ်လုပ်ငန်းတွင် သုံးစွဲမှုများပြားခြင်း၊ ပြည်ပတင်ပို့ ခြင်းတို့ကြောင့် မန္တလေးစျေးကွက်တွင် အရောင်းသွက်သည့် ကုန်စည်ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်အတွင်းသို့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ ပြောင်းကား( ၂၂ဘီး/ ၁၂ဘီး/ ၆ဘီး) ဝင်ရောက်မှုမှာ  ၂၂၂၅ စီး၊ ပြောင်း  ၄၇၁၀၉တန်ဖြစ်ကြောင်း (၁၆)မိုင်၊ထုံးဘိုဂိတ်ဖြတ်စာရင်းများအရ  သိရပါတယ်။

DOCA(မန္တလေး)

မန္တလေးကုလားပဲစျေးကွက်

     မန္တလေးပဲမျိုးစုံစျေးကွက်အတွင်း ကုလားပဲသီးနှံမှာပြည်တွင်းစားသုံးမှုများပြားပြီး၊ ပြည်ပ သို့ တင်ပို့သည့် ပဲတစ်မျိုးဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ကုလားပဲသီးနှံ အပါအဝင် ပဲမျိုးစုံအများအပြားစိုက်ပျိုးလျက်ရှိပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ်ကြောင်း သိရပါတယ်။ ပြည်တွင်း၌ ကုလားပဲကို ပုံစံအမျိုးမျိုးဖြင့် စားသုံးကြောင်း တွေ့ရှိရပြီး၊ ပဲလုံး၊ ပဲခွဲခြမ်း၊ပဲအစိမ်းမှုန့်၊ကကုအကြက်မှုန့်၊ပဲကြော်၊ ကုလားပဲသုံးစွဲသည့်စားသောက်ကုန်များ၊ ပဲပင်ပေါက်၊ ပဲဟင်းရည်၊အသားဖြင့်တွဲဖက်၍ ချက်စားခြင်း၊ ကြော်စား၊ နှပ်စား၊ အသုပ်၊ ကုလားပဲကြော်အား လက်ဖက်နှင့်တွဲဖက်၍ စားသုံးကြကြောင်း သိရပါတယ်။ ကုလားပဲသီးနှံမှာ အဟာရဓာတ်များစွာ ပါဝင်ပြီး၊အသားဓာတ်နှင့်ကစီဓာတ်တို့ ပါဝင်သည့်အတွက် သတ်သတ်လွတ် စားသုံးသူများမှ အသား အစားထိုးစားသုံးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလတတိယပတ် အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်တစ်အိတ်လျှင် ကုလားပဲ(V-2) ၂၃၂၀၀၀ကျပ်နှင့်၂၃၃၀၀၀ကျပ်၊ကုလားပဲ(V-7)၂၄၀၀၀၀ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၂၂၇၀၀၀ကျပ်နှင့် ၂၃၀၀၀၀ကျပ်၊ကုလားပဲ(929)၂၃၀၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးများမှာ ကုလားပဲ(V-2) ၄၀၅၂ကျပ်နှင့် ၄၀၇၀ကျပ်နှင့် (V-7)၄၁၉၂ကျပ်၊ကုလားပဲ(ထိုင်ဝမ်)၄၀၃၆ကျပ် နှင့်၄၀၈၉ကျပ်၊ ကုလားပဲ(929) ၄၀၈၉ ကျပ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရပါတယ်။ ယခင်နှစ် ကာလတူပေါက်စျေးတစ်ပိဿာစျေးများမှာ ကုလားပဲ(V-2) ၄၆၈၁ ကျပ်နှင့် ၄၇၁၆ ကျပ်၊(V-7) ၄၇၆၉ ကျပ်၊(ထိုင်ဝမ်)၄၆၇၆ ကျပ်နှင့်၄၇၁၁ကျပ်၊(929) ၄၆၅၈ ကျပ်နှင့်၄၆၉၃ကျပ်စျေးဖြစ်ပေါ် ခဲ့သည့်အတွက် တစ်ပိဿာလျှင် ၆၆၄ကျပ်ခန့် စေျးလျော့နည်းနေကြောင်း သိရပါတယ်။ ကုလားပဲသီးနှံဝင်ရောက်မှုပေါ်မူတည်၍ ရက်အလိုက်အနည်းငယ်စျေးပြောင်းလဲမှုရှိနိုင်ကြောင်း သိရပါတယ်။စျေးကွက်အတွင်း ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလတတိယပတ်တွင် ကုလားပဲမှာ အရောင်း သွက်သည့်ပဲတစ်မျိုးဖြစ်‌ကြောင်း ကုန်သည်တစ်ဦး၏ပြောပြချက်အရ သိရပါတယ်။

DOCA(မန္တလေး)

ပဲပုတ်ဈေးနှုန်းစျေးကွက်

 ဖေဖော်ဝါရီလတတိယပတ်အတွင်း  မန္တလေးစျေးကွက်သို့ ရှမ်းပြည်နယ်မှ ပဲပုပ်(ရှမ်း)သီးနှံ များဝင်ရောက်လာကြောင်း သိရပါတယ်။ ပဲမျိုးစုံအနက်ပဲပုပ်မှာ ပြည်တွင်း စားသုံးမှုများ ပြားခြင်း နှင့်ပြည်ပတင်ပို့ရောင်းချသည့် စျေးကွက်ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး သည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲပုပ်သီးနှံ အပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက် အတွင်းသို့ ရှမ်းပြည်နယ်မှ ထွက်သည့်ပဲပုတ်များဝင်ရောက်မှုများပြီး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ပဲပုပ်ကို ပြည်တွင်း၌ ပဲပင်ပေါက်၊ ပဲဟင်း၊ ပဲကြော်၊ တို့ဟူး၊ ပဲနို့၊ ပဲပုပ်ဆော့၊ ပဲပုပ်ပြား၊ ပဲပြား၊ ဒိန်ချဉ်၊ ပဲပြားပူတင်း၊ ပဲပုပ်ထောင်း၊ပဲပုပ်စေ့လှော်၊ ပဲငါးပိ၊ ဆီတို့ဟူး၊ ကြာညို့၊ပဲငံပြာရည်၊ ပဲမုန့်တို့ ပြုလုပ် ၍စားသုံးခြင်းနှင့်တိရိစ္ဆာန်အစာအဖြစ်လည်း အသုံးပြုကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတတိယပတ် အတွင်းဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲပုပ်(ကာဘိုး)၃၂၀၀၀၀ ကျပ် နှင့်၃၅၀၀၀၀ကျပ်၊ ပဲပုပ်(ဗမာ) ၂၈၅၀၀၀ ကျပ်နှင့်၂၈၈၀၀၀ကျပ်၊ပဲပုပ်(ရှမ်း) ၃၃၀၀၀၀ကျပ်၊တစ် ပိဿာပေါက်စျေးမှာ ပဲပုပ်(ကာဘိုး) ၆၀၀၉ကျပ်နှင့် ၆၁၀၃ကျပ်၊ ပဲပုပ်(ဗမာ) ၅၃၅၂ ကျပ် နှင့် ၅၄၀၈ ကျပ်၊ ပဲပုပ်(ရှမ်း) ၆၁၉၇ ကျပ်အသီးသီးတို့ဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူ ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲပုပ်(ကာဘိုး)၁၆၅၀၀၀ ကျပ်နှင့် ၁၆၉၀၀၀ကျပ်၊ ပဲပုပ် (ဗမာ) ၁၅၃၀၀ ကျပ်နှင့် ၁၅၅၀၀၀ကျပ်၊ပဲပုပ်(ရှမ်း)၁၆၀၀၀၀ကျပ်နှင့် ၁၇၀၀၀၀ကျပ်၊ တစ်ပိဿာ ပေါက်စျေးမှာ ပဲပုပ်(ကာဘိုး) ၃၀၉၉ကျပ်နှင့် ၃၁၇၄ကျပ်၊ ပဲပုပ်(ဗမာ) ၂၈၇၃ ကျပ် နှင့်၂၉၁၁ ကျပ်၊ ပဲပုပ်(ရှမ်း) ၃၀၀၅ကျပ်နှင့် ၃၁၉၃ ကျပ်တို့ဖြစ်ပြီး ယခုနှစ်နှင့်ယခင်နှစ်ပေါက်စျေး နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ပဲပုတ်(ရှမ်း) ၃၀၀၄ ကျပ်နှင့်ပဲပုတ်(ဗမာ) ၂၄၉၇ကျပ်စျေးပိုမိုရရှိကြောင်း သိရပါ တယ်။ပဲပုပ်ဝင်ရောက်မှုပမာဏပေါ် မူတည်၍ရက်အလိုက် ပေါက်စျေးအနည်းငယ်ပြောင်းလဲမှု ရှိပြီး၊ ယခုနှစ် ပဲပုပ်သီးနှံမှာစျေးကောင်းရသည့်ပဲတစ်မျိုးဖြစ်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)

သံပုရာသီးနှင့်သံပုယိုသီး‌ဈေးကွက်

မန္တလေးကုန်စိမ်းစျေးကွက်အတွင်း သံပုရာသီးနှင့် သံပုယိုသီးဝင်ရောက်မှုမှာ   ဖေ‌ဖော်ဝါရီ လတတိယပတ်တွင် ပုံမှန်ဝင်ရောက်ကြောင်း သိရပါတယ်။ စျေးကွက်အတွင်း ရောက်ရှိလာသည့် သံပုရာသီးမှာတောင်အင်းမြောက်အင်းကျေးရွာ၊မီချောင်းတပ်ကျေးရွာတို့မှာ စိုက်ပျိုးထွက်ရှိသည့် အသီးများနှင့် သံပုယိုသီးမှာ ရွှေစာယံကျေးရွာ၊  မီးသွေးဘုတ်ကျေးရွာတို့မှ စိုက်ပျိုး ထွက်ရှိသည့် အသီးများပိုမိုဝင်ရောက်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း အခြားမြို့နယ်များနှင့်စစ်ကိုင်းတိုင်း ဒေသကြီးတို့မှလည်း ဝင်ရောက်ကြောင်းသိရှိရပါတယ်။ သံပုရာသီးနှင့် သံပုယိုသီးများမှာ မိုးရာသီ တွင် ပိုမိုထွက်ရှိပြီး၊ ဆောင်းရာသီတွင် ထွက်ရှိမှုလျော့ကျသည့်အတွက် စျေးအနည်းငယ်မြင့် ကြောင်း သိရှိရပါတယ်။သံပုရာသီးနှင့်သံပုယိုသီးများအား သံပုရာဖျော်ရည်၊ သံပုရာယို၊ သံပုရာ ချဉ်ဖတ်၊ အသုပ်မျိုးစုံနှင့်သရေစာတို့တွင် ထည့်သွင်းစားသုံးခြင်း၊ လူသုံးကုန်နှင့်ကျန်းမာ‌‌ရေး ဓါတ်စာအဖြစ် စားသုံးခြင်းတို့ကြောင့် တစ်နှစ်ပတ်လုံးသုံးစွဲမှုများသည့်သီးနှံဖြစ်ကြောင်း သိရ ပါတယ်။ မန္တလေးမြို့၊၄၁ လမ်း၊ ကုန်စိမ်းသီးနှံများ လက္ကားရောင်းချသည့်စျေးတွင် အသီးအရွယ် အစားအလိုက် စျေးအနည်းငယ် ကွာခြားမှုရှိပြီး၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော  သံပုရာသီးလက္ကားစျေးမှာ ၂၅လုံးလျှင် ၃၀၀ဝိ/- နှင့် ၄၀၀ဝိ/- စျေး၊  သံပုယို သီးလက္ကားစျေးမှာ ၂၅ လုံးလျင် ၁၅၀ဝိ/- နှင့်  ၂၀၀ဝိ/-စျေး၊သံပုယိုနှင့် သံပုရာချဉ်ထုတ် တစ်ထုတ် (တစ်ပိဿာပါ)လျင် လက္ကားစျေး ၂၀၀ဝိ/- နှင့် ၄၀၀ဝိ/- စျေးအသီးသီးရောင်းချလျက်ရှိပြီး၊ လက်လီစျေးမှာ သံပုရာသီးတစ်လုံးလျင် ၂၀ဝိ/- နှင့် ၂၅ဝိ/-စျေး၊သံပုယိုသီးတစ်လုံးလျှင် ၁၀ဝိ/- နှင့် ၂၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါတယ်။ပွင်းလင်းရာသီရောက်ပြီဖြစ်၍ စေျးကွက်အတွင်း သံပုရာသီးနှင့် သံပုယိုသီးမှာ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)                                             

                                                                                                        

မန္တလေးပဲယဉ်းစျေးကွက်

ဖေဖော်ဝါရီလတတိယပတ်အတွင်း မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲယဉ်းသီးနှံများ စတင်ဝင်ရောက်လာကြောင်း သိရပါတယ်။ ပဲမျိုးစုံအနက် ပဲယဉ်း သီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့ရောင်းချသည့်စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး သည်ပဲသီးနှံမျိုးစုံစိုက်ပျိုးမှု များပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် ပဲသီးနှံမျိုးစုံ စိုက်ပျိုးမှုမှာ (၁၀၁၉၄၇၇)ဧက ဖြစ်ကြောင်း သိရပါတယ်။ ပဲယဉ်းကို ပြည်တွင်း၌ ပဲဟင်း၊ ပဲနှပ်၊ ပဲကြော်၊ပဲပြုတ်၊ပဲယဉ်းနှင့်ပြုလုပ်သည့်မုန့်များအဖြစ်စားသုံးကြပြီး၊ပဲစားသုံးခြင်းဖြင့် ကျန်းမာရေး အတွက် အရေးပါသည့်အသားဓာတ်၊ အမျှင်ဓာတ်၊ဗီတာမင်၊ ပရိုတင်းနှင့် သတ္ထုဓာတ်များ ရရှိ ကြောင်း သိရပါတယ်။  မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ပဲယဉ်း ၃တင်းဝင် တစ်အိတ်လျှင်  ၁၉၇၀၀၀ ကျပ်နှင့် ၂၀၀၀၀၀ ကျပ်၊ပဲယင်း(သေး) ၁၉၅၀၀၀ ကျပ်၊ပဲယင်း(နီ) ၂၂၅၀၀၀ကျပ်နှင့် ၂၂၈၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲယင်း(ကြီး) ၃၂၈၃ ကျပ်နှင့် ၃၃၃၃ ကျပ်၊ ပဲယင်း(သေး) ၃၂၅၀ ကျပ်၊ ပဲယင်း(နီ) ၃၇၅၀ ကျပ်နှင့် ၃၈၀၀ ကျပ်တို့ဖြစ်ကြောင်းသိရပါတယ်။  ယခင်နှစ်ကာလတူစျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲယင်း(ကြီး) ၁၆၀၀၀၀ ကျပ်နှင့် ၁၆၅၀၀၀ ကျပ်၊ပဲယင်း(လတ်) ၁၅၅၀၀၀ကျပ်၊ ပဲယင်း(နီ) ၂၀၀၀၀၀ ကျပ်နှင့် ၂၁၀၀၀၀ ကျပ်၊ တစ်ပိဿာ စျေးမှာ ပဲယင်း(ကြီး)၂၆၆၇ ကျပ်နှင့် ၂၇၅၀ကျပ်၊ပဲယင်း(လတ်) ၂၅၈၃ကျပ်၊ ပဲယင်း(နီ) ၃၃၃၃ကျပ် နှင့် ၃၅၀၀ကျပ် ဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။ယခုနှစ်စျေးနှင့်ယခင်နှစ်စျေးနှိုင်းယှဉ်ပါက ပဲယင်း တစ်ပိဿာလျှင် ၅၈၃ ကျပ် စျေးနှုန်းမြင့်သွားကြောင်း သိရပါတယ်။ စျေးကွက်အတွင်း ပဲယင်း ဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေးအနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရ ပါတယ်။

DOCA(မန္တလေး)                                    

                                                                                                      

မန္တလေးလိမ္မော်သီးဈေးကွက်

မန္တလေးဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ်တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ညောင်ရွှေနှင့် ပြင်ဦးလွင်ဒေသထွက် လိမ္မော်သီးများ ဒီဇင်ဘာ၊ ဇန်နဝါရီလများကတည်းက ဝင်ရောက်လျက် ရှိပါသည်။ ယခုဖေဖော်ဝါရီလအတွင်း၌ ဗန်းမော်ဒေသထွက် လိမ္မော်သီးများ မန္တလေးဈေးကွက် အတွင်းသို့ ထပ်မံဝင်ရောက်လျက်ရှိပါသည်။ မန္တလေးမြို့ ဘုရားကြီးဈေးရှိ သစ်သီးမျိုးစုံရောင်းချသော ဆိုင်များတွင် ပန်းသီး၊ လိမ္မော်သီး၊ ထောပတ်သီး၊ ဖရဲသီး၊ သခွားမွှေးသီး၊ ကျွဲကော်သီး၊ စပျစ်သီး များနှင့်အတူ ဗန်းမော်ဒေသထွက် လိမ္မော်သီးများရောင်းချလျက်ရှိကြောင်း သိရှိရသည်။ လိမ္မော်သီး အမျိုးအစားများမှာ ဒေသထွက်လိမ္မော်၊ ပျားလိမ္မော်၊ ရွှေလိမ္မော်ဟူ၍ရှိသည်။  ဒေသထွက်လိမ္မော်သီး မှာ အရွယ်အစားအလိုက် တစ်လုံးလျှင် (၅၀၀/၆၀၀)ကျပ်၊ ဗန်းမော်ဒေသထွက် လိမ္မော်သီး(၂၅) ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ ရွှေလိမ္မော်သီး(၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းများဖြင့်ရောင်းချ လျက်ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)       

                                     

ပြည်သံပရာသီး ဈေးကောင်းရလျက်ရှိ

             ယခုဖေဖော်ဝါရီ လလယ်ခန့်တွင် ပြည်ဈေးကွက်၌ ရေသွင်းစိုက်ပျိုးလျက်ရှိသော သံပရာသီး များဈေးကောင်းရလျက်ရှိနေပြီး အရောင်းအဝယ်မှာ အဝင်ရှိသလောက် ရောင်းဝယ်မှု ဖြစ်လျက် ရှိနေသည်။ ပြည်မြို့ပေါ်ဈေးကွက်များသို့ မှော်ဇာ၊ ဇီးအုပ်၊ နတ်တလင်းနှင့် ရွှေတောင်မြို့နယ်ရှိ ရွာဘက်များမှ အဝင်ရှိနေပြီး တစ်ရက်ခြားလျှင် အလုံး ၁၀၀၀၊ ၁၂၀၀ခန့် ဝင်ကာ မိုးတွင်း စိုက်သံပရာသီးများကဲ့သို့ အလုံးမချောပေမယ့် အရည်ရလျက်ရှိပြီး ပစ္စည်းလက်ကျန်မရှိ အရောင်း အဝယ်ဖြစ်နေသည်။ ယခုမြို့ပေါ်ဈေးကွက်များအတွင်း သံပရာသီးတစ်လုံးလျှင် ၁၅၀-၂၀၀ခန့်ရှိပြီး ယခင်ပေါများချိန်တွင် ကျပ် ၅၀သာရှိ၍ ယခုကာလတွင် သံပရာသီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ခရမ်းသီးဈေးနှုန်းဈေးကွက်

ဈေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်၊ ရှမ်း ပြည်နယ်ဒေသတို့မှထွက်သည့်  ခရမ်းသီးအများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါတယ်။ ခရမ်းရောင်၊ အစိမ်းရောင်၊ အဖြူရောင်ရှိသည့် ခရမ်းသီးကို ကလေးလူကြီးမရွေး ကြိုက်နှစ်သက် ကြပါတယ်။ ခရမ်းသီးမှာ ဗီလာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ6 နှင့် အဟာရများစွာပါဝင်ပြီး ရာသီမရွေး ထွက်ရှိသည့် သီးနှံဖြစ်ကြောင်းသိရပါတယ်။ ခရမ်းသီးအခွံမှာ အမျှင်ဓါတ်များစွာ ပါဝင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုခြင်းကြောင့် ခရမ်းသီးကို အခွံပါ စားသုံးကြရန် လိုအပ်ကြောင်းသိရပါတယ်။ မန္တလေးမြို့၊ ၄၁လမ်း၊ ကမ်းနားလမ်းနှင့် သီရိမာလာ၊ ပိုက်ကျုံဈေးတို့ရှိ ကုန်စိမ်းဈေးကွက်တွင် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်တွင် ဖြစ်ပေါ် လျက်ရှိသော ခရမ်းသီးဈေးမှာ တစ်ပိဿာလျင် အလုံးကြီး လက္ကားဈေး (၁၃၀ဝိ/-)မှ (၁၅၀ဝိ/-) အထိ၊ လက်လီဈေး(၁၅၀ဝိ/-)မှ(၁၈၀ဝိ/-)အထိ၊ အလုံးသေး လက္ကားဈေး (၂၀၀ဝိ/-) လက်လီ ဈေး(၂၃၀ဝိ/-)ရောင်းချပြီး အသီးအရွယ်အစားအလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်း ကုန်စိမ်း ရောင်းချသူတစ်ဦးထံမှ သိရပါတယ်။

DOCA(မန္တလေး)       

                                     

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း