Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဆူးပုတ်ရွက်

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ဆူးပုတ်ရွက်များကို  မိသားစုစားဝတ်နေရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေသည့် ဆူးပုတ်ပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြသည်ကိုသိရှိရပါသည်။ ဆူးပုတ်ပင်ကိုအပင်(၃၀၀)ခန့်စိုက်ပျိုးထားရှိရာ စိုက်ပျိုးပြီး (၆) လအကြာတွင်ခူးဆွတ်ရောင်းချကြောင်း ဆူးပုတ်ရွက်ကို(၂)ရက်တစ်ကြိမ် ခူးဆွတ်ရပြီး အစည်း ရေ(၂၀၀)ကျော် ခန့်ထွက်ရှိကြောင်း၊ ရာသီဥတုပေါ်မူတည်ပြီး ရေသွင်းခြင်းနှင့် ဆေးဖျန်းပေး ရကြောင်းသိရှိရပါသည်။ ဆူးပုတ်ရွက်များကို ဖောက်သည်သွင်းရောင်းချသလို ကိုယ်တိုင်လည်း ရောင်းချကြကြောင်း၊ ဆူးပုတ်ရွက်ကို အကုန်မညှပ်ဘဲ ဈေးကောင်းသည့်အချိန်မှဖမ်းညှပ်သလို ပုံမှန် ဝင်ငွေရသော်လည်း ထိန်းညှပ်ရတာလည်းရှိကြောင်းနှင့် အချို့ကျေးရွာများတွင်လည်း ကျယ်ကျယ် ပြန့်ပြန့်စိုက်ပျိုးလာကြောင်း ဆူးပုတ်ရွက်စိုက်ပျိုးသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ သားငါးများထက် ရာသီမရွေးပေါ်ထွက်နေသောသီးနှံများ ရာသီအလိုက်ထွက်ပေါ်နေသောသီးနှံများ ယခုဈေးကွက်များအတွင်းသို့ ဆူးပုတ်ရွက်သည်လည်း ဝင်ရောက်လာသဖြင့် စိုက်ပျိုးသူများ အရောင်းအဝယ်သွက်နေကြောင်းလည်း သိရှိရပါသည်။ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလနောက်ဆုံးပတ် တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဆူးပုတ်ရွက်ဈေးနှုန်းမှာ တစ်စည်းငယ်တစ်စည်းလျှင် (၆၀၀)ကျပ်ခန့်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၄၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

         စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေးကိုထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂၇  ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင်ငွေကျပ် ၆,40၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။       

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၂၆-၂-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၂၆-၂-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီ ဈေးနှုန်းနှင့် ကုန်စည်ဒိုင်တွင် အရောင်းအဝယ် ဖြစ်သည့်အရေအတွက်

          ၂၃.၂.၂၀၂၆ ရက်နေ့ ဘုရင့်နောင်ပွဲရုံတွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ ကျပ် ၁၁၆၀၀၊ အောင်ပန်းထူး-၂ ကျပ် ၅၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၆၅၀၀အောင်ပန်းထူး-၄ ကျပ် ၇၅၀၀အောင်ပန်းထူး-၅ ကျပ် ၈၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ဈေးနှုန်းများမှာ ဆိပ်ဖြူ (ရှယ်) ကျပ် ၁၆၅၀၊ ဆိပ်ဖြူ လတ်ကြီး ကျပ် ၁၇၀၀၊ ဆိပ်ဖြူ လတ်သန့် ကျပ် ၁၇၀၀၊ ဆိပ်ဖြူ လတ်ချော ကျပ် ၁၄၀၀၊ မြစ်သား (ရှယ်) ကျပ် ၂၀၀၀၊ မြစ်သား လတ်ကြီး ကျပ် ၂၃၀၀၊ မြစ်သား  လတ်သန့် ကျပ် ၂၃၀၀၊ မြစ်သား လတ်ချော ကျပ် ၁၈၀၀ တို့ရှိကြောင်း၊ မြင်းခြံ(ရှယ်)ကျပ် ၁၅၀၀၊ မြင်းခြံလတ်ကြီး ကျပ် ၁၅၀၀၊ မြင်းခြံ  လတ်သန့် ကျပ် ၁၅၀၀၊ မုံရွာ (ရှယ်) ကျပ် ၁၅၀၀၊ မုံရွာလတ်ကြီး ကျပ် ၁၅၀၀၊ မုံရွာ  လတ်သန့် ကျပ် ၁၅၀၀၊ မုံရွာ လတ်ချော ကျပ် ၁၂၀၀၊ ပခုက္ကူ (ရှယ်) ကျပ် ၁၅၀၀၊ ပခုက္ကူ လတ်ကြီး ကျပ် ၁၅၀၀၊ ပခုက္ကူ လတ်သန့် ကျပ် ၁၅၀၀၊ ပခုက္ကူ လတ်ချော ကျပ် ၁၂၀၀ တို့ရှိကြောင်း၊ ယခုတစ်ပါတ်တွင် ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၅၀၀ ဈေးနှုန်းကျပါ ကြောင်းနှင့် ကြက်သွန်နီဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၁၀၀/၁၅၀ ဈေးနှုန်း ကျပါကြောင်း၊ ယနေ့ ၂၃.၂.၂၀၂၆ ရက်နေ့တွင် ကြက်သွန်နီ ကား(၅၀)စီး (၃၀၀၀၀၀) ပိဿာ၊ ကြက်သွန်ဖြူမှာ (၁၂၀၀) အိတ်နှင့် (၂၄၀၀၀) ပိဿာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ပခုက္ကူမြို့ပေါ်တွင် မြေပဲဆုံဆီ နဝလီကြိတ်ခွဲသည့် လုပ်ငန်းရှင်များ တွက်ခြေကိုက်ပြီး အကျိုးအမြတ်ရရှိ

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မြေပဲဆုံဆီ နဝလီ ကြိတ်ခွဲသည့် လုပ်ငန်းရှင်များ ယခင်ကထက်ပို၍ တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိပါသည်။ မြေပဲဆုံဆီလုပ်ငန်းကို ဈေးကွက်တွင် ဖြန့်ဖြူးထုတ်လုပ် ရောင်းချခြင်းထက် နဝလီကြိတ်ခွဲသည့်လုပ်ငန်းရှင်များမှာ  ပို၍ တွက်ခြေကိုက်ပြီး အကျိုးအမြတ်ရရှိကြောင်း သိရပါသည်။

          ဆုံဆီကြိတ်ခွဲရခြင်းသည် ယခင်ကထက် လျှပ်စစ်မီး ပုံမှန်လာခြင်းကြောင့် လုပ်ငန်း ပို၍ တွင်ကျယ်စွာ ကြိတ်ခွဲလည်ပတ်နေရသည်။ ဈေးကွက်ရရှိပြီးသား ရောင်းအားကောင်းသည့် ဆုံဆီ ရောင်းချသူများမှ မိမိတို့၏ အိမ်၌ရှိသော ဆုံများနှင့် မလုံလောက်သဖြင့် မြေပဲဆံဝယ်၍ ကြိတ်ခွဲရန်  လာရောက်အပ်နှံကြပါသည်။ လက်ရှိအရောင်းအဝယ်ဖြစ်နေသော မြေပဲ ပဲကြီးဆံ(ပြန့်) ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်( ၉၉၀၀-၁၀၂၀၀ ) ဆုံခွေပဲဖတ် တစ်ပိဿာ လျှင် ကျပ်(၇၀၀၀)ဈေးဖြင့် ပွဲစား များမှ အိမ်သို့ လာရောက်ဝယ်ယူပါသည်။ မြေပဲဆုံဆီ ဈေးနှုန်းမှာတစ်ပိဿာလျှင် ကျပ်(၁၇၅၀၀) ဖြင့် ရောင်းချရကြောင်း၊ ဆုံကြိတ်ခမှာ()ပိဿာ တစ်ဆုံလျှင် ကျပ်(၃၀၀၀)ယူပြီး (၂၅)ပိဿာဝင် တစ်အိတ်လျှင် လက်လီဈေး ကျပ်(၁၅၀၀၀) လက်ကားဈေး ကျပ်(၁၃၀၀၀)ယူကြောင်း သိရှိရပါသည်။ ကြိတ်ခွဲချိန် ကြာချိန်မှာ ()ဆုံကို ()နာရီခန့် ကြာပြီး ဆုံ()လုံးရှိသော လုပ်ငန်းရှင်မှာ တစ်နေ့လျှင် မြေပဲအိတ်(-)အိတ်၊ ကြိတ်ခွဲပြီးကြောင်း၊ ဆုံအရေအတွက် ပေါ်မူတည်၍ မိသားစု ဝင်ငွေ တစ်ရက်လျှင် ကျပ်(၄၀၀၀၀-၅၀၀၀၀)ရရှိကြောင်း၊ ဈေးကွက်ရှာစရာ မလိုဘဲအလုပ် အကိုင်အခွင့်အလမ်းရရှိသောကြောင့် စားဝတ်နေရေးအဆင်ပြေပြီး တွက်ခြေကိုက်၍ အကျိုး အမြတ်ရရှိကြောင်း  နဝလီကြိတ်ခွဲသည့် ဆုံဆီလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်အတွင်း ပဲစဉ်းငုံ စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက် နှိုင်းယှဉ်ချက်

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်း ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ မြို့နယ် များရှိကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားပြီး ရာသီအလိုက် သီးနှံ မျိုးစုံစိုက်ပျိုးလျက်ရှိပါသည်။ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များတွင် ပဲစဉ်းငုံသီးနှံများကို နှစ်စဉ် မိုးဦး ကာလဖြစ်သည့် ဇွန်လ၊ ဇူလိုင်လများတွင် မြေပဲ၊ နှမ်း၊ ပဲတီစိမ်းသီးနှံများနှင့် ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ ယခုနှစ်တွင် မိုးသီးနှံဖြစ်သော ပဲစဉ်းငုံနီများ စိုက်ပျိုးထွက်ရှိပြီး ဈေးကွက် အတွင်း၌ နေ့စဉ်အရောင်းအဝယ်ဖြစ်၍ ဈေးကောင်းရလျက်ရှိကြောင်း သိရှိရပါသည်။ ပခုက္ကူခရိုင် အတွင်း ပဲစဉ်းငုံနီ စိုက်ဧကများအနေဖြင့် ပခုက္ကူမြို့တွင် (၄၈၈၆) ဧက၊ ရေစကြိုမြို့တွင် (၃၄၄၉) ဧက၊ မြိုင်မြို့တွင် (၁၃၅၄၅) ဧက၊ ပေါက်မြို့တွင် (၈၀၂၃) ဧကနှင့် ဆိပ်ဖြူမြို့နယ်တွင် (၄၃၅၉) ဧက၊ စုစုပေါင်း (၂၈၈၀၁) ဧက ပခုက္ကူခရိုင်အတွင်း စိုက်ပျိုး လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန မှသိရှိရပါသည်။

တစ်ဧက ကုန်ကျစရိတ်

 ပခုက္ကူခရိုင်အတွင်း မြို့နယ်အလိုက် မိုးသီးနှံဖြစ်သည့် ပဲစဉ်းငုံနီ () ဧက ကုန်ကျစရိတ်များ ကို ၂၀၂၂/ ၂၀၂၃/ ၂၀၂၄/ ၂၀၂၅/ ၂၀၂၆  ခုနှစ်များ၏ ကုန်ကျစရိတ်များကို နှိုင်းယှဉ်ကြည့်ရာတွင် ၂၀၂၂ ခုနှစ်တွင် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းစရိတ် စုစုပေါင်း ()သိန်းခန့်၊ ၂၀၂၃ ခုနှစ်တွင် မျိုး၊ သွင်း အားစု၊ ရိတ်သိမ်းစရိတ် စုစုပေါင်း (.)သိန်းခန့်၊ ၂၀၂၄ ခုနှစ်တွင် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းစရိတ် စုစုပေါင်း (.)သိန်းခန့်၊ ၂၀၂၅ ခုနှစ်တွင် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်း စရိတ် စုစုပေါင်း ()သိန်းခန့်၊ ၂၀၂၆ ခုနှစ်တွင် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းစရိတ် စုစုပေါင်း ()သိန်းခန့် ကုန်ကျပြီး၊ မြို့နယ်များ အနေဖြင့် တစ်မြို့နှင့်တစ်မြို့ သွင်းအားစုနှင့် ရိတ်သိမ်းစရိတ်များမှာ အနည်းငယ်ကွာခြားလျက်ရှိ သည့်အတွက် ယခုကုန်ကျစရိတ်များမှာ ပျမ်းမျှ ကုန်ကျစရိတ်များဖြစ်ကြောင်း  သိရှိရပါသည်။

တစ်ဧက ထွက်ရှိမှု

ပခုက္ကူခရိုင်အတွင်း မြို့နယ်အလိုက် မိုးသီးနှံဖြစ်သည့် ပဲစဉ်းငုံနီ တစ်ဧကထွက်ရှိမှုများကို  ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်၊ ၂၀၂၅ ခုနှစ် နှင့် ၂၀၂၆  ခုနှစ်များ၏ ထွက်ရှိမှုများကို နှိုင်းယှဉ် ကြည့်ရာတွင်  -

မြို့နယ်

၂၀၂၂ ခုနှစ်

၂၀၂၃ ခုနှစ်

၂၀၂၄ ခုနှစ်

၂၀၂၅ ခုနှစ်

၂၀၂၆ ခုနှစ်

ပခုက္ကူ

ရေစကြို

မြိုင်

ပေါက်

ဆိပ်ဖြူ

၁၁ တင်း

၁၂ တင်း

၁၅ တင်း

၁၂ တင်း

၁၅ တင်း

၁၂ တင်း

၁၃ တင်း

၁၆ တင်း

၁၃ တင်း

၁၆ တင်း

၁၂ တင်း

၁၃ တင်း

၁၇ တင်း

၁၃ တင်း

၁၇ တင်း

၁၁ တင်း

၁၅ တင်း

၁၇ တင်း

၁၃ တင်း

၁၆ တင်း

၁၁ တင်း

၁၃ တင်း

၁၅ တင်း

၁၂ တင်း

၁၇ တင်း

 

ပခုက္ကူခရိုင်အတွင်း မြို့နယ်အလိုက် မိုးသီးနှံဖြစ်သည့် ပဲစဉ်းငုံနီ () ဧက ထွက်ရှိမှုများကို နှိုင်းယှဉ်ကြည့်ရာတွင် မြို့နယ်အလိုက် ရာသီဥတု၊ ရေ၊ မြေ၊ သဘာဝနှင့် မိုးရေချိန် ကွာခြားချက် ကြောင့် ()ဧက အထွက်တင်းများ မတူညီခြင်း၊ ထွက်ရှိမှုကို နှစ်အလိုက် နှိုင်းယှဉ်မှု ဇယားကို ကြည့် မည်ဆိုလျှင် အထွက်နှုန်းအနေဖြင့် သိသိသာသာ ကွာခြားမှုမရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။

ဈေးနှုန်းဈေးကွက်

ပခုက္ကူခရိုင်အတွင်း မြို့နယ်အလိုက် စိုက်ပျိုးထွက်ရှိသော မိုးသီးနှံဖြစ်သည့် ပဲစဉ်းငုံနီများကို ဈေးနှုန်း၊ ဈေးကွက်နှင့် ရောင်းဝယ်မူ့ အချက်အချာကျသည့် ပခုက္ကူမြို့ကုန်စည်ဒိုင်တွင် အရောင်းအ ဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့ သည့် ဈေးနှုန်းများမှာ ၂၀၂၂/ ၂၀၂၃/ ၂၀၂၄/ ၂၀၂၅/ ၂၀၂၆ ခုနှစ်များ၏ ဈေးနှုန်းဈေးကွက်နှိုင်း ယှဉ်ချက် -

တစ်တင်းဈေးနှုန်း

၂၀၂၂ ခုနှစ်

၂၀၂၃ ခုနှစ်

၂၀၂၄ ခုနှစ်

၂၀၂၅ ခုနှစ်

၂၀၂၆ ခုနှစ်

အနိမ့်

၄၂၀၀၀/-

၆၀၁၀၀/-

၁၂၅၆၀၀/-

၈၉၄၀၀/-

၉၈၄၀၀/-

အမြင့်

၄၃၈၀၀/-

၆၇၃၀၀/-

၁၃၃၈၀၀/-

၉၆၆၀၀/-

၁၀၂၅၀၀/-

နှစ်အလိုက် ဈေးနှုန်းနှိုင်းယှဉ်မှုကိုကြည့်မည်ဆိုလျှင် ၂၀၂၄ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်း မှာ အမြင့်ဆုံးဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ကုန်သည်ပွဲစားများ၏ ပြောကြားချက်အရ ထိုနှစ်တွင် အဓိက အားထားတင်ပို့နေရသည့် အိန္ဒိယနိုင်ငံမှ ဝယ်လိုအားကောင်းသဖြင့် သိသိသာသာ ဈေးနှုန်း အမြင့်ဖြင့် ရောင်းချခဲ့ရသည့်အတွက် စိုက်ပျိုးတောင်သူနှင့် ကုန်သည်ပွဲစားများပါမက နိုင်ငံတော်အတွက် နိုင်ငံခြားငွေရရှိခဲ့ကြောင်း သိရှိရပါသည်။ ယခုနှစ်တွင်လည်း ပဲစဉ်းငုံနီသီးနှံ အသစ်များ စတင် ဝင်ရောက်လာသည့်ဇန်နဝါရီလတွင် အမြင့်ဆုံး ကျပ်(၁၀၃၈၀၀)ဖြင့်အဖွင့်လှခဲ့ပြီး မြန်မာ့နှစ်သစ်ကူး ဧပြီလနောက်ပိုင်း၌ ၂၀၂၄ ခုနှစ် ဖြစ်ပေါ်ခဲ့သည့် အနိမ့်ဆုံးဈေး ကျပ်(၁၂၅၆၀၀)ထိ ရောက်နိုင်ကြောင်းနှင့် ဈေးကွက်အနေဖြင့် ပဲစဉ်းငုံနီများကို ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ပြီး ပြည်ပသို့ လည်း တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ထောပတ်ပဲစိုက်တောင်သူများ ဈေးကောင်းရရှိနိုင်ရေး မျှော်လင့်လျက်ရှိ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေဝင်ရောက်ရာ ဒေသများတွင် မြစ်ရေကျချိန်၌ ဆောင်းသီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မြေပဲ၊ကုလားပဲ၊ ထောပတ် ပဲ၊ ပဲဇီးကွက်၊ ပဲနီပြား စသည့်အခြားပဲမျိုးစုံသီးနှံများကို စိုက်ပျိုးကြပါသည်။ ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းကျေးရွာများဖြစ်သည့် ညောင်တော၊ ရှစ်အိမ်တန်း၊ ကျွန်းဘိုပင်၊ ဇီးကျွန်း၊ ကူတုတ်နှင့် အောင်ချမ်းသာကျေးရွာများတွင် ထောပတ်ပဲများကို အများအပြားစိုက်ပျိုးကြပါသည်။ ဇီးကျွန်း ကျေးရွာနေ ထောပတ်ပဲစိုက်တောင်သူတစ်ဦးက ချင်းတွင်းမြစ်ရေကျချိန် အောက်တိုဘာ၊ နိုဝင်ဘာ လများတွင် ထောပတ်ပဲများကို စတင်စိုက်ပျိုးကြပြီး မိမိအနေဖြင့်ယခင်နှစ်က () ဧကခန့် စိုက်ပျိုးခဲ့ကြောင်း၊ ထောပတ်ပဲသီးနှံ () ဧက စိုက်ပျိုးကုန်ကျမှုစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြင်ခြင်း၊ ရိတ်သိမ်းခြင်းများ အတွက် ()သိန်းခန့် ယခင်နှစ်က ကုန်ကျခဲ့ကြောင်း၊ အထွက် အနေဖြင့်(၂၀)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ ()တင်းလျှင် ကျပ်(၈၅၀၀၀)ဖြင့် ရောင်းချခဲ့ရသည့် အတွက် အကျိုး အမြတ် အနေဖြင့် ()သိန်းခန့်ရရှိခဲ့ပါသည်။ 

    ယခုနှစ်တွင် ဇီးကျွန်းကျေးရွာအုပ်စုတစ်ခုလုံးတွင် (၅၀)ဧကခန့် စိုက်ပျိုးကြကြောင်း၊ မိမိ အနေ ဖြင့် ()ဧက စိုက်ပျိုးထားသည့် ထောပတ်ပဲ စိုက်ခင်းများ၏ လတ်တလောအခြေအနေအရ အသီး အပွင့်များဝေဆာ၍အထွက်နှုန်းကောင်းနိုင်ကြောင်း၊ မတ်လကုန်ခန့်တွင် ရိတ်သိမ်းရမည်ဖြစ် ကြောင်း၊ ယခုလက်ရှိအတိုင်း ပိုးမွှားအန္တရာယ်ကျရောက်မှုမရှိခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုမရှိ ပါက()ဧကလျှင် (၂၀/၂၅) တင်းခန့် ထွက်ရှိနိုင်ကြောင်း ခန့်မှန်းမိပါသည်။ ယခုနှစ် ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြင်ခြင်း၊ရိတ်သိမ်းခြင်းများမှာ ဈေးနှုန်းများကြီးမြင့်နေသောကြောင့် ()ဧက ကုန်ကျ စရိတ် ကျပ်(၁၀)သိန်းခန့် ကုန်ကျကြောင်း၊ လက်ရှိအနေဖြင့် ()တင်းလျှင် ကျပ် (၇၅၀၀၀)ခန့်ရှိကြောင်း၊ ထောပတ်ပဲစိုက်တောင်သူများအနေဖြင့် မကြာမီ ရိတ်သိမ်းတော့မည်ဖြစ် သည့် အတွက် လက်ရှိအတိုင်းရရှိမည်ဆိုလျှင် အကျိုးအမြတ်အနေဖြင့် ()သိန်းခန့်ရရှိနိုင်ကြောင်း၊ အထွက်နှန်း ကောင်းပြီး ဈေးကောင်းရရှိနိုင်ရေး မျှော်လင့်လျက်ရှိကြောင်း  တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

အစေ့ထုတ်ပြောင်း (CP) စိုက်ပျိုး ဝင်ငွေတိုး

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ပဲစဉ်းငုံ၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ မတ်ပဲ၊ ကြက်သွန်နီ၊ ငရုတ်နှင့် အစေ့ ထုတ်ပြောင်း CP စသည့် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ ရေစကြိုမြို့နယ် အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ချင်းတွင်းမြစ်၏ အရှေ့ဘက်နှင့် အနောက်ဘက် မြစ်ရေဝင် ရောက်ရာ ကျေးရွာများဖြစ်သည့် မိဖုရား၊ မဲကုန်း၊ ကိုင်း၊ နန်းဦး၊ ရေရှား၊ ကံဦး၊ ငတရော်၊ ပခန်းငယ်၊ ကန်ဒေါင့်၊ ဇီးကုန်း၊ သူဌေကုန်း ကျေးရွာများတွင် အစေ့ထုတ်ပြောင်း (CP) သီးနှံကို အများအပြား စိုက်ပျိုးလျက်ရှိပါသည်။ အစေ့ထုတ်ပြောင်း (CP) သီးနှံသည် အချိန်အခါရာသီမရွေး၊ ပိုးမွှားအန္တရာယ် ကျရောက်မှုအနည်းဆုံး၊ အခြားသီးနှံများလို ဂရုစိုက်ပြုစုယုယမှုအသက်သာဆုံးနှင့် အကျိုးအမြတ်ရရှိသော သီးနှံဖြစ်သည့်အတွက် တောင်သူ များစိုက်ပျိုးလျက်ရှိပါသည်။ အစေ့ထုတ်ပြောင်းသီးနှံသည် သွင်းအားစုဖြစ်သည့်ရေနှင့် မြေဩဇာ ကိုမှန်မှန် ကျွေးသွားမည်ဆိုလျှင် အထွက်နှုန်းကောင်းပြီး  ထွက်ခြေကိုက်သီးနှံဖြစ်ကြောင်း ပခန်း ငယ်ကျေးရွာရှိ အစေ့ထုတ် ပြောင်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။ မိမိတို့ ကျေးရွာအုပ်စုအနေဖြင့် ယခင် နှစ်က  ဧက (၂၀၀)ခန့် စိုက်ပျိုးခဲ့ကြောင်း၊ အများဆုံးစိုက်ပျိုးသည့် CP မျိုးများမှာ 722 808 နှင့် 339 မျိုးစေ့များကို စိုက်ပျိုးကြပါသည်။ ၎င်းအနေဖြင့် ယခုနှစ်တွင် () ဧကခန့်ကို စိုက်ပျိုးခဲ့ကြောင်း၊ () ဧကစိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ၊ ရိတ်သိမ်းချွေလှေ့ခ စုစုပေါင်း ကုန်ကျစရိတ်အနေဖြင့် ကျပ်(၁၅) သိန်းခန့် ကုန်ကျ ကြောင်း သိရှိရပါသည်။

     အစေ့ထုတ်ပြောင်း CP () ဧက ထွက်ရှိမှုအနေဖြင့် သွင်းအားစုသုံးစွဲမှု အပေါ်မှုတည်၍ အထွက်တင်းများ ကွာခြားလျက်ရှိပါသည်။ () ဧက အထွက်တင်း (၁၀၀) မှ (၁၂၀) တင်းခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့်၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် ရေစကြိုမြို့နယ်၌ အစေ့ထုတ်ပြောင်း CP ()တင်းလျှင် ကျပ်(၂၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အစေ့ ထုတ်ပြောင်း CP စိုက်တောင်သူများအနေဖြင့် ()ဧက အကျိုးအမြတ် ကျပ်(၁၀)သိန်းခန့် ရရှိ ကြောင်း၊ ယခုနှစ်တွင် အစေ့ ထုတ်ပြောင်း CP  စိုက်တောင်သူများမှာ  အကျိုးအမြတ်များရရှိပြီး အစေ့ထုတ်ပြောင်း CP စိုက်ပျိုး ဝင်ငွေတိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူ ပဲယင်းနီ ဈေးနှုန်းအခြေအနေ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင်ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိ ပါသည်။ ပဲမျိုးစုံထဲတွင် ပဲယင်း သီးနှံကို မြစ်ခြေ နှင့် ရေစကြိုမြို့နယ်များတွင် အဓိက စိုက်ပျိုး လျက်ရှိပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင်  မြစ်ခြေဒေသမှ စိုက်ပျိုးသော ပဲယင်းနီများ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။  ပခုက္ကူခရိုင် တွင် ပဲယင်းနီ စိုက်ပျိုး ဧက (၁၀၀၀)ကျော် ရှိပြီးပခုက္ကူ ၊ ရေစကြိုနှင့် ဆိပ်ဖြူမြို့တို့တွင် အများဆုံး စိုက်ပျိုးကြပြီးတစ်ဧကလျှင် တစ်တင်းကျ စိုက်ပျိုးကြ ကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ(၁၄) တင်းမှ (၁၅)တင်းထိထွက်ရှိကြောင်း စိုက်တောင်သူများထံမှ သိရသည်။  ပဲယင်းနီကို အောက်တိုဘာလကုန် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး  ဖေဖော်ဝါရီလ တွင် ရိတ်သိမ်းကြပါသည်။ 

          ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ(ပထမပတ်)မှစ၍ ပဲယင်းနီတစ်တင်းလျှင်ကျပ် (၆၉၀၀၀)ဖြင့် ဈေးကွက် အတွင်းသို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်နေကြောင်း၊ (ဒုတိယပတ်)တွင် တစ်တင်း လျှင်ကျပ် (၆၉၅၀၀)ဖြစ်ပြီး ဖေဖေါ်ဝါရီ(တတိယပတ်)တွင် တစ်တင်းလျှင်ကျပ် (၇၀၅၀၀)ဖြစ်၍ (ပထမပတ်)နှင့် နှိုင်းယှဉ်ပါက တစ်တင်းလျှင်ကျပ်  (၁၅၀၀)ခန့်ဈေးတက်နေကြောင်း၊    အရောင်း အဝယ်ဖြစ်မှု အိတ်ရေမှာ တစ်နေ့လျှင် (၅၀ မှ ၁၀၀)ထိဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့တွင် ပြည်ပပို့ကုန် မတ်ပဲသီးနှံဈေးနှုန်းမြင့်တက်

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ်များတွင် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ကုန်စိမ်းသီးနှံမျိုးစုံနှင့် သစ်သီးဝလံများကို နှစ်စဉ် စိုက်ပျိုးလျက်ရှိသည်။ သီးနှံမျိုးစုံအနက် မတ်ပဲသီးနှံကို စိုက်ပျိုးရာတွင် စိုက်ဧက(၄၀၀၀)ကျော် စိုက်ပျိုးလျက်ရှိပြီး တစ်ဧက အထွက်နှုန်းအနေဖြင့် ရာသီဥတုအပေါ်မူတည်ပြီး (၁၈)တင်း ခန့်ထွက် ရှိကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ကျပ်(၁၅)သိန်းခန့် ကုန်ကျကြောင်း စိုက်တောင်သူများ ထံမှ သိရသည်။ ရေစကြို မြို့နယ်တွင် အဓိကစိုက်ပျိုးပြီး ပခုက္ကူ ဈေးကွက်သို့ ဝင်ရောက် အရောင်း အဝယ် ဖြစ်သည့်အပြင် အခြားမြို့နယ်များမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။

          မတ်ပဲဈေးနှုန်းမှာ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(စတုတ္ထပတ်)တွင် တစ်တင်းလျှင်ကျပ် (၉၂၀၀၀)၊ ဖေဖေါ်ဝါရီလ (ပထမပတ်)တွင် တစ်တင်းလျှင်ကျပ် (၉၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုဖေဖေါ်ဝါရီလ(စတုတ္ထပတ်)တွင် ကျပ်(၉၅၀၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်နေပြီး ယခုလတွင် ဈေးငြိမ်နေပြီး ယခင် ဇန်နဝါရီလ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင်ကျပ် (၃၀၀၀)ခန့် ဈေးတက်နေပြီး နေ့စဉ် အရောင်းအဝယ်ဖြစ်မှုအနေဖြင့် တစ်နေ့လျှင် အိတ်ရေ (၅၀ မှ ၅၀၀)ထိ အရောင်းအဝယ်ဖြစ်၍ ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရသည်။ တောင်သူများအနေဖြင့် တစ် ဧကလျှင် အကျိုးအမြတ်မှာ ကျပ်(၁)သိန်းကျော်ရရှိကြောင်း၊ မတ်ပဲသီးနှံသည် ပြည်တွင်းစား သုံးမှု နည်းသော်လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအားကောင်းသော သီးနှံတစ်မျိုးဖြစ်၍ ဈေးကွက် ခိုင်မာမှုရှိကြောင်း ပဲဈေးကွက် မှ သိရှိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း