Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုသိမ်မြို့ မှ ကြက်ဟင်းခါးသီးများအရောင်းအဝယ်သွက်နေ

      ယခုအချိန်သည် ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ်တွင် ဒေသထွက် သီးနှံ နှင့် ကုန်စိမ်း များဖြစ်ထွန်းသည့် ရာသီဖြစ်သည့်အလျောက် မတ်လအတွင်း၌တစ်ရက်လျှက် ဒေသထွက် ကြက်ဟင်း ခါးသီး (၄၅၀၀၀) မှ (၅၅၀၀၀) အထိ ဝယ်ယူမှုအားကောင်းလာကြောင်း ကုန်စိမ်း ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များထံမှသိရှိရပါတယ်။ ပုသိမ်ဒေသထွက် ကြက်ဟင်းခါးသီးများသည် အရည်အသွေး ကောင်းပြီး သန့်ရှင်းလတ်ဆက်သည့်အတွက် ဒေသအတွင်းသာမက ရန်ကုန်ဈေးကွက်များ အထိ အဝယ်လိုက် နေခြင်းဖြစ်ပြီး ကြက်ဟင်းခါးသီး အလုံးရေ(၁၀၀)လျှင် ငွေကျပ်(၁၉၅၀၀)အထိပေါက် ဈေးရှိနေ ကြောင်း သိရှိရပါ တယ်။

DOCA (ဧရာဝတီ)

မုံရွာမြို့ သံလမ်းဈေးရှိ နာနတ်သီးဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် နာနတ်သီးများ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ နာနတ်သီးသည် ဈေးနှုန်းသက်သာပြီး အာဟာရဓာတ် များစွာ ပါဝင်သည့်အသီးတစ်မျိုး ဖြစ်ပါသည်။ နာနတ်သီးများမှာ အများအားဖြင့် အခွံနွှာ၍ အသင့်စားသုံးနိုင်သည့်အသီးဖြစ်သည့်အပြင် နာနတ်သီးဖျော်ရည်၊ နာနတ်သီးယို စသည်ဖြင့် ပြုလုပ်စားသုံးကြပါသည်။

          ဇူလိုင်လ တတိယပတ်တွင် သံလမ်းဈေ၌ ဖြစ်ပေါ်နေသော နာနတ်သီးဈေးနှုန်း အနေဖြင့် နာနတ်သီးအကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်း သိရပါသည်။

Doca(စစ်ကိုင်း)

နတ်တလင်းမြို့နယ်တွင် တချို့ငါးဈေးနှုန်းများအနည်းငယ်မြင့်တက်

 နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့ ၊ မြို့မဈေး၊ အာရုံဈေးနှင့် ညဈေးတို့တွင် ငါးကြင်း ၊ ငါးခူ၊ ငါးရံ့ ၊ ငါးဇရိုင်းစသည့် ငါးများကိုရောင်းချလျှက်ရှိပါသည်။

  ၂၀၂၅ ခုနှစ်  ဇူလိုင်လ တတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ရန်ကုန် ငါးကြင်း တစ်ပိဿာ (၂၅၀၀၀)ကျပ် ၊ ငါးကြင်းဖြူ တစ်ပိဿာ (၂၀၀၀၀)ကျပ် ၊ အင်းမငါးကြင်း တစ်ပိဿာ (၁၅၀၀၀) ကျပ် ၊ ငါးခူ တစ်ပိဿာ (၃၀၀၀၀)ကျပ် ၊ငါးရံ့ တစ်ပိဿာ (၁၅၀၀၀)ကျပ် ၊ ငါးဇရိုင်းတစ်ပိဿာ (၁၅၀၀၀)ကျပ်၊  ၊ ငါးကြင်းခြစ် တစ်ပိဿာ (၃၀၀၀၀)ကျပ် ၊ ငါးဖယ်ခြစ် တစ်ပိဿာ (၄၀၀၀၀)ကျပ် ၊ ငါးကျည်းတစ်ပိဿာ (၃၀၀၀၀)ကျပ်နှုန်းများဖြင့် ရောင်းချလျှက်ရှိပြီး ငါးမြင်း တစ်ပိဿာ ဈေးနှုန်းမှာ (၂၀၀၀၀)ကျပ်နှုန်းဖြစ်ပြီး ယခင်ဇွန်လ တတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တချို့ငါးဈေးနှုန်းများက ပြောင်းလဲမှုမရှိဘဲ ငါးကြင်း ခြစ်နှင့်ငါးဖယ်ခြစ် ဈေးနှုန်းများကတော့ အနည်းငယ်မြင့်တက်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကျနေတဲ့ ဇူလိုင်လ မတ်ပဲ ဈေးကွက်

  ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများတွင် ရောင်းဝယ်နေသော မတ်ပဲဈေးနှုန်းများမှာ ယခင်ဇွန်လတွင် ရောင်းဝယ်ခဲ့သော ဈေးနှုန်းထက် ယခုဇူလိုင်လတွင် ဈေးနှုန်းအနည်းငယ်ကျဆင်းနေသည်ကို တွေ့ရှိရပါသည်။

     ယခင် ဇွန်လစတုတ္ထပါတ်တွင် အရောင်းအဝယ် ဖြစ်ခဲ့သော မတ်ပဲဈေးနှုန်းမှာ ပိဿာ (၂၀) တစ်တင်းလျှင် (၉၇၀၀၀ကျပ်မှ၉၆၅၀၀)ကျပ်ဈေးဖြင့် ဈေးပိတ်ခဲ့ပါသည်။ ယခုဇူလိုင်လ ပထမပါတ် အဖွင့်ဈေးမှာ (၉၆၅၀၀ ကျပ်မှ ၉၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ဇူလိုင်လ ဒုတိယပါတ်တွင် ဈေးနှုန်းများ ပြန်လည် ကျဆင်းသွားပြီး (၉၇၀၀၀ ကျပ်မှ ၉၅၅၀၀)ကျပ် အတွင်းသာ ရောင်းဝယ်ခဲ့ပါသည်။

 ယခုတတိယပါတ်တွင် အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းမှာ ဆက်လက်ကျဆင်းလျှက်ရှိပြီး ပိဿာ (၂၀) တစ်တင်းကို (၉၅၅၀၀ ကျပ်မှ ၉၆၀၀၀)ကျပ် ဈေးဖြင့်သာ အရောင်းအဝယ် ဖြစ်နေသည်ကို လေ့လာ သိရှိရပါသည်။ အရောင်းအဝယ် ဖြစ်မှု့ အခြေအနေမှာ တောင်သူများမှ ရောင်းချမှု့ အနည်းငယ်သာရှိပြီး လှောင်ပဲများကိုသာ တင်ပို့နေရကြောင်း ပွဲရုံများထံမှ စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)

မိုးရာသီ၊ နတ်တလင်းမြို့နယ်၏ မေမြို့ထုံးမှုန့် ဈေနှုန်း၊ ဈေးကွက်

   ထုံးမှုန်ကို မွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပါသည်။  မွေးမြူရေးလုပ်ငန်များဖြစ်သည့် ငါးကန်သန့်ရှင်းရေးလုပ်ငန်းများ၊ အနံ့ဆိုးများကင်းစေရန်၊ တိရစ္ဆာန်များ ရောဂါပိုးမွှားများ ကင်းရှင်းစေရန် အတွက်လည်းကောင်း စိုက်ပျိုးရေးလုပ်ငန်းများ  ဖြစ်သည့် လယ်ယာ ဥယျဉ်ခြံမြေများ တွင်လည်း မြေများပြုပြင်ချိန်တွင် လည်းကောင်း ယခုလို မိုးရာသီမိုးများသည့် အခါရေညှိများသည့်နေရာတွင် ရေညှိကင်းစေရန်အတွက် လည်းကောင်း အသုံး  ပြုကြပါသည်။ ယခု ဇူလိုင်လ တတိယပတ်တွင် နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ရောင်းချနေသော မေမြို့ထုံးမှုန့် ဈေးနှုန်းများမှာ  (၉) ပိဿာဝင် တစ်အိတ်လျှင်  (၈၀၀၀)ကျပ်၊  (၉၀) ကျပ်သား တစ်ထုပ်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်းသိရပါသည်။
  စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေချဉ်ခြင်းကို ပြုပြင်ရာတွင် ထုံးမှုန့်ကိုထည့်သွင်း အသုံး ပြုကြပြီး မြေအမျိုးအစားအလိုက် မြေချဉ်ငန်ကိန်း အလိုက်ထည့်သွင်းအသုံးပြုရမည့် ထုံးပမာဏကို  စိုက်ပျိုးရေးဦးစီးဌာန ၊ မြေအသုံးချဌာနခွဲက သုတေသနပြုသတ်မှတ်ပြီး ချဉ်တဲ့မြေကို ပြုပြင်ဖို့ တစ်ခု တည်းသော နည်းလမ်းမှာ ထုံးထည့်ပေးခြင်း ဖြစ်ကြောင်းသိရပါသည်။ ထို့ကြောင့် တောင်သူ      လယ်သမားကြီးများအနေဖြင့် မိမိလယ်ယာမြေ မြေချဉ်များကို ထုံးထည့် ပြုပြင်စိုက်ပျိုးခြင်းဖြင့် သီးနှံများ အထွက်တိုးပြီး အကျိုးများစေမှာ ဖြစ်ကြောင်းလည်းသိရပါသည်။
DOCA(ပဲခူး)

ပြည်ခရိုင်၏ မြို့နယ်အလိုက် စပါး/ဆန်ဈေးနှုန်းအခြေအနေ

  ပြည်ခရိုင်အတွင်းဖြစ်ပေါ်နေသောမိုးစပါး/နွေစပါးဈေးနှုန်းများမှာ ပြည်မြို့နယ်တွင် မိုးစပါး (၄၆)ပေါင် တင်း(၁၀၀)လျှင် (၁၅၁၆၀၀၀၀)ကျပ်၊ နွေစပါး တင်း(၁၀၀)လျှင် (၁၂၈၀၀၀၀)ကျပ်၊ မိုးဆန်အဟောင်းတစ်အိတ်လျှင် မှော်ဘီဆန် (၈၀၀၀၀)ကျပ်၊ ကျောက်ရွေးဆန် တစ်အိတ်လျှင် (၈၅၀၀၀၀)ကျပ်၊ နွေဆန်သစ်များမှာ အင်းမစူပါ တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်၊ ကရင်မ ဆန်တစ်အိတ်လျှင် (၅၄၀၀၀)ကျပ်၊ မနောသုခ ဆန်တစ်အိတ်လျှင် (၆၃၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ရှိ ပါသည်။ ရွှေတောင်မြို့နယ်တွင် မိုးစပါးအဟောင်းဈေးမှာ (၄၆)ပေါင် တင်း(၁၀၀)လျှင် (၁၅၆၀၀၀၀)ကျပ်၊ နွေစပါး (၄၆)ပေါင် တင်း(၁၀၀)လျှင် (၁၂၄၀၀၀၀)ကျပ်၊ ဆန်အဟောင်း တစ်အိတ်လျှင် မှော်ဘီ (၈၅၀၀၀)ကျပ်၊ ကျောက်ရွေးဆန် တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ နွေဆန်သစ်များဖြစ်သည့် ဧည့်မထဆန်တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ရှိပါသည်။ ပေါက်ခေါင်းမြို့နယ်တွင် မိုးစပါးအဟောင်းမှာ (၁၅၆၄၀၀၀)ကျပ်၊ နွေစပါးမှာ (၁၂၀၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ဆန်အဟောင်းဈေးမှာ ကရင်မ တစ်အိတ်လျှင် (၇၂၀၀၀)ကျပ်၊ အင်းမဆန်တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်၊ နွေဆန်သစ်တစ်အိတ်လျှင် (၆၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။ ပန်းတောင်းမြို့နယ်တွင် စပါးအဟောင်းမှာ (၁၅၆၄၀၀၀)ကျပ်၊ နွေစပါးမှာ (၁၂၀၀၀၀၀)ကျပ်ဈေးရှိသော်လည်း ပန်းတောင်းမြို့နယ်အနေဖြင့် နွေစပါးစိုက်ပျိုးမှု အနည်းငယ်သာရှိ ပါသည်။ ဆန်အဟောင်းဈေးမှာ (၇၃၀၀၀)ကျပ်၊ နွေဆန်သစ်တစ်အိတ်လျှင် (၆၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။
  ပြည်ခရိုင်အနေဖြင့် မိုးစပါးအဟောင်းမှာ ဈေးဖွင့်ထားရှိသော်လည်းဈေးကွက်အတွင်းတွင် အ‌ရောင်းအဝယ်မရှိပါ။ ပြည်ခရိုင်၏ဆန်တင်ပို့ရောင်းချမှုအနေဖြင့် ပြီးခဲ့သည့် ဇွန်လအတွင်း မကွေးတိုင်းသို့ (၁၂၃၆)အိတ်၊ မန္တလေးတိုင်းသို့ (၃၇၀၅)အိတ်၊ ရန်ကုန်တိုင်းသို့ ဆန်အိတ်ရေ (၁၈၀၀)ခန့်တင်ပို့ရောင်းချမှုရှိခဲ့ပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ဟင်းခပေါင်းသီးဈေးယခင်နှစ်ကထက်ဈေးမြင့်တက်

ပြည်မြို့၏ ဟင်းသီးဟင်းရွက်ဈေးကွက်တွင် ဟင်းခပေါင်းသီးများကို ပြည်မြို့အနီး ကျေးရွာများမှ စတင်ဝင်ရောက် လာပြီဖြစ်ပါသည်။ ကြက်ဟင်းခါးသီးမျိုးနွယ်တစ်မျိုးဖြစ်ပြီး နွယ်ပင်မှ သီးပြီး တစ်နှစ်လျှင် တစ်ခါသာပေါ်သောအသီးတစ်မျိုး ဖြစ်ပါသည်။ ကြက်ဟင်းခါးသီးကဲ့သို့ အခါးအရသာ မရှိ၍ လူကြိုက်များသော အသီးတစ်မျိုးဖြစ်ပါသည်။ ဟင်းခပေါင်းသီး ပင်ကိုယခင်နှစ်က ပေါ်စတွင် (၁၀)လုံးအတွဲလျှင် (၁၂၀၀)ကျပ်ဖြင့် ဈေးဖွင့်သော်လည်း ယခုနှစ်တွင်တော့ (၅)လုံးအတွဲကို (၂၀၀၀)ကျပ်နှုန်းဖြင့် စတင်ရောင်းချနေပြီဖြစ်ကြောင်း သိရပါသည်။ ဟင်းခပေါင်းသီးမှာ စားသုံးသူ များ၍ ဈေးမှာတစ်နှစ် ထက်တစ်နှစ် မြင့်တက်လာတာတွေ့ရပါသည်။
DOCA(ပဲခူး)

ပြည်ဈေးကွက်၌နာနတ်သီးအရောင်းသွက်

  ယခုဇူလိုင်လလယ်ခန့်မှစ၍ ပြည်ဈေးကွက်၌ နာနတ်သီးများအရောင်းသွက်လျက်ရှိပြီး ‌ရောင်းချသူများမှလည်းတစ်နေ့လျှင်ဝင်‌ငွေအကျိုးအမြတ်ကျပ်(၂၀၀၀၀)ခန့်အကျိုးအမြတ်ရှိနေကြောင်း သိရပါသည်။ ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း၊သီပေါ၊ တောင်ကြီး၊ ကလောဘက်တို့မှ တစ်ပတ်လျှင် (၂)ကြိမ်ခန့်အဝင်ရှိနေပြီးတစ်ပတ်လျှင် အလုံးရေ (၇၀၀၀-၈၀၀၀)ခန့် ဝင်‌ရောက်မှုရှိနေသည်။ ပြည်ဈေးကွက်အတွင်းတွင် နာနတ်သီးရောင်းချသည့် ရာသီပေါ် ဆိုင်များ(၂၀)ဆိုင် ခန့်ရှိပြီး (၁)ဆိုင်လျှင် အလုံးရေ (၄၀)ခန့်ရောင်းအားရှိကြောင်း စုံစမ်း မေး မြန်းသိရှိရပါသည်။ အရောင်းအဝယ်မှာ ပြည်မြို့ပေါ်ရှိဈေးကွက်အတွင်း ဝင်ရောက်မှုရဲ့ အားလုံး နီးပါးခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းမှာလက်ကားသောင်ပြောင်းဈေးမှာ (၁)လုံးလျှင် ကျပ်(၂၇၀၀)နှုန်းတို့ဖြင့်ဖောက်သည်ဈေးယူရကာစားသုံးသူလက်အရောက်လက်လီတစ်လုံးလျှင် (အကြီး) ကျပ် ၃၅၀၀ကျပ်၊ (အသေး)ကျပ် (၃၀၀၀)နှုန်းတို့ဖြင့် အသီးသီး ရောင်းဝယ် လျက်ရှိ နေကြောင်း သိရပါသည်။
DOCA(ပဲခူး)

ပြည်ခရမ်းချဉ်သီးဈေးကွက်

  ပြည်ဈေးကွက်တွင်ဝင်‌ရောက်လျက်ရှိသော ခရမ်းချဉ်သီးများရှားပါးပြီး ဈေးနှုန်းများ မြင့်တက်နေပါသည်။ ခရမ်းချဉ်သီးမှာ ဗမာကိုင်းသီးနှင့်ရှမ်းသီးဟူ၍(၂)မျိုးရှိပြီး ယခုအချိန်တွင် ရှမ်းခရမ်းချဉ်သီးသာ ထွက်ရှိပါသည်။ ပြည်ခရိုင်အတွင်းရှိ ရွှေတောင်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့မှ ဝင်ရောက်မှုရှိပြီး အဝင်နည်းသည့်အတွက် အဝင်ရှိသ‌လောက်အရောင်းအဝယ်ရှိကာ ဈေးနှုန်း မြင့်တက်လျက်ရှိပါသည်။ ယခင်လဆန်းတွင် ဈေးကွက်အတွင်းပစ္စည်းပေါများပြီး ဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၁၇၀၀/၂၀၀၀) ခန့်ရောင်းချနေပြီး ယခုအခါ ခရမ်းချဉ်သီး များဝင်ရောက်မှု နည်းပါးသည့်အတွက် ဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၃၅၀၀/၄၀၀၀)ရောင်းချကြောင်း သိရပါသည်။ ယခင်ဧပြီလနှင့် ယခုဇူလိုင်လဈေး နှုန်းနှင့်နှိုင်းယှဉ်လျှင်ကျပ်(၁၅၀၀-၂၀၀၀) ခန့်ကွာခြားမှုရှိကြောင်းသိရပါသည်။
DOCA(ပဲခူး)

ဆေးဖက်ဝင် စောင်းလျားသီး

 ပြည်မြို့အနီးတစ်ဝိုက်တွင် စောင်းလျားပင်များ အများအပြားတွေ့ရှိရပါသည်။ စောင်းလျား ပင်တွင် အချဉ်သီးနှင့် အချိုသီးဟူ၍ နှစ်မျိုးရှိပါသည်။ စောင်းလျားသီးသည် ဆေးဖက်ဝင်သောသီးနှံ တစ်မျိုးလည်း ဖြစ်ပါသည်။ စောင်းလျားသီးကို ယိုထိုး၍စားသုံးနိုင်ပြီး၊ ဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်ပါသည်။ စောင်းလျားသီး အသားမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်တဲ့ အမျှင်ဓာတ်ပါ ပါဝင်နေပါတယ်။ အမျှင်ဓာတ်က ဝမ်းမှန်စေပြီး အစာခြေစနစ်ကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အူတွင်းက အကျိုးပြု ဘက်တီးရီးယားလေးတွေကိုလည်း ကျန်းမာစေနိုင်ပါ တယ်။ အစာခြေစနစ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ကြယ်ပုံသဏ္ဍာန် ရှိသော စောင်းလျားသီးကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေး နှင့်သင့်တော်ပြီး အသားအ‌ရေကိုလည်း စိုပြေစေပါသည်။ ‌စောင်းလျားသီးဈေးနှုန်းများအနေဖြင့် တစ်လုံးလျှင် (၂၀၀-၃၀၀)ကျပ်ဖြင့် ‌ရောင်းချ ကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း