Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၁၄/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

     တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တနင်္သာရီတိုင်းဒေသကြီး၏ ရော်ဘာစျေးနှုန်းအခြေအနေ

    တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးသည့်ဧရိယာမှာ (၃၅၁၇၇၇) ဧက၊ အစေးလှီးဧရိယာမှာ (၂၀၂၇၁၉) ဧက၊ အထွက်နှုန်းမှာ (၅၀၂.၂၁) ပေါင်ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၄၇၈၃၄) မက်ထရစ်တန်ရှိကြောင်း သိရှိရသည်။

     မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅) မျိုးရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 (၂) မျိုးသာ အဓိကအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း (RSS-3) တစ်ပေါင်လျှင် ပေါက်စျေးသည် ယခင်အပတ်တွင် (၁၄၃၀) ကျပ်ဖြစ်ပြီး ယခုအပတ်တွင် (၁၄၀၀) ကျပ်ဖြစ်ပြီး စျေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိ၍ ရော်ဘာကိုကော့သောင်းနှင့်ထိုင်းဖက်သို့ အများဆုံးတင်ပို့လျက်ရှိကြောင်းသိရှိရပြီး ယခုအခါသယ်ယူပို့ဆောင်ခမှာ ထားဝယ်မှကော့သောင်းသို့ (ကားခ) တစ်​တန်လျှင် (၂၄၀၀၀၀) ကျပ်နှုန်းရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

     အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဧပြီလ (၁၉) ရက်နေ့မှ ဧပြီလ (၂၅) ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၁၈၀၀ မှ ၂၄၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၁၀၀၀ မှ ၃၅၀၀) အတွင်း၊ ပန်းဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၆၀၀ မှ ၂၀၀၀) အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၁၅၀၀ မှ ၁၉၀၀) အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် (၈၀၀ မှ ၁၅၀၀) အတွင်း၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၁၀၀၀ မှ ၄၅၀၀) အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ် (၁၀၀၀ မှ ၂၀၀၀) အတွင်း၊ မုန်ညှင်း(ထုပ်)တစ်ပိဿာလျှင် ကျပ် (၁၃၀၀ မှ ၂၀၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၁၁၀၀ မှ ၁၅၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ် (၂၅၀၀ မှ ၄၅၀၀) အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၄၇၀၀ မှ ၅၂၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၃၀၀၀ မှ ၃၅၀၀) အတွင်း၊ ဆလပ်ရွက်တစ်စီးလျှင် ကျပ် (၁၅၀ မှ ၂၀၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စီးလျှင် ကျပ် (၆၀ မှ ၁၅၀) အတွင်း၊ ခရမ်းသီး(ရှည်)တစ်ပိဿာလျှင် ကျပ် (၁၈၀၀ မှ ၂၄၀၀) အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၅၀ မှ ၃၅၀) အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)တစ်ပိဿာလျှင် ကျပ် (၁၈၀၀ မှ ၂၄၀၀) အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး)တစ်လုံးလျှင် ကျပ် (၁၅၀၀ မှ ၈၀၀၀) အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၁၇၀၃၀၀)ကျော်၊ ခရမ်းသီး(ရှည်)ပိဿာပေါင်း (၄၈၁၈၅)ကျော်၊ ဘူးသီးအလုံးပေါင်း (၄၁၄၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၁၆၈၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၉၀၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၂၃၃၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၈၈၉၀) ကျော်၊ ဖရဲသီးလုံးပေါင်း (၁၆၈၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၃.၅.၂၀၂၃ )

    ၃.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂.၅.၂၀၂၃ )

    ၂.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ဧပြီလ (၁၉) ရက်နေ့မှ ဧပြီလ (၂၅) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ တောင်ကြီး၊ အောင်ပန်း၊ နောင်ချိုမှ ပျားလိမ္မော်(အလုံးကြီး)တစ်ပိဿာလျှင် ကျပ်၅၀၀၀၊ ပြင်ဦးလွင်၊ ကျောက်မဲမှ ထောပတ်သီး (အလုံးကြီး)တစ်ပိဿာလျှင် ကျပ်၁၀၀၀၊ အလုံးလတ်တစ်ပိဿာလျှင် ကျပ်၈၀၀၊ ပြင်ဦးလွင်မှ ဗောက်သီး(အလုံးကြီး)တစ်ပိဿာလျှင် ကျပ်၅၀၀၀၊ မန္တလေးမှ သင်္ဘောသီး(အလုံးကြီး)တစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၀၀၀၊ သီပေါမှ နာနတ်သီး(အလုံးကြီး)တစ်လုံးလျှင် ကျပ်၁၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၇၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၅၀၀၊ မော်လမြိုင်မှ ကျွဲကောသီး(အလုံးကြီး)တစ်လုံးလျှင် ကျပ် (၃၀၀၀ မှ ၂၅၀၀) ထိ၊ အလုံးလတ်တစ်လုံးလျှင် ကျပ် (၂၀၀၀ မှ ၁၅၀၀) ထိ၊ အလုံးသေးတစ်လုံးလျှင် ကျပ် (၁၀၀၀ မှ ၈၀၀) ထိ၊ (ဧရာဝတီတိုင်း) ဟင်္သာတမှ သရက်သီး(စိန်တလုံး)(အလုံးကြီး)တစ်လုံးလျှင် ကျပ်၁၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၈၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၅၀၀၊ ကလောမှ ပန်းသီး(အလုံးကြီး)စက္ကူပုံးတစ်ပုံးလျှင် ကျပ်၃၀၀၀၀၊ အလုံးလတ်တစ်ပုံးလျှင် ကျပ်၂၅၀၀၀၊ ခရမ်း၊ ဝေါ၊ အင်းမမှ ဖရဲသီး (855) (အလုံးကြီး)တစ်လုံးလျှင် ကျပ်၁၀၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၈၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၅၀၀၀၊ ခရမ်း၊ ရေကြည်၊ ပြည်မှ ဖရဲသီး (211) (အလုံးကြီး)တစ်လုံးလျှင် ကျပ်၆၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၀၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ(အလုံးကြီး) ၁၅ကျပ်သားပါ တစ်ဘူးလျှင် ကျပ်၇၀၀၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး(အလုံးကြီး)တစ်လုံးလျှင် ကျပ်၆၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်  (၅၀၀ မှ ၄၀၀) ထိ၊ အလုံးသေးတစ်လုံးလျှင် ကျပ် (၃၀၀ မှ ၂၀၀) ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

                         

 

ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး စားသုံးဆီများဖြန့်ဖြူးပေး

     စားသုံးသူပြည်သူများအတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်း၍ သက်သာသောနှုန်းထားများဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရေးရည်ရွယ်လျက် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအား (၁၆-၁၂-၂၀၂၁) ရက်နေ့တွင် အဖွဲ့ဝင် (၁၄ )ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့အနေဖြင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီသည့် စားသုံးဆီများတင်သွင်းရန်ကြီးကြပ်ခြင်း၊ စားသုံးဆီသင်္ဘော (In bulk) ဖြင့် တင်သွင်းခြင်းအပြင် ကွန်တိန်နာဖြင့် တင်သွင်းခြင်းတို့အား စိစစ်ကြီးကြပ်ခြင်း၊ ပြည်ပမှတင်သွင်းလာသည့်ဆီသင်္ဘောများ ဆိပ်ကမ်းတွင်မကြန့်ကြာစေရေး ကြီးကြပ်ခြင်း၊ ဆီထည့်သွင်းမည့်သိုလှောင်ကန်များ သန့်ရှင်းစိတ်ချရမှုရှိ/မရှိကြိုတင်စိစစ်ခြင်း၊ လက်ခံချယူခြင်းမပြုလုပ်မီ ဆီသင်္ဘောမှ နမူနာရယူခြင်း၊ ပေးပို့ခြင်းလုပ်ငန်းစဉ်များဆောင်ရွက်ရေး ကြပ်မတ်ပေးခြင်း၊ ဆီသိုလှောင်ကန်သို့ထည့်သွင်းနေစဉ် (၁) နာရီလျှင် တစ်ကြိမ် နမူနာရယူခြင်းနှင့် မျက်မြင်စစ်ဆေးခြင်း၊ ဆီအရည်အသွေးပိုင်းနှင့် ထူးခြားမှုရှိပါက သတင်းပို့တင်ပြခြင်း၊ FDA ထောက်ခံချက်ရရှိပြီးမှသာ ဆီသိုလှောင်ကန်မှ ဈေးကွက်သို့ဖြန့်ဖြူးထုတ်ပေးမှုအား ကြပ်မတ်ဆောင်ရွက်ခြင်း၊ သိုလှောင်ကန်မှ ထုတ်ယူဖြန့်ဖြူးနေချိန်အတွင်း အရည်အသွေးပိုင်းကို အခါအားလျော်စွာစိစစ်ပေးခြင်း၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသောစားသုံးဆီများ FDA ကအသိအမှတ်ပြုသော စားသုံးဆီဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်ခြင်း၊ ပြည်ပမှစားသုံးဆီသင်္ဘောဝင်ရောက်မှုကို တင်သွင်းကုမ္ပဏီ၊ နိုင်ငံ၊ တန်ချိန်၊ လိုင်စင်ရက်စွဲဖော်ပြ၍ လစဉ်တင်ပြခြင်း၊ စားသုံးဆီသိုလှောင်ကန်တွင် သိုလှောင်ထားသောဆီပမာဏကို အပတ်စဉ်တင်ပြ၍ လိုအပ်ပါက စစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်း ရောင်းဝယ်မှုလုပ်ငန်းစဉ်တွင် မသမာသောရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မှုများရှိလာပါက အရေးယူဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ခြင် းစသည့်လုပ်ငန်းတာဝန်များကို တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

      ထပ်မံ၍ (၂၈-၁-၂၀၂၂) ရက်နေ့တွင် “ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီဖြန့်ဖြူးရေးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းအဖွဲ့အား ထပ်မံဖွဲ့စည်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးက အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး လုပ်ငန်းတာဝန်(၆)ရပ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ငွေလွှဲနှုန်းဖြင့် နိုင်ငံခြားငွေရရှိ၍ စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီမှ Quota အလိုက် တင်သွင်းလာမှုများကို မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏စီမံခန့်ခွဲမှုဖြင့် စားသုံးသူပြည်သူများဈေးနှုန်းသက်သာစွာဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါသည်။

    ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်စားသုံးဆီဖြန့်ဖြူးမှုလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအဖွဲ့ကြီးကြပ်မှုဖြင့် ဆီကန်များမှ ဆီထုတ်ယူရာတွင် Food Grade အဆင့်ရှိ အဝါရောင်ပေပါများအသုံးပြု၍ ဆီထုတ်ယူခြင်းများကို နေ့စဉ်ကြပ်မတ်ဆောင်ရွက်ခြင်း၊ စားသုံးဆီသိုလှောင်ကန်မှ ဆီများထုတ်ယူရာတွင် (၁)ရက်လျှင် တန်(၁၄၀၀)ထက်မပိုသောပမာဏဖြင့် ထုတ်ယူခွင့်ပြုထားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များသို့ ရောင်းချနိုင်ရေးအား (၁၇-၂-၂၀၂၂) ရက်နေ့မှ (၅-၄-၂၀၂၂) ရက်နေ့ထိ ကုမ္ပဏီ (၁၈) ခုက မြို့နယ် (၂၉) မြို့နယ်သို့ အရောင်းဈေးကား (၇၁) စီးဖြင့် ဖြန့်ဖြူးရောင်းချပေးစေခြင်း၊ အခြားတိုင်းဒေသကြီး ပြည်နယ်များအတွင်း နေ့စဉ်ဈေးကားဖြင့် ရောင်းချနိုင်ရေးအတွက် ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

      ပြည်သူများသို့ စားသုံးဆီဖြန့်ဖြူးရန် စားသုံးဆီများထုတ်ယူရာတွင် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စနစ်တကျရှိစေရေးတို့အတွက် ကုမ္ပဏီပိုင်စက်ရုံများ၊ သိုလှောင်ရုံများသို့ ဆီသယ်ယူရာတွင် Food Grade ဆီသယ်ယာဉ်များဖြင့်သာသယ်ယူစေရေး စီမံဆောင်ရွက်ပေးခြင်း၊ ဈေးကွက်ဖြန့်ဖြူးရာတွင်လည်း New Drum, Clean Drum, Yellow Drum များကိုအသုံးပြုစေရေး ကြပ်မတ်ပေးခြင်း၊ Drum နှင့် ထုပ်ပိုးပစ္စည်းများတွင်လည်း သက်ဆိုင်ရာကုမ္ပဏီ၏ Logo ပါဝင်သည့် Cap Seal အသုံးပြုစေခြင်းများကိုလည်း စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။

      တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများသို့ (၁၁၉၀၈၅) ပိဿာအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ် (၄၄) မြို့နယ်ရှိ အခြေခံစားသုံးသူပြည်သူများကို ပထမအကြိမ်၌ စားသုံးဆီ (၆၈၆.၅) တန်နှင့် ဒုတိယအကြိမ်၌ (၉၈) တန်အား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပါကြောင်း၊ တစ်ရက်လျှင် (၄၄) ပေပါနှင့် တစ်ပတ်လျှင် (၂၂၀)ပေပါနှုန်းဖြင့် အများပြည်သူများသက်သာသောနှုန်းထားများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး ဆက်လက်၍ရောင်းချပေးလျက်ရှိပါကြောင်းနှင့် “စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများဝယ်ယူရရှိစေရေးနှင့် ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရာတွင် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်လုပ်ငန်းစဉ်များဖြင့် စနစ်တကျဆောင်ရွက်စေရေး” ဟူသော ရည်ရွယ်ချက်နှင့်အညီ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးကဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၅၇၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊မေလ ၂ ရက်နေ့ မှ မေလ ၇ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၅၇၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

   အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း