အာဖရိကနိုင်ငံများသည် ဒေသတွင်းဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ ထုတ်လုပ်မှုကို မြှင့်တင်ရန် ကတိပြုကြ

အာဖရိကနိုင်ငံများသည် ဒေသတွင်းကုန်ထုတ်လုပ်မှုမြှင့်တင်ရန်နှင့် သွင်းကုန်များအပေါ် မှီခိုမှုလျှော့ချရန် ဆေးဘက်ဆိုင်ရာထုတ်ကုန်သုတေသန၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်းမျဉ်းများတွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် နိုဝင်ဘာလ ၁၁ ရက်နေ့က သဘောတူခဲ့သည်။ အာဖရိကရှိ ဆေးဘက်ဆိုင်ရာ ထုတ်ကုန်စည်းမျဉ်းဥပဒေ သတ္တမအကြိမ်မြောက် သိပ္ပံဆိုင်ရာ ညီလာခံ (SCoMRA VII) ကို ကင်ညာကမ်းရိုး တန်းမြို့ Mombasa တွင် ကျင်းပခဲ့ပြီး အီဘိုလာ ဖြစ်ပွားမှုနှင့် COVID-19 ကဲ့သို့သော အရေးပေါ်အခြေအနေများကြောင့် ကြုံတွေ့နေရသော အားနည်းချက်များကို ကိုင်တွယ်ဖြေရှင်းရန် အရေးပေါ်အခြေအနေများကို ကိုယ်စားလှယ်များက သုံးသပ်ခဲ့ကြသည်။ အာဖရိကနိုင်ငံမှ ဆေးဝါးများ၏ ၉၀ ရာခိုင်နှုန်းကျော် အား ပြည်ပမှတင်သွင်း ပြီး ကာကွယ်ဆေးများ၏ တစ်ရာခိုင်နှုန်းအောက်သာ ထုတ်လုပ်ကြောင်း ၎င်းသည် COVID-19 ကပ်ရောဂါကြောင့် မှီခိုမှုနဲ့ အားနည်းချက်ကို ရောင်ပြန်ဟပ်စေကြောင်း၊ SCoMRA VII သည် ညီလာခံတစ်ခုမျှသာမဟုတ် ၎င်းသည် ဒေသတွင်းကုန်ထုတ်လုပ်မှုကို အထောက်အကူဖြစ်စေရန်၊ Africa Continental Free Trade Area အောက်ရှိ အာဖရိကတိုက်အတွင်း ကုန်သွယ်မှုကို အထောက်အပံ့ ဖြစ်စေရန် နှင့် အရည်အသွေး၊ ဘေးကင်းပြီး ထိရောက်သော ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များကို အာဖရိကန်နိုင်ငံ များထံရောက်ရှိကြောင်း သေချာစေရန်အတွက် မဟာဗျူဟာမြောက် ပလပ်ဖောင်းတစ်ခုဖြစ်ကြောင်း၊ African Medicines Agency (AMA) ၏ ညွှန်ကြား ရေးမှူးချုပ် Delese Mimi Darko က ပြောကြားခဲ့ပြီး အာဖရိကတစ်ဝှမ်းရှိ ဒေသန္တရဆေးဝါးများ ထုတ်လုပ်ရေးအား ပံ့ပိုးကူညီရန် အဖွဲ့အစည်း၏ ကတိကဝတ် ကိုလည်း အလေးပေးပြောကြားခဲ့ သည်။ ဒေသတွင်း ထုတ်လုပ်မှုတိုးမြှင့်ခြင်းသည် သွင်းကုန်အပေါ် မှီခိုမှုကို လျှော့ချစေပြီး ဘေးကင်းသော၊ တတ်နိုင်သော၊ အရည်အသွေးမြင့် ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ ရရှိနိုင်မှုကို တိုးတက်စေမည်ဟု Darko မှ ဆက်လက်ပြောကြားခဲ့သည်။ အာဖရိကသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ-New Partnership for Africa's Development မှ လူသားအရင်းအနှီးနှင့် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဒါရိုက်တာ Symerre Grey-Johnson က အာဖရိကသည် AMA ကို တည်ထောင်ခြင်းဖြင့် လက်တွေ့ကျသော ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ ထုတ်လုပ်ရေးတွင် မဟာဗျူဟာမြောက် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ Grey-Johnson သည် တည်ထောင်မှုတွင် ကြိုတင်မှန်းဆနိုင်သော စည်းမျဉ်းဆိုင်ရာ လုပ်ငန်းဆောင်တာများနှင့် အာဖရိက၏ ကျန်းမာရေးကဏ္ဍအနာဂတ်အတွက် ရေရှည် တည်တံ့ခိုင်မြဲစေမည့် အခွင့်အာဏာရှိ သော ခေါင်းဆောင်မှုတို့ကို ပံ့ပိုးပေးထားကြောင်း မှတ်ချက်ပြုခဲ့ကြောင်း သိရှိရပါသည်။
Source: Xinhua
DOCA (ရန်ကုန်)







