Main menu

HighLight News

Powered by Drupal

မြန်အောင်မြို့ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ မြို့နယ်တာဝန်ခံ ဦးမြင့်အောင်မှ (၄.၄.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ အမှတ်(၂) ရပ်ကွက်၊ စာကြည်တိုက်တွင် ကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင် (၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခြင်းကို ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင်  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အကြောင်းသိကောင်းစရာများနှင့် စားသုံသူကာကွယ်ရေးဥပဒေပါ အခန်း (၁၀)မှ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အခန်း(၁၁) ပုဒ်မ(၂၂)(၂၃)အရ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း(၁၈) ပုဒ်မ(၄၁)(၄၃)အရ ကုန်အညွှန်းအမှတ်အသားများကို  မြန်မာဘာသာဖြင့် ဖော်ပြရမည့်အကြောင်း စသည့်တို့ကိုဟောပြောခဲ့ပြီး၊ တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်းခဲ့ပြီးစားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး နန်းတော်ကုန်း ကျေးရွာက ဝင်းသီင်္ဂီ ဆန်စက်အား ကွင်းဆင်းအသိပညာပေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၇.၄.၂၀၂၂) ရက်နေ့ နံနက် (၀၉၀၀) နာရီအချိန်တွင် နန်းတော်ကုန်းကျေးရွာ ဝင်းသီင်္ဂီ ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် ဓနုဖြူမြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝင်းသီင်္ဂီ ဆန်စက်ပိုင်ရှင် ဦးတင်လှိုင်တို့တွေ့ဆုံ၍ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ဆောင်ရွက်ထားနိုင်ရေးတို့အပြင်၊ ဓနုဖြူမြို့နယ်၏ ဆန်၊စပါး ဈေးကွက်အခြေအနေ၊ ရန်ကုန်သို့ ဆန်တင်ပို့နိုင်မှု အခြေအနေများနှင့် ဆန်းစပါးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှု အလာအလာကောင်းများ  ကို အကျယ်တဝင့် ဆွေးနွေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်ကုန်ခြောက်ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များစားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဧပြီလ (၁၈)ရက်နေ့ ၊ နံနက် (၀၈:၀၀) နာရီတွင် ကုန်ခြောက်ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များကို  စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် မြို့နယ်တာဝန်ခံက  စားသူကာကွယ်ရေးဥပဒေပါအခန်း (၁၈) ပုဒ်မ (၄၁) ၊ (၄၃) အရ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာဖြင့်ဖြစ်စေ  ၊မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု  သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးပါသည်။ ဆက်လက်၍  မြို့နယ်တာဝန်ခံက  ဈေးကွက်မရောက်မီ ကုန်စည်များ၊  ဈေးကွက် အတွင်းရောက်ရှိပြီး  ကုန်စည်များအား  မြန်မာနိုင်ငံ  စားသုံးသူကာကွယ်ရေးကော်မတီ၏ ညွှန်ကြား ချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက်ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများ ပြည့်စုံလုံခြုံမှု ရှိ/မရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက် ရှိပါကြောင်း ၊သတ်မှတ်ချက်နှင့်အညီ ပြည့်စုံမှုမရှိသော ကုန်စည်များအား ဥပဒေပါအတိုင်း အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း    ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအနေဖြင့်   ကုန်စည်များတွင်ကုန် အညွှန်းအမှတ်အသားများ ပြုလုပ်ထားသည့်အတိုင်း ဖော်ပြရမည်ဖြစ်ပါကြောင်းဆွေးနွေးခဲ့ပါသည်။

ထိုနောက်တက်ရောက်သူများမှသိလိုသည်များမေးမြန်းမှုအပေါ် မြို့နယ်တာဝန်ခံကပြန်လည် ဖြေကြားခဲ့ပြီး (၂၀၁၉)ခုနှစ် အစားသုံးသူကာကွယ်ရေး ဥပဒေ အချက်အလက်ပါ လက်ကမ်းစာစောင် များပေးဝေခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် အောင်သပြေဈေးအတွင်း ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၂၀.၄.၂၀၂၂)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့ အောင်သပြေဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိမရှိကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်၊  အောင်သပြေဈေးအတွင်း ရောင်းချနေ သောကုန်မျိုးစုံဆိုင်များအား စားသုံးသူကာကွယ်ဥပဒေ ၂၀၁၉ ပါပြဌာန်းချက်အရ စားသုံးသူ၏အခွင့် အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် များနှင့်ကိုက်ညီသော ကုန်စည်များအား စိစစ်ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိမရှိ စစ်ဆေးဝယ်ယူရောင်းချရန် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် ညွှန် ကြားချက်များ၊ အရေးယူဆောင်ရွက်မှုများ ရှင််လင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ဧရာဝတီ)

မြိတ်မြို့၊ ဆိပ်ငယ်ရပ် အလှကုန်ပစ္စည်းအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ ဗိုလ်ချုပ်လမ်းရှိ WED အလှကုန်အမျိုးမျိုး အ‌ရောင်းဆိုင်သို့ သွားရောက်၍ သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် WED အလှကုန်အမျိုးမျိုး အ‌ရောင်းဆိုင်ရှိ ကုန်ပစ္စည်းများကို စားသုံးသူဥပဒေပါကုန်အညွှန်းအမှတ်အသားအချက်အလက်များပြည့်စုံစွာပါရှိစေရန်နှင့်  သက်ဆိုင်ရာဝန်ကြီးဌာနထောက်ခံချက်နှင့် စျေးကွက်အတွင်း သုံးစွဲသူများအသုံးပြုရန်(သို့)သုံးစွဲရန်အာမခံ ချက်မရှိသောကုန်စည်များမရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်အချက်များ လိုက်နာဆောင်ရွက်ရန်ပြောကြားခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

ကုန်မျိုးစုံရောင်းချသော စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

           စားသုံးသူရေးရာဦးစီးဌာန၊ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

         ထိုသို့ဆွေးနွေးရာတွင်  စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းရေးအာမခံပေးရမည်ဖြစ်ကြောင်း၊ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့်ကိုက်ညီမှုမရှိသည့် ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းသို့မဟုတ်ရောင်းချခြင်းမပြုရန်နှင့် ဖောက်ဖျက်ကျူးလွန်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

 

ကုန်စုံဆိုင်များသို့ ဆပ်ပြာခဲ၏ ကုန်အညွှန်းအမှတ်အသားပါ အလေးချိန်ဖော်ပြချက် ကိုက်ညီမှု ရှိ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာ၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်နှောင်းနှောင်းဝင်းနှင့်ဝန်ထမ်းများသည် ဗန်းမော်မြို့အတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်(၅)ဆိုင်အား၁၉.၄.၂၀၂၂ ရက်နေ့ နှင့် ၂၀.၄.၂၀၂၂ ရက်နေ့များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ Paris ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသားပါ အလေးချိန်ဖော်ပြချက်နှင့် အမှန်တကယ်ပါဝင်သောအလေးချိန် ကိုက်ညီမှုရှိမရှိ စစ်ဆေးဆောင်ရွက်ခြင်း နှင့်စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့်တာဝန်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်စည်အုပ်စုအလိုက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(ကချင်)

သနပ်ပင်မြို့နယ်ရှိ စက်ဆီ ၊ ချောဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

              ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊  သနပ်ပင်မြို့နယ် တာဝန်ခံ ဦးသိန်းဆွေသည် ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းက သနပ်ပင်မြို့ပေါ်ရှိ စက်ဆီ ၊ ချောဆီနှင့် ဆက်စပ် ရေနံထွက်ပစ္စည်းအ‌ရောင်းဆိုင်များသို့ သွားရောက်၍ စက်ဆီ ၊ ချောဆီနှင့် ရေနံထွက်ပစ္စည်း အတုအပများ ‌ရောင်းချမှုမရှိစေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် သနပ်ပင်မြို့နယ်တာဝန်ခံမှ လုပ်ငန်းရှင် များအနေဖြင့် မိမိတို့ရောင်းချမည့် စက်ဆီ ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ ‌ရောင်းချမည် ဆိုပါက စီးပွားရေးကျင့်ဝတ် စည်းကမ်းများနှင့်အညီ ရောင်းချကြရန် ၊ သတ်မှတ် အရည်အသွေး ပြည့်မီသော ကုန်ပစ္စည်းများသာ ရောင်းချကြရန် ၊ စက်ဆီ ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ တင်သွင်း ၊ ထုတ်လုပ် ၊ ဖြန့်ဖြူး‌ရောင်းချခြင်းနှင့်စပ်လျဉ်း၍ အတုအပပြုလုပ်ခြင်း ၊ စျေးကွက်အတွင်း တရားမဝင် ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် ၊ အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

ညောင်တုန်းမြို့နယ် တပေကုလားကျေးရွာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး

             ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၈.၄.၂၀၂၂) ရက်နေ့ နံနက် (၁၀၀၀) မှ (၁၁၃၀) နာရီအချိန်ထိ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ညောင်တုန်းမြို့နယ် တပေကုလားကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

            အခမ်းအနားကို အစီအစဉ် (၅)ရပ်ဖြင့် ဆောင်ရွက်ခဲ့ပြီး အခမ်းအနားအစီအစဉ်အရ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာပြီးနောက် အစီအစဉ်(၂)အရ ကျေးရွာအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

        ဆက်လက်၍ အခမ်းအနာအစီအစဉ်အရ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပါဝင်မှ ဈေးကွက်အတွင်း ရောင်းချနိုင်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ပြည်တွင်း ကုန်သွယ်ရေးလုပ်ငန်းများအကြောင်းကို ဟောပြောပြီး တက်ရောက်လာသူ ကျေးရွာပြည်သူ/ပြည်သား (၅၀)ဦးအနက် သိရှိလို၍ ပြန်လည် မေးမြန်းမှုများကို အကျယ်တဝင့် အပြန်အလှန်ဆွေးနွေးဟောပြောခဲ့ပြီး လက်လမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

           ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီစျေးနှုန်းများ ပြောင်းလဲဖြစ်ပေါ်နေသော အခြေအနေများကြောင့် ၁၉.၄.၂၀၂၂ ရက်နေ့တွင် သက်ဆိုင်ရာခရိုင်ဦးစီးမှူးနှင့်အဖွဲ့များသည် မိမိတို့ခရိုင်အတွင်း စက်သုံးဆီဆိုင်များအား ကွင်းဆင်းစိစစ်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် ဆီဆိုင်လုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှ ဆီအဝင်မရှိ၍လည်းကောင်း၊ ရန်ကုန်မှ စက်သုံးဆီများဝယ်ယူ၍ မရခြင်းကြောင့်လည်းကောင်း ၊ လက်ကျန် ကျန်ရှိနေသော စက်သုံးဆီများအား ထိန်း၍ရောင်းနေရခြင်း၊ ‌ရောင်းချမှုအား အိမ်စီးကား ၊ ကုန်တင်ကား ၊ ခရီးသွားကားများ ၊ မော်တော်ဆိုင်ကယ်များအား ရောင်းချပေးလျက်ရှိပြီး တစ်ဦး /တစ်စီးလျှင် (၅၀၀၀၀) ကျပ်ဖိုး ၊ အများဆုံးငွေကျပ် (၁၀၀၀၀၀)ကျပ်ဖိုးထက် ပိုမို‌ရောင်းချ၍ မပြုခြင်း၊ ပုံးဆွဲ ၊ ပီပါဆွဲများဖြင့် ဝယ်ယူမှုကို ရောင်းချပေးခြင်းမရှိခြင်း ၊ အချို့ဆီဆိုင်များတွင် အချိန်ကန့်သတ်၍ ရောင်းချခြင်း ၊ ဆီဆိုင်များအနေဖြင့် ပုံမှန်အတိုင်းရောင်းချပါက ပြတ်လပ်မှုမရှိနိုင်သော်လည်း ကောလဟာလ သတင်းများကြောင့် ယခင်ထက်ပိုမိုဝယ်ယူသည့် ပမာဏများပြားပြီး ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ စက်သုံးဆီ ကုမ္ပဏီများမှ ဝယ်ယူရရှိမှုပေါ် အခြေခံ၍ စက်သုံးဆီလုံလောက်စွာ ဖြန့်ဖြူး‌ရောင်းချနိုင်မည် ဖြစ်ကြောင်းသတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News