Main menu

HighLight News

Powered by Drupal

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ပြည်တွင်းဆန်ဈေးကွက်၏ အခြေအနေများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း

               ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့ (၇)ရပ်ကွက်ရှိ ကျော်ဇေယျာထွန်း ဆန်စက်အား (၇.၄.၂၀၂၂) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ကျော်ဇေယျာထွန်း ဆန်စက်ပိုင်ရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပါဝင်မှ ဈေးကွက်အတွင်း ရောင်းချနိုင်မှုရှိစေရေးနှင့် ညောင်တုန်းမြို့နယ်၏ ဆန်စပါးထွက်ရှိမှု၊ ကြိတ်ခွဲနိုင်မှုနှင့် ဆန်စပါးဈေးကွက်အခြေအနေများကို အပြန်အလှန်ဆွေးနွေးပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးကို အလေးပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ (၁/၂၀၂၂) ကျင်းပပြုလုပ်

        ပဲခူးတိုင်းဒေသကြီ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဧပြီလ ၄ ရက်နေ့ ၊ နေ့လည် (၂:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ (၁/၂၀၂၂) အစည်းအဝေးပြုလုပ်ခဲ့ရာ  ဉက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် (၄) ဦးနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၅) ဦးတက်ရောက်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဉက္ကဋ္ဌ၊ စီးပွားရေးရာ ဝန်ကြီး ဦးတင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ပြဌာန်းထားသောနည်းဉပဒေဆိုင်ရာ ကိစ္စရပ်များ၊ စားသုံးသူသတင်းကွန်ယက်ဖွဲ့စည်းထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ချက်များ၊ တိုင်ကြားမှုနှင့် ဖြေရှင်းဆောင်ရွက်ချက်များအား ကော်မတီအဖွဲ့ဝင်များသို့ တင်ပြ၍ ကော်မတီ၏ဆုံးဖြတ်ချက်၊ အတည်ပြုချက်၊ အကြံပြုချက်များပေးနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

မအူပင်မြို့ မတ်ပဲဈေးကွက် အရောင်းအဝယ် သွက်

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင်မြို့ မြို့ရှောင်လမ်းနှင့် သိုက်ကုန်းလမ်းရှိ ထွန်းသူဇာ မတ်ပဲရောင်းဝယ်ရေးလုပ်ငန်းသို့ (၁၈.၄.၂၀၂၂) နေ့ နံနက်ပိုင်း(၁၁၀၀)နာရီချိန်တွင် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ထွန်းသူဇာမတ်ပဲ ပွဲရုံပိုင်ရှင် ဦးသန်းထွန်းနှင့် တွေ့ဆုံ၍ မတ်ပဲဈေးကွက်အခြေအနေများ၊ ယနေ့ မတ်ပဲဈေးနှုန်းအနေဖြင့် ၄၈၅၀၀/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း တစ်နေ့လျှင် မတ်ပဲတင်း (၁၅၀၀)တင်းခန့် လာရောက်ရောင်းချလျှက်ရှိကြောင်းနှင့် မတ်ပဲစိုက်တောင်သူများ ဈေးအနည်းငယ် ပိုမိုရရှိသဖြင့် တွက်ခြေကိုင်မှုအခြေအနေများကို မအူပင်မြို့နယ် တာဝန်ခံ ဦးအောင်ဇော်ဦးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုအတွက် လိုအပ်သညိများနှင့် SME လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းအခြေအနေများကို အသေးစိတ် အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်းလေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့ပေါ်ရှိ စတိုးဆိုင်များနှင့် ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်

               ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၇.၄.၂၀၂၂) နေ့ နံနက်ပိုင်းတွင် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မအူပင်မြို့ပေါ်ရှိ စတိုးဆိုင်များနှင့် ကုန်မျိုးစုံဆိုင်များသို့ ကွင်းဆင်း၍ ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်မှု ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်မှုတွင် စတိုးဆိုင်များနှင့် ကုန်မျိုးစုံဆိုင်များအား မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးက အသင့်စားအစားအစာများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပါဝင်မှုရှိသော ကုန်ပစ္စည်းများသာ ဈေးကွက်အတွင်း ရောင်းရမည် ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးများ၊ လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်နှင့် ဝတ္တရားများအကြောင်းတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကြို့ပင်ကောက်မြို့နယ် ကြို့ပင်ဝိုင်းကျေးရွာတွင် တောင်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ပျဉ်တောင်တွင်းအုပ်စု၊ ကြို့ပင်ဝိုင်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတတ်‌ရေး သင်တန်းအား (၂၀.၄.၂၀၂၂) ရက်နေ့ နံနက် (၉:၀၀) အချိန်တွင် စိုက်ပျိုးရေးဌာန ၊ မွေး/ကုဌာန၊ မြေစာရင်းဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ တက်ရောက်လာသူ တောင်သူ (၃၄) ဦးအား စားသုံးသူရေးရာဦးစီးဌာန ဒု-ဦးစီးမှူး ဒေါ်အေးအေးမွန်မှ စားသုံးသူကာကွယ်ရေးဉပ‌ဒေပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့ပါသည်။

          တက်ရောက်လာသူများအနေဖြင့် ဈေးကွက်အတွင်းဝယ်ယူသုံးစွဲသော ကုန်စည်များအပေါ် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှ ရွေးချယ်ဝယ်ယူတတ်စေရန် မြန်မာနိုင်ငံစားသုံးသူကော်မရှင်မှ သတ်မှတ်ထားသော ကုန်စည်(၉)မျိုးအား နမူနာထား၍ ရှင်းလင်းဆွေးနွေး‌ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးခဲ့ပါသည်။

          ‌ဟောပြောပွဲအပြီးတွင် ကျေးရွာအတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်(၂)ဆိုင်ကိုလည်း ရာအိမ်မှူးလိုက်ပါပြီး ရောင်းချနေသောမုန့်များတွင် သတ်မှတ်ထားသောအချက်များပြည့်စုံစွာ ပါရှိမှု ရှိ/မရှိ အား ကွင်းဆင်းစစ်ဆေး အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

မြောင်းမြမြို့၊ စားသုံးရန်မသင့်သည့်ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးကော်မတီနှင့် ပူးပေါင်း၍ မြို့နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနက စားသုံးရန်မသင့် ထုတ်ပြန်ထားသော အသားလုံး၊ အသားချောင်းများအား အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ မတ်လအထိ စားသုံးရန်မသင့်ဟု စစ်ဆေးတွေ့ရှိသည့် အသားလုံး၊ အသားချောင်း (၂၁) မျိုးအား မြောင်းမြမြို့နယ်အတွင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ  စားသုံးရန်မသင့်ဟု ကြေငြာထားသော အသားလုံး၊ အသားချောင်း  ရောင်းချသော အရောင်းဆိုင် (၃) ဆိုင်မှ ပစ္စည်းအမျိုးအစား(၃) မျိုး၊ အရေအတွက် (၆)ခု အား အဖွဲ့ဖြင့် သိမ်းဆည်းပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးဝန်းအတွင်း မြေမြုပ်ဖျက်စီးခဲ့ကြောင်း သိရှိရပါသည်။

           အလားတူ မြောင်းမြခရိုင်အတွင်းရှိ အိမ်မဲမြို့နယ်နှင့် ဝါးခယ်မမြို့နယ်များတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက စားသုံးရန်မသင့် ထုတ်ပြန်ထားသောအသားလုံး၊ အသားချောင်း (၂၁)မျိုးအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းလည်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လက်ပံတန်းမြို့ပေါ်ရှိ ပိုးသတ်ဆေးနှင့် ဓါတ်မြေသြဇာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ခရိုင်ဦးစီးမှူး ဦးအောင်သိန်းဦးဆောင်၍ မြို့နယ်တာဝန်ခံ ဉီးချစ်ကိုကို၊ ပြည်တွင်းဌာန တာဝန်ခံ ဒေါ်ခင်ခင်ထိုက်၊ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ ဒေါ်သက်မြတ်နိုးထွန်း တို့သည် (၂၀.၄.၂၀၂၂) ရက်နေ့ နေ့လည် (၁:၀၀) အချိန်တွင် လက်ပံတန်းမြို့၊ မြို့ပေါ်ရှိ ပိုးသတ်ဆေးနှင့် ဓါတ်မြေသြဇာဆေးအရောင်းဆိုင်များသို့ သွားရောက်၍  စားသုံးသူကာကွယ်ရေး ဉပဒေအခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့် အညီ  ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိနှင့် စိုက်ပျိုးရေး သွင်းအားစုဖြစ်သည့် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ၏ ဈေးနှုန်း‌ဈေးကွက်အခြေအနေများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စစ်ကိုင်းမြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

              စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်နှင့် ဝန်ထမ်းများသည် စစ်ကိုင်းမြို့၊ လေးကျွန်းမြေအုဌ်ကျောင်း(ဘုန်းတော်ကြီးကျောင်း)၌ မတ်လ ၂၉ရက်မှ ဧပြီလ ၁၂ရက်နေ့ထိ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဓမ္မစကူးလ်ဖွင့်လှစ်သင်ကြားခဲ့ရာ ကျောင်းသား/ ကျောင်းသူ ၅၀၀ကျော်တက်ရောက်ခဲ့သည့်အနက် ကျောင်းသား/ကျောင်းသူ ၁၅၀ဦးအား ဧပြီလ ၈ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ ပန်းဖလက်များ ဖြန့်ဝေပြီး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စစ်ကိုင်းခရိုင်ဦးစီးမှူးက  စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အကြောင်း၊ မိမိတို့ဌာန၏ မျှော်မှန်းချက်သည် "စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်" ဖြစ်ပါ ကြောင်း၊ နှစ်စဉ် မတ်လ(၁၅)ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဟု သတ်မှတ်ထားပါ ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့က ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၉။ ဖြင့်ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)၊ ပုဒ်မ(၁၉)တွင် ပြဌာန်ထားသော စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များ အခန်း (၁၈) ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့်ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်(၈)ချက်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဆင့်ပွားသင်တန်းကျင်းပ

              စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၌ (၂၀.၄.၂၀၂၂) ရက်နေ့(၁၀: ၀၀)နာရီအချိန်တွင် စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဆင့်ပွားသင်တန်းကျင်းပခဲ့ပါသည်။

              အဆိုပါဆင့်ပွားသင်တန်းတွင် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်မှ အဖွင့်မှာစကားပြောကြားခဲ့ပြီး ရွှေဘိုခရိုင်မှ စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခဲ့သည့် စစ်ဆေးရေးမှူးဦးမျိုးအောင်မှ အန္တရာယ်အရင်းအမြစ်များ ချင့်ချိန်ဆုံးဖြတ်နိုင်သောနည်းပညာ (Methodology of  Risk Assessment)အကြောင်း၊  စစ်ဆေးရေးမှူး ဒေါ်ထွေးထွေးအေးမှ စားသုံးသူအသိပညာပေးခြင်းဆိုင်ရာ ကိစ္စရပ်များအကြောင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု့ဆိုင်ရာလုပ်ငန်းများအကြောင်း၊ စစ်ဆေးရေးမှူး ဦးသန့်ဇော်လင်းမှ စားသုံးသူတိုင်ကြားမှု ဖြေရှင်းခြင်းဆိုင်ရာကိစ္စရပ်များအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများအကြောင်၊ စစ်ဆေးရေးမှူး ဦးကျော်မျိုးမင်းမှ သင်တန်းအကြောင်း သိကောင်းစရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်၊ဝါလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

                  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများသည် ၂၀-၄-၂၀၂၂ နေ့တွင် မုံရွာစက်မှုဇုံ၌ မုံရွာခရိုင်၊ ဝါလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

              ထိုသို့ဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည်  ၈-၄-၂၀၂၂ ရက်စွဲပါ အမိန့်အမှတ် ၁/၂၀၂၂  ဖြင့် ဝါသီးနှံနှင့် ဝါဂွမ်းကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ အဆိုပါအမိန့်တွင် ဝါသီးနှံနှင့် ဝါဂွမ်းတို့ကို စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း မပြုရန်တားမြစ်ထားပါကြောင်း၊ အမိန့်ပါ တားမြစ်ချက်များအား လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပါကြောင်း၊  ယင်းကိစ္စနှင့်ပတ်သက်၍ ဝါသီးနှံနှင့် ဝါဂွမ်းတို့ကို တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု အခြေအနေများကို ​ကြပ်မတ်ဆောင်ရွက်ရန် စားသုံးသူရေးရာဦးစီးဌာနအား တာဝန်ပေးအပ်ထားသည့်အတွက် မိမိအနေဖြင့် ယခုကဲ့သို့ ဝါလုပ်ငန်းရှင်များအား လာရောက်တွေ့ဆုံ ရှင်းလင်းဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ ဝါသီးနှံနှင့်ဝါဂွမ်းကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသော်လည်း ပုံမှန်ရောင်းဝယ်ဖောက်ကားမှုများကို ဆက်လက်ဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ဝါသီးနှံနှင့်ဝါဂွမ်း လက်ကျန် အခြေအနေများ၊ ရောင်းဝယ်ဖောက်ကားမှုအခြေအနေများကို အထက်အဆင့် တာဝန်ရှိသူများထံ  အပတ်စဥ် တင်ပြရမည်ဖြစ်သောကြောင့် ဌာနတာဝန်ရှိသူများက စာရင်းကောက်ယူသည့်အခါ မှန်မှန်ကန်ကန်စာရင်းပေးစေလိုပါကြောင်း၊ ဌာနနှင့်ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ လုပ်ငန်း ရှင်များဖက်က အခက်အခဲများ၊ အကြံပြုလိုသည်များရှိပါက ဆွေးနွေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

             ထို့နောက် ဝါလုပ်ငန်းရှင်များက ၎င်းတို့၏အခက်အခဲများကို တင်ပြကြပြီး၊ နိုင်ငံတော်မှ ဝါဂွမ်းဝယ်ယူရေးနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - HighLight News