Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော  ကြက်သား ဈေးနှုန်း

      ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး နှင့် သစ်ရာမြိုင်ဈေးများတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ အသား/ငါး ဈေးနှုန်းများထဲမှ ကြက်သား ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

     ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဝယ်ယူ၍ မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုး  ရောင်းချလျက်ရှိရာ ကြက်သားဈေးနှုန်းများမှာ စက်တင်ဘာလ ဒုတိယပတ် မွေးမြူရေးကြက်သား ဈေးနှုန်း တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ ကြက်မြစ် ကြက်သဲ တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ကြက်အမြစ်သီးသန့် တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ် နှင့် ကြက်အရိုး အစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုး တို့၏ ဈေးနှုန်းအနေဖြင့်  တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကြက်သားသည် ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)    

ကျန်းမာရေးနှင့်ညီညွတ်သော လဖက်အစားထိုး ကြက်တက်ရွက်ပြုတ်

        ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်တက်ရွက်ပြုတ်များ ရောင်းချလျက်ရှိရာ ကြက်တက် ရွက်ကို မိုးဦးကျစတွင် စတင်ပေါက်ရောက်လေ့ရှိသော အရွက်တစ်မျိုးလည်း ဖြစ်ပါသည်။  ရာသီစာ ကြက် တက်ရွက်ပြုတ်သည် လူကြိုက်များသော လဖက်အစားထိုးသရေစာတစ်မျိုးဖြစ်ပါသည်။

          ၂၀၂၅ ခုနှစ်၊  စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချ နေသော ကြက်တက်ရွက်ပြုတ် ဈေးနှုန်းအနေဖြင့်  တစ်ပိသာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၆၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

 

“သီးသီးစျေးနှုန်းနှင့်အကျိုးကျေးဇူး”

      မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ကျောက်ဆည်ဒေသသည် အညာဒေသတစ်ခုဖြစ်သည့်အလျောက် အညာဒေသ၏အပင် တစ်မျိုးဖြစ်သော သီးသီးပင်သည်လည်း နေရာအနှံ့အပြားပေါက်ရောက်လေ့ရှိပါသည်။ ယခုလို မိုးရာသီ တွင်သီးသီးများဖြိုင်ဖြိုင်ပေါ်လျက်ရှိပါသည်။ သီးသီးသည် အပူဒဏ်ခံရသော ဝေဒနာ များကိုသက်သာ စေတယ်လို့ အိန္ဒိယမှနာမည်ကြီးပါသည်။ သီးသီးက အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးဖြစ်သောကြောင့် အစာခြေ စနစ်ကိုကျန်းမာစေပြီး ဝမ်းမှန်စေပါသည်။ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးနှင့် မြို့မစျေးများထဲတွင် သီးသီးများအရောင်းအဝယ်ဖြစ်လျက်ရှိပြီး သီးသီးစျေးနှုန်းအနေဖြင့် တစ်လုံး လျှင်(၁၀၀-၁၅၀)ကျပ်ရှိပြီး အလုံးအကြီးအသေးပေါ်မူတည်၍ စျေးကွာခြားလျက်ရှိပါသည်။ သီးသီးကို ယိုပဲထိုး စားစား၊အနှစ်ကိုကြိတ်ပြီးဖျော်ရည်ပဲ လုပ်သောက်သောက်၊အသီးကို ငရုတ်သီး၊ ဆားတို့ နှင့်နယ်ပြီးပဲစားစား ဘယ်လိုစားပေးစားပေး လူကို အကျိုးပြုနိုင်တယ်ဆိုတာ သိသွားကြပြီး ဆိုတော့ အလျဉ်းသင့် သလိုကြုံကြိုက်ရင်တော့ဖြင့် မြည်းစမ်းစားကြည့်ကြဖို့ အကြံပြုရေးသားလိုက်ရပါသည်။

DOCA(မန္တလေး)

 

“မိုးစပါးများအောင်မြင်ဖြစ်ထွန်း”

     ကျောက်ဆည်ခရိုင်အတွင်းတွင် မိုးစပါးများကို ဇွန်လမှစတင်၍ စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် မိုးစပါးများအောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည် ။ မိုးစပါးစိုက်ပျိုးမှုအနေဖြင့် ခရိုင်အတွင်း (၅၉၉၇၁)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၁၉၆၅၀)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည် ။ မိုးစပါးစိုက်ပျိုးမှုတွင် ပျိုးထောင်စိုက်ပျိုးမှုနှင့် ပတ်ကြဲစိုက်ပျိုးမှုများကို စိုက်ပျိုးကြကြောင်း၊ မိုးစပါးစိုက်ပျိုးမှု တွင်(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၀၃၀၀၀၀)ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့်(၈၀-၈၅) တင်းခန့် ထွက်ရှိကြောင်း၊စပါးစျေးနှုန်းအနေဖြင့်ဧရာပဒေသာ တစ်တင်းလျှင်(၂၈၀၀၀/-)ကျပ်၊ မနောသုခတစ်တင်းလျှင်(၂၁၀၀၀/-)ကျပ်စျေးနှုန်းဖြင့် ရောင်းဝယ်ခဲ့သောကြောင့် အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီးပါက(၁၂၀၀၀၀၀/-)ကျပ်ခန့် မြတ်ခဲ့ကြောင်း၊ စပါးစျေးနှုန်းအနေ ဖြင့် ဧရာပဒေသာ(အဟောင်း) တင်း(၁၀၀)လျှင်(၂၈၀၀၀၀၀/-)ကျပ် ၊  မနောသု(အဟောင်း)တင်း (၁၀၀)လျှင်(၂၁၀၀၀၀၀/-)ကျပ်ဖြစ်ပြီး ဆန်စျေးနှုန်းအနေဖြင့် ဧရာပဒေသာ ဆန်(အဟောင်း) တစ်အိတ်လျှင်(၁၃၅၀၀၀/-)ကျပ် ၊ မနောသုခ တစ်အိတ်လျှင်(၉၂၀၀၀/-)ကျပ်၊ နွေစပါး(အသစ်) မနောသုခ တင်း(၁၀၀)လျှင်(၁၃၀၀၀၀၀/-)ကျပ် ၊ မနောသုခဆန် တစ်အိတ်လျှင် (၆၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ပွဲစားများထံမှ သိရှိရပါသည်။ယခုအချိန် တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် မိုးပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မိုးစပါး စိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

ခရမ်းချဉ်သီးစျေးအနည်းငယ်မြင့်တက်

         မန္တလေးစျေးကွက်သို့ မိုးရာသီအတွင်း   ခရမ်းချဉ်သီးဝင်ရောက်မှုအပေါ်မူတည်၍  စျေးနှုန်းအနည်း ငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးချို၊ ကိုင်းတန်းစျေးရှိခရမ်းချဉ်သီးပွဲရုံများ၊ သီရိမာလာစျေး (ပိုက်ကျုံးစျေး) နှင့် ၄၁လမ်း၊ ကမ်းနားလမ်းရှိ ကုန်စိမ်း လက္ကားစျေးတို့တွင် ခရမ်းချဉ်သီးအားခေါင်သီးနှင့်အလတ်စသီးဟူ၍ အမျိုးအစားခွဲခြား ရောင်းချလျှက်ရှိပါသည်။  ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း   ဖြစ်ပေါ်လျက်ရှိသော   ခရမ်းချဉ်သီးလက္ကားစျေးအနေဖြင့် အင်းသီးတစ်သေတ္တာ(၂၀ ပိဿာပါ)လျှင် ၅၀၀၀၀ ကျပ်နှင့် ၆၀၀၀၀ကျပ်၊ လက်လီစျေးအနေဖြင့် ခရမ်းချဉ်သီး ဘောလုံးသီးနှင့်  အင်းသီး တစ်ပိဿာလျှင်    ၃၀၀၀ ကျပ်နှင့် ၃၅၀၀ ကျပ် တို့ဖြင့်ရောင်းချလျက်ရှိပြီး၊ စက်တင်ဘာလပထမပတ်စျေးနှင့် နှိုင်းယှဉ်ပါက တစ်ပိသာလျှင် ၃၀၀ ကျပ်နှင့် ၅၀၀ ကျပ် အကြားကွာခြားမှုရှိပြီး၊  စျေးအနည်းငယ်မြင့်တက် သွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့မှ ကျောက်စိမ်းပန်း(ခေါ်)ဇော်စိမ်းပန်း ဈေးနှုန်း

               စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုး ဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည် ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ကျောက် စိမ်းပန်း(ခေါ်)ဇော်စိမ်းပန်း ဈေးနှုန်းအနေဖြင့် ကျောက်စိမ်းပန်း(ခေါ်)ဇော်စိမ်းပန်း()ခက်ပါ တစ်စီးလျှင် (၁၀၀၀)ကျပ်၊ (၁၀)စီးပါ တစ်ထုံးလျှင်(၈၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင် ဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည် ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

စက်တင်ဘာလဒုတိယပတ်မြေထောက်ပဲစျေး

          မြေထောက်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားပြီး၊ ပြည်ပသို့တင်ပို့သည့် ပဲတစ်မျိုး ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မြေထောက်ပဲ သီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလဒုတိယပတ် အတွင်းဖြစ်ပေါ်လျက်ရှိသော ၃တင်းဝင်တစ်အိတ်လျှင်မြေထောက်ပဲပေါက်စျေးမှာ ၂၇၀၀၀၀ ကျပ် နှင့်၂၉၀၀၀၀ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ၅၀၀၀ကျပ်နှင့် ၅၃၇၀ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၃၁၀၀၀၀ ကျပ် နှင့် ၃၆၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၅၇၄၁ကျပ်နှင့် ၆၆၆၇ ကျပ်ဖြစ်ပြီး ယခုနှစ်နှင့်ယခင်နှစ် စျေးနှိုင်းယှဉ်ပါက မြေထောက်ပဲစျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့တွင် ရောင်းချနေသော ကန်ဇွန်းဥ ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး နှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင် ကြရာ စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် နှင့် မိမိပိုင်ယာမြေများတွင် စီးပွားဖြစ် စိုက်ပျိုးရောင်းချလျက်ရှိပါသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ် နေသော ကန်ဇွန်းဥ ဈေးနှုန်းမှာ ကန်ဇွန်းဥ တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၃၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၇၀၀)ကျပ် ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးသူများပြီး အရောင်းအဝယ်ဖြစ်နေ ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)       

အရောင်းသွက်သည့်မန္တလေးပဲနီပြားစျေးကွက်

          ပဲနီပြားမှာ ပြည်တွင်း စားသုံးမှုများပြားပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲနီပြား သီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု   (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း   သိရပါသည်။     မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင် ပဲနီပြား(ကျွန်း) ၅၀၀၀၀၀ ကျပ်၊ပဲနီပြား(တံတားဦး)၄၀၀၀၀၀ကျပ်၊  တစ်ပိဿာလျှင် ပဲနီပြား(ကျွန်း) ၉၀၅၀ကျပ်၊ ပဲနီပြား (တံတားဦး)၇၂၄၀ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူစျေးမှာ တစ်ပိဿာ လျှင် ပဲနီပြား၈၁၄၅ ကျပ်နှင့် ၈၆၈၈ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှင့်ယခုနှစ်စျေးနှိုင်း ယှဉ်ပါကပဲနီပြားမှာ စျေးပိုမိုရရှိကာ အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စက်တင်ဘာလဒုတိယပတ်ပဲပုတ်စျေး

          ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပတင်ပို့သည့်ပဲပုတ်မှာ အရောင်းသွက်လျက်ရှိပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲပုတ်အပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်းပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲပုတ် (ရှမ်း) ၂၆၅၀၀၀ကျပ်နှင့်၂၈၇၀၀၀ကျပ်၊ ပဲပုတ်(ဗမာ) ၃၇၀၀၀၀ကျပ်၊ တစ်ပိဿာ ပေါက်စျေးမှာ ပဲပုတ် (ရှမ်း) ၄၉၇၇ ကျပ်နှင့်၅၃၉၀ ကျပ်၊ ပဲပုတ်(ဗမာ) ၆၉၄၈ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲပုတ် (ရှမ်း) ၆၅၇၃ ကျပ်နှင့် ၇၅၅၂ ကျပ်၊ပဲပုတ်(ဗမာ) ၆၉၄၈ကျပ်နှင့်၇၁၃၆ကျပ်၊ပဲပုတ်(စက်ပဲ)၈၅၂၂ကျပ်နှင့် ၆၅၇၃ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှင့်ယခင်နှစ်ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါကပဲပုတ်စျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း