Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော နှမ်းနက်၊ နှမ်းဖြူနှင့် နေကြာ သီးနှံဈေးနှုန်း အခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ အဓိကစိုက်ပျိုးသီးနှံများဖြစ်သည့် နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံ များကို တောက္ကရှပ်ကျေးရွာ၊ ဆိပ်ဖူးမြောင်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။

          ယခုဒုတိယပတ်အတွင်း နှမ်းနက်တစ်တင်းလျှင် ကျပ် ၁၆၅၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၁၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပထမပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ် ပါက နှမ်းနက်နှင့် နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၅၀၀၀ ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကန့်ဘလူမြို့ နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဈေးနှုန်းများမှာ မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များ အဖွင့်ဈေးနှင့် ဝယ်လိုအားအပေါ်မူတည်၍ အတက်/အကျဖြစ်လျက်ရှိကြောင်း သိရသည်။

     ယခုမိုးရာသီအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မိုးနေကြာ စိုက်ဧက (၅၀၀)ကျော်စိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ယခုဒုတိယ ပတ်အတွင်း နေကြာတစ်တင်းလျှင် ကျပ် ၅၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက သီးနှံပေါ်စဖြစ်၍ နေကြာတစ်တင်းလျှင် ကျပ် ၇၀၀၀ ဈေးနှုန်းမြင့် တက်လာသည့်အတွက် စိုက်ပျိုးတောင်သူများအတွက် အကျိုးအမြတ်ပိုမိုရရှိကြောင်း ဒေသတွင်း ပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ညောင်တုန်းမြို့နယ်မှ ဆန်နှင့် ဆန်ကွဲတင်ပို့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ

      ညောင်တုန်းမြို့နယ်အတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုအခြေအနေများကို ကွင်းဆင်းစုံစမ်းရာ ပြည်ပနှင့် ပြည်တွင်းသို့ တင်ပို့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသော်လည်း ယခင်ကာလများနှင့် နှိုင်းယှဉ်ပါက တင်ပို့မှုပမာဏ အနည်းငယ်လျော့နည်းလာကြောင်း သိရသည်။

         စုံစမ်းရရှိချက်များအရ ပြည်ပသို့ ဆန် ၇,၂၈၀ အိတ်ကို ကုန်တင်ယာဉ် ၁၄ စီးဖြင့် တင်ပို့ခဲ့ပြီး၊ ပြည်တွင်းသို့ ဆန် ၅,၇၆၁ အိတ်ကို ကုန်တင်ယာဉ် ၁၅ စီးဖြင့် တင်ပို့ခဲ့သည်။ ထို့ကြောင့် ဆန်စုစုပေါင်း ၁၃,၀၄၁ အိတ်ကို ကုန်တင်ယာဉ် ၂၉ စီးဖြင့် တင်ပို့ခဲ့ကြောင်း သိရသည်။

      အလားတူ ဆန်ကွဲတင်ပို့မှုအနေဖြင့် ပြည်ပသို့ ၁,၆၈၀ အိတ်ကို ကုန်တင်ယာဉ် ၃ စီးဖြင့်လည်းကောင်း၊ ပြည်တွင်းသို့ ၉၁၄ အိတ်ကို ကုန်တင်ယာဉ် ၃ စီးဖြင့်လည်းကောင်း တင်ပို့ခဲ့ရာ ဆန်ကွဲစုစုပေါင်း ၂,၅၉၄ အိတ်ကို ကုန်တင်ယာဉ် ၆ စီးဖြင့် တင်ပို့ခဲ့ကြောင်း သိရသည်။

     ကွင်းဆင်းလေ့လာချက်များအရ လက်ရှိကာလတွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုများမှာ ယခင်ကာလထက် အနည်းငယ်လျော့နည်းလာသော်လည်း လှေထိုးစပါးသစ်များ အနည်းငယ်ထွက်ရှိလာပြီဖြစ်သဖြင့် ဆန်စက်လုပ်ငန်းများ၌ စပါးဝင်ရောက်မှုများ စတင်ရှိလာကြောင်း သိရသည်။

       မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆန်နှင့် ဆန်ကွဲတင်ပို့မှု၊ စပါးဝင်ရောက်မှုနှင့် ဈေးကွက်အခြေအနေများကို စဉ်ဆက်မပြတ် ကွင်းဆင်းစောင့်ကြည့်၍ ကုန်စည်စီးဆင်းမှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စုစည်းတင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကရင်ပြည်နယ်ဒေသထွက် ဘုံလုံသီးဈေးနှုန်း

       ကရင်ပြည်နယ်ထွက် ဘုံလုံသီးစိုက်ပျိုးထွက်ရှိမှု ပုံမှန်ရှိပြီး ဒေသတွင်းဈေးကွက်၌ အရောင်း အဝယ် သွက်လျက်ရှိသည်။ ကရင်ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် ရာသီအလိုက် အဓိကစိုက်ပျိုးကြရာတွင် ဒေသထွက်ဘုံလုံသီး (ကျောက်ဖရုံသီးနွယ်ဝင်စိုက်ပျိုးသီးနှံ)များ ထွက်ရှိ သည့် ရာသီချိန်သို့ ရောက်ရှိလာပြီဖြစ်ရာ ယခုနှစ်တွင် စိုက်ပျိုးထွက်ရှိမှု ပုံမှန်ရှိပြီး ဒေသတွင်း  သီးနှံ ဈေးကွက်၌ ဝယ်လိုအားကောင်းမွန်ကာ အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရသည်။ ဘုံလုံသီး ကို ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး စသည့် မြို့နယ်များရှိ တောင်ယာခင်းများနှင့်ဥယျာဉ်ခြံများတွင် အရိပ်ရသီးနှံအဖြစ် တနိုင်တပိုင်မှ စီးပွားဖြစ် သည်အထိ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြသည်။ ဘုံလုံသီးသည် စိုက်ပျိုးရလွယ်ကူပြီး ရာသီဥတု ဒဏ်ခံနိုင်သည့်အပြင် ရိတ်သိမ်းချိန်တွင် အသီးအထွက်နှုန်းကောင်းမွန်သည့် သီးနှံတစ်မျိုးဖြစ်သည်။

         ထွက်ရှိမှုနှင့် စိုက်ပျိုးစရိတ်- ယခုနှစ် မိုးရာသီးကာလ ထွက်ရှိမှုအခြေအနေတွင် ရာသီဥတု ဆိုးရွာမှု ရှိသည့်အတွက် ထွက်ရှိမှုနှုန်းပုံမှန်မရှိဘဲ အသီးအရည်အသွေးလည်း ကောင်းမွန်ကြောင်း တောင်သူ များထံမှသိရသည်။ စိုက်ပျိုးစရိတ်အနေဖြင့် မြေဩဇာနှင့် လုပ်အားခ ဈေးနှုန်းအနည်းငယ်မြှင့်တက် လာမှုရှိသော်လည်း ထွက်ရှိလာသည့်အသီးများကို ပုံမှန်ဆွတ်ခူးရောင်းချနိုင်သဖြင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ တွက်ချေကိုက်လျက်ရှိသည်။

     ဈေးကွက်နှင့်ဈေးနှုန်းအခြေအနေ- ကရင်ပြည်နယ်မှထွက်ရှိသည့် ဘုံလုံသီးများကို ဒေသတွင်း ဘားအံမြို့မှဈေးကြီးအပါအဝင် မြို့နယ်အသီးသီးရှိ မြို့မှဈေးများနှင့် အိမ်ဆိုင်များသို့ အဓိက တင်ပို့ ရောင်းချလျက်ရှိသည်။ ဘုံလုံသီးကို အရွယ်အစားနှင့် အလေးချိန်ပေါ်မူတည်၍ရောင်းချကြရာ လက်ကားဈေး တစ်လုံးလျှင် (၁,၅၀၀၊၂,၅၀၀)ကျပ် ဝန်းကျင် ဈေးရရှိသည်။ လက်လီဈေးနှုန်းမှာ စိမ်းလန်း လတ်ဆက်ပြီး အရွယ်အစားကြီးသော ဘုံလုံသီး တစ်လုံးလျှင် (၃,၀၀၀၊၄,၀၀၀) ကျပ် အထိ ရောင်းချ လျက်ရှိသည်။ ဘုံလုံသီးသည် ဒေသခံများအတွက် နေ့စဉ်ဟင်းလျာ အဖြစ် ချက်ပြုတ်စားသုံးမှု များပြားသည့်အပြင် ကျန်းမာရေးအတွက်လည်း သင့်တော်သည့် ဟင်းသီး ဟင်းရွက်တစ်မျိုးဖြစ် သောကြောင့် ဝယ်လိုအား အမြဲရှိနေသည့် သီးနှံဖြစ်ကြောင်း ဒေသခံသီးနှံ ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

          ဒေသထွက်ဘုံလုံသီးများ ဈေးကွက်အတွင်းသက်သာသောဈေးနှုန်းဖြင့် ပေါပေါများများရရှိ နေခြင်းကြောင့် စားသုံးသူများအတွက် ဟင်းသီးဟင်ရွက် စိတ်ကြိုက်ရွေးချယ်နိုင်သလို စိုက်ပျိုးသည့် တောင်သူများအတွက်လည်း ပုံမှန်ဝင်ငွေရရှိစေသည့် သီးနှံတစ်မျိုးလည်းဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၃-၈-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၃ -၈ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

မြင်းခြံကုန်စည်ဒိုင်၌ ဆက်လက်မြင့်တက်လာသောဆောင်းကြက်သွန်နီဈေးနှုန်းနှင့် တင်ပို့မှုအခြေအနေ

               မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းရှိ  ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ကံဆင့်ရွာ၊ တလုပ်ရွာ၊ တောပုရွာ၊ နနွင်းတော်ဘိုးရွာ၊ ကံရွာ၊ တူရွင်းဘိုးရွာ၊ ကျားတိုင်းရွာနှင့် သင်ပြွန်းရွာတို့တွင် ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများကို အဓိကစိုက်ပျိုးကြောင်း၊  မြင်းခြံဈေးကွက်၌ ဆောင်းကြက်သွန်နီသည် ယခုတစ်ပတ်တွင် ဈေးနှုန်းဆက်လက်မြင့်တက်လာ ကြောင်း၊ တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၄၃၀၀၀)ပိဿာခန့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရသည်။

               ၂၀၂၆ခုနှစ်၊ ဩဂုတ်လပထမတွင် မြင်းခြံကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော ကြက်သွန်နီ  ဈေးနှုန်းမှာ  ထိပ်စတစ်ပိဿာလျှင် (၅၄၀၀-၅၆၀၀)ကျပ်၊ အလတ်စ  (၄၈၀၀-၅၂၀၀) ကျပ်၊ အသေးစ (၄၅၀၀-၄၇၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီအရွယ်အစားလိုက် တစ်ပိဿာလျှင် (၅၀၀-၈၀၀) ကျပ်အထိဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ တောင်ကြီးနှင့် မော်လမြိုင်မြို့များသို့ နေ့စဉ်တင်ပို့ကြောင်း၊  တစ်အိတ်လျှင် ကုန်ချိန် ပိဿာဝင် (၃၀) အိတ်များဖြင့်၊ ယခုတစ်ပတ်တွင်ကုန်ချိန် (၂၄၂၅၀၆) ပိဿာခန့် တင်ပို့ကြောင်း၊ တန်ချိန်အားဖြင့် (၃၉၆)တန်တင်ပို့ခဲ့ကြောင်း၊ ဆောင်းကြက်သွန်နီသီးနှံသည် သိုလှောင်ရာတွင် တာရှည်ခံသလို စားသုံးရာတွင် နူးညံ့သောကြောင့် ဈေးကွက်၌ ဝယ်လက်များသဖြင့် ဈေးနှုန်းမြင့် တက်ခြင်း ဖြစ်ကြောင်း၊ ကုန်သည်များထံမှ သိရှိရ ပါသည်။

DOCA(မန္တလေး)

၂၀၂၆ ခုနှစ် ဩဂုတ်လ ပထမပတ်တွင် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်ဈေးနှုန်းစာရင်းနှင့် ပဲပုတ်လက်ကျန်စာရင်း

           ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ပထမပတ် မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်ဈေးနှုန်းများမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၁၁၅၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်ခန့်ရှိပါသည်။ လက်ရှိတွင် မြေပဲထွက်ချိန်မဟုတ်ပါ အသစ်များမှာ ဩဂုတ်လလယ်နှင့် စက်တင်ဘာလပိုင်းတို့တွင် ထွက်မည် ဖြစ်ပါသည်။ လက်ရှိလှောင်ပဲလက်ကျန်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၆၅၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူသစ်ပေါ်ချိန်ဖြစ်ပါသည်။ ကျောက်ဆည်၊ ရွှေဘိုနယ်နှင့် ဝက်လက်နယ်တို့တွင် နှမ်းဖြူအသစ်ပေါ်ပြီး တစ်ရက်လျှင် ၂၅ ပိဿာဆန့် (အရိုင်းအိတ်) အိတ် (၁၀၀၀) ဝန်းကျင်ခန့်ဝင်သည်ဟု ခန့်မှန်းပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာ တစ်အိတ် လျှင် ၅၂၀၀၀၀ ကျပ်ခန့်ရှိပြီး နှမ်းနက်အသစ်ပေါ်ချိန်ဖြစ်ပါသည်။ ကျောက်ဆည်၊ ရွှေဘိုနယ်နှင့် ဝက်လက်နယ်တို့တွင် နှမ်းနက်အသစ်ပေါ်ပြီး တစ်ရက်လျှင် ၂၅ ပိဿာဆန့် (အရိုင်းအိတ်) အိတ် (၁၅၀၀) ဝန်းကျင်ခန့်  ဝင်သည်ဟု ခန့်မှန်းပါသည်။ ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ၊ ၂၀၂၆ ခုနှစ် အတွက် ပဲပုတ်လက်ကျန်တန်ချိန် (၁၇၃၀၀) ဝန်းကျင်ရှိ ကြောင်းနှင့် ဇူလိုင်လ နောက်ဆုံးပတ်တွင် မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၁၂၀၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၁၁၅၀၀ ကျပ်၊  မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၁၅၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၁၁၀၀၀ ကျပ်၊ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၈၀၀၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၃၆၅၀၀၀ ကျပ်၊ ၂၀၂၆ ခုနှစ်အတွက် ပဲပုတ် တန်ချိန် ၁၇၀၀၀ ရှိရာမှ ယခုတစ်ပတ်တွင် တန်ချိန် ၁၇၃၀၀ ရှိကြောင်း ကုန်စည်ဒိုင်ပဲနှမ်းအသင်းမှ သိရှိရပါသည်။  

DOCA(ရန်ကုန်)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ကြက်သွန်နီ/ ကြက်သွန်ဖြူ ဈေးကွက်

        တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို မြိတ်မြို့ဆိပ်ငယ်ဈေးကြီး၊ စမ်းချောင်းကုန်စိမ်းနှင့် အခြားသောဈေးများတွင် နေ့စဉ်အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရှိရပါသည်။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူသည် စားဖိုချောင်သုံး အစားအစာတွင် အဓိကမပါမဖြစ်သော အသီးအနှံတစ်မျိုးဖြစ်ကြပါသည်။ ကြက်သွန်နီတွင် မိုးကြက်သွန်နီအပြင် ပင်စိုက်ကြက်သွန်နီများလည်း အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အလွယ်တကူဝယ်ယူရရှိပြီး ဟင်းလျာများကို အနံ့အရသာကောင်းမွန်စေသော သီးနှံတစ်မျိုးဖြစ်သည်။ မြိတ်မြို့ဈေးကွက်အတွင်း အပတ်စဥ်ဝင်ရောက်လျက်ရှိပြီး ဈေးကွက် ဒေသအတွင်း လက်လီ/လက်ကားဝယ်ယူသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချသူများဖြင့် ပုံမှန်ဝယ်ယူ‌ရောင်းချနေကြောင်း သိရှိရပါသည်။

         ၂၀၂၆ခုနှစ်၊ သြဂုတ်လပထမပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ကြက်သွန်နီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၅၀၀)ကျပ်နှင့် (၇၀၀၀)ကျပ်ခန့် ရှိပြီး ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာ လျှင် (၁၁၀၀၀)ကျပ်နှင့် (၁၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူဂုတ်) တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်နှင့် (၁၅၀၀၀)ကျပ်ခန့်ထိရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်တွင် ရောင်းချနေ‌သာ ရွှေဖရုံသီးဈေးနှုန်း

        တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် တောင်ယာလုပ်ငန်းနှင့် ရေလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသော မြို့တစ်မြို့ဖြစ်ပါသည်။ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသတစ်ခုလည်း ဖြစ်သည့်အတွက် စိုက်ပျိုးရေးများအလွန်ပင်ဖြစ်ထွန်းကြောင်း သိရှိရပါသည်။ မြိတ်မြို့ရှိ ကျေးရွာ တချို့နှင့် မြို့ပေါ်ရပ်ကွက်များတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများ အလွန်ပင်များပြားလာပြီး လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။ ဒေသခံများသည် သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး အစရှိသည့် သီးနှံများကို စိုက်ပျိုးကြသည့်အပြင် ရွှေဖရုံသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး မြိတ်မြို့ ဈေးကြီးနှင့် ကျေးရွာဈေးများသို့ လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။ ရွှေဖရုံသီးသည် အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ကာ ဒေသခံများအနေဖြင့် ဟင်းချိုချက်သောက်ခြင်း၊ ကြော်စားခြင်းများ  ပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။၂၀၂၆ခုနှစ်၊ သြဂုတ်လပထမပတ်အတွင်း မြိတ်မြို့ပေါ်ရှိဈေးများ၌ ရောင်းချလျက်ရှိသော ရွှေဖရုံသီးဈေးနှုန်းမှာ ရွှေဖရုံသီး(၁)ပိဿာလျှင်(၄၅၀၀) ကျပ်မှ (၅၀၀၀)ကျပ်၊ ရွှေဖရုံသီး (၁)စိတ်လျှင် (၂၀၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဒေသခံ ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၁-၈-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၁ -၈ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

မုံရွာမြို့ရှိ ဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများ အနည်းငယ်မြင့်တက်နေ

     မုံရွာမြို့ရှိ စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်နီများသည့် ပွဲရုံများသို့ ဝင်ရောက်မှုနည်းလာ၍ ဝယ်လိုအားများလာသဖြင့် ဈေးအနည်းငယ်မြင့်တက်နေကြောင်း သိရသည်။ ပွဲရုံများတွင်  ကြက်သွန်နီလက်ကျန်နည်းပါးလာပြီး နေ့စဉ် ကြက်သွန်နီဝင်ရောက်မှုမှာ ပိဿာ ၁၀၀၀၀ ခန့်သာ ‌ရွှေဇလုပ်၊ ကျွဲရဲရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ မုံရွာမြို့နှင့် ချင်းတွင်းမြစ်ကမ်းဘေးတစ်လျှောက် တင်ပို့လျက်ရှိသည်။ ကြက်သွန်ဖြူ ဈေးမှာလည်း အနည်းငယ်မြင့်တက်နေကြောင်း သိရသည်။

          ယခုတစ်ပတ်အတွင်း ပွဲရုံများ၌ ကြက်သွန်နီလက်ကားတစ်ပိဿာပေါက်ဈေး (ကြီး ) ၅၀၀၀-၅၇၀၀ ကျပ်၊ (လတ်) ၄၀၀၀ - ၄၅၀၀ ကျပ်၊ (သေး) ၂၅၀၀-၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ဗမာဖြူ  ၈၀၀၀ ကျပ်၊ ကြူကုတ် တစ်ပိဿာ ၅၀၀၀ ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ဇူလိုင်လမှ စ၍ ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း