Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်တွင် ရောင်းချသည့် ကုလားပဲဆံ၊ ပဲတီဆံနှင့် မြေပဲဆံဈေး

ကုလားပဲဆံ

               ရွှေဘိုမြို့ဈေးကွက်အတွင်း ဇန်နဝါရီလ၊ ပထမအပတ်တွင်ရောင်းချသည့် ကုလားပဲဆံဈေးနှုန်း မှာ()ပြည်လျှင်(၈၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၂၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့်  ယခုအပတ်တွင် ယခင်အပတ်ထက် ကုလားပဲဆံ ()ပြည်လျှင် (၁၀၀ဝိ/-)ကျပ်ဈေးပိုခဲ့ကြောင်း၊ ယခင်အပတ်က ထိုင်ဝမ်ကုလားပဲဆံများဝင်ရောက်ပြီး ယခုအပတ်တွင် ဗမာကုလားပဲဆံများဝင်ရောက်၍ ဈေးအနည်းငယ်ကွာရခြင်းဖြစ်ကြောင်း၊ ဈေးကွက် အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

ပဲတီဆံ

ရွှေဘိုမြို့ဈေးကွက်အတွင်း ဇန်နဝါရီလ၊ ပထမအပတ်တွင်ရောင်းချသည့် ပဲတီဆံဈေးနှုန်းမှာ ()ပြည်လျှင်(၈၂၀ဝိ/-)ကျပ်နှင့်တစ်တင်းလျှင်(၁၃၁၂၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီဆံ(၁)ပြည်လျှင်(၈၂၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ ရောင်းချရသည့် ဈေးနှုန်းတူညီကြောင်း၊ လက်ရှိအချိန်ထိ ပဲတီဆံအသစ်များ ဈေးကွက်အတွင်း ဝင်ရောက်ခြင်းမရှိသေးဘဲ လက်ကျန် အဟောင်းများသာရောင်းချသဖြင့် ဝယ်ယူသူများမှ လိုအပ်သလောက်သာဝယ်ယူခြင်းကြောင့် အရောင်း အဝယ်မှာလည်းအေးပြီး ဈေးနှုန်းတည်ငြိမ်နေခြင်းဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ အလှူမင်္ဂလာ ပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

မြေပဲဆံ

            ရွှေဘိုမြို့ဈေးကွက်အတွင်း ဇန်နဝါရီလ၊ ပထမအပတ်တွင်ရောင်းချသည့် မြေပဲလုံးဆံဈေးနှုန်းမှာ ()ပြည်လျှင်(၉၆၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၃၆၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ (၁)ပြည်လျှင်(၉၆၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ ရောင်းချရသည့် ဈေးနှုန်းတူညီကြောင်း၊ လက်ရှိအချိန်ထိ မြေပဲဆံအသစ်များ ဈေးကွက်အတွင်း ဝင်ရောက်ခြင်းမရှိသေးဘဲမြေပဲဆံအဝင်/အထွက်ပုံမှန်သာရှိနေခြင်းကြောင့် ဈေးနှုန်းတည်ငြိမ်နေခြင်းဖြစ်ကြောင်း၊ ဈေးကွက် အနေဖြင့် မြေပဲဆီကြိတ်ခွဲမည့်သူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ လ္ဘက်၊ အကြော်ဆံ ရောင်းချသည့်ဆိုင်များနှင့် စားသုံးမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၌ အစေ့ထုတ်ပြောင်း ရိတ်သိမ်းပြီးစီးမှုနှင့် စျေးနှုန်းစျေးကွက်

            စစ်ကိုင်းတိုင်းဒေသကြီး၊ ‌‌ကန့်ဘလူခရိုင်တွင် စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ အစေ့ထုတ်ပြောင်းသီးနှံကိုလည်း စိုက်ပျိုးကြကြောင်း၊ ၂၀၂၅ ခုနှစ်တွင် အစေ့ထုတ်ပြောင်း စိုက်ပျိုးမှုအနေဖြင့်  ကန့်ဘလူမြို့နယ်တွင် ဧက ရှစ်သောင်းကျော် စိုက်ပျိုး ရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရသည်။

                  ကန့်ဘလူမြို့နယ်တွင် အစေ့ထုတ်ပြောင်းသီးနှံကို သီးညှပ်စိုက်ပျိုးမှုနှင့် သီးသန့်စိုက်ပျိုး မှုဟူ၍ စိုက်ပျိုးကြပြီး ဇွန်လတွင် စတင်စိုက်ပျိူး၍ စက်တင်ဘာလတွင် အစေ့ထုတ်ပြောင်းများ ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ အစေ့ထုတ်ပြောင်းမျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးများကို အများ ဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရခြင်းမှာ အခြားမျိုးများစိုက်ပျိုးခြင်းထက် ယခုမျိုးများ စိုက်ပျိုး ခြင်းက အထွက်နှုန်းပိုကောင်းမွန်သောကြောင့်  စိုက်ပျိုးသူများပြားလာခြင်းဖြစ်ပါကြောင်း၊   စိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိူး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၆၀၀၀၀ဝ ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၅၇ တင်းထွက်ရှိရာ စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှု အပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် အစေ့ထုတ်ပြောင်း တစ်တင်းလျှင်  ၂၃၅၀၀ကျပ်၊ ဈေးကွက် အနေဖြင့် အစေ့ထုတ်ပြောင်းများကို မြို့ပေါ်ရှိပွဲရုံများသို့‌ တင်ပို့ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် ရွှေဘိုမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၇၃၀၀၀၀ ခန့်ရရှိကြောင်း၊ အစေ့ထုတ်ပြောင်း စိုက်ပျိုး ခြင်းဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိသောကြောင့် တိုးချဲ့စိုက်ပျိုးသင့်သော သီးနှံဖြစ်ကြောင်း   တောင်သူတစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ မိုးမြေပဲသီးနှံစိုက်ပျိုးသူများ အကျိုးအမြတ်ရရှိ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ မိုးမြေပဲစိုက်ဧက ငါးသောင်းကျော် နှစ်စဉ်စိုက်ပျိုးကြောင်း၊ တောင်သူများသည် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီး နှံမြေပဲကို အဓိကထား၍ စိုက်ပျိုးကြကြောင်း သိရသည်။

          ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေး၊ တောက္ကရှပ်၊ ကံကြီးကုန်း၊ ဆိပ်ဖူးမြောင်၊ လိတ္ထူ စသည့် ကျေးရွာများ၌ ပင်ထောင်အတောင့်သေးမျိုးများကို စိုက်ဧက ၅၀၀၀ ခန့်စိုက်ပျိုးထားရှိကြောင်း၊ မြေပဲသီးနှံကို မေလတွင် စတင်စိုက်ပျိုး၍ ဩဂုတ်လတွင် တူးဖော်ကြကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၈၅၀၀၀၀ ခန့်ကုန်ကျပြီး တစ်ဧက ပျမ်းမျှအထွက်တင်း ၄၈တင်းခန့် ထွက်ရှိကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးချိန်မှ တူးဖော်ချိန်အထိ ရာသီဥတုကောင်းမွန်သည့်အတွက် မြေပဲအထွက်နှုန်း ကောင်းမွန်ကြောင်း၊ ဒေသတွင်းပေါက်ဈေးအနေဖြင့် သီးနှံအရည်အသွေးပေါ်မူ တည်၍ မြေပဲတောင့်တစ်တင်းလျှင် ငွေကျပ် ၃၅၀၀၀-၃၈၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ် ၉၇၄၀၀၀ ခန့်အကျိုးအမြတ်ရရှိကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှ ထွက်ရှိသော မြေပဲများကို ဒေသခံဝယ်လက်(ပွဲစား)များမှ ဝယ်ယူ၍ ကန့်ဘလူဈေးကွက်သို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

နန္ဒဝန်ဈေးသစ်ရှိ မန်းကျည်းတောပဲမြစ်နှင့် ကန်စွန်းဥဈေးနှုန်းများ

                        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ဆောင်းရာသီစာဖြစ်သော မန်းကျည်းတောပဲမြစ်နှင့် ဒေသထွက်ကန်စွန်းဥများ ရောင်းချလျက်ရှိရာ မန်းကျည်းတော ပဲမြစ်ကို ရွှေဘိုမြို့မှ တစ်ဆင့် မုံရွာမြို့သို့ သယ်ယူရောင်းချလျက်ရှိပြီး အရောင်းသွက်လျက်ရှိ ကြောင်းသိရသည်။

          ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် မုံရွာမြို့၌  ရောင်းချလျက်ရှိသော ကန်စွန်း ဥနှင့် မန်းကျည်းတောပဲမြစ် ဈေးနှုန်းများမှာ ကန်စွန်းဥ အကြီးအသေးအပေါ် မူတည်၍ ( ၁ ) ပိဿာလျှင် (၃၅၀၀ကျပ် မှ ၄၀၀၀ကျပ်)အထိလည်းကောင်း၊ မန်းကျည်းတောပဲမြစ် ( ၁ ) ပိဿာလျှင်( ၃၈၀၀ ကျပ်မှ ၄၅၀၀ ကျပ်)အထိလည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၏ ပဲတီစိမ်းစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

                   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ပဲတီစိမ်းစိုက်ဧက ရှစ်သောင်းကျော်စိုက်ပျိုးရိတ် သိမ်းခဲ့ရာ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ညောင်ပင်ကြီးကျေးရွာတွင် စပါး၊ နှမ်း၊ ပဲမျိုးစုံသီးနှံနှင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးလျက်ရှိပြီး ပဲတီစိမ်းစိုက်ဧက ၃၀ ဧက စိုက်ပျိုးထားရှိရာ ဇွန်လတွင် စိုက်ပျိုး၍ စက်တင်ဘာလတွင် ခူးဆွတ်ရကြောင်း သိရသည်။

                မျိုးအနေဖြင့် ရိုးရိုးအလုံးသေးမျိုးနှင့် ထွက်တိုးမျိုးတို့ကို စိုက်ပျိုးကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ ရိတ်သိမ်းခ၊ လုပ်သားခအပါအဝင် တစ်ဧက လျှင်စုစုပေါင်း ငွေကျပ် ၆ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၅-၁၈ တင်းခန့်ထွက်ရှိရာ မြေအနေအထားနှင့် သီးနှံအထွက်နှုန်းအပေါ် မူတည်၍ အထွက်နှုန်းများကွာခြား မှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ငွေကျပ် ၆၅၀၀၀-၇၀၀၀၀ ဖြင့်ရောင်းချရပြီး အကျိုး အမြတ်အနေဖြင့် တစ်ဧကလျှင်ငွေကျပ် ၆ သိန်းခန့်ရရှိကြောင်း၊ ပြည်တွင်းဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ပေါ်ရှိ ပွဲရုံများသို့ ရောင်းချပြီး ပွဲရုံများမှတစ်ဆင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း၊ ပြည်ပဈေးကွက်အနေဖြင့် မန္တလေးမြို့မှတစ်ဆင့် တရုတ်ဈေးကွက်သို့တင်ပို့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ပုသိမ်မြို့နယ်အတွင်း ရာသီဦးပိုင်း သရက်သီးကင်း(အငယ်)များ စျေးကွက်ဝင်ရောက်

     ပုသိမ်မြို့နယ်တွင် ဒေသထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ ပြောင်း၊ ဝါစသည့် ကုန်ကြမ်းသီးနှံများ အဓိကစိုက်ပျိုးထုတ်လုပ်သည့်အပြင် ဥယျာဉ်ခြံမြေများတွင် ရာသီပေါ် ဟင်းသီး ဟင်းရွက်နှင့် အသီးအနှံ များကိုလည်း စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။ ယခုလို ဆောင်းတွင်း ရာသီဦးပိုင်းတွင် သရက်ပင်များမှ သရက်သီးကင်း(အငယ်)များ ထွက်ရှိလာပြီဖြစ်ကာ ဒေသတွင်း စျေးကွက်များသို့ စတင်ရောက်ရှိ လျက်ရှိကြောင်း သိရသည်။

    သရက်သီးကင်းများကို သရက်သီးမှည့်များ မဖြစ်ထွန်းမီ သီးစတင်သီးသောအချိန်၌ အရွယ်အစား ၁ လက်မခွဲမှ ၂ လက်မခန့်ရှိစဉ် ခူးဆွတ်ကြပြီး လတ်ဆတ်သော အနေအထားဖြင့် ဈေးများသို့ တင်ပို့ကြသည်။ ဤကဲ့သို့ ရာသီဦးပိုင်း၌ ပေါ်ဦးပေါ်ဖျား ရောင်းချသည့် သရက်သီးကင်း ငယ်များအား ရောင်းချသူများက စျေးကောင်းရရှိနေသကဲ့သို့ ဝယ်ယူစားသုံးသူများကလည်း စိတ်ဝင် စား မှုရှိနေကြောင်း တွေ့ရသည်။

     လက်ရှိ ပုသိမ်မြို့နယ်အတွင်း ဈေးကွက်ဝင်နေသော သရက်သီးကင်း(အငယ်)များ၏ ရောင်းဈေး နှုန်းမှာ အရေအတွက်၊ အရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ ကွဲပြားမှုရှိသော်လည်း ယေဘုယျ အားဖြင့် ကျပ်သား (၁၀) သားလျှင် ကျပ် (၂၅၀၀) မှ (၄၀၀၀) အထိ၊ သီးတောင့်ကြီးများကို တစ်လုံးချင်းစီ ကျပ် (၃၀၀) မှ (၅၀၀) အထိ ဈေးနှုန်းများဖြင့် ရောင်းချနေကြောင်း ဈေးသည် များထံမှ သိရသည်။ ရာသီအစောပိုင်း ထုတ်လုပ်မှုနည်းပါးမှုကြောင့် ယခုအချိန်တွင် ဈေးနှုန်းများ အနည်းငယ် မြင့်မားနေခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ထုတ်လုပ်မှု ပိုမိုများပြားလာပါက ဈေးနှုန်းများ ပြန်လည်ကျဆင်းလာနိုင်သည်ဟု ခန့်မှန်းရသည်။

    ဤသို့ ရာသီဦးပိုင်းတွင် စျေးကောင်းရရှိသည့် သရက်သီးကင်းထုတ်လုပ်မှုသည် ဒေသခံ သီးနှံစိုက်ပျိုးသူများအတွက် အပိုဝင်ငွေ ရရှိစေသည့် အခွင့်အလမ်းတစ်ရပ်ဖြစ်သလို စားသုံးသူများ အနေဖြင့်လည်း ရာသီစာ လတ်ဆတ်သော ဟင်းလျာများကို ရရှိစားသုံးနိုင်ခြင်းကြောင့် နှစ်ဦး နှစ်ဖက် အကျိုးကျေးဇူးရှိစေသည့် ကုန်သွယ်မှုတစ်ရပ် ဖြစ်ပေါ်နေပါသည်။

DOCA (ဧရာဝတီ)

ဆောင်းသီးနှံ (ပဲတီစိမ်း) စိုက်ပျိုးမှုနှင့် တောင်သူ အကျိုးအမြတ်

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်းရှိ  နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်နှင့် သဲကုန်းမြိုနယ်တို့တွင် ပြည်ပတင်ပို့ရန်နှင့် ပြည်တွင်းစားသုံးရန် ဆောင်းသီးနှံ ပဲမျိုးစုံကို စိုက်ပျိုးလျှက်ရှိသည့် အနက် ပဲတီစိမ်း ကိုလည်းစိုက်ပျိုးကြပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နတ်တလင်းခရိုင် အတွင်း ဆောင်းသီးနှံ( ပဲတီစိမ်း)ကို (၄၆၇၆၇)ဧက စိုက်ပျိုးပြီး ဇီးကုန်းမြို့နယ်တွင် အများဆုံးစိုက်ပျိုးထားရှိ ကြောင်း ဆောင်းသီးနှံ (ပဲတီစိမ်း) ကို  နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖေါ်ဝါရီလ ပထမပတ်ခန့်၌ ရိတ်သိမ်းသွားမည်ဖြစ်ရာ စိုက်ပျိုးသည့် အချိန်မှ ရိတ်သိမ်းထွက်ရှိသည့် အချိန်အထိ အချိန်ကာလအားဖြင့် (၃)လကျော်ခန့်သာ ကြာမြင့်မှုရှိကြောင်း  တောင်သူများသည် ဆောင်းသီးနှံ ဖြစ်သည့် ပဲတီစိမ်းကို (၁)ဧကစိုက်ပျိုးလျှင် (မျိုး၊ ထွန်ယက်ခ၊ အလုပ်သမားခ နှင့် သွင်းအားစု) အပါအဝင် စုစုပေါင်းကုန်ကျစရိတ် (၅၅၀၀၀၀)ကျပ်ခန့် ရှိပြီး ယခင်နှစ် ပဲတီစိမ်းထွက်ရှိချိန်တွင် တစ်ဧက (၁၄)တင်းနှုန်းခန့် ထွက်ရှိပြီး အရောင်းအဝယ် ဖြစ်ခဲ့သောဈေးနှုန်းမှာ (၂၀)ပိဿာဝင် တစ်တင်းလျှင် (၁၇၀၀၀၀)ကျပ်ခန့်ဖြစ်သဖြင့် ယခုနှစ် ၂၀၂၆ခုနှစ်  ဆောင်းသီးနှံ (ပဲတီစိမ်း) ရိတ်သိမ်းထွက်ရှိချိန်၌  ယခင်နှစ် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းထက် ပိုမို၍ ဈေးကောင်းရရှိပါက ပဲတီစိမ်းစိုက် တောင်သူများ အနေဖြင့် အကျိုးအမြတ် များစွာ ရရှိလာနိုင်မည်ဖြစ်ကြောင်းနှင့် တောင်သူများကလည်း ပဲဈေးနှုန်း ကောင်းမွန်ရန် လိုလားလျက်ရှိ ကြောင်း သိရပါသည်။

DOCA(ပဲခူး)

တစ်နှစ်မှတစ်ခါသာစားရသည့် ရာသီစာ စိမ်းစားဥ

    ဆောင်းရာသီရောက်ပြီဆိုလျှင် တစ်နှစ်မှတစ်ခါသာပေါ်လေ့ရှိသည့် ရာသီစာများတွင် စိမ်းစားဥလည်းပါဝင်ပါသည်။ စိမ်းစားဥပင်သည် ဟင်းသီးဟင်းရွက်အနွယ်ပင် တစ်မျိုးဖြစ်ပါသည်။ ဒေသအခေါ်အရ စိမ်းစားဥ၊ ပဲစိမ်းစားဥခေါ်ဝေါ်ကြပါသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် စိမ်းစားဥကို စိုက်ပျိုးကြပါသည်။

     စိမ်းစားဥပင်ကို ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီလများတွင် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးမြေ များမှာ နှုန်းမြေ၊ ကိုင်းမြေ၊ ရေစပ်စပ်နဲ့ မြေဆီလွှာကောင်းတဲ့နေရာမျိုးတွင် စိုက်ပျိုးပြီး စိုက်ပျိုး ရာတွင် မျိုးစေ့များကို မြေကြီးထဲတွင် ညီညာစွာထည့်သွင်းစိုက်ပျိုးနည်းဖြင့် စိုက်ပျိုးရပါသည်။ စိုက်ပျိုးပြီးရေသွင်းရာတွင် မြေသားစိုစွတ်နေအောင်ရေသွင်းရပါသည်။ စိုက်ပျိုးရန်အထူး သင့်တော် သော မြေအမျိုးအစားထဲမှာ သဲမြေ၊ နှုန်းမြေများတွင် စိုက်ပျိုးလျှင် အလုံးများကြီးထွား ကောင်းမွန်ပြီး အထွက်နှုန်းတိုးစေပါသည်။ စိမ်းစားဥပင်စိုက်ပျိုးရာတွင် အစေ့ကိုတိုက်ရိုက်ချပြီး စိုက်ပျိုးကြ ပါသည်။ အပင်များစိုက်ပျိုးပြီး အပင်ပေါက်များထွက်လာလျှင် အစုလိုက်အပင်များ ထွက်လာတတ်ပါ သည်။တစ်ပင်နှင့်တစ်ပင် (၆)လက်မခြားစေရန်ကြားထဲရှိ အပင်များကိုနှုတ်ပေးရ ပါသည်။ သို့မှသာ စိမ်းစားဥများမှာ အလုံးချောများရရှိလာမည်ဖြစ်ပါသည်။

     အပင်များစိုက်ပျိုးပြီး (၅)လမှ (၈)လအချိန်ကြာပြီးလျှင် ဥများကောင်းစွာကြီးထွားလာပြီး မြေပေါ်ရှိ အပင်အရွက်များညှိုးလာလျှင် ဥများကိုတူးယူလျှင်သင့်တော်သည့် အချိန်ဖြစ်ပါသည်။ စိမ်းစားဥရင့်မှည့်သည့်ဥများကိုတူးပြီး (၂)လအချိန်အထိ ထားနိုင်ပါသည်။စိမ်းစားဥသည် အစိမ်း စားလျှင်ရသည့်အစားအစာတစ်မျိုးဖြစ်ပြီး ဥ၏ အပြင်အခွံကိုနွှာပြီးမှ အတွင်းသားကိုစားရပြီး အရသာမှာ ချိုချိုကြွပ်ကြွပ်လေးနှင့် နို့နှစ်ရောင်အသားဖြစ်ပြီး စားလို့အလွန်ကောင်းပါသည်။ ရေငတ်လည်းပြေစေပါသည်။ စိမ်းစားဥသည် အစာအဟာရအဖြစ်စားသုံးရသလို ကျန်းမာရေး အတွက်ဆိုလျှင် သင့်တင့်မျှတသောပမာဏဖြင့် စားသုံးပေးလျှင် ဆီးချို၊ သွေးချိုသမားများအတွက် သင့်တော်သော အစားအစာတစ်မျိုးဖြစ်ပါသည်။ဒါ့အပြင် ကလေးငယ်များအတွက် သင့်တော်သော အစားအစာတစ်မျိုးဖြစ်ပါသည်။ပန်းနာ၊ ရင်ကြပ်ရောဂါခံစားနေရပါက စိမ်းစားဥကိုစားသုံးပေးသင့် ပါသည်။

      ရွှေတောင်မြို့နယ်အတွင်းရှိ စစ်ကိုင်းကျွန်း၊ မင်းထဲကျွန်း ဒေသများတွင် အများအပြား စိုက်ပျိုးကြပါသည်။ ဈေးကွက်အတွင်း ရောင်းချရာတွင်ယခုလို ဒီဇင်ဘာလများတွင် စိမ်းစားဥ (၁၀)လုံးပါ တစ်စည်းလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ရွှေတောင်မြို့မဈေးနှင့် ပြည်မြို့နယ်ရှိ မြို့မဈေးများတွင် အရောင်းအဝယ်ဖြစ်ထွန်းနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူခရိုင်၌ မိုးနေကြာ ရိတ်သိမ်းပြီးစီးမှုနှင့် စျေးနှုန်းစျေးကွက်

                   စစ်ကိုင်းတိုင်းဒေသကြီး၊ ‌‌ကန့်ဘလူခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ‌နေကြာ သီးနှံကိုလည်း စိုက်ပျိုးကြကြောင်း၊ ၂၀၂၅ ခုနှစ်တွင် မိုးနေကြာစိုက်ပျိုးမှုအနေဖြင့်  ကန့်ဘလူမြို့ နယ်တွင် ၅၇၉ ဧကစိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများ အရသိရသည်။

                     မိုးနေကြာသီးနှံကို သီးညှပ်စိုက်ပျိုးမှုနှင့်သီးသန့်စိုက်ပျိုးမှုဟူ၍ စိုက်ပျိုးကြပြီး ဇွန်လတွင် စတင်စိုက်ပျိူး၍ စက်တင်ဘာလတွင် မိုးနေကြာများ ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ နေကြာသီးနှံကို မိုးနေကြာမျိုးအနေဖြင့် ဆင်းရွှေကြာ-၁မျိုးနှင့် ဆင်းရွှေကြာ-၂ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိူး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၅၀၀၀၀ဝ ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၂၀-၂၂ တင်း ထွက်ရှိရာ စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် နေကြာတစ်တင်းလျှင်  ၅၈၀၀၀ကျပ်၊ ဈေးကွက် အနေဖြင့် နေကြာသီးနှံများကို မြို့ပေါ်ရှိပွဲရုံများသို့‌ တင်ပို့ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် ရွှေဘိုမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၇၇၆၀၀၀ ခန့်ရရှိကြောင်း၊ နေကြာသီးနှံစိုက်ပျိုးခြင်းသည် စိုက်ပျိုးမှုကုန်ကျစရိတ်သက်သာပြီး မိသားစုစားသုံးဆီ ဖူလုံသည့်အပြင် အကျိုးအမြတ်များရရှိသောကြောင့် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ဇန်နဝါရီလအစ ယနေ့ဖြစ်ပေါ်နေသော ဒေသထွက်ကွမ်းသီးစျေးနှုန်း

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ဒေသထွက်ကုန်အဖြစ် ကွမ်းသီး၊ ရာဘာ၊ သီဟိုဠ်၊ ဆီအုန်းစိုက်ပျိုးပြီး ပြည်တွင်းနှင့်ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိရာ ဒေသတွင်စိုက်ပျိုးသော ကွမ်းသီး ကို အခြားတိုင်းနှင့် ပြည်နယ်များသို့တင်ပို့ရောင်းချလျက်ရှိပါသည်။ ဒေသထွက်ကွမ်းသီးသည် ပြည် တွင်းစျေးကွက်တွင် ရောင်းအားကောင်းလျက်ရှိပြီး နေ့စဉ်နှင့်အမျှ တင်ပို့ရောင်းချလျက်ရှိသည်။ ကွမ်းသီးတင်ပို့ရာတွင် အလုံး၊ ခွဲခြမ်း၊ အနုများဖြင့် တင်ပို့ရောင်းချပြီး အမျိုးအစားအလိုက်စျေးနှုန်း ကွဲ ပြားလျက်ရှိပါသည်။ ဒေသတွင် ကွမ်းသီးရောင်းဝယ်မှုကိုကြည့်လျှင် တစ်ရက်လျှင် ပျမ်းမျှ ပိဿာ ၄၀၀၀၀ ခန့်တင်ပို့ရောင်းချလျက်ရှိပြီး လမ်းခရီးအခြေအနေနှင့် ကွမ်းသီးထွက်ရှိချိန်ပေါ်မူတည်၍ တင်ပို့မှု ကွာခြားကြကြောင်းသိရှိရပါသည်။  ဒေသထွက်ကွမ်းသီးကို မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်း တို့ကို ကားလမ်းဖြင့်အများဆုံးတင်ပို့ကြပြီး ရေလမ်းဖြင့်ပါ တင်ပို့ကြကြောင်း သိရှိရပါသည်။ ယခင် ၂၀၂၅၊ နိုဝင်ဘာလတွင် ကွမ်းသီးစျေးနှုန်းကောင်းမွန်လာသော်လည်း ယခု၂၀၂၆ခုနှစ်တွင် ကွမ်းသီး အသစ် ထွက်ရှိချိန်ဖြစ်သည့်အတွက် စျေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

     ယခင်ကကွမ်းသီးအလုံးစျေးနှုန်းမှာ ၂၃၀၀၀ကျပ်ခန့်၊ ခွဲခြမ်းစျေးနှုန်းမှာ ၁၈၀၀၀ခန့်ရှိရာမှ ယခုဇန်နဝါရီလတွင် မြိတ်ဒေသတွင်ဖြစ်ပေါ်နေသောစျေးနှုန်းအရ ကွမ်းသီးအလုံးစျေးနှုန်းမှာ ၁၅၀၀၀ ကျပ်နှင့် ခွဲခြမ်း‌စျေးနှုန်းမှာ ၁၃၀၀၀ကျပ်ခန့်အထိစျေးကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း