Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဗီယက်နမ်သည် အရှေ့တောင်အာရှတွင် တတိယအကြီးဆုံး e-commerce ဈေးကွက်ဖြစ်လာ

ဗီယက်နမ် e-commerce ဈေးကွက်သည် အမေရိကန်ဒေါ်လာ ၂၂ဘီလီယံရှိမည်ဟုခန့်မှန်းရပြီး အရှေ့တောင်အာရှတွင် အင်ဒိုနီးရှား (အမေရိကန်ဒေါ်လာ ၆၅ဘီလီယံ) နှင့် ထိုင်း (အမေရိကန်ဒေါ်လာ ၂၆ဘီလီယံ) Google၊ Temarek နှင့် Bain & Company တို့၏ နှစ်ပတ်လည် “e-conomy SEA 2024” အစီအရင်ခံစာအရ ဗီယက်နမ်၏ဈေးကွက်သည် ဖိလစ်ပိုင် (၂၃%)နှင့် ထိုင်း (၁၉%)တို့၏ နောက် တတိယအမြန်ဆုံးနှုန်းဖြင့် ယမန်နှစ်ထက် ၁၈% တိုးလာခဲ့သည်။ ၂၀၃၀ တွင် ဒေါ်လာ ၆၃ဘီလီယ့ရောက်ရှိပြီး ထိုင်းနိုင်ငံကိုကျော်တက်နိုင်ရန် နှစ်စဉ် ၁၉% တိုးလာရန်လည်းမျှော်မှန်းထားသည်။ E-commerce သည် ဗီယက်နမ် နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး ၆၀% ဖြင့်ဖန်တီးထားပြီး ကျန်အများစုမှာ အငှားယာဉ်နှင့် Online ပစ္စည်းပို့ဆောင်ခြင်းနှင့် အွန်လိုင်းမီဒီယာတို့ပင်ဖြစ်သည်။ နိုင်ငံအတွင်း လူကြိုက်အများဆုံးပလက်ဖောင်းများမှာ Shopee, TikTok Shop, Lazada, Tiki နှင့် Sendo တို့ဖြစ်သည်။ Temu နှင့် Shein ကဲ့သို့သော တရုတ်ပလက်ဖောင်းသစ်များသည် ဈေးကွက်ဝေစုကိုရယူရန် ကြိုးပမ်းလျက်ရှိကြသည်။ ဒေတာပံ့ပိုးပေးသူ Mertic ၏အဆိုအရ ဗီယက်နမ်လူမျိုးများသည် ယခုနှစ် ပထမကိုးလအတွင်း အဓိက e-commerce ပလက်ဖောင်းငါးခုတွင် ပျမ်းမျှ တစ်လလျှင် VND ၂၅.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁ဘီလီယံ) ဈေးရောင်းဝယ်မှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။ Lazda နှင့် Kantar ၏ အခြားသောအစီရင်ခံစာအရ အရှေ့တောင်အာရှစားသုံးသူများသည် ဈေးနှုန်းနှင့်ပတ်သက်၍ ဂရုစိုက်ကြပြီး အပေးအယူများကို တက်ကြွစွာရှာဖွေကြသည်ဟုဆိုသည်။
Source : Vnexpress
DOCA(ရန်ကုန်)

စိုက်ပျိုးရေးကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုအသစ်များလိုအပ်ကြောင်း ဝန်ကြီးချုပ်တိုက်တွန်း

ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အလားအလာကောင်းသော သီးနှံများဖြစ်သည့် ဒူးရင်းသီး၊ သီဟိုဠ်စေ့နှင့် ပီလောပီနံစိုက်ပျိုးရေးတို့၌ ရင်းနှီးမြှုပ်နှံရန်အတွက် တရုတ်ကုမ္ပဏီများကို တိုက်တွန်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်မြို့တွင် နိုင်ဝင်ဘာလ ၆ရက်နေ့မှ ၇ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သော 8th Greater Mekong Subregion (GMS) ထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ်သည် ကမ္ဘောဒီးယားစိုက်ပျိုးရေး၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် တရုတ်ကုမ္ပဏီကြီး (၃) ခုမှ ဥက္ကဋ္ဌများနှင့်တွေ့ဆုံခဲ့သည်။ ဝန်ကြီးချုပ်သည် Shandong (Cambodia) စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဇုန်ဥက္ကဋ္ဌ Wu Yu Jie နှင့်တွေ့ဆုံစဉ် ပီလောပီနံနှင့် သီဟိုဠ်စေ့ကဏ္ဍများတွင် ရင်နှီးမြှုပ်နှံမှုများတိုးချဲ့ရန်နှင့် သီဟိုဠ်စေ့ထုတ်လုပ်သည့် စက်ရုံတည်ထောင်ရန် အစီအစဉ်များကို Wu Yu Jie ကထုတ်ဖော်ပြောကြားခဲ့သည်။ Hun Manet ကကမ္ဘောဒီးယားအစိုးရက ကုမ္ပဏီများသည် စိုက်ပျိုးခြင်း၊ ပြုပြင်ခြင်းနှင့် လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံနှင့် အခြားကမ္ဘာ့ဈေးကွက်များသို့ တိုက်ရိုက်တင်ပို့ခြင်းတွင် ရင်းနှီးမြှုပ်နှံလိုကြောင်း အလေးပေးပြောကြားခဲ့သည်။ ၆-၁၁-၂၀၂၄ ရက်နေ့နှောင်းပိုင်းတွင် ဝန်ကြီးချုပ်သည် Zhenhzhou Shen’s Sun Group ၏ဥက္ကဋ္ဌ Xuemei နှင့်တွေ့ဆုံခဲ့ပြီး ကမ္ဘောဒီးယား၏ ဒူးရင်းသီးစိုက်ပျိုးမှုကဏ္ဍနှင့် ထုတ်ကုန်များအား တင်ပို့ရောင်းချရန်အတွက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း ပြောကြားခဲ့သည်။ အဆိုပါစီမံကိန်းသည် ကမ္ဘောဒီးယားနိုင်ငံတွင် အလုပ်အကိုင်များဖန်တီးပေးခြင်း၊ ဝင်ငွေများတိုးမြင့်လာစေရန်နှင့် ဒေသခံများ၏ လူနေမှုအဆင့်အတန်းကိုမြှင့်တင်ပေးရန် မျှော်လင့် ထားသည်။ ကမ္ဘောဒီးယားသည် ၂၀၂၄ခုနှစ်၊ ပထမ (၉) လအတွင်း လယ်ယာထွက်ကုန် တန်ချိန် ၈.၅ သန်းခန့်တင်ပို့ခဲ့ပြီး ၂၀၂၃ခုနှစ် အလားတူကာလနှင့်နှုန်းယှဉ်ပါက ၅၃ရာခိုင်နှုန်းတိုးတက်လာပြီး နိုင်ငံတော်အတွက် အမေရိကန်ဒေါ်လာ ၃ဘီလီယံခန့်ရရှိခဲ့ကြောင်းသိရသည်။
Source: Khmer Times
DOCA(ရန်ကုန်)

Sailum Group ၏ ရော်ဘာစက်မှုဥယျာဉ်အဆိုပြုချက်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်က မီးစိမ်းပြ

ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet သည် Svay Rieng ပြည်နယ်ရှိ တရုတ်ကားတာယာထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီ Sailum Group အား ပြည်တွင်းရော်ဘာကို ပြည်ပသို့တင်ပို့ရန် အဆင်သင့်ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်ရန်အတွက် စက်မှုဇုန်တည်ဆောက်ရေးစီမံကိန်းတစ်ခုကို တည်ဆောက်ခွင့်ပြုခဲ့သည်။ Sailum Group ၏ဥက္ကဋ္ဌ Yuan Zhongxue မှ ကိုယ်စာလှယ်အဖွဲ့အား ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် 8th Greater Mekong Subregion (GMS) ထိပ်သီးအစည်းအဝေးတွင် အဆိုပါစီမံကိန်းအား တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဆွေးနွေးမှုတွင် ဥက္ကဋ္ဌသည် မိတ်ဖက်နိုင်ငံများရှိ Sailum Group ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဒေသတွင်းထုတ်လုပ်မှုစွမ်းရည်တိုးချဲ့ရန်အတွက် ကမ္ဘောဒီးယားနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်လိုအပ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ Yuan သည် ကုမ္ပဏီ၏ ရော်ဘာကုန်ကြမ်းများကို ပြည်တွင်းဝယ်လိုအားနှင့် ပြည်ပတင်ပို့ရန်အတွက် အမျိုးမျိုးသော ကာတာယာထုတ်ကုန်များအဖြစ် ရော်ဘာကုန်ကြမ်းထုတ်လုပ်ရန် ရည်ရွယ်ချက်ကို ဝန်ကြီးချုပ်ထံတင်ပြခဲ့သည်။ ထို့ပြင် ရော်ဘာလုပ်ငန်း၏ ထုတ်လုပ်မှုကွင်းဆက်ကိုမြှင့်တင်ရန်နှင့် ဒေသတွင်းလိုအပ်ချက်ကိုဖြည့်ဆည်းရန် ရော်ဘာထုတ်လုပ်မှုမြှင့်တင်ရန်အတွက် စက်မှုဥယျာဉ်တစ်ခုတည်ဆောက်ရန် အရေးကြီးကြောင်း Yuan အလေးပေးပြောကြားခဲ့သည်။ Mr. Hun Manet သည် ကုမ္ပဏီများအား ကမ္ဘာ့ဈေးကွက်များတွင် အောင်မြင်မှုများရရှိခဲ့သည့် အတွက် ချီးကျူးဂုဏ်ပြုခဲ့ပြီး နိုင်ငံတော်အတွင်း ပြည်တွင်းစက်မှုလုပ်ငန်းများနှင့် ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုကို အလေးပြောကြားခဲ့သည်။ အဆိုပါသဘောတူညီချက်များသည် ပို့ကုန်မြှင့်တင်ရေး၊ အထည်ချုပ်နှင့် စိုက်ပျိုးရေးကဏ္ဍများတွင် နိုင်ငံသားများအတွက် အလုပ်အကိုင်များဖန်တီးပေးခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)

ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် တရုတ်ကုမ္ပဏီ (၃) ခုစီစဉ်နေ

တရုတ်ကုမ္ပဏီ (၃) ခုဖြစ်သည့် Fortune Rich Trade C0.,Ltd၊Ju Wang Footwear Co.,Ltd နှင့် Shandong (Cambodia) Economic and Technology Development Zone and Guoxing Group တို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးချဲ့ရန် စီစဉ်လျက်ရှိသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet အား နိုဝင်ဘာလ (၆) ရက်နေ့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းတွင် အစည်းအဝေးတက်ရောက်စဉ်အတွင်း ကုမ္ပဏီ (၃) ခု၏ ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့မည့်အစီအစဉ်များကို အလေးပေးပြောကြားခဲ့သည်။ ထိုကုမ္ပဏီ (၃) ခု၏ ဥက္ကဋ္ဌများသည် ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ နယ်ပယ်အားလုံးတွင် တိုးတက်မှုများကို အလေးပေးဆောင်ရွက်မည်ဖြစ်ပြီး ကလေးအဝတ်စက်ရုံများ၊ ပီလောပီနံနှင့် သိဟိုဠ်စေ့စိုက်ပျိုးခြင်းနှင့် သီဟိုဠ်စေ့ပြုပြင်ခြင်းစက်ရုံများတည်ဆောက်ခြင်း၊ မြေဆီလွှာအရည်အသွေးခိုင်မာစေရန်နှင့် စိုက်ပျိုးရေးထုတ်လုပ်မှုမြှင့်တင်ရန်အတွက် စက်မှုဇုန်များတည်ထောင်ခြင်းနှင့် ဓာတ်မြေဩဇာများထုတ်လုပ်ခြင်းလုပ်ငန်းများလည်းပါဝင်သည်။ Hun Manet သည် ကမ္ဘောဒီးယားတွင် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးချဲ့မှုများအား ကြိုဆိုကြောင်းပြောကြားခဲ့သည်။ ဝန်ကြီးချုပ်က ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) သည် မူဝါဒများ၊ ပြည်တွင်းကုန်ကြမ်းများကိုအသုံးပြုသည့် ရင်းနှီးမြှုပ်နှံမှုများအတွက် ပြည်တွင်းထောက်ပံ့ရေးနှင့် ပို့ကုန်အတွက် ကုန်ထုတ်လုပ်မှုကွင်းဆက်များကို ပံ့ပိုးပေးမည်ဟုပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများအောင်မြင်စေရန်အတွက် အစိုးရအနေဖြင့် ပုဂ္ဂလိကကဏ္ဍနှင့်ဆွေးနွေးမှုများ ပွင့်လင်းမြင်သာစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း Hun Manet က ထပ်လောင်းပြောကြားခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)

ကမ္ဘောဒီးယားဆန်တင်ပို့မှုသည် (၁၀) လအတွင်း တန်ချိန် ၅၀၀,၀၀၀ ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၇၆သန်းကျော်ရရှိခဲ့

၂၀၂၄ခုနှစ်၏ ပထမ (၁၀) လအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ဆန်တန်ချိန် ၅၀၇,၀၂၉မတ်ထရစ်တန်အား နိုင်ငံပေါင်း (၆၆) နိုင်ငံသို့တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၇၆.၆၃ သန်းရရှိခဲ့ကြောင်း ၇-၁၁-၂၀၂၄ ရက်နေ့တွင် ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) ၏ ထုတ်ပြန်ချက်အရသိရသည်။ CRF မှ ကမ္ဘောဒီးယားနိုင်ငံသည် ဥရောပနိုင်ငံ (၂၆) နိုင်ငံသို့ ဆန်တန်ချိန် ၂၅၄,၉၄၅မတ်ထရစ်တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၉၆.၉၃ သန်း၊ ဟောင်ကောင်၊ မကာအိုနှင့် တရုတ်နိုင်ငံများသို့ ဆန်တန်ချိန် ၉၃,၁၉၇မတ်ထရစ်တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၁.၄၈ သန်း၊ အရှေ့တီမောအပါအဝင် အာဆီယံ (၇) နိုင်ငံသို့ တန်ချိန် ၁၀၀,၉၉၆မတ်ထရစ်တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၆.၆၁ သန်းနှင့် အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသရှိနိုင်ငံများ၊ အမေရိကန်၊ ကနေဒါ၊ ဩစတေးလျနှင့်နယူးဇီလန်အပါအဝင် အခြားနိုင်ငံပေါင်း ၃၀ သို့ တန်ချိန် ၅၇,၈၉၁မတ်ထရစ်တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၁.၆၁ သန်းရရှိခဲ့ကြောင်းသိရသည်။ ပြည်ပသို့ ဆန်မွှေး ၇၃.၂၁ ရာခိုင်နှုန်း၊ ဆန်ဖြူ ၂၁.၇၁ ရာခိုင်နှုန်း၊ ပြုတ်ဆန် ၃.၀၄ ရာခိုင်နှုန်း၊ အော်ဂဲနစ်ဆန် ၁.၇၄ ရာခိုင်နှုန်းနှင့် အခြားဆန် ၀.၃၀ ရာခိုင်နှုန်းတင်ပို့ခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံမှ Malis Angkor ဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် (၆) ကြိမ်မြောက်ရရှိ

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၇-၁၁-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော World Rice Conferenci 2024 တွင် ကမ္ဘောဒီးယားအရည်အသွေးနှင့် အမွှေးကြိုင်ဆန်အတွက် အမှတ်အသားဖြစ်သည့် Malis Angkor ဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် (၆) ကြိမ်မြောက်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲကို အပြည်ပြည်ဆိုင်ရာကုန်စည်ဒိုင် (ICI) နှင့် United States Of Rice Traders တို့မှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) မှ တောင်သူလယ်သမားများမှာ ကောင်းမွန်စွာစိုက်ပျိုးပြီး ဆန်စက်ပိုင်ရှင်များ၏ ကောင်းမွန်စွာကြိတ်ခွဲလုပ်ကိုင်ပေးခြင်းတို့ကြောင့် မိမိတို့နိုင်ငံအတွက် အကောင်းဆုံးဆန်ဆုကိုရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် Malis Angkor ဆန်သည် ကမ္ဘောဒီးယားအရည်အသွေးနှင့် အမွှေးကြိုင်ဆန်အတွက် အကောင်းဆုံးအမှတ်အသားတစ်ခုဖြစ်ခဲ့သည်ဟုပြောကြားခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)

အိန္ဒိယ၏ ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှုသည် ၂၀၂၄-၂၀၂၅ တွင် လျော့ကျခဲ့ကြောင်း စက်မှုလုပ်ငန်းအုပ်စုပြောကြား

အိန္ဒိယနိုင်ငံ၏ ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှုသည် ၂၀၂၄-၂၀၂၅ ရာသီတွင် မတ်ထရစ်တန်ချိန် ၁၀၂သန်းအထိ ထပ်မံကျဆင်းနိုင်သည်ဟုခန့်မှန်းထားပြီး ရာသီဥတုကောင်းမွန်ပါက ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်နိုင်ဖွယ်ရှိကြောင်း စက်မှုလုပ်ငန်းအဖွဲ့တစ်ခုက ပြောကြားခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ဟင်းသီးဟင်းရွက်ဆီတင်သွင်းသော အိန္ဒိယနိုင်ငံသည် အောက်တိုဘာလတွင် ကုန်ဆုံးခဲ့သည့် ၂၀၂၃-၂၀၂၄ ရာသီတွင် တန်ချိန် ၁၆သန်းတင်သွင်းမည်ဟု ခန့်မှန်းထားကြောင်း The Solvent Extractors Association of India ၏ အမှုဆောင်ဒါရိုက်တာ BV Mehta ကပြောကြားခဲ့သည်။ ပြီးခဲ့သော နှစ်တွင် အိန္ဒိယနိုင်ငံသည် တန်ချိန် ၁၆.၅ သန်းတင်သွင်းခဲ့သည်။ ယခုနှစ်တွင် အိန္ဒိယသီးနှံများအတွက် ရာသီဥတုကောင်းမွန်သဖြင့် ပဲပုပ်နှင့် မြေပဲအစေ့အဆံများထုတ်လုပ်မှုမြင့်မားလာကြောင်း Mehta ကပြောကြားပြီး rapeseed အထွက်နှုန်းမှာလည်း မြင့်တက်လာမည်ဟု မျှော်လင့်ထားကြောင်းသိရသည်။ အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုသည် ၂၀၂၃-၂၀၂၄ တွင် တန်ချိန် ၉.၂ သန်းရှိမည်ဟုခန့်မှန်းထားပြီး ယခင်နှစ်တန်ချိန် ၉.၈ သန်းထက်ကျဆင်းခဲ့သည်။ နေကြာဆီတင်သွင်းမှုမှာ ယခင်နှစ်တန်ချိန် ၂.၉ သန်းနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၃.၅ သန်းအထိပိုမိုများပြားလာခဲ့သည်။ စားအုန်းဆီသည် အိန္ဒိယ၏ ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှု၏ ၆၀% ဖြစ်သည်။ သို့သော်လည်း ယခုနှစ်တွင် စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကြောင့် ဝယ်လက်များ နေကြာဆီဘက်သို့ ပြောင်းလဲသွားကြကြောင်း Mehta ပြောကြားခဲ့သည်။
Source : economicitmes
DOCA(ရန်ကုန်)

တရုတ်သို့တင်ပို့ရန်အတွက် ကမ္ဘောဒီးယား၏ ဒူးရင်းပြုပြင်ထုတ်လုပ်ခြင်းတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်ကုမ္ပဏီမျက်စိကျနေ

တရုတ်နိုင်ငံစိုက်ပျိုးရေးကုမ္ပဏီဖြစ်သည့် Zhengzhou Chen’s Sun သည် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးကဏ္ဍ အထူးသဖြင့် တရုတ်သို့တင်ပို့ရန်အတွက် ဒူးရင်းသီးပြုပြင်ထုတ်လုပ်သည့် စက်ရုံတည်ထောင်ရန် စိတ်ဝင်စားမှုပြသခဲ့ကြောင်းသိရပါသည်။ ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Xuemei Chen က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဖြစ်သူ Hun Manet နှင့် နိုဝင်ဘာလ ၆ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့၌တွေ့ဆုံစဉ် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးကဏ္ဍ အထူးသဖြင့်သစ်သီးလုပ်ငန်းတွင် ကြီးမားသောအလားအလာရှိမှုကို အသိအမှတ်ပြုကြောင်းနှင့် တရုတ်နှင့် အခြားနိုင်ငံများသို့တင်ပို့ရန် စိုက်ပျိုးရေးကဏ္ဍတွင် အထူးသဖြင့် ဒူးရင်းပြုပြင်ထုတ်လုပ်သည့် စက်ရုံတည်ထောင်ရာတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်းပြောကြားခဲ့ပါသည်။ ထိုရင်းနှီးမြှုပ်နှံမှုသည် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ပြီး ဝင်ငွေမြင့်တက်စေကာ လူနေမှုဘဝမြင့်တက်စေနိုင်ကြောင်းသိရသည်။ Hun Manet က ကမ္ဘောဒီးယားစိုက်ပျိုးရေးကဏ္ဍတွင် ကုမ္ပဏီ၏စိတ်ဝင်စားမှုကို ကြိုဆိုကြောင်းနှင့် ယှဉ်ပြိုင်မှုရှိသော နိုင်ငံတကာဈေးကွက်များအတွက် များစွာသော စိုက်ပျိုးရေးထုတ်ကုန်များထုတ်လုပ်ရန် ကမ္ဘောဒီးယား၏ အလားအလာရှိမှုကိုပြောကြားခဲ့ပါသည်။ ထို့ပြင် ဝန်ကြီးချုပ်က ကုမ္ပဏီအား သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် ပြည်တွင်းမိတ်ဖက်များနှင့် နီးကပ်လုပ်ဆောင်ရန်နှင့် အသေးစိတ်ဆွေးနွေးရန် စေ့စပ်ပေးခဲ့ကြောင်းသိရပါသည်။
Source : Khmer Times
DOCA(ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ပဈေးကွက်များသို့ ထုတ်ကုန်များ တိုးချဲ့တင်ပို့ရန်စီစဉ်

အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ Jerry Sambuaga က ဌာနသည် အင်ဒိုနီးရှားထုတ်ကုန်များအား ပြည်ပသို့ဈေးကွက်တိုးချဲ့မှုအရှိန်မြှင့်တင်ရန် စီစဉ်နေကြောင်းပြောကြားခဲ့ပါသည်။ Sambuaga က တင်ပို့ကုန်များသည် အင်ဒိုနီးရှားစီးပွားရေးကြီးထွားမှုတွင် အပေါင်းလက္ခဏာဆောင်စွာပါဝင်နေကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များသည်လည်း ၎င်းတို့၏ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်မည့်ကိစ္စနှင့်ပတ်သက်၍ အကောင်းမြင်သင့်ကြောင်း ၁-၁၁-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားသည် ကမ္ဘာတစ်လွှားတွင် ကုန်သွယ်ရေး ကိုယ်စားလှယ် ၄၆ဦးရှိကြောင်းသိရပါသည်။ ၁၉ဦးမှာ အင်ဒိုနီးရှားကုန်သွယ်မှုမြှင့်တင်ရေးစင်တာ (ITPC)၊ ကုန်သွယ်ရေးသံမှူး ၂၄ဦး၊ ကုန်သွယ်ရေးအတိုင်ပင်ခံတစ်ဦးနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းတွင် ၁ဦးတို့ဖြစ်ကြောင်းသိရပါသည်။ Sambuaga က အင်ဒိုနီးရှား၏ ကုန်သွယ်ရေးကိုယ်စားလှယ်များသည် စီးပွားရေးလုပ်ငန်းရှင်များအား ၎င်းတို့၏ထုတ်ကုန်များကို ပြည်ပသို့တင်ပို့ရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ကူညီရန်အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားစာရင်းအင်းအချက်အလက်များအရ နိုင်ငံသည် ၂၀၂၀ခုနှစ်၊ မေလမှစ၍ ၄၄လဆက်တိုက် ကုန်သွယ်ရေးပိုငွေရခဲ့ကြောင်းသိရပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာနသည်လည်း အင်ဒိုနီးရှားထုတ်ကုန်များတင်ပို့မှု စဉ်ဆက်မပြတ်တိုးချဲ့ရန်အတွက် အစီအစဉ်ရှိနေကြောင်းသိရပါသည်။
Source : Antara News
DOCA(ရန်ကုန်)

Cherry အင်ဒိုနီးရှားက Omoda C5 အမျိုးအစား မော်တော်ယာဉ်များအား ဗီယက်နမ်သို့ ပထမဆုံးတင်ပို့

Cherry အင်ဒိုနီးရှားက Omoda C5 အမျိုးအစား မော်တော်ယာဉ်များအား ဗီယက်နမ်သို့ ပထမဆုံးတင်ပို့လိုက်ကြောင်း Omoda & Jaecoo ဗီယက်နမ်က နိုဝင်ဘာ ၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ဈေးနှုန်းများကို ပြည်တွင်းတပ်ဆင်မှုမတိုင်မီ ယခုလနှောင်းပိုင်းတွင် ဖော်ပြရန် မျှော်လင့်ရကြောင်းသိရပါသည်။ အင်ဒိုနီးရှားနှင့် မလေးရှားမှ ယာဉ်များတင်သွင်းမှုအပြင် Omoda & Jaecoo ဗီယက်နမ်သည် တစ်နှစ်လျှင် မော်တော်ယာဉ်အစီး ၂၀၀၀၀၀ ထုတ်လုပ်နိုင်သည့်စက်ရုံကို Thai Binh ပြည်နယ်တွင် ဆောက်လုပ်လျက်ရှိကြောင်းသိရပါသည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း၈၀၀ရှိသည့် ထိုစက်ရုံသည် ၂၀၂၆ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဖြစ်ပြီး ဗီယက်နမ်၏ မော်တော်ယာဉ်လုပ်ငန်းကြီးထွားမှုကို အရှိန်မြှင့်ပေးနိုင်မည်ဖြစ်ကာ ဒေသခံများအား အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးနိုင်မည်ဟုသိရပါသည်။ Omoda C 5 နှင့် အခြားမော်ဒယ်များအား ပြည်တွင်းတပ်ဆင်ခြင်းသည် ကုန်ကျစရိတ်များလျှော့ချရန်၊ ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်နှင့် ဗီယက်နမ်သုံးစွဲသူများ၏လိုအပ်ချက်နှင့် အံဝင်ခွင်ကျဖြစ်စေရန် ကူညီနိုင်မည်ဟုသိရပါသည်။ ၎င်းသည် Cherry Group နှင့် ဗီယက်နမ်၏ GELEXIMCO Group တို့အကြား ပူးပေါင်းဆောင်ရွက်မှု၏ ရေရှည်မဟာဗျူဟာမြောက် မှတ်တိုင်တစ်ခုဖြစ်ပြီး မော်တော်ယာဉ်လုပ်ငန်းတွင် တည်ငြိမ်ပြီး ကျယ်ပြန့်သောအနာဂတ်ဆီသို့ ဦးတည်စေကြောင်းသိရပါသည်။
Source : Vietnam Plus
DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ