Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိသော ဝါးရင်းမှိုပေါင်းထုတ် နှင့် ကန်ဇွန်းရွက်ပေါင်းထုတ်

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား ဝါရင်းမှိုများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကြသလို ဝါရင်းမှိုများကို ကျွန်းဖက်၊ ငှက်ပျောဖက်တို့ဖြင့်ထုတ်၍ စက်တင်ဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ဝါရင်းမှိုပေါင်းထုတ်  ဈေးနှုန်းအနေဖြင့်  ဝါရင်းမှိုပေါင်းထုတ် တစ်ထုတ်လျှင်(၈၀၀)ကျပ်၊ (၂)ထုတ်လျှင် (၁၅၀၀)ကျပ်၊(၁၀)ထုတ်လျှင်(၇၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ အလားတူပင် ကန်ဇွန်းရွက် ဟင်းပေါင်းထုတ် ဈေးနှုန်းအနေဖြင့် ကန်ဇွန်းရွက်ဟင်းပေါင်းထုတ် တစ်ထုတ်လျှင်(၅၀၀)ကျပ်၊ ငွေကျပ် (၂၀၀၀)ဖိုး(၅)ထုတ် ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် ဝါးရင်းမှိုပေါင်းထုတ် တစ်ထုတ်လျှင်(၂၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော လက်ပန်ပွင့်ခြောက်နှင့် သရက်သီးခြောက် ဈေးနှုန်း

    ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် မိမိတို့ဒေသထွက်ကုန်များအပြင်  အခြား ဒေသမှဝင် ရောက်လာသည့် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ ကိုရောင်းချလျက်ရှိသည့်အနက် အပွင့် ခြောက်/အသီးခြောက်မျိုးစုံဖြစ်သည့် ကြောင်လျှာပွင့်ခြောက်၊ လက်ပန်ပွင့်ခြောက်၊ သရက်သီး ခြောက်၊ ခရမ်းသီးခြောက်၊ ဘူးသီးခြောက်နှင့် ဇီးဖြူသီးခြောက် တို့ကို ရောင်းချလျက်ရှိရာမှ လက်ပန်ပွင့်ခြောက် ကိုလည်း ရောင်းချလျက်ရှိပါသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့ ပိတောက်မြိုင်ဈေး၌ ရောင်းချ လျက်ရှိသော လက်ပန်ပွင့်ခြောက် ဈေးနှုန်းမှာ လက်ပန်ပွင့်ခြောက် တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် ‌ (၁၀)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိပြီး သရက်သီးခြောက် ဈေးနှုန်းအနေဖြင့် သရက်သီးခြောက် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ သရက်သီးခြောက်(၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၆၀၀)ကျပ်ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ရုံးပတီသီး နှင့် ကင်းမုံသီး ဈေးနှုန်း

   ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များတွင် မိမိတို့နေအိမ်ခြံဝင်း အတွင်းနှင့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတီသီးများကိုလည်း တစ်ပိုင် တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

      စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၏ ရုံးပတီသီး ဈေးနှုန်းများမှာ ရုံးပတီသီး လက်လီ တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်လည်းကောင်း။ အလားတူပင် ကင်းမုံသီး တစ်ပြည်လျှင်(၁၅၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၈၀၀)ကျပ် နှင့် နို့ဆီ(၁)ဘူးလျှင်(၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် ကင်းမုံသီး တစ်ပြည်လျှင်(၃၀၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံ မျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ‌ရွှေဖရုံသီး နှင့် ဘူးသီး

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ရွှေဖရုံသီးများကို ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိပြီး ရာသီချိန်မဟုတ်သည့် ကာလများတွင် ရွှေဖရုံသီးများကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချရကြောင်း သိရှိရပါ သည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ ဈေးကွက်အတွင်းရှိ ရွှေဖရုံသီး ဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ဘူးသီး ဈေးနှုန်း အနေဖြင့် ဘူးသီး(အကြီး)တစ်လုံးလျှင်(၂၀၀၀/၂၅၀၀)ကျပ်၊ ဘူးသီး(အသေး)တစ်လုံးလျှင်(၁၅၀၀)ကျပ် နှင့် ဘူးသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကျိုက်လတ်မြို့နယ်တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၇.၉.၂၀၂၅) နံနက် (၇:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီမှ အမှတ်(၃) ရပ်ကွက်၊ (၇) လမ်းရှိ ဒေသခံပြည်သူများသို့ အခြေခံ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်တစ်ပြည် (၂၅၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၃၇၀) ကျပ်၊ စားသုံးဆီတစ်ပိဿာလျှင် (၇၂၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၄၈၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဈေးအနည်းငယ်ကျဆင်းလျက်ရှိသော မယ်ဇလီဖူးပြုတ်

    ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် မိုးဦးရာသီ နှင့် တန်ဆောင်မုန်းလပြည့်နေ့များတွင် ဆေးဘက် ဝင်သည်ဟု အဆိုရှိ၍ အများဆုံးစားသုံးလေ့ရှိသော မယ်ဇလီဖူးများကို ပြုတ်၍ ဈေးထဲတွင် ရောင်းချ လျက်ရှိကြောင်း သိရသည်။

     စက်တင်ဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချ နေသော မယ်ဇလီဖူး ပြုတ် ဈေးနှုန်းအနေဖြင့်  မယ်ဇလီဖူးပြုတ် တစ်ပြည်လျှင်(၂၈၀၀)ကျပ်၊ နို့ဆီဘူး (၄)ဘူးလျှင် (၁၄၀၀)ကျပ်၊ နို့ဆီဘူး တစ်ဘူးလျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုး(၃)ဘူး  ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ထက် မယ်ဇလီဖူး တစ်ပြည်လျှင်(၂၀၀)ကျပ်လျော့နည်းပြီး အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော ‌ပဲလင်းမြွေသီး နှင့် သခွားသီး ဈေးနှုန်း

    ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ ယခုရာသီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်သီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး တို့ကို စိုက်ပျိုးသည့်အနက် ဗုံလုံသီး (ခေါ်)ပဲလင်းမြွှေသီးများကို စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင် ရောင်းချရကြောင်း သိရှိရပါ သည်။

    ယခု စက်တင်ဘာလ တတိယအပတ်တွင် ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီး ဈေးနှုန်း အနေဖြင့် ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီး အကြီး စ်တောင့်လျှင်(၀၀)ကျပ်၊ အလတ် စ်တောင့်လျှင်(၀၀)ကျပ် နှင့် အသေး စ်တောင့်လျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၃)တောင့် တို့ဖြင့် ရောင်းချလျက်ရှိပြီး  အလားတူပင် သခွားသီး ဈေးနှုန်း အနေဖြင့် ဒေသထွက် သခွားသီး အကြီး(၁)လုံးလျှင်(၈၀၀)ကျပ် နှင့် အသေးတစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပဲပုတ် ပဲငပိအစို နှင့် ပဲပုတ်ပဲငပိခြောက် ဈေးနှုန်း

    ကျွန်းလှမြို့ရှိ ရပ်ကွက်ဈေးများအတွင်းရှိ ဈေးဆိုင်များတွင် ပဲပုတ် ပဲငပိများကို မိမိတို့ဒေသထွက် ကိုယ်တိုင်လုပ်ရောင်းခြင်းနှင့် ကာဘိုးကျေးရွာတို့ မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်းရှိ ဈေးဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ပဲပုတ် ပဲငပိ ဈေးနှုန်းအနေဖြင့် ပဲပုတ် ပဲငပိ လက်လီ တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၅၀၀) ကျပ် နှင့် ပဲပုတ်ပဲငပိခြောက် ဈေးနှုန်းအနေဖြင့်  ပဲပုတ် ပဲငပိခြောက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် ပဲပုတ် ပဲငပိခြောက် (၁၀)ကျပ်သား လျှင်(၂၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော နံနံပင်နှင့် ရှမ်းနံနံပင် ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ နံနံပင်၊ ပူစီနံနံပင်၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီး နှင့်  ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် နံနံပင် နှင့် ရှမ်းနံနံ(ခေါ်)သင်္ဘောနံနံ ပင်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။  

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေသော နံနံပင် ဈေးနှုန်းများမှာ နံနံပင် တစ်စီးလျှင်(၂၀၀)ကျပ်၊ (၅၀၀)ဖိုး(၃)စီး နှင့် ရှမ်းနံနံ (ခေါ်) သင်္ဘောနံနံပင် တစ်စီးလျှင်(၃၀၀)ကျပ် (၂)စီးလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဂွေးသီး၊ သီးသီး  နှင့် စောင်းလျှားသီး ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံပင်ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ သီးသီးပင်၊ ဂွေးသီးပင်၊ စောင်းလျှားသီးပင်၊ မန်ကျည်းသီးပင်၊ အုန်းသီးပင် နှင့် မာလကာသီးပင်များ ကိုလည်းစိုက်ပျိုးကြသည့်အနက် ဂွေးသီးပင်၊ သီးသီးပင် နှင့် စောင်းလျှားသီးပင်များ ကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဂွေးသီး  ဈေးနှုန်း အနေဖြင့် ဂွေးသီး အကြီး တစ်လုံးလျှင်(၅၀)ကျပ်၊ (၁၁)လုံးလျှင် (၅၀၀)ကျပ်၊ သီးသီးဈေးနှုန်းများမှာ သီးသီး အကြီး တစ်လုံးလျှင်(၁၀၀)ကျပ်၊ (၃)လုံး(၂၀၀)ကျပ်ဖြင့်လည်းကောင်း အလားတူပင် စောင်းလျှားသီး အကြီး တစ်လုံးလျှင်(၅၀)ကျပ်၊ (၅)လုံး(၂၀၀)ကျပ်၊ ဂွေးသီး၊ သီးသီး နှင့် စောင်းလျှားသီးများကို ကျောင်းမုန့်ဈေးဆိုင်တန်းမှ ဈေးသည်များ၊ အချဉ်ပေါင်းသည်များ နှင့် ရပ်ကွက်ဈေးတန်းများတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း