Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့၏ အစေ့ထုတ်ပြောင်းဈေး

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ စက်တင်ဘာလ၊ တတိယအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး စက်တင်ဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်း တစ်တင်းလျှင်(၂၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ် ဖြစ်မှုမှာ (၂၂၅၀)တင်း/ (၅၆)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင်(၂၆၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၅၀ဝိ/-) ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၁၈၆၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၇၄၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊ ရွှေဘိုဈေးကွက်သို့ ကန့်ဘလူနယ်မှ အစေ့ထုတ်ပြောင်းများ အဝင်များပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်းကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ လိုအပ်ချက်အရ မန္တလေးမှလည်း ဝယ်ယူရောင်းချကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ တတိယပတ် အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၃၈၀)ကျပ်၊ ဥလတ်တစ်လုံးလျှင်(၃၅၀)ကျပ် ၊ ဥသေးတစ်လုံးလျှင်(၃၀၀)ကျပ်နှင့် ဘဲဥကြီးတစ်လုံးလျှင် (၆၀၀) ကျပ်၊ ဥသေးတစ်လုံးလျှင်(၅၅၀)ကျပ်၊ ငုံးဥ(၁၀)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လကာလတူဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက် အနည်းငယ်ကျဆင်းသွားကြောင်း ကြက်ဥ၊ ဘဲဥ၊ ငုံးဥများကို စားသောက်ဆိုင်များ၊ မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပြီး အိမ်ရှင်မများမှ မိသားစုထမင်းဝိုင်းအတွက် ဟင်းလျာအဖြစ်ချက်ပြုတ်ရာတွင်လည်း အသုံးပြုကြကြောင်း  ကန့်ဘလူမြို့မဈေးအတွင်းရှိ ဈေးသည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် မြေပဲလုံးဆံဈေး အနည်းငယ်ကျ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ မြေပဲလုံးဆံများမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှ စတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ စက်တင်ဘာလ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆံတစ်တင်းလျှင် (၁၃၆၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၂၂၅)တင်း/ (၅)တန်ဖြစ်ကြောင်း၊   ‌ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်ပတ်၌     မြေပဲလုံးဆံတစ်တင်းလျှင် (၁၄၇၂၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက်        မြေပဲလုံးဆံ တစ်တင်းလျှင်(၁၁၂၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိ‌ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ပုသိမ်မြို့တွင် အောင်သပြေတုံးဈေးကွက်

    အောင်သပြေတုံးမှာ အငုတ်မှ အညွှန့်များဖြာထွက်နေပြီး ရေလဲပေးပါက အညွန့်အသစ်များ ထပ်မံထွက်ပေါ်လာကာ (၁)လခန့် အထားခံပါသည်။ သပြေမှာ ကိုင်းမှအရွက်များ ထွက်နေပြီး ပုံမှန်ရေလဲပေးပါက အရွက်များ အစိမ်းနုရောင်မှ အစိမ်းရင့်ရောင်ပြောင်းကာ အရွက်များ ကြွေခြင်းမရှိပဲ အနည်းဆုံး ၆လမှ ၈လခန့် အထားခံပါသည်။ သပြေကို ကိုင်းကြီး၊ ကိုင်းလတ်၊ ကိုင်းသေးအစည်းဟူ၍ သုံးမျိုးရောင်းချကြောင်း သိရပါသည်။  

    သပြေကိုင်းကြီးတစ်ခက်လျှင် ၂၀၀၀ကျပ်၊ ကိုင်းလတ်တစ်ခက်လျှင် ၁၃၀၀ကျပ်နှင့် ကိုင်းသေး တစ်ခက်လျှင် ၁၀၀ကျပ်ဖြင့် ရောင်းချကြပါသည်။ ကိုင်းကြီးမှာ ပိုမို၍ကြာရှည်စွာအထားခံကြောင်း သိရှိရပါသည်။ ဘုရားကျောင်းဆောင်များတွင် စိမ်းစိမ်းစိုစိုနှင့် ကျက်သရေရှိလှပါသည်။ သပြေတုံးများမှာ မိုးများသောကြောင့် သပြေတုံးများ အဝင်နည်းနေချိန်ဖြစ်၍ ဈေးကောင်းရရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆိပ်ဖြူမြို့ ပတ္တမြားဈေးတွင် အာလူးသီးနှံဈေးတက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့ နေ့စဉ် ရှမ်းပြည်နယ်၊ အောင်ပန်း၊ ဆင်ဖြူကျွန်းဒေသထွက်အာလူးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အာလူးကို စားဖိုဆောင်သီးနှံအဖြစ် စားသုံးမှုများကြသည့်အပြင် ဒေသတွင်းအာလူးကြော်လုပ်ငန်းများကလည်း ထုတ်လုပ်ရောင်းချမှုရှိသည့်အတွက် အာလူးသီးနှံမှာ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း ဈေးကွက်မှသိရှိရသည်။

      ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် အာလူးအလုံးအရွယ်အစားနှင့် အရည်အသွေးကိုလိုက်၍ ဆင်ဖြူကျွန်းအာလူးတစ်ပိဿာလျှင် ကျပ်(၅၅၀၀-၃၅၀၀)၊ ရှမ်းပြည်နယ် (အောင်ပန်း)အာလူးတစ်ပိဿာလျှင် ကျပ်(၆၀၀၀-၃၀၀၀) ဈေးဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်စက်တင်ဘာလ(ဒုတိယပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက အာလူးတစ်ပိဿာလျှင် ကျပ်(၁၅၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မိုးတွင်းကာလဖြစ်၍ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်း၍ ဈေးတက်ရ ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့ပေါ်တွင် ဖြစ်ပေါ်နေသော ဂေါ်ရခါးသီး‌ဈေးနှုန်းဈေးကွက်

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်၊ ရှမ်းပြည်နယ်၊ အောင်ပန်း၊ ကလော၊ အင်းလေးတို့မှ ဂေါ်ရခါးသီးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် အညွှန့်များကိုဖြတ်တောက်၍ ရောင်းချရကြောင်း၊ အသီးများသည် ဇွန်လမှ အောက်တိုဘာလထိသီးပြီး တစ်ပင်လျှင် အလုံးရေ (၂၀၀)မှ (၃၀၀)ထိထွက်ရှိကြောင်းသိရသည်။

        ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် ဂေါ်ရခါးသီးတစ်လုံးလျှင် ကျပ်(၃၅၀)မှ ကျပ်(၅၀၀)ဈေးဖြင့်ရောင်းချလျက်ရှိပြီး နေ့စဉ် အလုံးရေ (၅၀၀) မှ (၁၀၀၀၀)ထိဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့တွင် ရာသီပေါ် ဩဇာသီးများ ဈေးကွက်သို့ စတင်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ရာသီပေါ် ဩဇာသီးများ စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဩဇာသီးကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုပ္ပါး၊ ကျောက်ပန်းတောင်းနှင့် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိရွာများ၌ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိပါသည်။ ဩဇာပင်သည် နှစ်ရှည်ခံပင်ဖြစ်ပြီး အပူပိုင်းဒေသများတွင် အများဆုံးပေါက်ရောက်ဖြစ်ထွန်းကြောင်းသိရသည်။

          ယခုအချိန်တွင် ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့၌ ကျောက်ပန်းတောင်းဒေသမှထွက်ရှိသော ဩဇာသီးများ စတင်ဝင်ရောက်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။ ဩဇာသီးများကို တချို့က ပိဿာဖြင့်လည်းကောင်း၊ တချို့က တစ်လုံးချင်းဖြင့်လည်းကောင်း ရောင်းဝယ်ဖောက်ကားလျက်ရှိရာ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် ဩဇာသီးတစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ တစ်လုံးလျှင် ကျပ် (၁၀၀၀)ဖြင့်ရောင်းချပြီး နေ့စဉ် အလုံးရေ (၃၀၀၀) မှ (၁၀၀၀၀) ထိ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

အထက်မင်းလှမြို့နယ်အတွင်း ပဲစင်းငုံသီးနှံကို သီးညှပ်အဖြစ်စိုက်ပျိုးလျက်ရှိ

        မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်အတွင်းရှိ မယ်ဇလီတောကျေးရွာတွင် တောင်သူ(၇၀)ဦးအနေဖြင့် ပဲစင်းငုံသီးနှံစိုက်ဧက (၁၅၀)ဧကကို ၂၀၂၄ခုနှစ်၊ ဇွန်လတွင် မိုးနှမ်းနှင့်အတူ ရော၍ သီးညှပ်အဖြစ်စိုက်ပျိုးထားကြောင်းသိရသည်။

         မယ်ဇလီတောကျေးရွာနေ တောင်သူ ဦးဝင်းသိန်းက ၎င်းအနေဖြင့် ပဲစင်းငုံသီးနှံ(၃)ဧကခွဲခန့်ကို မိုးနှမ်းနှင့်အတူ ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့်စိုက်ပျိုးပြီး (၁)ဧကလျှင် မျိုး ၁ပြည်မှ ၂ပြည်ထိကုန်ကျကြောင်း၊ ယခင်နှစ် စိုက်ခင်းမှထွက်ရှိသည့် ပဲစင်းငုံများကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးပြီး အပင်သက်တမ်း(၆)လအကြာတွင် ရိတ်သိမ်းရကြောင်း၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ်(၂)သိန်းမှ ကျပ်(၃)သိန်းထိကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် (၁၀)တင်းမှ (၁၅)တင်းထိထွက်ရှိခဲ့ပြီး (၁)တင်းလျှင် ကျပ်(၁၂၀၀၀၀) ဈေးရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့နှင့်မကွေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ဒေသအတွက်လိုအပ်သော ဆန်များရောက်ရှိ

         မြိတ်ခရိုင်တွင် ဆန်ထွက်ရှိသော်လည်း ဒေသတွင်းဆန်မလုံလောက်သည့်အတွက် မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းအနေဖြင့် ဒေသအတွက်လိုအပ်သောဆန်များကို ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ မှာယူလျက်ရှိပြီး (၁၈-၉-၂၀၂၄)ရက်နေ့တွင် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှဝယ်ယူ၍ MS ပြည့်ဖြိုးအောင်(၉) ရေယာဉ်ဖြင့် ဆန်တန် (၁၅၀)၊ အိတ်ရေ (၃၀၀၀) မြိတ်မြို့သို့ (၂၀-၈-၂၀၂၄)ရက်နေ့တွင် ရောက်ရှိလာခဲ့သဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီ‌ရောင်းချမှုအခြေအနေ

      ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်များရှိ ပုံမှန်ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များမှာ (၁၂-၈-၂၀၂၄ ) ရက်နေ့မှစ၍ စက်သုံးဆီ (၄)မျိုးအား အပြည့်အဝရောင်းချပေးနိုင်မှု လျော့နည်းမှုများဖြစ်ပေါ်ခဲ့သည့်အတွက် စိစစ်မှုများဆောင်ရွက်ခဲ့ရာ စက်သုံးဆီပြတ်လပ်ခဲ့မှုများမှာ ပြည်ပမှ စက်သုံးဆီမှာယူတင်သွင်းသူ၏  ‌ဒေါ်လာအခက်အခဲကြောင့်လည်းကောင်း၊ ထုတ်ယူရမည့် Terminal များမှ ခွင့်ပြုချက်များအပေါ် အဆင့်ဆင့်စောင့်ဆိုင်းထုတ်နေရခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီအရောင်းဆိုင်များ ခေတ္တဆီပြတ်လပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် (၁၈-၈-၂၀၂၄) ရက်နေ့နှင့် (၁၉-၈-၂၀၂၄) ရက်နေ့တို့တွင် စက်သုံးဆီဆိုင်တချို့မှာ ဆီကားများ ပုံမှန်ပြန်လည်ရောက်ရှိ၍ ပုံမှန်အတိုင်း ပြန်လည်ဖြန့်ဖြူးရောင်းချနေပြီဖြစ်ကြောင်း စက်သုံးဆီရောင်းချသည့် ဆိုင်တာဝန်ရှိသူများထံမှသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း