Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မိတ္ထီလာမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်း နှင့်ဝန်ထမ်းများသည် စျေးကွက်တွင်းရောင်းချနေသော ဓါတ်ဆီ၊ဒီဇယ်များ စျေးနှုန်း မြင့်တင်ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ် လီတာ၊ ဂါလံများ ပြည့်မီမှုရှိ/မရှိကို မိတ္ထီလာမြို့နယ်အတွင်း   (မိတ္ထီလာ-ကျောက်ပန်းတောင်း )ကားလမ်းရှိ စက်သုံးဆီရောင်းချနေသော Farmer ၊ အောင်ကောင်း ပြည့် 1 ၊ နဝရတ်၊ နီလာရီုးမ ၊ Ever Top၊ Petro-K နှင့်Diamond King   စက်သုံးဆီဆိုင်များအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉   ရက်နေ့တွင် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များသို့ နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ ဆီဆိုင် ဖွင့်လှစ်/ပိတ်သိမ်းမှုအခြေအနေများ၊  သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချမှု ရှိ/မရှိ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိ/မရှိ ၊  အရည်အသွေးပြည့်မီမှန်ကန်သည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ဆီ၊ ချောဆီများကိုသာတင်သွင်း ၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် စီပွားရေးလုပ်ငန်းရှင်များနေဖြင့် ကုန်စည်ပတ်သက်၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်‌ရေးဥပ‌ဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍  ဆီဆိုင်များအနေဖြင့် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်း အချိန်အတွယ် လီတာ၊ဂါလံများ ပြည့်ဝမှုရှိ/မရှိ (၂၀) လီတာစံဝင်ခွက်ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ပြည့်မီမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မကွေးမြို့၊ သစ်ရာကောက်နယ်တွင်မိုးမြေပဲ(ပင်ထောင်)နှင့် နှမ်းသီးနှံများ အောင်မြင်စွာဖြစ်ထွန်းလျက်ရှိ

     ၂၀၂၃ ခုနှစ် မေလအတွင်း အနောက်တောင်မုတ်သုံလေများ စတင်ဝင်ရောက်ပြီး မုန်တိုင်းမိုးများ ရွာသွန်းချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ သစ်ရာကောက်နယ် အတွင်း မိုးမြေပဲ(ပင်‌ထောင်)နှင့် နှမ်းသီးနှံတို့ကို စိုက်ပျိုးခဲ့ရာ ရာသီဥတု၊ မိုးလေဝသ ကောင်းမွန်မှုတို့ကြောင့် သီးနှံများ အောင်မြင်စွာ ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူများမှတစ်ဆင့် သိရှိရသည်။

   ယခင် ၂၀၂၂ ခုနှစ်၊ မိုးဦးကာလတွင် မိုးမြေပဲ(ပင်ထောင်) မျိုးဆံစေ့ တစ်တင်းလျှင် ကျပ် (၈၀၀၀၀-၉၀၀၀၀) ခန့်ဖြင့် ဝယ်ယူစိုက်ပျိုးခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် ကျပ်(၁၀၀၀၀၀- ၁၃၀၀၀၀) ခန့် ဝယ်ယူစိုက်ပျိုးခဲ့ရကြောင်း၊ တောင်သူများအနေဖြင့် (၁)ဧကလျှင် မျိုးဆံစေ့၊ ဓါတ်မြေဩဇာ၊ သွင်းအားစု၊ လုပ်သားခ ကုန်ကျစရိတ်များမှာ ကျပ်(၄၀၀၀၀၀-၅၀၀၀၀၀)ခန့် ကုန်ကျခဲ့ပါကြောင်း၊ ရရှိနိုင်သော အကျိုးအမြတ်မှာလည်း သီးနှံအထွက်နှုန်း၊ သီးနှံအရည်အသွေးနှင့် ဈေးနှုန်းဈေးကွက်အပေါ် မူတည်၍ အကျိုးအမြတ်ခံစားရမည်ဖြစ်ပါကြောင်း၊ ယခင် ၂၀၂၂ ခုနှစ်၊ မိုးဦးကာလတွင် မိုးမြေပဲ(ပင်‌ထောင်) လုံးဆံဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၄၀၀၀)အထိရရှိပြီး ဆီဆံဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၃၀၀၀) ခန့် ရောင်းချရကြောင်း၊ ဆက်လက်ပြီး ရာသီဥတု၊ မိုးလေဝသများ ကောင်းမွန်မှန်ကန်ပါက မိုးမြေပဲ (ပင်ထောင်)များ စိုက်ပျိုးခြင်းကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးကုန်ကျစရိတ် ကာမိရုံသာမက အကျိုးအမြတ်များစွာ ခံစားရရှိမည်ဖြစ်ပြီး မြေပဲပင်(သို့မဟုတ်) မြေပဲရိုးများကို တိရိစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သဖြင့် တိရိစ္ဆာန်အစာ ဖူလုံမှုရရှိကြောင်း တောင်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

         

မိုးမျှော်ရသည့်မိုးနှမ်း

        မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ရေမြေရာသီဥတု အခြေအနေအရ နှမ်းသီးနှံကို မိုးကောင်းသောက်သီးနှံအနေဖြင့် နှစ်စဉ် မေ၊ ဇွန်လများတွင် စိုက်ပျိုးကြပါသည်။ ယခုနှစ်တွင်လည်း မေလလယ်မိုးရွာသွန်းပြီး မိုးနှမ်းကို စတင်စိုက်ပျိုးခဲ့ရာ ဇွန်လဆန်း၌ ရွာသွန်းခဲ့သောမိုးကြောင့် အပင်ဖြစ်ထွန်းမှု ကောင်းမွန်လျက်ရှိပါသည်။ ဒေသတွင်းနှမ်းညိုကို အစိုက်များရာ မျိုးသီးနှံချိန်ဖြစ်၍ နှမ်းညိုစျေးကောင်းလျက်ရှိပြီး တောင်သူများအနေဖြင့် မျိုးတွက် ချန်ထားသည်များအနက် ပိုလျှံသော နှမ်းကို စျေးကွက်သို့ ရောင်းချရာ တစ်တင်းလျှင် (၉၅၀၀၀) ကျပ်ဖြင့် စျေးကောင်းရရှိကြပါသည်၊၊ စိုက်ပျိုးရာ၌ လုပ်သားခ(ကျား/မ) မှား တစ်ရက်လျှင် (၅၅၀၀) ကျပ်ရှိပြီး ၊ ထွန်ထယ်ရာတွင် နွားတစ်ရှဉ်း (၁၅၀၀၀-၂၀၀၀၀) ကျပ်ရှိကြောင်းသိရသည်။ တောင်သူများမှာ မိုးမျှော်စိုက်ပျိုးရသော နှမ်းအတွက်လာမည့် မိုးလေဝသအခြေအနေကို မျှော်လင့်ရကြောင်း သိရသည်။

DOCA(မန္တလေး)

ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

          ၂၀၂၃ ခုနှစ် ဇွန်လ တတိယအပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် (၄၅၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် လျှင် (၄၀၀၀)ကျပ်ဖြင့် ယခင် အပတ်ထက်အနည်းငယ်သာမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။ ကြက်သွန်နီ မြစ်သား အမျိုးအစား လက်လီဈေးမှာ (အကြီး)တစ်ပိသာ(၃၀၀၀)ကျပ် ၊ (အလတ်) တစ်ပိသာ(၂၅၀၀)ကျပ် ၊ (အသေး) တစ်ပိသာ (၂၃၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ)အလုံးကြီး တစ်ပိသာ (၈၀၀၀)ကျပ် ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) အလုံးသေး တစ်ပိသာ (၆၀၀၀)ကျပ် ၊ ကြူကုတ် တစ်ပိသာ (၈၀၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိပါသည်။ ဂျင်း အညံ့ တစ်ပိသာလျှင်(၅၀၀၀)ကျပ်၊ ရှယ်စ တစ်ပိသာ (၁၂၀၀၀)ကျပ် ဖြစ်နေပြီး ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိပြီး ငရုတ်သီးခြောက် တစ်ပိသာ (၂၀၀၀၀)ကျပ် ယခင်အပတ် အတိုင်း တည်ငြိမ်လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အာလူး အသေး/အကြီး အမျိုးအစား အလိုက် တစ်ပိသာ  (၂၈၀၀/၃၀၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

         ကုန်စိမ်းများဖြစ်သော ငရုပ်သီးစိမ်း တစ်ပိသာ (၄၀၀၀)ကျပ် ၊ ခရမ်းချဉ်သီး တစ်ပိသာ (၁၈၀၀)ကျပ် ဖြစ်နေပြီး ခရမ်းသီး  တစ်ပိသာ (၁၂၀၀) ကျပ် ယခင် အနည်းငယ်လျော့ကျပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  ပန်းဂေါ်ဖီ တစ်ပွင့်  (၂၀၀၀) ကျပ် ၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၂၅၀၀)ကျပ် ယခင်အထက် (၂၀၀)ကျပ် မြင့်တက်လျက်ရှိကြောင်း၊ ခါကြက်ဥ(တရုတ်) တစ်ပိသာ (၅၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ) တစ်ပိသာလျှင် (၄၀၀၀)ကျပ် ယခင် အပတ်အတိုင်း တည်ငြိမ်နေကြောင်း၊ သံပုရာသီး တစ်လုံးလျှင် (၁၅၀) ကျပ် မှ (၂၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စီးလျှင် (၁၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေပြီး  ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာကြောင်း ဈေးသည်တစ်ဦး ထံမှ သိရှိရပါသည် ။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၃၀၀)ကျပ်၊ (အသေး)တစ်လုံး (၂၅၀) ကျပ် ၊ ဘဲဥ တစ်လုံး (၄၀၀)ကျပ်ရှိပါသည် ။  အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၄၀၀၀ )ကျပ် မှ (၁၆၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိသာ (၁၈၀၀၀) ကျပ် မှ (၂၂၀၀၀) ကျပ် ၊ အမဲသား တစ်ပိသာ (၁၁၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ် ယခင်မေလ နောက်ဆုံးအပတ်အတိုင်း ဝက်သား၊ အမဲသား ဈေးများမှာ တည်ငြိမ်လျက်ရှိပြီး၊  ကြက်သား ဈေး အနည်းငယ်မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သား ဈေးမှာ တစ်ပိသာ (၉၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ်၊ တီလားဗီးယားငါး အသေးတစ်ပိသာ (၆၀၀၀)ကျပ် ၊ အလတ် တစ်ပိသာ (၈၀၀၀) ကျပ်၊ အကြီး တစ်ပိသာ (၁၀၀၀၀)  ငါးဈေးများမှာ ယခင်အပတ်ထက် အနည်းမြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

          စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၄၀၀၀)ကျပ် မြေပဲဆီဈေးနှုန်းဟာ ယခင် အပတ်များနှင့်အတူ ဈေးတည်ငြိမ်လျှက်ရှိပါသည်။ စားအုံးဆီ တစ်ပိသာလျှင် (၆၈၀၀)ကျပ်၊ ဆယ်ပိသာ တစ်ပုံးလျှင် (၆၇၀၀၀)ကျပ်  ယခင် အပတ်ထက် တစ်ပိသာ(၁၀၀၀)ကျပ်မြင့်တက်ကာ အရောင်းအဝယ် ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

တောင်ငူမြို့တွင် စက်သုံးဆီဈေးပြန်လည်ကျဆင်း

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ဇွန်လ(ဒုတိယပတ်)တွင် 92 RON တစ်လီတာလျှင် ၂၀၅၅ ကျပ်၊ 95 RON တစ်လီတာ လျှင် ၂၁၆၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၈၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၀၇၀ ကျပ်ရှိခဲ့ပါသည်။

   ယခုဇွန်လ(တတိယပတ်)တွင် တောင်ငူမြို့၌ 92 RON တစ်လီတာလျှင် ၂၀၀၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၀၉၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၃၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၀၁၀ ကျပ်ရှိကြောင်း ဖြိုးဝေကျော်စက်သုံးဆီ အရောင်းဆိုင်မှ ဈေးနှုန်းရရှိပါသည်။

   အုတ်တွင်းမြို့တွင် 92 RON တစ်လီတာလျှင် ၁၉၉၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၀၉၀ ကျပ်၊ ဒီဇယ် တစ်လီတာ လျှင် ၁၉၃၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၀၁၀ ကျပ် ရှိကြောင်း Petro-K စက်သုံးဆီအရောင်းဆိုင်မှ ဈေးနှုန်းရရှိပါသည်။

    ရေတာရှည်မြို့တွင် 92 RON တစ်လီတာလျှင် ၂၀၀၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၀၀ ကျပ်၊ ဒီဇယ် တစ်လီတာ လျှင် ၁၉၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၀၁၅ ကျပ် ရှိကြောင်း Shine Ko စက်သုံးဆီအရောင်းဆိုင်မှ ဈေးနှုန်းရရှိပါသည်။

   သို့ဖြစ်၍ ယခုအပတ်တွင် ယခင်အပတ်ကထက် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာ လျှင် ၅၀ ကျပ်ခန့် ကျဆင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)

ဇွန်လ၊ တတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးရှိ ငါးဈေးနှုန်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူ မြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အ ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံ ရောင်းချလျက်ရှိပြီး ၂၀၂၃ ခုနှစ် ဇွန်လ၊ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာ လျှင် (၆၀၀၀)ကျပ်၊ တီလားဗီးယားအကောင်လတ် တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ တီလားဗီးယား အကောင်ကြီးတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဂျောင်းတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငါးအုံတုံတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သားတစ်ပိဿာလျှင်  (၁၆၀၀၀)ကျပ်၊ ငါးမြင်းခုတ်သားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပုစွန်ဆိတ်တစ်ပိဿာလျှင် (၇၀၀၀)ကျပ်နှင့် ပုစွန်ထုပ်တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

          ငါးဈေးနှုန်းများအား ယခင်ဇွန်လ ဒုတိယပတ်နှင့်နှိုင်းယှဉ်ပါက တီလားဗီးယားအကောင် သေးတစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီးတစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်ပြီး အခြားငါးဈေးနှုန်းများမှာ ပုံမှန်အ တိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ငါးဒိုင်များမှသတင်းရရှိပါသည်။                                                                     

DOCA(စစ်ကိုင်း)

တောင်ငူမြို့တွင် ဧည့်မထဆန်နှင့်ပဲမျိုးစုံ ဈေးအနည်းငယ်တက်

     တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ဇွန်လ (ဒုတိယပတ်)အတွင်း ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း တစ်အိတ်လျှင် ၉၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     ဧည့်မထ(မိုး)မှာ ယခင်အပတ်က တစ်အိတ်လျှင် ၇၂၀၀၀ ကျပ်မှ ယခုအပတ်တွင် တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်၊ ဧည့်မထ(နွေ)မှာ ယခင်အပတ်က တစ်အိတ်လျှင် ၅၈၀၀၀ ကျပ်မှ ယခုအပတ်တွင် ၆၀၀၀၀ ကျပ်၊ မိုးစပါးမှာ ယခင်အပတ်က တင်း ၁၀၀ လျှင် ၂၁၀၀၀၀၀ ကျပ်မှ ယခု အပတ်တွင် တင်း ၁၀၀ လျှင် ၂၂၀၀၀၀၀ ကျပ်၊ နွေစပါးမှာ တင်း ၁၀၀ လျှင် ၁၆၅၀၀၀၀ ကျပ်မှ ယခုအပတ်တွင် တင်း ၁၀၀ လျှင် ၁၇၀၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ပါသည်။

     ယခင်အပတ်က ဆန်ကွဲကြီး တစ်အိတ်လျှင် ၄၄၀၀၀ ကျပ်၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၄၂၀၀၀ ကျပ်နှင့် ဖွဲနုတစ်အိတ်လျှင် ၂၆၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ဆန်ကွဲကြီး တစ်အိတ်လျှင် ၄၅၀၀၀ ကျပ်၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၄၂၀၀၀ ကျပ်နှင့် ဖွဲနုတစ်အိတ်လျှင် ၂၇၀၀၀ ကျပ်ဖြင့် ဆန်ကွဲကြီးနှင့်ဖွဲနု ဈေးအနည်းငယ်မြင့်တက်ပါသည်။

    ယခင်အပတ်က မတ်ပဲ(၃၀ ပိဿာအိတ်) တစ်အိတ်လျှင် ၁၁၄၀၀၀ ကျပ်၊ ပဲတီစိမ်း (၃၀ ပိဿာအိတ်) တစ်အိတ်လျှင် ၉၀၀၀၀ ကျပ်၊ ပဲလွန်းဖြူ(၃၀ ပိဿာအိတ်) တစ်အိတ်လျှင် ၆၂၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် မတ်ပဲ တစ်အိတ်လျှင် ၁၁၆၀၀၀ ကျပ်၊ ပဲတီစိမ်း တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်နှင့် ပဲလွန်းဖြူ(၃၀ ပိဿာအိတ်) တစ်အိတ်လျှင် ၆၅၀၀၀ ကျပ် ဖြင့် ဈေးအနည်းငယ်မြင့်တက်ကြောင်း တောင်ငူမြို့ရှိ ဆန်၊ စပါး၊ ပဲပွဲရုံများမှ သိရပါသည်။

DOCA(ပဲခူး)

 

 

ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

       ၂၀၂၃ခုနှစ်၊ ဇွန်လ၊ တတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(အကြွပ်)ရိုးရိုး(၁)လုံးလျှင် (၇၀၀ မှ ၁၀၀၀)ကျပ်၊ ပန်းသီး(အကြွပ်) ပိုက်စွပ်(၁)လုံးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်၊  စပျစ်သီး (အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ပန်းသစ်တော် သီး(၁)လုံးလျှင် (၂၅၀၀ မှ ၃၀၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး(၁)ဖီးလျှင် (၁၀၀၀)ကျပ်၊ ခွန်စိမ်း ရိုးရိုး(၁) ဖီးလျှင် (၁၀၀၀ မှ ၁၃၀၀)ကျပ်၊ မြစ်ကြီးနားမှထွက်ရှိသော ခွန်စိမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၅၀၀ မှ ၂၀၀၀)ကျပ်၊ ဖရဲသီး (၁)လုံးလျှင် (၂၅၀၀ မှ ၃၀၀၀)ကျပ်၊ မင်းကွတ်သီး  (၁)လုံးလျှင် (၂၀၀ မှ ၃၀၀)ကျပ်၊ ၊ ပတ္တမြားငမောက်သရက်သီး(၁)လုံးလျှင် (၅၀၀ မှ ၇၀၀)ကျပ်၊ နာနတ်သီး (၁)လုံးလျှင် (၁၀၀၀)ကျပ်၊ သင်္ဘောသီး (၁)လုံးလျှင် (၂၅၀၀)ကျပ်၊ လိမ္မော်သီး (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ် ၊ပိန္နဲသီး(၁)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချသောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်အတွင်း ရောင်းချနေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပါသည်။ ရှေးယခင်ကတည်းက သီးနှံစိုက်ပျိုးရာတွင် သဘာဝမြေဩဇာတစ်မျိုးဖြစ်သည့် နွားချေးကို အသုံးပြုစိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိပါသည်။

          ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျှက်ရှိသော စိုက်ပျိုးရေး သုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ဇွန်လ( ၁ )ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပန်းဖူးသစ်(50)kg တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ မျှားကမ္ဘာ(50)kg တစ်အိတ်လျှင်(၇၁၀၀၀)ကျပ်၊ ကွန်ပေါင်း(10:10:5) (50)kg တစ်အိတ်လျှင်(၇၁၅၀၀) ကျပ်၊ ကွန်ပေါင်း(15:15:15) (50)kg တစ်အိတ်လျှင်(၁၂၂၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ် လျှင်(၁၂၀၀၀၀)နှင့် ရွှေတောနစ် (၅၀၀)စီစီ တစ်ပုလင်းလျှင် (၁၁၀၀၀)ကျပ်၊ မိုရယ်မုန်း (၅၀၀)စီစီ တစ်ပုလင်းလျှင် (၂၃၅၀၀)ကျပ်၊ AP ဇာပြာ (၅၀၀)စီစီ တစ်ပုလင်းလျှင် (၂၀၅၀၀) ၊ IZ (၅၀၀)စီစီ တစ်ပုလင်းလျှင် (၁၈၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်း ဇွန်လ လဆန်းပိုင်းတွင် ပွဲရုံများသို့ ဝင်ရောက်နေသော သီးနှံများ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဟူသော မျှော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း  တင်၊ တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

           ကန့်ဘလူပွဲရုံများအနေဖြင့် မေလနှင့် ဇွန်လ လဆန်းပိုင်းတို့တွင် အရောင်းအဝယ် ဖြစ်နေသော သီးနှံအမျိုးအစားနှင့် ဈေးနှုန်းများ အရောင်းအဝယ် ဖြစ်မှုအခြေအနေမျာမှာ ပဲတီစိမ်း (၂၄၇၅)တင်း/(၂၂၇.၄၈)တန် ဈေးနှုန်းမှာ ပဲတီစိမ်း တစ်တင်းလျှင်(၅၅၀၀၀/၆၀၀၀၀)ဈေးရှိပါသည်။ ပဲစဉ်းငုံ(နီ) (၇၅)တင်း/(၆.၈၉)တန် ဈေးနှုန်းမှာ တစ်တင်းလျှင်(၁၀၅၀၀၀)ဈေးရှိပြီး၊ ပဲစဉ်းငုံ(ဖြူ) (၁၅)တင်း/ (၂.၁၁)တန် ဈေးနှုန်းမှာ တစ်တင်းလျှင်(၉၅၀၀၀)ဈေးရှိပြီး တောင်သူမျိုးကျန်များ ရောင်းချချိန်ဖြစ်သည့်အတွက် အဝင်နည်းသော အချိန်ဖြစ်ကာ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ကုလားပဲ အမျိုးအစား (၄)မျိုးရှိပြီး v2 အမျိုးအစား (၇၅)တင်း/(၇.၀၁)တန် ဈေးနှုန်းမှာ တစ်တင်းလျှင်(၉၀၀၀၀)ကျပ်နှုန်း ၊ v7အမျိုး အစား(၁၀၅)တင်း/(၉.၈၂)တန်ဈေးနှုန်း တစ်တင်းလျှင် (၉၀၀၀၀)ကျပ်နှုန်း၊ ထိုင်ဝမ် အမျိုးအစာ (၄၅)တင်း/(၄.၂၀)တန် ဈေးနှုန်း တစ်တင်းလျှင် (၈၆၀၀၀) ကျပ်နှုန်း၊ 929အမျိုးအစား တင်း(၅၂၈) /တန်(၄၉.၃၉)တန် ဈေးနှုန်း တစ်တင်းလျှင် (၈၈၀၀၀)ကျပ် နှုန်း ပေါက်ဈေးရှိပြီး ယခင်လထက်အနည်းငယ် ဈေးမြင့်တက်လျက်ရှိပါသည်။ မတ်ပဲ တင်း(၄၂၀) /တန်(၃၉.၂၈) ဈေးနှုန်း တစ်တင်းလျှင် (၇၇၀၀၀)ကျပ်နှုန်းဖြစ်ပါသည်။ မြေပဲလုံးဆံတင်း(၁၅) /တန် (၁.၄၀)ရှိပြီး ဈေးနှုန်းမှာ(၁၂၀၀၀၀) ကျပ် ပေါက်ဈေးရှိကာ အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ရာသီ မဟုတ်တော့သည့်အတွက် အဝင်နည်းကြောင်း ယခင်လတုန်းကတော့ ကြက်သွန်နီ/ ငရုတ်သီးခြောက်များအဝင်ရှိကာ ယခုလမှာတော့ အဝင်မရှိကြောင်းနှင့် မိမိတို့ပွဲရုံမှ သီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း