Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ပါကစ္စတန်၏ ကုန်သွယ်မှုလိုငွေသည် နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံသို့ ရောက်ရှိ

          ပါကစ္စတန်၏ ကုန်သွယ်မှုလိုငွေသည် နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယမန်နှစ် အလားတူလထက် ၃၃ ရာခိုင်နှုန်းနီးပါး တိုးလာကြောင်း ပါကစ္စတန်စာရင်းအင်းဗျူရို (PBS) က အောက်တိုဘာလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ပို့ကုန်တင်ပို့မှုသည် ဒေါ်လာ ၂.၃၉ ဘီလီယံအထိ ကျဆင်းခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၅.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ သွင်းကုန်တင်သွင်းမှုသည် ဒေါ်လာ ၅.၂၅ ဘီလီယံအထိ မြင့်တက် လာကာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ကန်ဒေါ်လာ ၄.၉၈ ဘီလီယံမှ ၅.၄ ရာခိုင်နှုန်း တက်လာ ခဲ့သည်။ နှစ်စဉ် သွင်းကုန်-ပို့ကုန် ကွာဟချက် တိုးလာခြင်းကြောင့် လစဉ် ကုန်သွယ်မှုလိုငွေကို အနုတ်လက္ခဏာဆောင်စေခဲ့ပြီး ယခင်နှစ်က ဒေါ်လာ ၂.၁၅ ဘီလီယံမှ ကျယ်ပြန့်လာသည်။ သို့သော်လည်း ပို့ကုန်နှင့် သွင်းကုန် နှစ်ခုစလုံးသည် ယခင်လနှင့် နှိုင်းယှဉ်ပါက ကျဆင်းသွား သောကြောင့် တစ်လအတွင်း ကုန်သွယ်မှုလိုငွေပြမှုသည် အောက်တိုဘာလတွင် ဒေါ်လာ ၃.၂၄ ဘီလီယံမှ လျော့နည်းသွားခဲ့သည်။ ၂-၂၅-၂၆ ဘဏ္ဍာနှစ် ပထမငါးလတွင် ကုန်သွယ်မှုလိုငွေသည် ဒေါ်လာ ၁၅.၅၇ ဘီလီယံအထိတက်လာပြီး ယမန်နှစ် အလားတူကာလက ဒေါ်လာ ၁၁.၂၈ ဘီလီယံမှ ၃၇ ရာခိုင်နှုန်း တိုးလာသည်ဟု PBS ထုတ်ပြန်ချက်အရသိရသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)

တရုတ်နိုင်ငံ၏ အကောက်ခွန်မဲ့မူဝါဒသည် ယူဂန်ဒါကော်ဖီတင်ပို့မှုအတွက် အခွင့်အလမ်းသစ်များဖွင့်လှစ်ပေး

      အာဖရိက ကုန်ပစ္စည်းများအတွက် တရုတ်နိုင်ငံ၏ အကောက်ခွန်မဲ့ မူဝါဒကို တိုးချဲ့ခြင်းသည် ယူဂန်ဒါ၏ ကော်ဖီတင်ပို့မှုနှင့် အိမ်ထောင်စု ၀င်ငွေများ တိုးမြင့်လာရန် မျှော်လင့်ထားကြောင်း ယူဂန်ဒါ ကော်ဖီလုပ်ငန်းရှင် ဦးဆောင်သူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ယူဂန်ဒါနိုင်ငံ အနောက်ဘက်ပိုင်း Ntungamo ခရိုင်ရှိ အာဖရိကကော်ဖီပန်းခြံကို ပိုင်ဆိုင်သည့် Inspire Africa Group ၏ အမှုဆောင်အရာရှိချုပ် Nelson Tugume က တရုတ်နိုင်ငံ၏ မူဝါဒသစ်သည် အာဖရိကထုတ်ကုန်များအပေါ် စည်းကြပ်ခွန်များ ဆက်လက်ကောက်ခံနေသည့် စျေးကွက်များနှင့် နှိုင်းယှဉ်ပါက ပိုမိုအဆင်ပြေသော စီးပွားရေးပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်သည်ဟု ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ တရုတ်နိုင်ငံသည် ၎င်းတို့၏ ထုတ်ကုန်များ၏ ၁၀၀ ရာခိုင်နှုန်းအပေါ် အာဖရိကနိုင်ငံ ၃၃ နိုင်ငံအပါအဝင် သံ တမန်ဆက်ဆံရေးရှိသည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအားလုံးကို အကောက်ခွန်ကင်းလွှတ်ခွင့်ပေးခဲ့သည်။ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးရှိသည့် အာဖရိကနိုင်ငံ ၅၃ နိုင်ငံစလုံးအတွက် အကောက်ခွန်စည်းကြပ်မှု ၁၀၀ ရာခိုင်နှုန်းကို အကျုံးဝင်စေရန် အကောက်ခွန်မဲ့ အကောက် ခွန် သက်တမ်းတိုးမှုကို နောက်ပိုင်းတွင် ကြေညာခဲ့သည်။ ကော်ဖီထုတ်လုပ်သည့် နိုင်ငံများတွင် တရုတ်၏ ကော်ဖီဝယ်လိုအား မြင့်တက်လာမှုနှင့် အဆိုပါမူဝါဒသည် ယူဂန်ဒါ လယ် သမားများအတွက် အချိန်နှင့်တစ်ပြေးညီ အခွင့်အလမ်းကို ဖန်တီးပေးသည်ဟု Tugume မှ ပြောကြားခဲ့သည်။ Tugume က Inspire Africa မှ ဝန်ထမ်း ၄၀ ကျော်သည် တရုတ်နိုင်ငံမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများ ရရှိပြီးနောက် မကြာသေးမီကမှ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း Tugume မှ ပြောကြားခဲ့ပါသည်။ ကော်ဖီထုတ်လုပ်သည့် စက်များတွင် အသုံးပြု သည့် နည်းပညာများကို ကျွမ်းကျင်ရန် နောက်ထပ် ဝန်ထမ်း ၄၀ ကို တရုတ်နိုင်ငံသို့ ထပ်မံ စေလွှတ်မည်ဖြစ်သည်။ ယူဂန်ဒါ၏ စိုက်ပျိုးရေး၊ တိရစ္ဆာန်စက်မှုလုပ်ငန်းနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ အချက်အလက်များအရ တရုတ်နိုင်ငံသို့ ကော်ဖီတင်ပို့မှုသည် မတ် ၂၀၂၅ တွင် ၁၉၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အာရှတွင် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ကော်ဖီဈေးကွက် ဖြစ်လာကြောင်း သိရသည်။ ယခုလအစောပိုင်းတွင် ယူဂန်ဒါ ပို့ကုန်လုပ်ငန်းရှင်များသည် China International Import Expo တွင် အမေရိကန်ဒေါ်လာ ၃ သန်းတန်ဖိုးရှိ သဘောတူညီ ချက်များ ရရှိခဲ့ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ အခမ်းအနားအတွင်း ယူဂန် ဒါနိုင်ငံသည် တရုတ်နိုင်ငံတစ်ဝှမ်းရှိ ယူဂန်ဒါကော်ဖီကို မြှင့်တင်ရန်အတွက် တရုတ်ပုဂ္ဂလိက ကော်ဖီဆိုင်အမှတ်တံဆိပ် Cotti Coffee နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံပေါင်း ၂၈ နိုင်ငံရှိ ဆိုင်ခွဲပေါင်း ၇၅၀၀ ကျော်ကို ဆောင်ရွက်လျှက်ရှိသည့် Cotti Coffee နှင့် တိုက်ရိုက်ချိတ်ဆက်ပေးမည် ဖြစ်သည်။ ကော်ဖီသည် ယူဂန်ဒါ၏ စီးပွားရေး အသွင်ကူးပြောင်းမှုအတွက် အဓိက ကုန်ပစ္စည်းများထဲမှ တစ်ခုဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)

အိန္ဒိယနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုများမြင့်တက်

            ဧပြီလမှ အောက်တိုဘာအတွင်း အိန္ဒိယနိုင်ငံမှ ပင်လယ်စာတင်ပို့မှုများသည် ယခင်နှစ် အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံမှ ၄.၆၉ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ဥရောပသမ္မဂ၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ရှရှားနှင့် Uk နိုင်ငံများထက် တင်ပို့မှုများ မြင့်တက်နေကြောင်း လေ့လာစမ်းစစ်သူများ၏ ထုတ်ပြန်ချက်များအရ သိရပါသည်။ EU သို့တင်ပို့မှုများသည် ၄၀ ရာခိုင် နှုန်းခန့်မြင့်တက်လာပြီး ပုဇွန်တင်ပို့မှုသည် ၅၇ ရာခိုင်နှုန်းခန့်မြင့်တက်လာကြောင်း သိရပါသည်။ အဆိုပါ EU သို့တင်ပို့သည့် ပင်လယ်စာများကို ပင်လယ်အတွင်းငါးဖမ်းဆီးမှုများနှင့် ငါးမွေးမြူရေး လုပ်ငန်းများမှ တင်ပို့လျက်ရှိကြောင်း သိရပါသည်။ သို့ရာတွင် အိန္ဒိယနိုင်ငံ၏ ပုဇွန်နှင့် ပုဇွန်ထုပ် တင်ပို့မှုများသည် အောက်တိုဘာလတွင် ၁၄.၆၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရပါသည်။ အချက်အလက်များအရ အိန္ဒိယနိုင်ငံမှ ရှရှားနိုင်ငံသို့ ပင်လယ်စာတင်ပို့မှုများသည်မြင့်တက်လျက် ရှိကြောင်း သိရပါသည်။ အစိုးရအရာရှိများ၏ ပြောကြားချက်အရ အိန္ဒိယနိုင်ငံသည် လက်ရှိတွင် ဈေးကွက်တစ်ခုထဲတွင် အလွန်အကျွံမှီခိုခြင်းထက် ကွဲပြားသောဈေးကွက်များသို့တင်ပို့နိုင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

Source: The Economic Times                                                                      

DOCA (ရန်ကုန်)

ပဲပိစပ်ဆီနှင့် နေကြာဆီဝယ်ယူမှုကျဆင်းမှုကြောင့် အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုများ မြင့်တက် 

           အိန္ဒိယနိုင်ငံ၏ နိုဝင်ဘာလအတွက် စားအုန်းဆီတင်သွင်းမှုများသည် ဈေးနှုန်းမြင့်တက်နေသောနေကြာဆီနှင့် ပဲပိစပ်ဆီများကို ကုန်သည်များဝယ်ယူမှုနည်းပါးလာသဖြင့် မြင့်တက်လျက်ရှိ ကြောင်း သိရပါသည်။ စားအုန်းဆီအများဆုံးတင်သွင်းပြီး ဟင်းသီးဟင်းရွက်ဆီ အကြီးဆုံးဝယ်ယူသည့်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ထိပ်သီး စားအုန်းဆီထုတ်လုပ်သည့်နိုင်ငံများဖြစ်သော အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံများကို အထောက်အကူပြုနေပြီး မလေးရှားနိုင်ငံ စားအုန်းဆီအနာဂတ်အတွက် များစွာအထောက်အကူပေးနေကြောင်း သိရပါသည်။ နိုဝင်ဘာလ တွင် အိန္ဒိယနိုင်ငံသည် စားအုန်းဆီတန်ချိန်ပေါင်း ၆၃၀၀၀၀ မက်ထရစ်တန်ခန့်တင်သွင်းခဲ့ပြီး အောက်တိုဘာလထက် . ရာခိုင်နှုန်းမြင့်တက်လျက်ရှိကြောင်း သိရပါသည်။ နိုဝင်ဘာလ အတွက် ပဲပိစပ်ဆီတင်သွင်းမှုသည် တန်ချိန် ၄၀၀၀၀၀တန်ခန့်တင်သွင်းခဲ့ပြီး အောက်တိုဘာလ ထက် ၁၂ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်းနှင့် နေကြာဆီတင်သွင်းမှုသည် တန်ချိန် ၁၄၅၀၀၀ တန်ခန့် တင်သွင်းခဲ့ပြီး အောက်တိုဘာလထက် ၄၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံ၏ စားသုံးဆီစုစုပေါင်းတင်သွင်းမှုသည် နိုဝင်ဘာလတွင် တန်ချိန် .၁၈ သန်းတန်ခန့် ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်လျှင် ၁၁.၅ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း သိရပါသည်။ တင်သွင်းမှုအချက်အလက်များအရ တန်ချိန် ၃၀၀၀၀ တန်ခန့်ရှိသော ပဲပိစပ်ဆီများကို နီပေါနယ်စပ်မှတစ်ဆင့် အကောက်ခွန်မဲ့တင်သွင်းမှုများပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံမှ စားအုန်းဆီဝယ်ယူသူများသည် စားအုန်းဆီဝယ်ယူမှုမြင့်တက်ခြင်းမှာ စားအုန်းဆီများသည် ပဲပိစပ်ဆီများထက် တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ခန့်ဈေးသက်သာခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည် စားအုန်းဆီများကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများမှ တင်သွင်းလျက်ရှိကြောင်းနှင့် ပဲပိစပ်ဆီနှင့်နေကြာဆီများကို အာဂျင်တီးနားနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ရှရှားနှင့် ယူကရိန်းနိုင်ငံများမှတင်သွင်းလျက်ရှိကြောင်း သိရှိရပါသည်။

Source: The Economic Times                                                                               

DOCA (ရန်ကုန်)

 ၃ နှစ်အတွင်း သစ်သီးတင်ပို့မှု အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ ရောက်ရှိရန် ရည်မှန်းချက်ထားသည့် ပါကစ္စတန်နိုင်ငံ

            ပါကစ္စတန်နိုင်ငံသစ်သီး၊ ဟင်းသီးဟင်းရွက် တင်ပို့သူများနှင့် ကုန်သည်များအဖွဲ့အစည်း (PEVA) မှ နာယကကြီးဆိုသူ Waheed Ahmed က ပါကစ္စတန်နိုင်ငံ၏တင်ပို့မှုများကို အမေရိကန် ဒေါ်လာ ၇၀၀ သန်းမှ ဘီလီယံအထိ ရောက်ရှိရန် မြှင်တင်နိုင်မည့် ပြီးပြည့်စုံသော စီမံကိန်းကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ရက်နေ့တွင် ကြေညာခဲ့ပါသည်။ ၎င်းက ၂၀၂၅ ခုနှစ် အတွင်း သစ်သီး၂၅မျိုး၊ ဟင်းသီးဟင်းရွက်များနှင့် တန်ဖိုးမြင့်ပို့ကုန်များကို ပို့ကုန်ကုမ္ပဏီများက FoodAg တွင် ပါဝင်ပြသခဲ့ကြောင်းနှင့် နိုင်ငံပေါင်း ၃၅ နိုင်ငံသည် ပါကစ္စတန်နိုင်ငံမှ ထုတ်ကုန်များ နှင့် တန်ဖိုးမြင့်ပစ္စည်းများကို ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရပါသည်။ ပါကစ္စတန်နိုင်ငံ ကုန်သွယ်မှုဖွံဖြိုးရေးအာဏာပိုင်အဖွဲ့ (TDAP) နှင့်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အတွင်းရေးမှူးဆိုသူ Sheharyar Taj Mr Waheed က ပါကစ္စတန်နိုင်ငံသည် UK ဂျာမနီနိုင်ငံတို့မှ တင်ပို့မှု အမှာစာများရရှိနေကြောင်း ပြောကြာားခဲ့ပါသည်။ ထို့အပြင် ၎င်းက ပါကစ္စတန်နိုင်ငံ ဥယျာဉ်ခြံ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (PHDC) နှင့် TDAP တို့သည် ပါကစ္စတန်နိုင်ငံ စိုက်ပျိုးရေးဆိုင်ရာစီးပွားရေး သန်မာလာစေရန်နှင့် တင်ပို့မှုရည်မှန်းချက်များပြည့်ဝစေရန်အတွက် ပူးပေါင်းလုပ်ကိုင်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Mr Shehryar က အမေရိကန်ဒေါ်လာ ၇၃၀ သန်းတန်ကြေးရှိသော တင်ပို့မှုဖြစ်ပေါ်လာစေရန်နှင့် ပါကစ္စတန်နိုင်ငံအား ကမ္ဘာ့စိုက်ပျိုးရေးနှင့် အစားအသောက် ထောက်ပို့မှုတွင် ယုံကြည်စိတ်ချ၍ အားကောင်းသောမိတ်ဖက်နိုင်ငံအဖြစ် ဖြစ်ပေါ်လာစေရန် မျှော်မှန်းကြောင်း ပြောကြားခဲ့ပါသည်။

Source: The Economic Times                                                                      

DOCA (ရန်ကုန်)

ထိုင်းနိုင်ငံ၏ ပုဇွန်တင်ပို့မှုများ ၂၀၂၆ ခုနှစ်တွင် ဦးမော့လာရန် ခန့်မှန်း

       ထိုင်းနိုင်ငံ၏ ပုဇွန်တင်ပို့မှုသည် ပြိုင်ဘက်များကို အားနည်းစေသည့် အမေရိကန်၏ အခွန်ခများကြောင့် ၂၀၂၆ ခုနှစ်တွင် တန်ချိန် ၄၀၀၀၀၀ ပြန်လည်မြင့်တက်လာမည်ဟု ခန့်မှန်ထားကျသည်။ ထိုင်းနိုင်ငံ၏ ပုဇွန်လုပ်ငန်း ဥက္ကဌ Ekapoj Yodpinit က အမေရိကန်သည် ထိုင်းပုဇွန်တင်ပို့မှုအပေါ် ၁၉ ရာခိုင်နှုန်း အခွန်စည်းကြပ်ထားပြီး အဓိကပြိုင်ဘက်ဖြစ်သည့် ဗီယက်နမ်အ‌ပေါ် ၂၀ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားအပေါ် ၁၉ ရာခိုင်နှုန်း အခွန်စည်းကြပ်ထားရာ အမေရိကန်ဈေးကွက်တွင် ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ကြောင်း ပြောကြားခဲ့သည်။

         အမေရိကန်ဈေးကွက်ဝေစု ၃၀% ကျော် (ခန့်မှန်းခြေတန်ချိန် ၃၀၀၀၀၀) ပိုင်ဆိုင်ထားသော အိန္ဒိယသည် ယခုအခါ စုစုပေါင်း ပျှမ်းမျှ ၆၀ ကျော်ရှိသော အခွန်များကို ရင်ဆိုင်နေရသောကြောင့် အိန္ဒိယ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုထိခိုက်စေပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ပါက လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။

      ထိုင်းနိုင်ငံသည် လက်ရှိတွင် တစ်နှစ်လျှင် ပုဇွန်တန်ချိန် ၂၇၀၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပါသည်။ ထိုင်း - အီးယူ လွတ်လပ်သော သဘောတူညီချက်စာချုပ် ဆွေးနွေးပွဲများ ပြီးဆုံးပါက ထိုင်းနိုင်ငံအနေဖြင့် ဈေးကွက်သို့နောက်ထပ် တန်ချိန် ၆၀၀၀၀ တင်ပို့နိုင်မည်ဖြစ်ပါသည်။

        ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ထိုင်းပုဇွန် တင်ပို့မှုသည် ပမာဏနှင့် တန်ဖိုးနှစ်ခုလုံးတွင် ယခင်နှစ်အလားတူအချိန်တွင် တန်ချိန် ၁၁၂၀၀၀ ရှိခဲ့ပြီး ၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

        ဂျပန်၊ တရုတ်နှင့် အမေရိကန်တို့အပါအတွင် အဓိက ဈေးကွက်များကို ထိခိုက်စေသော ကမ္ဘာ့စီးပွားရေးနှေးကွေးမှုကြောင့် စုစုပေါင်း တစ်နှစ်တာတင်ပို့မှုသည် ခန့်မှန်းချေဘတ်ငွေ ဘီလီယံ ၃၀ တန်ဖိုးရှိသော တန်ချိန် ၁၂၆၀၀၀ သို့ ရောက်ရှိရန်မှော်မှန်းထားပြီး ၄.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ဇင်ဘာဘွေ(Zimbabwe)နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုကို လေ့လာဆွေးနွေး

          ၂-၁၂-၂၀၂၅ ရက်နေ့က ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း (CCC) နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဇင်ဘာဘွေ(Zimbabwe)သံရုံးတို့သည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ CCC ဒုတိယဥက္ကဋ္ဌ Lim Heng နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ပြည်ပသံအမတ်ကြီး Constance Chemwayi တို့၏ တွေ့ဆုံမှုအတွင်း ကတိကဝတ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန်နှင့် မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။ သံအမတ်ကြီး Chemwayi သည် နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများကို ခိုင်မာစေရန်နှင့် နှစ်နိုင်ငံကုန်သည်ကြီးများအသင်းအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရန် အလေးပေးပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနှင့် ဇင်ဘာဘွေနိုင်ငံတို့သည် စီးပွားရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်မှုအဆင့်နှင့် လူဦးရေအရ တူညီမှုများစွာရှိကြောင်းနှင့် CCC ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ကျင်းပရန် စီစဉ်ထားသည့် ဇင်ဘာဘွေနိုင်ငံရှိ နိုင်ငံတကာကုန်သွယ်ရေးပြပွဲသို့ သွားရောက်လည်ပတ်ရန်နှင့် တက်ရောက်ရန် Chemwayi က ဖိတ်ကြားခဲ့သည်။ CCC ဒုတိယဥက္ကဋ္ဌ Lim Heng Heng က နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်ကြိုးပမ်းမှုကို အပြည့်အဝထောက်ခံကြောင်းနှင့် ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်းသည် မကြာမီအနာဂတ်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခြေကို စစ်ဆေးရန်အတွက် ဇင်ဘာဘွေ ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: Khmer Times                                                         

DOCA(ရန်ကုန်)

ကနေဒါနှင့် ချက်သမ္မတနိုင်ငံတို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် ကတိပြု

          ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကနေဒါသံရုံးမှ ကမ္ဘောဒီးယားတွင် ကနေဒါရင်းနှီးမြှုပ်နှံသူများ ပိုမိုရင်းနှီးမြှုပ်နှံရန် အားပေးလှုံ့ဆော်သွားမည်ဟု ကတိပြုထားပြီး ကမ္ဘောဒီးယားနှင့် ကနေဒါနိုင်ငံတို့အကြား ကုန်သွယ်မှုသည် တည်ငြိမ်စွာဆက်လက်တိုးတက်နေကြောင်း ထောက်ပြခဲ့သည်။ ၂-၁၂-၂၀၂၅ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ ဆီးနိတ်နန်းတော်တွင် နိုင်ငံခေါင်းဆောင် Hun Sen နှင့် ဂါရဝပြုတွေ့ဆုံစဉ် ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး Christian DesRoches က ယင်းကတိကို ပေးခဲ့ခြင်းဖြစ်သည်။ Hun Sen ၏ ပြောရေးဆိုခွင့်ရှိသူ Chea Thyrith က Hun Sen က ကနေဒါသံအမတ်ကြီးနှင့် ၎င်း၏ကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုခဲ့ပြီး ၎င်းတို့၏ခရီးစဉ်သည် ကမ္ဘောဒီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို ခိုင်မာစေရန် ကနေဒါ၏ ကတိကဝတ်ကို ထင်ဟပ်စေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ဟွန်ဆန်က ကနေဒါနိုင်ငံ၏ ကမ္ဘောဒီးယားတွင် ပြန်လည်ပါဝင်ဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေမည်ဟု ပြောကြားခဲ့သည်။ Thyrith ၏ အဆိုအရ သံအမတ်ကြီး DesRoches က ဂါရဝပြုတွေ့ဆုံမှုအတွက် ဟွန်ဆန်အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ကမ္ဘောဒီးယား-ကနေဒါ ဆက်ဆံရေးတွင် တည်ငြိမ်သောတိုးတက်မှုကို မီးမောင်းထိုးပြခဲ့သည်။ ၂-၁၂-၂၀၂၅ ရက်နေ့က နေ့လည်ပိုင်းတွင် Hun Sen သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံအမတ်ကြီး Markerta Kolc Hajkova အား ဆီးနိတ်နန်းတော်တွင် ဂါရဝပြုတွေ့ဆုံခြင်းနှင့် အလုပ်သဘောဆွေးနွေးခြင်းများအတွက် လက်ခံတွေ့ဆုံခဲ့သည်။ Hun Sen သည် ချက်သံအမတ်ကြီးနှင့် သူမ၏ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုခဲ့ပြီး အထူးသဖြင့် မကြာသေးမီက ခန့်အပ်ခံရသော သံအမတ်ကြီးတစ်ဦးအနေဖြင့် ချက်သမ္မတနိုင်ငံသည် ကမ္ဘောဒီးယားနှင့် ဆက်ဆံရေးအပေါ် ထားရှိသောတန်ဖိုးကို ထင်ဟပ်စေကြောင်း ထောက်ပြခဲ့ကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံမှုအတွင်း Markerta Kolc Hajkova က သူမ၏ရာထူးသက်တမ်းတစ်လျှောက်လုံး၌ အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များတွင် ကမ္ဘောဒီးယား-ချက်သမ္မတနိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အခွင့်အလမ်းများကို ပိုမိုရှာဖွေရန် ချက်နိုင်ငံမရင်းနှီးမြှုပ်နှံသူများကို အားပေးရန် သူမ၏ရည်ရွယ်ချက်ကို အလေးပေးပြောကြားခဲ့သည်။ ချက်သမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများသည် စိုက်ပျိုးရေး၊ အထူးသဖြင့် ငရုတ်ကောင်းစိုက်ပျိုးရေးတွင် ရင်းနှီးမြှုပ်နှံရန် ကမ္ဘောဒီးယားသို့ လာရောက်ကြမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)  

ကမ္ဘောဒီးယား-ဗီယက်နမ် စီးပွားရေးဖိုရမ်သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆက်ဆံရေးကို တွန်းအားပေး

        ကမ္ဘောဒီးယားနိုင်ငံ၊ အနောက်မြောက်ပိုင်းပြည်နယ်များရှိ စီးပွားရေးလုပ်ငန်းများကို ချိတ်ဆက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကွန်ရက်တိုးချဲ့မှုကို မြှင့်တင်ရန်အတွက် ဗီယက်နမ်နိုင်ငံ၊ Battambang ပြည်နယ်ရှိ ဗီယက်နမ်ကောင်စစ်ဝန်ရုံးချုပ်သည် Siem Rea ပြည်နယ်တွင် ကမ္ဘောဒီးယား-ဗီယက်နမ် စီးပွားရေးဖိုရမ် ၂၀၂၅ ကို ၂-၁၂-၂၀၂၅ ရက်နေ့က ကျင်းပခဲ့သည်။ ဖိုရမ်သို့ Battambang ပြည်နယ်ရှိ ဗီယက်နမ်ကောင်စစ်ဝန်ချုပ် Tran Tuan Anh၊ ဆီယမ်ရိပြည်နယ်၏ ဒုတိယအုပ်ချုပ်ရေးမှူး Yun Linn၊ အနောက်မြောက်ပိုင်း ပြည်နယ်များမှ စီးပွားရေးလုပ်ငန်းများ၊ ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ တက်ရောက်ခဲ့ကြသည်။ ဖိုရမ်၌ မိန့်ခွန်းပြောကြားရာတွင် Tran Tuan Anh က ကမ္ဘောဒီးယား-ဗီယက်နမ် စီးပွားရေးဖိုရမ် ၂၀၂၅ သည် အကျိုးတူပါဝင်သူများအတွက် ဆွေးနွေးမှုများပြုလုပ်နိုင်ရန် အချက်အလက်များကို တိကျစွာ အဆင့်မြှင့်တင်နိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပူးတွဲမြှင့်တင်နိုင်ရန် အခွင့်အရေးတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုဖိုရမ်သည် ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှ ပြည်နယ်များအတွက် စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှုနှင့် ပြည်တွင်းကုန်သွယ်ရေးတို့တွင် အလားအလာကောင်းများရှိပြီး ကမ္ဘောဒီးယား၏ စီးပွားရေးကွန်ရက်တွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း Tran Tuan Anh က ထပ်‌လောင်းပြောကြားခဲ့သည်။ Yun Linn က Siem Rea ပြည်နယ်သည် ခရီးသွားလုပ်ငန်းကဏ္ဍတွင် အလားအလာအရှိဆုံးဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ၎င်းသည် ကမ္ဘောဒီးယား၏ စီးပွားရေးတိုးတက်မှုအတွက် အရေးကြီးသော မောင်းနှင်အားတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ကမ္ဘောဒီးယား၏ အရေးကြီးသော ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုဥပဒေ အသစ်နှင့် ကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်အောက်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများလည်း အားကောင်းလာ နေကြောင်း ပြောကြားခဲ့သည်။ Yun Linn က စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူအား လုံးအနေဖြင့် စီးပွားရေးကွန်ရက်များတိုးချဲ့ရန်၊ အတွေ့အကြုံများဖလှယ်ရန်နှင့် မိတ်ဖက်အသစ်များရရှိရန် ဤရှားပါးသော အခွင့်အရေးကို ဆုပ်ကိုင်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times                                                         

DOCA(ရန်ကုန်)

တရုတ်နိုင်ငံရှိ စီးပွားရေးစင်တာအသစ်များ တည်ဆောက်မည့်နေရာများကို ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့ စစ်ဆေး

          ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်ရေး အထွေထွေညွှန်ကြားရေးမှူးချုပ် Kith Pheara ဦးဆောင်သော ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်ပကုန်သွယ်ရေးတည်ရှိမှုကို တိုးချဲ့ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်ပြည်နယ်နှစ်ခုတွင် နေရာစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ အဖွဲ့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကမ္ဘောဒီးယား ပုဂ္ဂလိက ကူးသန်းရောင်းဝယ်ရေးစင်တာတစ်ခု တည်ထောင်ရန် အဆိုပြုထားသော နေရာအသစ်ကို ပြန်လည်သုံးသပ်ခဲ့သည်။ ဤနေရာကို ကမ္ဘောဒီးယားထုတ်ကုန်များကို မြှင့်တင်ရန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကုန်သွယ်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုကို အားကောင်းစေရန်အတွက် နောက်ထပ်ဗဟိုချက်တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် နောက်ထပ် ကမ္ဘောဒီးယား ပုဂ္ဂလိက ကူးသန်းရောင်းဝယ်ရေး  စင်တာတစ်ခု၏ လက်ရှိအခြေအနေကို အကဲဖြတ်ရန်  Shandong (ရှန်ဒေါင်း) ပြည်နယ်၊ Yantai (ယန်တိုင်) မြို့သို့ သွားရောက်စစ်ဆေးခဲ့ကြသည်။ ဤခရီးစဉ်သည် ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းများအတွက် ထိရောက်စွာဆက်လက်ဆောင်ရွက်နိုင်စေရန် တိုးတက်မှုကို အကဲဖြတ်ခြင်းနှင့် နောက်သုံးနှစ်အတွင်း တိုးချဲ့ရန်အတွက် လိုအပ်ချက်များကို ဆုံးဖြတ်ခြင်း တို့ကို အာရုံစိုက်ခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆိုအရ ပြည်ပတွင် ကမ္ဘောဒီးယား ပုဂ္ဂလိက ကူးသန်းရောင်းဝယ်ရေးစင်တာများ တည်ထောင်ခြင်း သည် ကမ္ဘောဒီးယားကုန်ပစ္စည်းများကိုပြသခြင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖလှယ်မှုများကို မြှင့်တင်ခြင်းနှင့် နိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒများအကြောင်း အသိပညာပေးခြင်းတို့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဤစင်တာများသည် နိုင်ငံတကာစီးပွားရေး ဆက်ဆံရေးကို နက်ရှိုင်းစေပြီး ဈေးကွက်အခွင့်အလမ်းအသစ်များ ရှာဖွေနေသော ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်များကို ပံ့ပိုးပေးရန် ကမ္ဘောဒီးယား၏ ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရှိရပါသည်။

Source: Khmer Times                                                         

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ