Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

           ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ မေလ (၂၀)ရက်နေ့မှ မေလ (၂၆)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် ၁ ပိဿာလျှင် ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၂၅၀ မှ ၆၀၀ အတွင်း၊ ပန်းဂေါ်ဖီ ၁ထုပ်လျှင် ကျပ် ၂၀၀ မှ ၉၀၀ အတွင်း၊ အာလူး ၁ပိဿာလျှင် ကျပ် ၉၀၀ မှ ၁၇၀၀ အတွင်း၊ မုန်လာဥနီ ၁ပိဿာလျှင် ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ ရွှေဖရုံသီး ၁လုံးလျှင် ကျပ် ၁၀၀၀ မှ ၃၀၀၀ အတွင်း၊ ဗူးသီး ၁လုံးလျှင် ကျပ် ၅၀၀ မှ ၁၂၀၀ အတွင်း၊ မုန်ညှင်း ၁ ပိဿာထုပ် ၁ထုပ်လျှင် ကျပ် ၈၀၀ မှ ၁၄၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၅၀၀ မှ ၁၀၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း) ၁ပိဿာလျှင် ၁၅၀၀ မှ ၃၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁ပိဿာလျှင် ကျပ် ၃၃၀၀ မှ ၄၅၀၀ အတွင်း၊ ချင်း ၁ပိဿာလျှင် ကျပ် ၇၀၀ မှ ၁၂၀၀ အတွင်း၊ ချဉ်ပေါင်ရွက် ၁စီးလျှင် ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်) ၁ပိဿာလျှင် ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ သံပရာသီး ၁လုံးလျှင် ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) ၁ပိဿာလျှင် ၁၀၀၀ မှ ၁၄၀၀ အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး) ကျပ် ၂၅၀၀ မှ ၃၅၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၁၇၆၂၀၀)ကျော်၊ ခရမ်းသီး(ရှည်) ၁ပိဿာလျှင် (၁၈၁၄၅)ကျော်၊ ဗူးသီးအလုံးပေါင်း (၂၇၉၅)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၄၂၂၂)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၄၆၀၀၀)ကျော်၊ ပန်းဂေါ်ဖီ ထုပ်ပေါင်း (၁၉၂၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၀၅၀၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၂၈၀၀) ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

              ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် မေလ (၁၇) ရက်နေ့မှ မေလ (၂၃) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ကျိုက်ထို၊ တောင်စွန်းမှ ကနစိုးသီး ၁၅ ပိဿာ တစ်ခြင်းလျှင် ကျပ် ၁၅၀၀၀၊ ဘီးလင်း၊ တောင်စွန်းမှ ပိန္နဲသီး  အလုံးကြီး  ၁လုံးလျှင် ကျပ် ၁၅၀၀၀ ၊အလုံးလတ် ၁လုံးလျှင် ကျပ် ၁၀၀၀၀ ၊ အလုံးသေး ၁လုံးလျှင် ကျပ် ၅၀၀၀ မှ ၃၀၀၀၊ ကျိုက်ကော် မှ နာနတ်သီး အလုံးကြီး ၁လုံးလျှင် ကျပ် ၁၂၀၀ မှ ၁၀၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၈၀၀ ၊ အလုံးသေး ၁လုံးလျှင် ကျပ် ၆၀၀ မှ ၄၀၀၊ ကောလင်း မှ ဖရဲသီး (855) အလုံးကြီး ၁လုံးလျှင် ကျပ် ၇၀၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၆၀၀၀၊ အလုံးသေး ၁လုံးလျှင် ကျပ် ၅၀၀၀ မှ ၄၀၀၀ ၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ၁လုံးလျှင် ကျပ် ၃၅၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၂၅၀၀၊ အလုံးသေး ၁လုံးလျှင် ကျပ် ၂၀၀၀ မှ ၁၀၀၀ ၊  မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ၁လုံးလျှင် ကျပ် ၄၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၃၀၀၊ အလုံးသေး ၁လုံးလျှင် ကျပ် ၂၀၀၊ ပုပ္ပါး၊ ဟင်္သာတ မှ သရက်သီး (စိန်တလုံး)အိပ်စွပ် အလုံး ၃၆ ပါ ၁ဖာလျှင် ကျပ် ၁၅၀၀၀၊ အလုံး လတ် အလုံး ၄၄ ပါ ၁ဖာလျှင် ကျပ် ၁၃၀၀၀၊ အလုံးသေး အလုံး ၄၈ ပါ ၁ဖာလျှင် ကျပ် ၉၀၀၀ ၊ တွံတေး မှ သရက်သီး (ရင်ကွဲ) အလုံးကြီး အလုံး ၈၀ လုံးပါ တောင်းတစ်တောင်းလျှင် ကျပ် ၁၄၀၀၀၊ အလုံးလတ် အလုံး ၁၀၀ ပါ တောင်းတစ် တောင်းလျှင် ကျပ် ၁၀၀၀၀၊ အလုံးသေး အလုံး ၁၂၀ ပါ တောင်းတစ်တောင်းလျှင် ကျပ် ၈၀၀၀၊ ဆွာ၊ မဒေါက် မှ သရက်သီး (မချစ်စု)  အလုံးကြီး အလုံး ၅၀ လုံးပါ တောင်းတစ်တောင်းလျှင် ကျပ် ၂၀၀၀၀၊ အလုံးလတ် အလုံး ၆၅ ပါ တောင်းတစ်တောင်းလျှင် ကျပ် ၁၆၀၀၀၊  အလုံးသေး အလုံး ၇၅ ပါ တောင်းတစ်တောင်းလျှင် ကျပ် ၁၄၀၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ ၅ ပိဿာ တစ်ခြင်းလျှင် ကျပ် ၂၅၀၀၀၊ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ပြောင်းဈေးနှုန်း အနည်းငယ်မြှင့်တက်သဖြင့် ပြောင်းတင်ပိုမှုများလာ

             ကယားပြည်နယ်တွင် ပြောင်းကို  အဓိကစိုက်ပျိုးလျှက်ရှိပြီး ပြောင်းသည် ပြည်နယ်၏ အဓိကပို့ကုန် သီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။ ၂၀၂၀-၂၀၂၁ ခုနှစ် ပြောင်းစိုက် ဧက( ၅၁၇၃၈  ) ၊ ရိတ်ဧက ( ၄၄၅၇ )၊ အထွက်နှုန်း (၂၇၅၅၀၅)ရှိပြီး ၊ ပြောင်းဈေးကွက်မှာ  ပြည်နယ်မှထွက် ရှိသော  ပြောင်းများကို  မြဝတီသို့ အဓိကတင်ပို့ လျှက်ရှိကြောင်း ယခုမေလအတွင်း ပြောင်းတင် ပို့နိုင်မှုမှာ ပြောင်း(၄၈၇၃)အိတ်၊(၂၃၉)တန်ရှိပြီး ပြောင်းဈေးနှုန်းများမှာ ပြောင်းတစ်ပိဿာလျှင် (၉၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ ယခင်ဧပြီလအတွင်း ပြောင်းတင်ပို့မူများမှာ  ပြောင်း(၃၈၇၀)အိတ်၊ (၁၉၀)တန်ခန့် သာတင်ပို့နိုင်ခဲ့ပြီး ပြောင်းဈေးနှုန်း မှာ (၈၀၀)ကျပ် ခန့်သာရှိခဲ့ကြောင်း ၊ ယခင်ဧပြီ နှင့် ယခုမေလနှိုင်းယှဉ်လျှင် မေလအတွင်း ပြောင်းဈေးနှုန်း ၁ပိဿာလျှင် (၁၀၀)ကျပ် ခန့်ဈေးနှုန်းအနည်းငယ်မြှင့်တက်လာသဖြင့် ပြောင်းတင်ပို့မူမှာလည်း (၁၀၀၃)အိတ်၊ (၄၉) တန်ခန့် ပိုမိုတင်ပို့လာနိုင်ကြောင်း ပြောင်းကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ရွှေရွာငံကော်ဖီ ဈေးကောင်းရရှိ

         ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေရွာငံကုမ္ပဏီမှ ဒေသထွက်ကော်ဖီများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဧပြီလကုန်အထိ ထိုင်းနိုင်ငံသို့ ကော်ဖီ (၃၄၀) တန် တင်ပို့နိုင်ခဲ့ကြောင်း  သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် Polish Wash တစ်တန်လျှင် ကျပ်သိန်း (၁၂၀ မှ ၁၃၀) ဖြင့် (၁၃၆) တန်ကို လည်းကောင်း၊ Natural Dry တစ်တန်လျှင် ကျပ်သိန်း (၆၅ မှ ၇၀) ဖြင့် (၂၀၄) တန်ကိုလည်းကောင်း တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ လက်ရှိဒေသတွင်းတွင် Polish Wash တစ်ပိဿာ (၁၂၀၀၀  မှ ၁၃၀၀၀) ကျပ်၊ Green Bean တစ်ပိဿာ (၈၅၀၀ မှ ၁၀၀၀၀) ကျပ်၊ Natural Dry တစ်ပိဿာလျှင် (၆၀၀၀ မှ ၈၅၀၀) ကျပ်ရရှိခဲ့ကြောင်း ရွှေရွာငံကုမ္ပဏီထံမှ သိရှိရပါသည်။ ရွာငံမြို့နယ်သည် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကော်ဖီစိုက်ပျိုးမှုအများဆုံးမြို့နယ်တစ်ခုဖြစ်ပါသည်။  ယခင်နှစ်တွင် ကော်ဖီဈေးနှုန်းမှာ အနိမ့်ဆုံး (၃၀၀၀) ကျပ်မှ အမြင့်ဆုံး (၅၀၀၀) ကျပ်သာ ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

ကယားပြည်နယ် စပါးဈေးနှုန်းအခြေအနေ

          ကယားပြည်နယ်တွင် စပါးကိုအဓိက စိုက်ပျိုးသောဒေသဖြစ်၍ နယ်မြေဒေသ အခြေအနေအရ နွေစပါးစိုက်ပျိုးရာသီချိန်တွင် အချိန်မီစိုက်ပျိုးနိုင်ခြင်းမရှိသောကြောင့် ယခင်စိုက်ပျိုးရိတ်သိမ်းခဲ့သော မိုးစပါးများဈေးနှုန်းမြှင့်တက်လာပြီး ယခုလက်ရှိဖြစ်ပေါ် နေသော စပါးဈေးနှုန်းများမှာ 502 စပါးတစ်ပိဿာလျှင်(၉၀၀)ကျပ်၊ တစ်တင်းလျှင် (၁၁၅၀၀)ကျပ်၊ ရွှေရင်အေး(၁)စပါး တစ်ပိဿာလျှင်(၈၀၀)ကျပ် ၊တစ်တင်းလျှင် (၁၀၂၀၀) ကျပ်၊ ရွှေရင်အေး(၂)စပါး တစ်ပိဿာလျှင်(၇၅၀)ကျပ်၊ တစ်တင်းလျှင်(၉၅၈၅)ကျပ်နှင့် ဇီယာရှယ်စပါး တစ်ပိဿာလျှင် (၇၀၀)ကျပ်၊ တစ်တင်းလျှင်(၈၉၄၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း တောင်သူတစ်ဉီးထံမှ သိရှိရပါတယ်။

DOCA(ကယား)

ဘိလပ်မြေဈေးနှုန်းအနည်းငယ်ကျဆင်းလျှက်ရှိ

                ကယားပြည်နယ်တွင် ကုန်စည်စီးဆင်းမှု့များ ပုံမှန်လည်ပတ်လာ၍ အိမ်ဆောက်ပစ္စည်းနှင့်ဘိလပ်မြေများ ပြည်နယ်တွင်းသို့ ဝင်ရောက်လျှက်ရှိပါသည်၊၊ယခုမေလအတွင်း ဘိလပ်မြေဈေးနှုန်းများမှာ ကမ္ဘောဇဘိလပ်မြေတစ်အိတ်လျှင် (၇၅၀၀) ကျပ်၊ အာပါချီဘိလပ်မြေတစ်အိတ်လျှင် (၇၈၀၀) ကျပ်၊ နဂါးဘိလပ်မြေတစ်အိတ်လျှင် (၈၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ၊ ယခင်ဧပြီလတွင်း ကမ္ဘောဇဘိလပ်မြေတစ်အိတ်လျှင် (၇၉၀၀) ကျပ်၊ အာပါချီဘိလပ်မြေတစ်အိတ်လျှင် (၈၀၀၀) ကျပ်၊နဂါးဘိလပ်မြေတစ်အိတ်လျှင် (၈၁၀၀) ကျပ် ရှိခဲ့ပြီး ယခင်ဧပြီလနှင့်ယခု မေလနှိုင်းယှဉ်ကြည့်လျှင် ကမ္ဘောဇတစ်အိတ်လျှင် (၄၀၀) ကျပ်၊ အာပါချီတစ်အိတ်လျှင် (၂၀၀) ကျပ်၊ နဂါးဘိလပ်မြေတစ်အိတ်လျှင် (၁၀၀) ကျပ်ခန့်၊ ဈေးနှုန်းအနည်းငယ်ကျဆင်းနေကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ သိရပါသည်။

DOCA(ကယား)

 

စစ်ကိုင်းတိုင်းဒေသကြီး၏ ကြက်သွန်ဖြူဈေးကွက်

          စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ကြက်သွန်ဖြူ စိုက်ဧက(၁၃၇၉၀)ဧက စိုက်ပျိုးပါသည်။ တစ်ဧကကုန်ကျစရိတ် (၂၃၂၉၀၀၀)ကျပ်ခန့်ကုန်ကျပြီး၊ တစ်ဧကလျှင် (၂၇၈၀)ပိဿာခန့် ထွက်ရှိပြီး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်ပေါက်ဈေးရှိသဖြင့် တစ်ဧကလျှင် ဝင်ငွေ(၆၉၅၀၀၀၀) ကျပ်ခန့်ရရှိ၍ အမြတ်(၄၆၂၁၀၀၀)ကျပ်ခန့်ရရှိခြင်းကြောင့် တောင်သူများ တွက်ချေကိုက်သည့် သီးနှံတစ်ခုဖြစ်ပါသည်။

       ထွက်ရှိသော ကြက်သွန်ဖြူများကို မုံရွာမြို့ရှိ ကြက်သွန်ပွဲရုံများသို့ရောင်းချသည်။ ဒေသတွင်း လုံလောက်မှု မရှိသဖြင့် ရှမ်းပြည်နယ်၊ ပခုက္ကူနယ်ဘက်မှ မှာယူသုံးစွဲရပါသည်။ ၂၀၂၂ခုနှစ်၊ မေလ (စတုတ္တပတ်) ဈေးနှုန်းအနေဖြင့် ဒေသတွင်းထွက်ရှိသော ကြက်သွန်ဖြူ (၁)ပိဿာလျှင်(၂၅၀၀)ကျပ် ရှိပြီး၊ ရှမ်းပြည်နယ်မှလာသော ကြက်သွန်ဖြူ ကြူကုတ် (၁)ပိဿာလျှင်(၄၈၀၀)ကျပ်၊ ရှမ်းစ (၁)ပိဿာ လျှင်(၂၀၀၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

         အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၁၉.၅.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၂၅.၅.၂၀၂၂) ရက်နေ့အတွင်း နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းပြာတို့မှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ နှမ်းစမုံနက် (၄၅)ပိဿာဝင်(၁)အိတ် ယခင်အပတ်(၁၇၀၀၀ဝိ/-) ကျပ်မှ ယခုအပတ်(၁၇၅၀၀ဝိ/-) ကျပ် ဖြစ်ပြီး၊ (၅၀၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ)(၂၀)ပိဿာဝင်(၁)တင်း ယခင်အပတ် (၄၁၇၀ဝိ/-)ကျပ်မှ ယခုအပတ်(၄၂၀၀ဝိ/-)ကျပ် ဖြစ်ပြီး၊ (၃၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ မတ်ပဲယခင်အပတ်(၄၅၀၀ဝိ/-)ကျပ်မှ ယခုအပတ် (၄၅၅၀ဝိ/-)ကျပ် ဖြစ်ပြီး (၅၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(HL) ယခင်အပတ် (၄၅၅၀ဝိ/-)ကျပ်မှ ယခုအပတ်(၄၇၀၀ဝိ/-)ကျပ် ဖြစ်ပြီး (၁၅၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ် (၄၇၀၀ဝိ/-)ကျပ် မှ ယခုအပတ်(၄၇၅၀ဝိ/-)ကျပ် ဖြစ်ပြီး (၅၀ဝိ/-) ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ ဘိုကိတ်ပြာ ယခင်အပတ် (၂၇၀၀ဝိ/-) ကျပ်မှ ယခုအပတ် (၃၀၀၀ဝိ/-)ကျပ် ဖြစ်ပြီး၊ (၃၀၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲကြီးယခင်အပတ် (၆၅၀၀ဝိ/-)ကျပ်မှ ယခုအပတ် (၆၇၀၀ဝိ/-)ကျပ် ဖြစ်ပြီး၊ (၂၀၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ) (၁)ပိဿာလျှင် ယခင်အပတ် (၃၈၅ဝိ/-)ကျပ်မှ  ယခုအပတ်(၄၀၀ဝိ/-)ကျပ် ဖြစ်ပြီး၊ (၁၅ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံဖြူ ယခင်အပတ်(၄၀၅ဝိ/-)ကျပ်မှ ယခုအပတ်(၄၂၀ဝိ/-)ကျပ် ဖြစ်ပြီး၊ (၁၅ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ကာ အရောင်းအဝယ် ပမာဏအနေဖြင့် နှမ်းပြာ(၁၂၀)အိတ်၊ နှမ်းနက်(စမုံ)(၅၅၀)အိတ်၊ နှမ်းဖြူ(၇၀)အိတ်၊ နှမ်းနီ(၁၀၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၄၈၀)အိတ်၊ ကုလားပဲ(HL)(၁၁၅၀)အိတ်၊ ကုလားပဲ(မြကြေး) (၆၂၀) အိတ်၊ ပဲကြီး(၇၅၀) အိတ်၊ မတ်ပဲ(၁၈၀)အိတ်၊ မြေပဲလုံးဆံဖြူ(၄၈၀)အိတ်၊ မြေပဲလုံးဆံ(နီ)(၃၇၀)အိတ်နှင့် ဘိုကိတ်ပြာ(၃၀၀) အိတ်တို့ဖြစ်ပါသည်။

            ဝါသီးနှံဈေးကွက်အနေဖြင့် အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၁၉.၅.၂၀၂၂)မှ ယခုအပတ် (၂၅.၅.၂၀၂၂)နေ့အတွင်း အရောင်းအဝယ်မရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

“မိတ္ထီလာခရိုင်တွင်း  ကြက်သွန်နီကို တွက်ခြေကိုက်သော မြဝတီသို့တင်ပို့နေ”

         ကြက်သွန်နီပိုလျှံမှုရှိသော မိတ္ထီလာခရိုင်အနေဖြင့် အခြားဒေသများသို့ တင်ပို့မှုရှိရာ ယခုနောက်ပိုင်း ရန်ကုန်ဝယ်စျေးနိမ့်ခြင်းကြောင့် တင်ပို့မှုမရှိသလောက်နည်းလာပြီး တွက်ခြေကိုက်မှုရှိသော မြဝတီသို့ တင်ပို့မှုရှိကြောင်း သိရှိရပါသည်။ မြဝတီဝယ်လက်အနေဖြင့် အလတ်စ မှာယူမှုများပြီး အသေးစကိုလည်း အနည်းငယ် ဝယ်ယူမှုရှိကာ အဝယ်လိုက်သဖြင့် စျေးမြင့်လာပါသည်။ ဒေသတွင်းလက်ရှိ ကြက်သွန်နီစျေးမှာ လက္ကားစျေး တစ်ပိဿာလျှင် အလတ်စ (၈၅၀) နှင့် အသေးစ (၆၀၀) စျေးရှိပါသည်။ ယခု ရက်ပိုင်းအတွင်း မိတ္ထီလာမှ မြဝတီ သို့ တင်ပို့ရန်စီစဉ်နေပြီး မလှိုင်မှ မြဝတီသို့ တွဲကား (၂) စီး တင်ပို့ပြီးကြောင်း သိရပါသည်။ ကုန်တင်ခမှာ (၁၂) ဘီးကား (၁)စီးလျှင် (၁၆/၁၇) သိန်းကျပ်နှင့် တွဲကားတစ်စီးလျှင် (၂၇) သိန်းကျပ်ရှိကြောင်း ကြက်သွန်နီ တင်ပို့ရောင်းချနေသော ကုန်သည်များထံမှ သိရပါသည်။

DOCA(မန္တလေး)

 

မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် Online စနစ်ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း သိရပါသည်။ မေလ စတုတ္တပတ်တွင် ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး) တစ်တင်းကျပ် ၄၈၀၀၀၊ ပဲစဉ်းငုံ တစ်တင်းကျပ် ၄၁၈၀၀၊ မတ်ပဲ တစ်တင်းကျပ် ၄၄၇၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းကျပ် ၄၄၀၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၄၂၇၀၀၊ ကုလားပဲ V2(သစ်) တစ်တင်းကျပ် ၄၈၆၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၅၁၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

           ဂျုံဖြူသန့်တစ်တင်း ကျပ် ၄၁၆၀၀၊ ပဲကြီး(သစ်) တစ်တင်း ကျပ် ၆၄၀၀၀၊ ပဲနီလုံး ရိုးရိုး တစ်တင်း ကျပ် ၄၃၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၄၄၀၀၀၊  ပဲပုတ်စေ့ တစ်တင်း ကျပ် ၄၈၃၀၀၊ ထောပတ်ပဲ တစ်တင်းကျပ် ၄၀၅၀၀၊  မြေထောက်ပဲ တစ်တင်းကျပ် ၅၀၀၀၀၊ ပုဂံပဲ တစ်တင်းကျပ် ၆၀၀၀၀၊ ပဲလွန်းဖြူတစ်တင်း ကျပ် ၃၀၀၀၀၊ ပဲလွန်းပြာ တစ်တင်း ကျပ် ၂၈၀၀၀၊ ပဲယင်းဝါတစ်တင်း ကျပ် ၄၂၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ်တင်း ကျပ် ၁၇၈၀၀၊ ပြောင်းနီ တစ်တင်း ကျပ် ၁၂၀၀၀၊ ပြောင်းဖြူ တစ် တင်းကျပ် ၁၃၆၀၀၊ ဆီထွက်သီးနှံများဖြစ်သော နှမ်းသီးနှံ ပေါက်ဈေးနှုန်းများမှာ နှမ်းညိုတစ်တင်းကျပ် ၅၀၀၀၀၊ နှမ်းနက်တစ်တင်းကျပ် ၇၀၀၀၀၊ နှမ်းဖြူ တစ်တင်းကျပ် ၅၃၀၀၀၊ မြေပဲလုံး ဆံနီ တစ်ပိဿာ ကျပ်၄၀၀၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာကျပ် ၄၂၅၀၊ ပဲဖတ်တစ်ပိဿာကျပ် ၁၇၈၀၊ နှမ်းဖတ် တစ်ပိဿာကျပ် ၁၃၅၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၁၀၅၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

           ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းများနှင့် ဆီထွက်သီးနှံဈေးနှုန်းများဖြစ်သော မြေပဲဆံနှင့် နှမ်းသီးနှံဈေးနှုန်းများမှာလည်း အနည်းငယ်‌ ဈေးမြင့်တက်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း